သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅) အပိုင်း သုံး
“လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် အတွေးအခေါ်နှင့် အမြင်တို့တွင်ရှိသော အမှားများကို ခွဲခြားဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ပြီးနောက်တွင် လူတို့၏ စကားများ၊ လုပ်ရပ်များနှင့်ပတ်သက်ပြီး လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကို ကြည့်ကြစို့။ ဘုရားသခင်က လူတို့အား မည်သို့သောသူမျိုးဖြစ်စေရန် တောင်းဆိုသနည်း။ (ရိုးသားသောသူ။) မှန်သည်။ ရိုးသားလော့။ မလိမ်နှင့်။ မညာနှင့်။ မလှည့်စားနှင့်။ လှည့်ကွက်များ မပြုလုပ်နှင့်။ ပြုမူဆောင်ရွက်သောအခါတွင် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ ဤအရာ အနည်းငယ်သာဖြစ်သည်။ အလွန် ရိုးရှင်းသည်။ သင်သည် မရိုးမသား ပြောဆိုလျှင် သင့်ကိုယ်သင် ပြုပြင်လော့။ သင်သည် ချဲ့ကားပြောဆိုလျှင်၊ လိမ်ညာလျှင်၊ သို့မဟုတ် သင့်နေရာကို ကျော်လွန်၍ ပြောဆိုလျှင် ဆင်ခြင်သုံးသပ်ပြီး ဤအရာကို သတိပြုမိစေလော့။ ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ သင်၏ တကယ့်အခြေအနေကို ထင်ဟပ်သည့်အရာများကို ပြောရမည်။ သင်၏ စိတ်နှလုံးထဲမှ နားလည်မှုနှင့် အမှန်တရားများကို ပြောရမည်။ ထို့အပြင် သူတစ်ပါးတို့အား သင်ကတိပေးခဲ့သော အရာများကို သင်လုပ်ဆောင်နိုင်လျှင် ထိုအရာများကို လုပ်ဆောင်လော့။ မလုပ်ဆောင်နိုင်လျှင် ၎င်းတို့ကို ချက်ချင်းပြောလော့။ “ဝမ်းနည်းပါသည်၊ ကျွန်ုပ် မလုပ်ဆောင်နိုင်ပါ၊ ကျွန်ုပ် လုပ်ဆောင်နိုင်စွမ်းမရှိပါ၊ ကောင်းစွာ လုပ်ဆောင်နိုင်မည်မဟုတ်ပါ၊ ကျွန်ုပ် သင့်ကို မနှောင့်နှေးစေလိုပါ၊ ထို့ကြောင့် အခြားလူတစ်ယောက်ကို အကူအညီတောင်းခြင်းသည် ပို၍ကောင်းသည်” ဟု ပြောလော့။ သင်သည် အစဉ်သဖြင့် စကားတည်ရန် မလိုပေ။ သင်၏ ကတိများကို ဖျက်နိုင်သည်။ ရိုးသားသူတစ်ယောက်သာ ဖြစ်စေလော့။ လိမ်လည်ရန်၊ သို့မဟုတ် လှည့်စားရန် ကြိုးစားမည့်အစား သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာတွင် ရိုးသားလော့။ အခြေအနေအားလုံးတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ ယင်းသည် ဤမျှ ရိုးရှင်းသည်။ အလွန် လွယ်ကူသည်။ ဘုရားသခင်က လူတို့အား ဟန်ဆောင်ရန် ခိုင်းစေသည့် အစိတ်အပိုင်းတစ်ခုခု ရှိသလော။ သူသည် လူတို့အား အလွန်အကျွံ တောင်းဆိုဖူးသလော။ ၎င်းတို့ ခံနိုင်သည်ထက်ပိုပြီး၊ သို့မဟုတ် စွမ်းဆောင်နိုင်သည်ထက် ပိုပြီး လုပ်ဆောင်ရန် တောင်းဆိုဖူးသလော။ (မတောင်းဆိုဖူးပါ။) လူတို့သည် အစွမ်းအစ၊ သဘောပေါက်နားလည်နိုင်စွမ်း၊ ကိုယ်ကာယ အားအင်၊ သို့မဟုတ် ခွန်အားတို့နှင့်ပတ်သက်ပြီး လိုအပ်သည့် ပမာဏအတိုင်း မရှိလျှင် ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ခြင်း၊ အကောင်းဆုံး ကြိုးစားပြီး အစွမ်းကုန် လုပ်ဆောင်ခြင်းက လုံလောက်သည်ဟု ဘုရားသခင်က ၎င်းတို့ကို ပြောသည်။ သင်က “ကျွန်ုပ်သည် ကျွန်ုပ်တွင်ရှိသော အရာရာတိုင်းကို ပေးဆပ်ပြီးဖြစ်သည်၊ သို့သော် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပါ၊ ဤသည်မှာ ကျွန်ုပ်လုပ်နိုင်သမျှအားလုံးဖြစ်သည်၊ သို့သော် ဘုရားသခင် ကျေနပ်ခြင်းရှိမရှိကို ကျွန်ုပ်မသိပါ” ဟု ဆိုသည်။ အမှန်တကယ်တွင် သင်သည် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ ဘုရားသခင်က လူတို့အတွက် ခံယူရန် လေးလံလွန်းသော ဝန်ထုပ်ဝန်ပိုးကို ၎င်းတို့အား မပေးပေ။ သင်သည် ပေါင်တစ်ရာကို သယ်နိုင်လျှင် ဘုရားသခင်က သင့်အား ပေါင်တစ်ရာထက်ပို၍ လေးသော ဝန်ကို သေချာပေါက် ပေးမည်မဟုတ်ပေ။ သူသည် သင့်အပေါ်တွင် ဖိအားပေးမည် မဟုတ်ပေ။ ဤသည်မှာ လူတိုင်းအပေါ် ဘုရားသခင်၏ ပုံစံဖြစ်သည်။ ပြီးလျှင် သင်သည် မည်သည့်အရာ၏ ဘောင်ခတ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ မည်သည့်လူ၊ သို့မဟုတ် မည်သည့်အတွေးအခေါ်နှင့် အမြင်၏ ထိန်းချုပ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ သင်သည် လွတ်လပ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင့်တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်နိုင်သည်။ သင်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်နိုင်သည်၊ သို့မဟုတ် စာတန်က သင့်အတွင်းသို့ သွတ်သွင်းသော အတွေးအခေါ်များနှင့် အမြင်များကို ဖက်တွယ်ရန် ရွေးချယ်နိုင်သည်မှာလည်း မှန်သည်။ ဤရွေးချယ်စရာများထဲမှ တစ်ခုခုကို သင် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ သို့သော် သင်ပြုလုပ်သည့် မည်သည့်ရွေးချယ်မှုမဆိုအတွက် တာဝန်ယူရမည်။ ဘုရားသခင်က သင့်အား လမ်းကိုသာ ပြသည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ရန်၊ သို့မဟုတ် မလုပ်ဆောင်ရန် အတင်းမခိုင်းစေပေ။ ဘုရားသခင်က သင့်အား လမ်းကို ပြပြီးနောက်တွင် ရွေးချယ်ရန်မှာ သင့်အလုပ်ဖြစ်သည်။ သင့်တွင် လူ့အခွင့်အရေး အပြည့်အဝရှိသည်။ အကြွင်းမဲ့ ရွေးချယ်ပိုင်ခွင့်ပါ ပါဝင်သည်။ သင်သည် သမ္မာတရား၊ သင်၏ လူသားဆန္ဒများကို ရွေးချယ်နိုင်သည်၊ သို့မဟုတ် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များကိုလည်း ရွေးချယ်နိုင်သည်မှာ မှန်သည်။ မည်သည့်အရာကို သင် ရွေးချယ်သည်ဖြစ်စေ နောက်ဆုံးရလဒ်ကို သင် ခံယူရမည်။ မည်သူကမျှ သင့်အတွက် ထမ်းရွက်ပေးမည်မဟုတ်။ သင်က ရွေးချယ်မှုတစ်ခု ပြုလုပ်သောအခါ ဘုရားသခင်က မည်သည့်ပုံစံနှင့်မျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်သကဲ့သို့ သင့်အား အတင်းစေခိုင်းရန် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်လည်းမဟုတ်ပေ။ မည်သည့်ရွေးချယ်မှုဖြစ်စေ သင်ဆန္ဒရှိသည့်အတိုင်း ရွေးချယ်နိုင်သည်။ အဆုံးတွင် သင်က လမ်းမှန်နှင့် သမ္မာတရားကို ရွေးချယ်ရုံဖြင့် ဘုရားသခင်က သင့်အား အလွန်အမင်း ချီးမွမ်းမည်မဟုတ်။ ကြီးမားသော အကျိုးကျေးဇူး ပေးမည်မဟုတ်။ သင်၏ စိတ်နှလုံးတွင် သာယာသော ခံစားချက်ကို ထည့်သွင်းပေးမည်မဟုတ်၊ သို့မဟုတ် အလွန်အမင်း မြင့်မြတ်သည်ဟု သင်ခံစားရအောင် ပြုလုပ်မည်မဟုတ်ပေ။ သူသည် ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ သင်က သင်၏လူသားဆန္ဒများကို ရွေးချယ်လျှင်လည်း ဘုရားသခင်က သင့်အား ချက်ချင်း ပဲ့ပြင်ဆုံးမမည်မဟုတ်၊ သို့မဟုတ် ကျိန်ဆဲမည်မဟုတ်ပေ၊ သို့မဟုတ် သင်က စာတန်က သင့်အတွင်းသို့ သွတ်သွင်းခဲ့သော အတွေးအခေါ်များနှင့် အမြင်များအတိုင်း မဆင်မခြင် လုပ်ဆောင်လျှင်ပင် အပြစ်ဒဏ်အဖြစ် သင့်အပေါ်သို့ ကပ်ဘေးများကို ရုတ်တရက် ကျရောက်စေမည်မဟုတ်ပေ။ သင် ရွေးချယ်နေစဉ်တွင် အရာရာတိုင်းက သဘာဝအလျောက် ဆက်လက်ဖြစ်ပေါ်သည်။ သင်ရွေးချယ်ပြီးနောက်တွင် အရာရာတိုင်းက ဆက်လက်၍ သဘာဝအလျောက် ရှေ့ဆက်သည်။ ဘုရားသခင်က လေ့လာကြည့်ရှုခြင်းသာ လုပ်ဆောင်သည်။ အရာအားလုံး ဖြစ်ပျက်လာခြင်းကို ကြည့်ရှုသည်။ အကြောင်းရင်း၊ ဖြစ်စဉ်နှင့် ရလဒ်ကို ကြည့်သည်။ အဆုံးတွင် လူတို့သည် တရားစီရင်ခံရပြီး ၎င်းတို့၏ အဆုံးသတ်ကို ဆုံးဖြတ်သောအခါတွင် ဘုရားသခင်သည် သင်၏ တစ်ကိုယ်ရေ ရွေးချယ်မှုများအားလုံးကို အခြေခံပြီး သင်လျှောက်ခဲ့သည့်လမ်းကြောင်းကို အမျိုးအစားသတ်မှတ်မည်။ သင်သည် အမှန်တကယ်တွင် မည်သို့သောသူမျိုးဖြစ်သည်ကို ကြည့်ရန်အတွက် ဤလမ်းကြောင်းတစ်ခုလုံးကို ကြည့်ရှုမည်။ ဤမှတစ်ဆင့် မည်သည့်အဆုံးသတ်မျိုးအား သင်ရရှိသင့်သည်ကို ဆုံးဖြတ်မည်။ ဤသည်မှာ ဘုရားသခင်၏ နည်းလမ်းဖြစ်သည်။ သင်နားလည်သလော။ (နားလည်သည်။) ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်နေသောအခါ ဘုရားသခင်က လူတို့ကို လုပ်ဆောင်စေလိုသည့်အရာကို လူတို့က မရည်ရွယ်ဘဲ လုပ်ဆောင်စေရန်အတွက် ၎င်းတို့၏ အတွေးများကို ဘောင်ခတ်ပြီး ထိန်းချုပ်သည့် အဆိုအမိန့်၊ ဆိုရိုးစကား၊ သို့မဟုတ် အတွေးအခေါ် သို့မဟုတ် အမြင်တစ်ခုကို လူတို့ကြားတွင် ရေပန်းစားသောအရာတစ်ခု မည်သည့်အခါမျှ ဖြစ်လာခွင့်မပြုပေ။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့် ပုံစံမဟုတ်ပေ။ ဘုရားသခင်က လူတို့အား အပြည့်အဝ လွတ်လပ်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်ကို ပေးသည်။ လူတို့က လူ့အခွင့်အရေး အပြည့်အဝနှင့် အကြွင်းမဲ့ ရွေးချယ်ပိုင်ခွင့်ကို ခံစားရသည်။ လူတို့ ကြုံတွေ့သည့် အခြေအနေတိုင်းတွင် လူတို့သည် တစ်စုံတစ်ခု၏ အနေအထားကို ပိုင်းခြားသိမြင်ပြီး အကဲဖြတ်ရန်အတွက် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များကို လက်ခံပြီး အသုံးပြုဖို့ ရွေးချယ်နိုင်သည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ရွေးချယ်နိုင်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဟုတ်သလော။ (ဟုတ်သည်။) ဘုရားသခင်က လူတို့အား အတင်းမစေခိုင်းပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူတိုင်းအတွက် မျှတသည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သောသူတို့သည် အဆုံးတွင် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သည်။ သမ္မာတရားကို ရရှိသည်။ ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သောကြောင့် ဘုရားသခင်အား အမှန်တကယ် နာခံနိုင်ပြီး ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ သမ္မာတရားအား မချစ်သောသူများ၊ အစဉ်သဖြင့် မိမိ၏ စိတ်ဆန္ဒအတိုင်း မဆင်မခြင် လုပ်ဆောင်သူများကမူ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ မည်သည့်ပုံစံနှင့်မျှ လက်မခံပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကြောက်ရွံ့ခြင်းသာဖြစ်ပြီး အပြစ်ဒဏ်ခံရမည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဟန်ပြသက်သက်အတွက် ဘုရားအိမ်တော်တွင် အလုပ်အနည်းငယ်ကို တွန့်ဆုတ်စွာ လုပ်ဆောင်သည်။ အနည်းငယ် အလုပ်လုပ်ပေးပြီး အပြုအမူကောင်းအချို့ကို ပြသသည်။ သို့ရာတွင် သမ္မာတရားကို လုံးဝ လက်မခံပေ၊ သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးနောက် မလိုက်ပေ။ သမ္မာတရားအား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ်တွင်လည်း မရှိပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားလည်မည်မဟုတ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ကယ်တင်ခံရရန် အခွင့်အရေးနှင့် လွဲချော်ရလိမ့်မည်။ ဤလူအများစုသည် အလုပ်လုပ်သူများ ဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုကို မလုပ်ဆောင်လျှင်ပင်၊ အနှောင့်အယှက်၊ အဖျက်အမှောင့်လုပ်ခြင်းများ မဖြစ်စေလျှင်ပင်၊ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများကဲ့သို့ ဘုရားအိမ်တော်မှ ဖယ်ရှားရှင်းလင်းခြင်း၊ ရှင်းလင်းပစ်ခြင်း မခံရလျှင်ပင် အဆုံးတွင် ၎င်းတို့သည် “အလုပ်လုပ်ပေးသူများ” ဆိုသည့် ရာထူးကို ရရှိနိုင်ရုံမျှသာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ချမ်းသာရာရခြင်း ရှိမည် မရှိမည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ စာတန်နှင့်သက်ဆိုင်ပြီး စာတန်၏ အတွေးအခေါ်များ၊ အမြင်များအားလုံးကို ခေါင်းမာစွာဖြင့် စွဲကိုင်ထားသော အခြားလူအုပ်စုတစ်စုရှိသည်။ ဤလူတို့သည် သမ္မာတရားအား လက်ခံရမည့်အစား၊ သို့မဟုတ် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ရမည့်အစား အသေသာခံမည် ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများအားလုံးနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်ပင်လည်းကောင်း ကွဲလွဲ ဆန့်ကျင်နေကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးသောကြောင့်၊ မကောင်းမှုများစွာကို အပြည့်အဝ လုပ်ဆောင်ပြီး စာတန်၏နေရာတွင် နေသောကြောင့် ဤလူများထဲမှ အချို့မှာ အဆုံးတွင် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရသည်။ အချို့မှာ နှင်ထုတ်ခံရသည်၊ သို့မဟုတ် စာရင်းထဲမှ ၎င်းတို့၏ နာမည်များ ဖယ်ရှားခံရသည်။ မိမိ၏ နာမည်များ ဖယ်ရှားခံရခြင်း၊ သို့မဟုတ် နှင်ထုတ်ခံရခြင်းကို ရှောင်ကြဉ်သောသူအချို့ ရှိလျှင်ပင် အဆုံးတွင် ဘုရားသခင်က ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသောကြောင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးကြရသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ကမ္ဘာကြီး ပျက်စီးသောအခါ စာတန်နှင့်အတူ ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ ကြည့်လော့။ ဘုရားသခင်က ဤသို့ လွတ်လပ်ပြီး လွတ်မြောက်သည့်နည်းဖြင့် အလုပ်လုပ်သောကြောင့် အရာရာတိုင်းက သူ၏လမ်းကြောင်းအတိုင်း အလိုအလျောက် သွားသည်။ ဘုရားသခင်က လူတို့အား လမ်းပြရန်၊ ဉာဏ်အလင်းပေးရန်၊ ကူညီရန် လူတို့တွင် အလုပ်လုပ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့အား သတိပေးရန်၊ နှစ်သိမ့်ရန်၊ တွန်းအားပေးရန် အလုပ်လုပ်သည်။ ဤသည်မှာ သနားကရုဏာ အများအပြားကို ပြသော ဘုရားသခင်၏ စိတ်သဘောထားအပိုင်း ဖြစ်သည်။ ဘုရားသခင်က သူ၏ သနားကရုဏာကို ပြသောအခါ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီး အများအပြားကို ခံစားရသည်။ ဘောင်ခတ်ခံရသော၊ သို့မဟုတ် ချည်နှောင်ခံရသော ခံစားချက်တစ်ခုခုမရှိဘဲ၊ အဆိုအမိန့်၊ အတွေးအခေါ် သို့မဟုတ် အမြင်တစ်ခုခု၏ ဘောင်ခတ်ခြင်းကို ခံရသော ခံစားချက်တစ်ခုခု သေချာပေါက် မရှိဘဲ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း အပြည့်အဝကို ခံစားရသည်။ ဘုရားသခင်က ဤအမှုကို လုပ်ဆောင်သည့် တစ်ချိန်တည်းတွင် သူသည် လူတို့အား အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ၊ အမျိုးမျိုးသော စနစ်များဖြင့်လည်း ကန့်သတ်သည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်ခြင်းတို့ကို ပြုပြင်သည်။ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်။ သူသည် လူအချို့ကိုပင် ပဲ့ပြင်ဆုံးမပြီး ရိုက်နှက်ဆုံးမသည်၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်ဖြင့် ဖော်ထုတ်ပြီး ပြစ်တင်ကြိမ်းမောင်းသည်။ ထို့အပြင် အခြားအလုပ်များကိုလည်း လုပ်ဆောင်သည်။ သို့ရာတွင် လူတို့သည် ဤအရာအားလုံးကို ခံစားရစဉ်တွင် ဘုရားသခင်၏ ကြွယ်ဝသော သနားကရုဏာနှင့် ပြင်းထန်သော အမျက်ဒေါသကိုလည်း ခံစားရသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ အခြားဘက်ခြမ်းဖြစ်သော ပြင်းထန်သော အမျက်ဒေါသကို လူတို့ထံ ဖွင့်ပြသောအခါ လူတို့သည် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းကို ခံစားရဆဲဖြစ်ပြီး ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းကို မခံစားရပေ။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ခုခုကို တွေ့ကြုံရပြီး ၎င်းတို့တွင် အလုပ်လုပ်သောအခါ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို အမှန်တကယ် ခံစားရမည်။ ၎င်းတို့၌ ရရှိသော ရလဒ်များသည် အပြုသဘောဆောင်လိမ့်မည်။ ယင်းထံမှ ၎င်းတို့ ရရှိလိမ့်မည်။ အကြီးမားဆုံး အကျိုးခံစားရသူများ ဖြစ်မည်မှာ မှန်သည်။ ဘုရားသခင်သည် ဤပုံစံဖြင့် အလုပ်လုပ်သည်။ မည်သည့်အခါမျှ လူတို့ကို အတင်းခိုင်းစေခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖိနှိပ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းမရှိဘဲ လူတို့အား လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်း၊ သက်သောင့်သက်သာဖြစ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ခံစားရစေသည်။ လူတို့က ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တို့ကို မွေ့လျော်သည်ဖြစ်စေ၊ မမွေ့လျော်သည်ဖြစ်စေ အဆုံးတွင် ဘုရားသခင်ထံမှ သမ္မာတရားကို ၎င်းတို့ ရရှိသည်။ ဘဝ၏ အဓိပ္ပာယ်နှင့်တန်ဖိုးကို နားလည်သည်။ ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းနှင့် လူသားဖြစ်ခြင်း၏ ဦးတည်ချက်၊ ပန်းတိုင်ကို နားလည်သည်။ ၎င်းတို့သည် များစွာ ရရှိကြသည်။ လူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ပြီး ၎င်းတို့အတွင်းသို့ ထည့်သွင်းသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်အမျိုးမျိုးတို့အားဖြင့် ချည်နှောင်ခြင်း၊ ကန့်သတ်ခြင်း၊ မသန်မစွမ်းဖြစ်စေခြင်းတို့ကို ခံရသည်။ ဤသည်မှာ မခံမရပ်နိုင်အောင်ဖြစ်သည်။ သို့သော် ၎င်းတို့သည် လွတ်မြောက်ရန် အစွမ်းမရှိပေ။ လူတို့သည် ဘုရားသခင်ထံသို့ လာသောအခါ ၎င်းတို့သည် ဘုရားသခင်အပေါ်သို့ မည်သည့် သဘောထားမျိုးရှိပါစေ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားက အစဉ်သဖြင့် မပြောင်းမလဲဘဲ ရှိနေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရက မပြောင်းလဲသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ဖော်ပြသည်။ ဤသို့ လုပ်ဆောင်ရာ၌ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖွင့်ပြသည်။ ဤသည်မှာ လူတို့တွင် သူ အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုနှင့် သနားကရုဏာတို့အပြင် သူ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကိုပါ အပြည့်အဝ ခံစားရသည်။ ဤပတ်ဝန်းကျင်တွင် နေသောသူတို့သည် ကောင်းချီးခံစားရသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် လူတို့သည် သမ္မာတရားအား မလိုက်စားနိုင်လျှင်၊ မချစ်နိုင်လျှင်၊ အဆုံးတွင် သမ္မာတရားကို မရရှိနိုင်လျှင်၊ ကယ်တင်ခြင်းခံရရန် အခွင့်အရေးနှင့် လွဲချော်ရလျှင်၊ အချို့မှာ စာတန်ကဲ့သို့ပင် အပြစ်ဒဏ်ခံရပြီး ဖျက်ဆီးခြင်းခံရလျှင် ဤအတွက် အကြောင်းပြချက်တစ်ခုသာရှိပြီး ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းသည် မည်သည့်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ လူတို့သည် ၎င်းတို့၏ သဘာဝအလျောက် လမ်းကြောင်းတစ်ခုကို လျှောက်ပြီး အဆုံးသတ်တစ်ခုခုရှိလိမ့်မည်။ လူအမျိုးအစား အမျိုးမျိုး၏ အဆုံးသတ်ကို အဆုံး၌ ဆုံးဖြတ်သည့်အချိန်သည် ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုဖွဲ့ခြင်း ခံရမည့်အချိန်ဖြစ်လိမ့်မည်။ လူတစ်ယောက်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်လျှင် ဘုရားသခင်က အဆုံး၌ စကားပြောပြီး အလုပ်လုပ်သောအခါ စာတန်က ၎င်းတို့အတွင်းသို့ အပျက်သဘောဆောင်သောအရာများကို မည်မျှ သွတ်သွင်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ဆီသို့ ပြန်လာပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သမ္မာတရားကို မချစ်ဘဲ အလွန်အမင်း မနှစ်မြို့လျှင် ဘုရားသခင်က မည်မျှ စကားပြောပါစေ၊ သူ၏ နှုတ်ကပတ်တော်များက မည်မျှ စစ်မှန်ပါစေ၊ မည်မျှ အလုပ်လုပ်ပါစေ၊ သူ၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများက မည်မျှ ကြီးမားပါစေ ၎င်း၏ ဤစိတ်သဘောထားသည် အတွင်းမှနေ၍ ၎င်းကို ညွှန်ကြားနေဦးမည် ဖြစ်ကာ ယင်းသည် ပြောင်းလဲမည်မဟုတ်ပေ။ ဆိုးယုတ်သောလူများက ပို၍ပင် အစွန်းရောက်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ရုံသာမကဘဲ ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားကို မုန်းတီးသည့် အနှစ်သာရတစ်ခုရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်၏ စခန်းနှင့် သက်ဆိုင်သောသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အဆုံး၌ စာတန်ဆီသို့ ပြန်သွားလိမ့်မည်။ ဤလူသုံးမျိုးစလုံးက စာတန်၏ ဖျက်ဆီးခြင်းကို တွေ့ကြုံခံစားရပြီးဖြစ်သည်။ ပြီးလျှင် စာတန်၏ အမျိုးမျိုးသော အဆိုအမိန့်များ၊ အတွေးအခေါ်များနှင့် အမြင်များ၏ အထင်အမြင်မှားစေခြင်းနှင့် အကျဉ်းချခြင်းကို ခံရပြီးဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က အဆုံးတွင် ကယ်တင်ခြင်းခံရနိုင်ပြီး အခြားလူများက ကယ်တင်ခြင်း မခံရနိုင်သနည်း။ အဓိကအားဖြင့် လူတို့လျှောက်သည့် လမ်းကြောင်းနှင့် သမ္မာတရားအား ၎င်းတို့ ချစ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဤအရာနှစ်ခုနှင့် ဆက်စပ်နေသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က သမ္မာတရားကို ချစ်နိုင်စွမ်းရှိပြီး အခြားလူများက ချစ်နိုင်စွမ်းမရှိသနည်း။ အဘယ်ကြောင့် လူအချို့က သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်နိုင်ပြီး အခြားလူများက မလျှောက်နိုင်သနည်း၊ အဘယ်ကြောင့် လူအချို့မှာ ဘုရားသခင်နှင့် ပွင့်ပွင့်လင်းလင်း စကားများပြီး အများရှေ့တွင် သမ္မာတရားအား မတရားသဖြင့် ရှုတ်ချဝေဖန်သနည်း။ ဤတွင် မည်သို့ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြင့် ဆုံးဖြတ်သလော။ (ဟုတ်သည်။) ၎င်းတို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို တွေ့ကြုံခံစားရပြီးဖြစ်သော်လည်း လူတိုင်း၏ အနှစ်သာရက မတူညီပေ။ ပြောလော့။ ဘုရားသခင်က သူ၏ အမှုတော်ကို ဉာဏ်ပညာဖြင့် လုပ်ဆောင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထိုးထွင်းမြင်နိုင်သလော။ (မြင်နိုင်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်ကြောင့် လူတို့အား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသနည်း။ ဘုရားသခင်က အဘယ်ကြောင့် လူတိုင်းအား အတင်းအဓမ္မ အယူဝါဒသွတ်သွင်းခြင်း မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတစ်ဦးချင်းစီအား ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားပြီး ၎င်းတို့အားလုံးကို ထုတ်ဖော်လိုသောကြောင့်ဖြစ်သည်။ ဘုရားသခင်က အသုံးမဝင်သော အလုပ်ကို မလုပ်ပေ။ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားလုံး၏ နောက်တွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ယောက်တွင် သူလုပ်ဆောင်သော အမှုသည် ထိုသူက မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် အခြေခံသည်။ လူတစ်ယောက်၏ အမျိုးအစားသည် မည်သို့ ဖွင့်ပြသနည်း။ မည်သည့်အရာအပေါ် အခြေခံပြီး မတူညီသော အမျိုးအစားများအဖြစ် ခွဲခြားသနည်း။ ဤသည်မှာ လူတို့ နှစ်သက်သောအရာများနှင့် လူတို့ လိုက်လျှောက်သော လမ်းကြောင်းအပေါ်တွင် အခြေခံသည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ပါသည်။) ဘုရားသခင်သည် လူတို့ နှစ်သက်သည့်အရာနှင့် လျှောက်သည့်လမ်းကြောင်းအရ လူတို့ကို အမျိုးအစားခွဲသည်။ ၎င်းတို့၏ အမျိုးအစားကို အခြေခံပြီး ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်သည်။ ပြီးလျှင် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်ပြီး ၎င်းတို့တွင် အလားတူ လိုက်လျောညီထွေရှိသော အလုပ်လုပ်သည်။ ဤသည်မှာ လူအချို့က ချိုသောအစားအစာ၊ အချို့က စပ်သော၊ အချို့က ငန်သော၊ အချို့က ချဉ်သောအစားအစာကို စားလိုသကဲ့သို့ဖြစ်သည်။ ဤ မတူညီသော အစားအစာ အမျိုးအစားများကို စားပွဲပေါ်တွင် ချထားလျှင် လူတို့အား မည်သည့်အရာကို စားရမည်၊ မည်သည့်အရာကို မစားရဆိုသည်ကို ပြောဖို့ မလိုပေ။ စပ်သော အစားအစာများကို နှစ်သက်သူများက စပ်သောအရာတစ်ခုခုကို စားမည်။ အချိုများကို စားလိုသောသူတို့က ချိုသောအရာတစ်ခုခုကို စားမည်ဖြစ်ပြီး ငန်သောအစားအစာများကို စားလိုသူများက ငန်သောအရာတစ်ခုခုကို စားလိမ့်မည်။ ၎င်းတို့အား လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားအား ၎င်းတို့ ချစ်မချစ်နှင့် မည်သည့်လမ်းကြောင်းအား ၎င်းတို့ လျှောက်မည်ကို ရွေးချယ်ခွင့်ရှိသည်။ သို့သော် ၎င်းတို့သည် ကယ်တင်ခြင်းခံရမည်၊ မခံရမည်နှင့် နောက်ဆုံး၌ ၎င်းတို့၏ အဆုံးသတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ဆုံးဖြတ်ဖို့မှာ ၎င်းတို့အပေါ်တွင် မူတည်ခြင်းမရှိပေ။ ဘုရားသခင်၏ အမှုတော်နောက်ကွယ်တွင် စည်းမျဉ်းများ ရှိသည်ကို သင်မြင်သလော။ (မြင်ပါသည်။) သူ၏ အမှုနောက်ကွယ်တွင် စည်းမျဉ်းများရှိပြီး အကြီးမြတ်ဆုံးသော စည်းမျဉ်းတစ်ခုမှာ လူတို့အား ၎င်းတို့၏ လိုက်စားမှုများနှင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းအတိုင်း အမျိုးအစား ခွဲခွင့်ပြုခြင်း၊ အရာရာတိုင်းအား ပင်ကိုအားဖြင့် ဖြစ်ပျက်ခွင့်ပြုခြင်းဖြစ်သည်။ လူတို့သည် ဤအရာကို အစဉ်သဖြင့် နားမလည်နိုင်ကြဘဲ “ဘုရားသခင်က ဩဇာအာဏာ ရှိသည်ဟု အစဉ်ဆိုသည်၊ သို့သော် အဘယ်မှာနည်း၊ ဘုရားသခင်က သူ၏ ဩဇာအာဏာကို ပြရန်အတွက် အတင်းအဓမ္မ အယူဝါဒ သွတ်သွင်းခြင်း အနည်းငယ်ကို အဘယ်ကြောင့် မလုပ်ဆောင်သနည်း” ဟူ၍ မေးကြသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာ ထင်ရှားသည့် ပုံစံမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏ ဩဇာအာဏာကို လူတို့အား မြင်စေသည့် နည်းလမ်းမဟုတ်ပေ။
သင်တို့သည် ယခုတွင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးကို ပိုင်းခြားသိမြင်နိုင်ကြသလော။ ဘုရားသခင်က လူတို့အပေါ် မည်သည့်အရာကို တောင်းဆိုသည်ကိုလည်း သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သင်တို့၏ နားလည်မှုသည် အဘယ်သို့နည်း။ (ဘုရားသခင်က လူတို့အား ရိုးသားဖို့ တောင်းဆိုသည်။) လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ အလွန် ရိုးရှင်းသည်။ သူသည် လူတို့အား ရိုးသားရန်၊ ဖြစ်ပေါ်လာသော အမှုကိစ္စများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ရန်၊ ဟန်မဆောင်ရန်၊ အပေါ်ယံ အပြုအမူကိုသာ အာရုံမစိုက်ဘဲ အမှုအရာများအား စည်းမျဉ်းနှင့်အညီလုပ်ဆောင်ခြင်းကို အာရုံစိုက်ရန် တောင်းဆိုသည်။ သင်လျှောက်သောလမ်းကြောင်းက မှန်လျှင်၊ သင် ကျင့်ကြံနေထိုင်သည့်ပုံစံတွင် သင်လိုက်စားသော စည်းမျဉ်းများက မှန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့် ကိုက်ညီလျှင် ဤသည်မှာ လုံလောက်သည်။ ယင်းသည် မရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) စာတန်က သမ္မာတရားကို မပိုင်ဆိုင်ပေ၊ သို့မဟုတ် လက်မခံပေ။ ထို့ကြောင့် စာတန်သည် လူတို့က ကောင်းမွန် မှန်ကန်သည်ဟု ထင်သော ဆိုရိုးများဖြင့် လူတို့အား အထင်အမြင်မှားစေပြီး မကောင်းသောအရာများကို လုပ်ဆောင်သော လူဆိုးဖြစ်မည့်အစား ကောင်းစွာ ပြုမူဆောင်ရွက်သော လူကြီးလူကောင်းများဖြစ်ရန် ကြိုးစားစေသည်။ ဤအရာများသည် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများဖြင့် ကိုက်ညီသောကြောင့်၊ လူတို့သည် ဤအရာများကို လွယ်ကူစွာ လက်ခံနိုင်သောကြောင့် စာတန်၏ လှည့်စားခြင်းကို လျင်မြန်စွာ ခံရသည်။ စာတန်သည် လူတို့အား ကောင်းသည့်ပုံစံသာပေါ်သော အရာများကို လုပ်ဆောင်စေသည်။ နောက်ကွယ်တွင် သင်လုပ်ဆောင်ခဲ့သည့်အရာက မည်မျှဆိုးသည်၊ သင်၏ စိတ်သဘောထားက မည်မျှ ဖောက်ပြန်ပျက်စီးသည်၊ သို့မဟုတ် သင်က ဆိုးယုတ်သော လူတစ်ဦး ဟုတ်မဟုတ်ဆိုသည်တို့က အရေးမပါပေ။ စာတန်က သတ်မှတ်ထားသည့် ဆိုရိုးနှင့် သတ်မှတ်ချက်များနှင့်အညီ သင်၏ အပြင်ပန်း အသွင်အပြင်ကို ဟန်ဆောင်ပြီး ဖြစ်သရွေ့၊ သူတစ်ပါးတို့က သင့်အား လူကောင်းတစ်ယောက်ဟု ခေါ်ဆိုသရွေ့ သင်က လူကောင်းတစ်ယောက် ဖြစ်သည်။ ဤသတ်မှတ်ချက်များနှင့် စံနှုန်းများသည် လူတို့အား လှည့်စားရန်၊ ဆိုးဝါးရန်၊ မျက်နှာဖုံးတပ်ရန် အားပေးပြီး လမ်းမှန်အား လျှောက်ခြင်းကို တားဆီးသည်မှာ သိသာထင်ရှား၏။ ထို့ကြောင့် စာတန်က လူတို့အတွင်းသို့ သွတ်သွင်းသည့် အတွေးအခေါ်နှင့် အမြင်တိုင်းသည် ၎င်းတို့အား မှားယွင်းသော လမ်းကြောင်းတစ်ခုပြီး တစ်ခုဆီသို့ ခေါ်ဆောင်နေသည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ယနေ့ ဘုရားသခင်လုပ်ဆောင်လိုသော အလုပ်သည် လူတို့အား စာတန်၏ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားအမျိုးမျိုးကို ပိုင်းခြားသိမြင်စေရန်၊ ယင်းတို့ကို ရိပ်စားမိပြီး ငြင်းပယ်ရန်၊ ပြီးလျှင် လူတို့၏ ထိန်းကျောင်းရခက်သော လမ်းကြောင်းများမှ လမ်းမှန်ပေါ်သို့ ဆွဲခေါ်ရန်ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် စည်းမျဉ်းနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကောင်းရှုမြင်နိုင်ပြီး ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ ဤစည်းမျဉ်းများထဲမှ မည်သည့်စည်းမျဉ်းကမျှ လူတို့ထံမှ လာခြင်းမဟုတ်ဘဲ သမ္မာတရား စည်းမျဉ်းများဖြစ်သည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သောအခါ၊ လက်တွေ့လုပ်ဆောင်နိုင်ပြီး ယင်းတို့၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘဝသည် ယေဘုယျအားဖြင့် ဤလူတို့တွင် ဖြစ်ပေါ်လိမ့်မည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မှတ်ယူလျှင် ၎င်းတို့သည် စာတန်၏ လှည့်စားခြင်းကို ခံရမည်မဟုတ်သကဲ့သို့ မှားယွင်းသောလမ်းကြောင်း၊ စာတန်၏ လမ်းကြောင်းနှင့် ပြန်လမ်းမရှိသော လမ်းကြောင်းကို လျှောက်မည် မဟုတ်တော့ပေ။ ဤလူတို့သည် စာတန်က ၎င်းတို့ကို မည်မျှ အထင်အမြင်မှားစေပြီး ဖျက်ဆီးပါစေ ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ပေ။ ကမ္ဘာလောကကြီးက မည်သို့ ပြောင်းလဲပါစေ၊ မည်သည့်အချိန်သို့ ရောက်ရှိလာပါစေ ဤလူတို့သည် ၎င်းတို့၏ အသက်အဖြစ် ဘုရားနှုတ်ကပတ်တော် ရှိသောကြောင့် ၎င်းတို့၏ အသက်က ယိုယွင်းမည်၊ သို့မဟုတ် ပျက်စီးမည်မဟုတ်ပေ။ ၎င်းတို့၏ အသက်က ယိုယွင်းမည်၊ သို့မဟုတ် ပျက်စီးမည်မဟုတ်သောကြောင့် ၎င်းတို့သည် ဤသို့သောအသက်မျိုးနှင့် ယှဉ်တွဲတည်ရှိပြီး ထာဝရ ဆက်လက်၍ အသက်ရှင်လိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုဖြစ်သလော။ (ဖြစ်သည်။) လူတို့သည် ကယ်တင်ခြင်း ခံရသောအခါ ၎င်းတို့သည် ကြွယ်ဝစွာ ကောင်းချီးခံစားရသည်။
သင်တို့အတွက် ယခုအချိန်တွင် အရေးကြီးဆုံးသောအရာတစ်ခုမှာ အဘယ်နည်း။ ပို၍များသော သမ္မာတရားဖြင့် ပြင်ဆင်ထားရန်ဖြစ်သည်။ ပို၍များသော သမ္မာတရားဖြင့် ပြင်ဆင်ထားသောအခါ၊ ကြားနာပြီးသောအခါ၊ ပို၍ တွေ့ကြုံပြီး နားလည်ပြီးသောအခါမှသာ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ပြီး ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်နိုင်မည်။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ကို သိနိုင်မည်။ ထိုအခါမှသာ သင်သည် လမ်းလွဲမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများကို လူသား၏ အလိုဆန္ဒနှင့် စာတန်က သင့်အတွင်းတွင် သွတ်သွင်းခဲ့သော အတွေးအခေါ်များနှင့် အမြင်များဖြင့် အစားထိုးမည်မဟုတ်ပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် ယခုတွင် သင်တို့ လုပ်ဆောင်သင့်သော အရေးကြီးဆုံး၊ အလျင်လိုဆုံးသော အရာသည် သမ္မာတရားဖြင့် ပြင်ဆင်ထားရန်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်ကို ပို၍ နားလည်ရန်ဖြစ်သည်။ သင်သည် မိမိအတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးချရမည်။ ဘုရားနှုတ်ကပတ်တော်တွင် အမှုအရာများစွာပါဝင်သည်။ သမ္မာတရားနှင့် သက်ဆိုင်သောအချက်များစွာ ပါဝင်သည်။ သင်သည် နှောင့်နှေးခြင်းမရှိဘဲ ဤသမ္မာတရားအားလုံးဖြင့် သင့်ကိုယ်သင် ပြင်ဆင်ထားရမည်။ သင့်ကိုယ်သင် မပြင်ဆင်ထားလျှင် တစ်စုံတစ်ခု ဖြစ်သောအခါ အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်ကို သင်အသုံးပြုနိုင်မည်မဟုတ်ဘဲ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်လိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် စည်းမျဉ်းများကို ချိုးဖောက်လိမ့်မည်။ သင်၏ ပြစ်မှားမှုများက အစွန်းအထင်းတစ်ခုအဖြစ် သင်နှင့်အတူ ကျန်ရှိနေလိမ့်မည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင်မသိလျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်းသာ ကိုင်တွယ်ပြီး သင်၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်သာ ကိုင်တွယ်လျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအပေါ် အမှီပြုပြီး မသန့်စင်မှုများရှိသော်လည်း သင့်ကိုယ်သင် မည်သို့ ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သတိထားမိရမည်ကို မသိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်နှင့် သင့်ကိုယ်သင် မည်သို့ နှိုင်းယှဉ်ရမည်ကို မသိလျှင် သင်သည် သင့်ကိုယ်သင် သိမည်မဟုတ်ပေ။ အမှန်တကယ် နောင်တရနိုင်မည်မဟုတ်ပေ။ သင်က အမှန်တကယ် နောင်တမရလျှင် ဘုရားသခင်က သင့်အား မည်သို့ မြင်မည်နည်း။ ဤသည်မှာ သင်က ခေါင်းမာသော စိတ်သဘောထားရှိပြီး သမ္မာတရားအား အလွန်အမင်း မနှစ်မြို့သည့် သဘောဖြစ်သည်။ ဤသည်မှာ အခြား အစွန်းအထင်းတစ်ခုဖြစ်စေပြီး အခြား ဆိုးရွားသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ အစွန်းအထင်းများ၊ ပြစ်မှားမှုများစွာ စုဝေးလာခြင်းသည် သင့်အတွက် အကျိုးရှိသလော။ (မရှိပါ။) သင့်အတွက် အကျိုးမရှိပေ။ ဤသို့ဆိုလျှင် ပြစ်မှားခြင်းများကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ယခင်က “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဟူသော အခန်းကဏ္ဍတစ်ခုကို ငါ ဖော်ပြခဲ့သည်။ ဤသည်မှာ ပြစ်မှားမှုများသည် လူတစ်ယောက်၏ အဆုံးသတ်နှင့် တိုက်ရိုက် ဆက်နွှယ်နေသည်ဟု ဆိုလိုသည်။ ပြစ်မှားမှုများကို အစဉ်ကျူးလွန်သော လူများတွင် မည်သို့ ဖြစ်နေသနည်း။ အချို့က “ယင်းသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခြင်းမဟုတ်၊ ထိုအချိန်က ဆိုးယုတ်သောအရာ တစ်စုံတစ်ခုကို ငါ လုပ်ဆောင်ဖို့ မရည်ရွယ်ပေ” ဟူ၍ ဆိုကြသည်။ ဤသည်မှာ ကောင်းသော ဆင်ခြေတစ်ခုဖြစ်သလော။ သင်က မရည်ရွယ်လျှင် ပြစ်မှားမှုတစ်ခုမဟုတ်သလော။ သင်သည် ဆင်ခြင်သုံးသပ်ပြီး နောင်တရဖို့ မလိုအပ်သလော။ ယင်းသည် တမင်ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ပြစ်မှားမှုတစ်ခု ဖြစ်ဆဲမဟုတ်သလော။ သင်သည် ရည်ရွယ်၍ မလုပ်ဆောင်ခဲ့သော်လည်း ဘုရားသခင်၏ စိတ်သဘောထားနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စော်ကားခဲ့သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သောကြောင့် ယင်းသည် ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဆင်ခြေပေး၍ အကျိုးမရှိပေ။ သင်က “ကျွန်ုပ်သည် ငယ်ရွယ်သည်၊ သိပ်ပညာမတတ်ပါ၊ လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံများစွာမရှိပါ၊ ယင်းက မှားယွင်းသည်ကို ကျွန်ုပ်မသိခဲ့ပါ၊ မည်သူကမျှ ကျွန်ုပ်ကို မပြောပြပါ” ဟူ၍ ဆိုသည်။ သို့မဟုတ် သင်က “အခြေအနေက အလွန် အန္တရာယ်များလွန်းသည်၊ ကျွန်ုပ်သည် ခေါင်းပူနေချိန် မဆင်မခြင် လုပ်ဆောင်မိခြင်းဖြစ်သည်” ဟုဆိုသည်။ ဤသည်တို့မှာ ကောင်းသော အကြောင်းပြချက်များဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာကမျှ ကောင်းသော အကြောင်းပြချက်များ မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်ရန် အခွင့်အရေးရှိလျှင် သမ္မာတရားအား ရှာဖွေရန်အတွက်လည်း သင် အခွင့်အရေးရှိသည်။ သင်၏ လုပ်ဆောင်မှုများအတွက် စည်းမျဉ်းအဖြစ် သမ္မာတရားကို အသုံးပြုသင့်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို ရှာဖွေရန် အခွင့်အရေးရှိသောအချိန်တွင် အဘယ်ကြောင့် သင်၏ အလိုဆန္ဒအတိုင်း လုပ်ဆောင်ဖို့ ရွေးချယ်သနည်း။ အကြောင်းပြချက်တစ်ခုမှာ သမ္မာတရားကို သင် နားလည်မှုသည် အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ဘုရားနှုတ်ကပတ်တော်ဖြင့် သင့်ကိုယ်သင် ပြင်ဆင်ခြင်းကို အလေးထားလေ့မရှိပေ။ မှန်ကန်သော အခြားအကြောင်းပြချက်နှင့် အခြေအနေတစ်ခုလည်းရှိသည်။ သင်သည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်မရှိဘဲ အမှုအရာများကို လုပ်ဆောင်လေ့ ရှိသည်။ ဘုရားနှုတ်ကပတ်တော်က သင်၏ စိတ်နှလုံးကို လုံးဝ မစိုးမိုးပေ။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းကို ကျင့်သားရနေသည်။ သင်သည် မှန်ကန်သည်ဟု ထင်မြင်နေကျဖြစ်သည်။ အမှုကိစ္စတိုင်းကို ချုပ်ကိုင်နေကျ ဖြစ်သည်။ သင်ကိုယ်တိုင်၏ နှစ်သက်မှုများအတိုင်း လုပ်ဆောင်နေကျဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆုတောင်းရာတွင် ဝတ်ကျေတမ်းကျေဖြင့် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်သည်။ ဘုရားနှုတ်ကပတ်တော်များသည် သင့်စိတ်နှလုံးတွင် နေရာမရှိဘဲ သင့်စိတ်နှလုံးကို မအုပ်စိုးနိုင်ပေ။ ဘုရားသခင်သည် သင့်စိတ်နှလုံးတွင် နေရာမရှိဘဲ သင့်စိတ်နှလုံးကို မအုပ်စိုးနိုင်ပေ။ သင်လုပ်ဆောင်သမျှတိုင်းတွင် သင်က ဦးဆောင်ခြင်းသည် သင့်အတွက် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်။ ဤသည်မှာ ပြစ်မှားမှုတစ်ခုဖြစ်သလော။ သေချာသည်။ ယင်းသည် ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဆင်ခြေများပေးသနည်း။ ခိုင်လုံသော ဆင်ခြေမရှိပေ။ ပြစ်မှားမှုသည် ပြစ်မှားမှုသာဖြစ်သည်။ သင်သည် ပြစ်မှားမှုများစွာကို ကျူးလွန်လျှင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်အလုပ်ကို ထိခိုက်လျှင်၊ နောက်ဆုံး၌ ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသထွက်စေလျှင် သင်၏ ကယ်တင်ခြင်းခံရရန် အခွင့်အရေးသည် ဖြတ်တောက်ခြင်းခံရမည်။ ဤသည်မှာ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဆိုသည်ကို တိကျစွာ အနက်ဖွင့်ခြင်းဖြစ်သည်။ ယင်းသည် အမှန်တရားဖြစ်သည်။ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်သည်။ အပြုအမူမျိုးစုံကို ဖြစ်ပေါ်စေသည်။ ရလဒ်အနေဖြင့် လူတို့လျှောက်သည့် လမ်းကြောင်းကို ဖြစ်ပေါ်စေသည်။ ဤမမှန်ကန်သော လမ်းကြောင်းသည် လူတို့အား ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အရေးကြီးသော၊ အရေးပါသော အခိုက်အတန့်များ၌ ပြစ်မှားမှုမျိုးစုံကို ကျူးလွန်စေသည်။ သင်သည် ပြစ်မှားမှုများကို အလွန်အကျွံ ကျူးလွန်ပြီး ထိုပြစ်မှားမှုများက စုပုံလာလျှင် သင်၏ ကယ်တင်ခြင်းခံရရန် အခွင့်အရေး မရှိတော့ပေ။ လူတို့သည် အဘယ်ကြောင့် ပြစ်မှားမှုများကို အစဉ် ကျူးလွန်သနည်း။ အဓိကအကြောင်းပြချက်မှာ ၎င်းတို့သည် မည်သည့်အခါမျှ ဘုရားနှုတ်ကပတ်တော်နှင့် မပြင်ဆင်ကြပေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် ပြင်ဆင်ခြင်း ရှားပါးသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို အခြေခံပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်ခဲသည်။ အဆုံးတွင် အစဉ်သဖြင့် ပြစ်မှားမှုတစ်ခုကို ကျူးလွန်သည်။ လူတို့သည် ပြစ်မှားသောအခါ အစဉ်သဖြင့် မိမိကိုယ်ကို ခွင့်လွှတ်ပြီး “ကျွန်ုပ် ယင်းကို လုပ်ဆောင်ရန် မရည်ရွယ်ပါ၊ ကျွန်ုပ်တွင် ကောင်းသော ရည်ရွယ်ချက်များရှိသည်၊ အခြေအနေက အလျင်လိုနေသော ဖြစ်သောကြောင့် ဖြစ်သည်၊ ဤလူကြောင့်ဖြစ်သည်၊ အရှိအတိုင်းဖြစ်သော အကြောင်းပြချက် မျိုးစုံကြောင့်ဖြစ်သည်...” ဆိုသကဲ့သို့ အကြောင်းပြချက်များ၊ ဆင်ခြေများပေးသည်။ အကြောင်းပြချက်က မည်သည့်အရာဖြစ်စေ သမ္မာတရားကို သင်မလိုက်စားလျှင်၊ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ မလုပ်ဆောင်လျှင် သင်သည် ပြစ်မှားပြီး ဘုရားသခင်ကို အာခံနိုင်ခြေရှိသည်။ ဤသည်မှာ မငြင်းဆန်နိုင်သော အမှန်တရားဖြစ်သည်။ ဤအချက်အရ သင်၏ အဆုံးသတ်သည် ယခင်က ငါပြောသကဲ့သို့ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဟူ၍ ဖြစ်လာလိမ့်မည်။ ဤသည်မှာ သင်၏ အဆုံးသတ်ဖြစ်လိမ့်မည်။ နားလည်သလော။ (နားလည်ပါသည်။)
လူအချို့၏ စိတ်သဘောထားမှာ အလွန်ခေါင်းမာသည်။ ၎င်းတို့သည် အလွန်ပင် မရိုးဖြောင့်ပေ။ အစဉ်သဖြင့် လိုရာဆွဲ၍ စဉ်းစားကြသည်။ “ပြစ်မှားမှုအနည်းငယ်က ဘာမှမဖြစ်ပေ၊ ဘုရားသခင်က လူတို့ကို အပြစ်ဒဏ်မပေး၊ သူသည် သနားကရုဏာထားပြီး ချစ်ခင်သည်၊ လူတို့အား ခွင့်လွှတ်ပြီး စိတ်ရှည်သည်၊ ဘုရားသခင်၏ နေ့ရက်သည် ဝေးကွာနေဆဲဖြစ်သည်၊ အခွင့်အရေးရှိသောအခါတွင် သူထုတ်ပြန်ခဲ့သော ဤသမ္မာတရားများကို နောက်ပိုင်း၌ ငါ လိုက်စားမည်၊ ဘုရားသခင်က ဤစကားများကို စစ်မှန်သော၊ အရေးတကြီးဖြစ်သော လေသံဖြင့် ပြောခဲ့သော်လည်း ဘုရားသခင်အား ငါတို့ ယုံကြည်ပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးများစွာ ရှိသေးသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အထင်အမြင်သေးသည်။ မည်သည့်အခါမျှ အရေးတကြီးဖြစ်သည့်စိတ်မရှိပေ။ ဘုရားသခင်အတွက် ကြီးမားသောစိတ်ဆန္ဒမရှိပေ၊ သို့မဟုတ် သမ္မာတရားကို ဆာငတ်ခြင်းမရှိပေ။ ၎င်းတို့တွင် အစဉ်သဖြင့် ခေါင်းမာသော စိတ်နှလုံးရှိသည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုမှုများကို အစဉ် အပြည့်အဝ လျစ်လျူရှုသည်။ ၎င်းတို့သည် ဤသဘောထားမျိုးဖြင့်လည်းကောင်း၊ ဤအခြေအနေတွင်လည်းကောင်း ၎င်းတို့တာဝန်ကို ထမ်းဆောင်လျှင် အဆုံး၌ မည်သို့ ဖြစ်ပျက်မည်နည်း။ ၎င်းတို့သည် ပြစ်မှားမှုများကို စဉ်ဆက်မပြတ် ကျူးလွန်ပြီး အစွန်းအထင်းများကို ရရှိလိမ့်မည်။ လူတစ်ယောက်အနေဖြင့် စဉ်ဆက်မပြတ် အစွန်းအထင်းများ ရရှိပြီး ပြစ်မှားမှုများကို ကျူးလွန်သည့်တိုင်အောင် အလေးအနက်မထားခြင်း၊ အလွန်ပင် အရေးမစိုက်ခြင်းသည် အန္တရာယ်ရှိသည်။ ဘုရားသခင်က သင့်အား ယခုအချိန်တွင် မရှုတ်ချခြင်းက သူသည် သင့်အား နောင်တွင် ရှုတ်ချမည်မဟုတ်ဟု မဆိုလိုပေ။ အချုပ်အားဖြင့်ဆိုလျှင် ဤသို့သော အခြေအနေ၌ အသက်ရှင်သောသူတွင် အန္တရာယ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ညွှန်ကြားသော အခြေအနေတိုင်းကို မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်ကို၊ ကယ်တင်ခြင်းခံရရန် အခွင့်အလမ်းကို၊ သို့မဟုတ် ၎င်းတို့တာဝန်အား ထမ်းဆောင်ရန် အခွင့်အလမ်းကို တန်ဖိုးမထားပေ။ ၎င်းတို့သည် အစဉ်သဖြင့် လျော့ရဲပြီး အရေးမစိုက်ပေ။ အရာရာတိုင်းအား ပေါ့ဆသော၊ လျော့ရဲသော၊ အမှတ်တမဲ့ဖြစ်သော ပုံစံဖြင့် လုပ်ဆောင်ကြသည်။ ဤသို့သောသူမျိုးတွင် အန္တရာယ်ရှိသည်။ လူအချို့မှာ မိမိတို့ကိုယ်ကို ကျေနပ်ဆဲဖြစ်ပြီး “အမှုအရာများကို ငါလုပ်ဆောင်သောအခါ ဘုရားသခင်က ငါနှင့်အတူရှိသည်၊ ငါ့တွင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုရှိသည်၊ တစ်ခါတစ်ရံတွင် ငါ့၌ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုရှိသည်၊ ငါဆုတောင်းသည့်အခါတွင် သူသည် ငါနှင့်အတူရှိသည်” ဟူ၍ ထင်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ကြွယ်ဝများပြားသည်။ သင် မွေ့လျော်ရန် သေချာပေါက် လုံလောက်သည်။ သင်အလိုရှိသမျှ ယူဆောင်ပြီး မည်သည့်အခါမျှ ကုန်ဆုံးမည်မဟုတ်။ သို့သော် ဤသို့ဆိုလျှင် အဘယ်သို့ ဖြစ်သနည်း။ ဘုရားသခင်၏ ကျေးဇူးတော်သည် သမ္မာတရားကို ကိုယ်စားမပြုပေ။ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်မွေ့လျော်ခြင်းက သင့်တွင် သမ္မာတရားရှိသည်ဟု မဆိုလိုပေ။ ဘုရားသခင်သည် လူတိုင်းအတွက် သနားကရုဏာရှိသည်။ သို့သော် ဘုရားသခင်၏ သနားကရုဏာက အလွန်အကျွံ သက်ညှာခြင်းမဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ဘဝနှင့် ဖန်ဆင်းခံတိုင်းအပေါ် သနားကရုဏာရှိသည်။ သို့ရာတွင် ဤသည်မှာ သူသည် သူ၏အလုပ်တွင် စည်းမျဉ်းမရှိဟုလည်းကောင်း၊ သူ့တွင် ဖြောင့်မတ်သော စိတ်သဘောထားမရှိဟုလည်းကောင်း၊ လူတို့အပေါ် သူသတ်မှတ်သည့်၊ လူတို့အား သူ အကဲဖြတ်သည့် စံနှုန်းများက ပြောင်းလဲမည်ဟုလည်းကောင်း မဆိုလိုပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်က သင့်အား မည်သည့်အခါမျှ စိတ်မဆိုးခဲ့ဟူ၍လည်းကောင်း၊ ဘုရားသခင်က သင့်အပေါ် အစဉ် နူးညံ့ပြီး ထောက်ထားသည်ဟူ၍လည်းကောင်း၊ သင့်အား အလွန့်အလွန် ဂရုစိုက်သည်၊ ချစ်သည်၊ မြတ်နိုးသည်ဟူ၍လည်းကောင်း သင်ခံစားရသည်။ ဘုရားသခင်၏ နွေးထွေးမှု၊ ဘုရားသခင်၏ ပံ့ပိုးမှု၊ ဘုရားသခင်၏ ကူညီမှုနှင့် ဘုရားသခင်၏ မျက်နှာသာပေးမှုနှင့် ကျေးဇူးပြုမှုကိုပင် သင် ခံစားရသည်။ ဘုရားသခင်က သင့်ကို အချစ်ဆုံးဖြစ်သည်၊ အခြားလူများကို သူ စွန့်လွှတ်လျှင်ပင် သင့်အား လုံးဝ စွန့်လွှတ်မည်မဟုတ်ဟု သင် ခံစားရသည်။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို ယုံကြည်မှုနှင့် ပြည့်နေသည်။ သင်သည် သမ္မာတရားအား မလိုက်စားရာတွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်စဉ်တွင် ဒုက္ခမခံခြင်း၊ အဖိုးအခမပေးဆပ်ခြင်းတွင်လည်းကောင်း၊ စိတ်သဘောထားပြောင်းလဲမှုကို မရှာဖွေခြင်းတွင်လည်းကောင်း ကျိုးကြောင်းခိုင်လုံသကဲ့သို့ သင် ခံစားရသည်။ ဘုရားသခင်က သင့်အား သေချာပေါက် စွန့်ပစ်မည်မဟုတ်ပေ။ သင်၏ ဤခိုင်မာသော မိမိကိုယ်ကို ယုံကြည်မှုသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသလော။ တစ်နေ့တွင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ကို အမှန်ပင် မခံစားမိလျှင် သင်၏ စိတ်နှလုံးတွင် ထိတ်ထိတ်ပျာပျာဖြစ်ပြီး “ဘုရားသခင်က ငါ့ကို စွန့်ပစ်သွားခြင်းများ ဖြစ်နိုင်သလော” ဟု စဉ်းစားလိမ့်မည်။ သင်၏ အဆုံးသတ်က မည်သို့ဖြစ်မည်ဆိုသည်မှာ သင့်အတွက် ရှင်းလင်းသင့်သည်။ သမ္မာတရားကို မလိုက်စားသော၊ အလွန်ပင် မိမိကိုယ်ကို အမှန်ထင်သောသူများသည် လုံးဝ အဆုံးသတ်ကောင်းမည် မဟုတ်ပေ။ လူတို့ကို ချစ်ခြင်း၊ မြတ်နိုးခြင်း၊ လူတို့အပေါ် သနားကရုဏာရှိခြင်း၊ လူတို့အား ကျေးဇူးတော် ချပေးခြင်း၊ သို့မဟုတ် အချို့သောလူများကို မျက်နှာသာပေးလျက်၊ သို့မဟုတ် ကျေးဇူးပြုလျက်ပင် ဆက်ဆံခြင်းတို့၌ ဘုရားသခင်၏ ပန်းတိုင်အပြင် ဤလုပ်ရပ်များ၏ အနှစ်သာရမှာ သင့်အား တယုတယထားရန်ဖြစ်စေ၊ အလိုလိုက်ရန်ဖြစ်စေ၊ သင့်အား လမ်းမှားသို့ ပို့ဆောင်ရန်ဖြစ်စေ၊ သင့်အား လမ်းလွဲစေရန်ဖြစ်စေ၊ သင့်အား သမ္မာတရားကို၊ သို့မဟုတ် မှန်သောလမ်းခရီးကို ကျောခိုင်းစေရန်ဖြစ်စေ လုံးဝ မဟုတ်ပေ။ ဤအရာအားလုံးကို လုပ်ဆောင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လမ်းမှန်ကို သင်လျှောက်လှမ်းရာတွင် သင့်အား ပံ့ပိုးရန်၊ သင့်၌ သူ့အတွက် ကြီးမားသောစိတ်ဆန္ဒရှိသည့် စိတ်နှလုံးရှိစေရန်၊ သူ့အပေါ် သင်၏ ယုံကြည်မှုကို တိုးပွားစေရန်၊ ထို့နောက်တွင် ဘုရားသခင်ကို အစစ်အမှန်ဖြစ်သော၊ ကြောက်ရွံ့သော စိတ်နှလုံး ဖြစ်ပေါ်စေရန် ဖြစ်သည်။ သင်က အစဉ်သဖြင့် ဘုရားသခင်၏ တယုတယထားခြင်းကို မွေ့လျော်လိုပြီး သူ၏ အိမ်မွေးတိရစ္ဆာန်ဖြစ်လိုလျှင် သင်က မှားသည်ဟု ငါပြောသည်။ သင်သည် ဘုရားသခင်၏ အိမ်မွေးတိရစ္ဆာန် မဟုတ်ပေ။ သင့်အတွက် သူ၏ ကျေးဇူးတော် ပေးသနားခြင်း၊ သို့မဟုတ် မျက်နှာသာပေးခြင်းသည် အသေအချာပင် တယုတယထားခြင်း၊ သို့မဟုတ် အလိုလိုက်ခြင်းမဟုတ်ပေ။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဘုရားနှုတ်ကပတ်တော်အား သင်တန်ဖိုးထားရန်၊ သမ္မာတရားကို လက်ခံရန်၊ သူ၏ ကျေးဇူးတော် ပေးသနားခြင်းနှင့် ကောင်းချီးများအားဖြင့် အားကောင်းစေရန် ထောက်ကူပေးဖို့ ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် သမ္မာတရားအားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်ရန်၊ ဘဝတွင် လမ်းမှန်ကို လျှောက်ရန် စိတ်ဆန္ဒနှင့် ဇွဲလုံ့လရှိမည်ဖြစ်သည်။ ဘုရားသခင်က ဤသမ္မာတရားများကို ထုတ်ပြန်သောအခါတွင် သင်သည် ပံ့ပိုးခြင်းခံရပြီးဖြစ်သည်၊ အသက်ကို ရရှိပြီးဖြစ်သည်၊ သူ၏ ချစ်ခြင်းကို ခံစားရပြီးဖြစ်သည်ကို သေချာပေါက် ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ သင်သည် သူ၏ ကျေးဇူးပြုခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်နိုင်လျှင်လည်းကောင်း၊ သင်၏ သင့်လျော်သော နေရာ၌ မြဲမြံစွာ ရပ်တည်နိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် ပို၍ ပြင်ဆင်နိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကိုပို၍ တန်ဖိုးထားနိုင်လျှင်လည်းကောင်း၊ တာဝန်ထမ်းဆောင်သောအခါတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင်လည်းကောင်း သင်သည် သူ့အပေါ် တာဝန်မပျက်ကွက်ပေ။ သို့ရာတွင် သင့်အပေါ် ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် မျက်နှာသာပေးခြင်းကို သင်က အခွင့်ကောင်းယူလျှင်လည်းကောင်း၊ သင့်အပေါ် သူ၏ သနားကရုဏာကို လျစ်လျူရှုလျှင်လည်းကောင်း၊ အမှုအရာများကို သင်၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လျှင်လည်းကောင်း၊ တစ်ဇွတ်ထိုးဆန်စွာ၊ မဆင်မခြင်ဖြစ်စွာဖြင့် ပြုမူဆောင်ရွက်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်နှင့် သင့်ကိုယ်သင် လုံးဝ မပြင်ဆင်လျှင်လည်းကောင်း၊ သမ္မာတရားအတွက် ကြိုးပမ်းဖို့ စိတ်ဆန္ဒမရှိလျှင်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားပြီး သင့်ကိုယ်သင် ကျေနပ်ခြင်းမှလွဲ၍ သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ခြင်းမရှိလျှင်လည်းကောင်း ဘုရားသခင်၏ မျှော်မှန်းချက်များကို သင် မပြည့်မီသောအခါ၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ထပ်ခါထပ်ခါ စိတ်ပျက်စေသောအခါတွင် သင့်အပေါ် ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်တို့သည် အနှေးနှင့်အမြန် ကုန်ခန်းသွားလိမ့်မည်။ ထိုအရာများ ကုန်ခန်းသွားသည့်နေ့သည် ဘုရားသခင်က သူ၏ ကျေးဇူးတော်အားလုံးကို ပြန်လည်ယူဆောင်သည့် နေ့ဖြစ်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ကိုပင် မခံစားရသောအခါ သင်၏ စိတ်အတွင်းတွင် အဘယ်သို့ အမှန်တကယ် ခံစားရသည်ကို သိလိမ့်မည်။ သင့်အတွင်းတွင် မှောင်မိုက်ခြင်း ရှိလိမ့်မည်။ သင်သည် စိတ်ဓာတ်ကျပြီး စိတ်မသက်မသာဖြစ်မည်။ စိတ်ပူပန်ပြီး အနှစ်မဲ့နေလိမ့်မည်။ အနာဂတ်က မသေချာဟု သင်ခံစားရမည်။ သင်သည် ကြောက်ရွံ့ပြီး အစဉ်သဖြင့် စိတ်သောကရောက်သည့် အခြေအနေ၌ ရှိနေလိမ့်မည်။ ဤသည်မှာ အလွန်ဆိုးဝါးသောအရာဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့ကို ဘုရားသခင် ပေးထားသောအရာများအားလုံးကို မြတ်နိုးတတ်ရန်၊ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်ကို မြတ်နိုးတတ်ရန်၊ တစ်ချိန်တည်းတွင် မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို သိရန် သင်ယူရမည်။ အမှန်တကယ်တွင် သင် ပြန်လည်တုံ့ပြန်ရန် ဘုရားသခင်၏ တောင်းဆိုချက်မှာ သူ၏ ကိုယ်စား သင် မည်မျှ ကူညီပံ့ပိုးသည်၊ သို့မဟုတ် သူ့အပေါ် သင်၏ သက်သေခံချက်က မည်မျှထူးကဲသည်ဆိုသည်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင် အလိုရှိသည့်အရာမှာ သင့်အနေဖြင့် လမ်းမှန်ကို လျှောက်လှမ်းရန်၊ သူက သင့်အား လျှောက်လှမ်းရန် တောင်းဆိုသည့် လမ်းကြောင်းကို လျှောက်ရန်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် လူတို့ ခံစားရန် လုံလောက်သည်။ သူသည် လူတို့အပေါ် ဤကျေးဇူးတော်ကို ချပေးခြင်းနှင့်ပတ်သက်ပြီး နှမြောတွန့်တိုခြင်းမရှိသကဲ့သို့ လူတို့အပေါ် ဤကျေးဇူးတော်ကို ချပေးခြင်းအား နောင်တရမည်မဟုတ်ပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးပြီး ကျေးဇူးပြုလျှင် အစဉ်သဖြင့် လိုလိုလားလား လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ဤသို့လုပ်ဆောင်သည်မှာ သူ၏ အနှစ်သာရ၊ စိတ်သဘောထား၊ ပင်ကိုလက္ခဏာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူသည် လူတို့အား ဤအရာများကို ပေးခြင်းအတွက် မည်သည့်အခါမျှ နောင်တရခြင်း၊ နောင်တကြီးစွာ ရရှိခြင်းမရှိပေ။ သို့ရာတွင် ဆိုကြပါစို့။ လူတို့သည် ကောင်းခြင်း၊ မကောင်းခြင်းကို မသိ၊ သို့မဟုတ် အကူအညီများအား မည်သို့ တန်ဖိုးထားရမည်ကို မသိ။ ဘုရားသခင်ကို အစဉ်သဖြင့် ထပ်ခါထပ်ခါ အားလျော့စိတ်ပျက်စေသည်။ ဘုရားသခင် ပေးခဲ့သည့် အဖိုးအခက မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်က မည်မျှ စောင့်ဆိုင်းခဲ့သည်ဖြစ်စေ လူတို့သည် သူ့အား လျစ်လျူရှုဆဲဖြစ်ပြီး သူ၏ ကောင်းသော ရည်ရွယ်ချက်များကို နားမလည်ပေ။ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားဖို့အတွက်သာ အားထုတ်ကြသည်။ ပို၍ ခံစားရလေလေ ကောင်းလေလေဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမည်မျှကို ၎င်းတို့ ခံစားရပါစေ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့၊ သို့မဟုတ် ဘုရားသခင်ထံသို့ ၎င်းတို့၏ စိတ်နှလုံးကို ပြန်လည်ပေးအပ်ပြီး ဘုရားသခင်၏ နောက်သို့လိုက်ဖို့ကို မသိကြပေ။ လူတို့က ဘုရားသခင်ကို ဤသို့ ဆက်ဆံလျှင် ဘုရားသခင်က ကျေနပ်မည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) လူတစ်ယောက်သည် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် မည်သည့် စစ်မှန်သော သဘောထားမျိုးကို ထားရှိသင့်သနည်း။ လူတို့သည် နောင်တရရမည်။ လက်တွေ့ပြသမှုများရှိရမည်။ ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ကျိုးကြောင်းပြဆိုခြင်းနှင့် ဆင်ခြေအမျိုးမျိုးကို ဆုပ်ကိုင်မထားရပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်၊ ခွင့်လွှတ်ခြင်းနှင့် သနားကရုဏာသည် သင့်ကိုယ်သင် အလိုလိုက်ရန် အရင်းအနှီး၊ သို့မဟုတ် သင့်ကိုယ်သင် အလိုလိုက်ရန် ဆင်ခြေများမဟုတ်ပေ။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ လူတို့တွင် မည်သို့သော အပင်ပန်းခံသော အားထုတ်မှုမျိုး၊ သို့မဟုတ် အတွေးမျိုးတို့ကို သူ ရင်းနှီးမြုပ်နှံပါစေ သူ့တွင် အဆုံးစွန် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ ယင်းမှာ လူတို့အနေဖြင့် လမ်းမှန်ဘက်သို့ လှည့်ပြီး လျှောက်လှမ်းရန် သူမျှော်လင့်ခြင်းဖြစ်သည်။ လမ်းမှန်ဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားအား လိုက်စားပြီး သမ္မာတရားနှင့် ပို၍ ပြင်ဆင်ထားရန်ဖြစ်သည်။ လူတို့လျှောက်သည့်လမ်းကြောင်းသည် သမ္မာတရားအား စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့် အညီဖြစ်လျှင် လူတို့၌ ဘုရားသခင် ရင်းနှီးမြုပ်နှံသော အဖိုးအခနှင့် လူတို့အတွက် ဘုရားသခင်၌ ရှိသော မျှော်မှန်းချက်များသည် တုံ့ပြန်မှုရရှိလိမ့်မည်။ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုမှုများက များပြားသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဘုရားသခင်က လူတို့အား များပြားစွာ မတောင်းဆိုပေ။ လူတို့ ပြန်လာခြင်းကို စောင့်ဆိုင်းရန်အတွက် သူ့တွင် လုံလောက်သော စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းရှိသည်။ သင်သည် ဘုရားဘက်သို့ လှည့်လျှင် သူက သင့်အပေါ်၌ ကျေးဇူးတော်နှင့် ကောင်းချီးအချို့ကို ချပေးခြင်းသာ လုပ်ဆောင်မည်မဟုတ်ဘဲ သင့်အတွက် ပံ့ပိုးပေးလိမ့်မည်။ သမ္မာတရား၌၊ ဘဝ၌၊ သင်လျှောက်သော လမ်းကြောင်း၌ သင့်ကို ပံ့ပိုးလမ်းပြလိမ့်မည်။ ဘုရားသခင်သည် သင့်၌ ပို၍ပင်ကြီးမြတ်သောအမှုကို ပြုလုပ်လိမ့်မည်။ ဤသည်မှာ သူမျှော်လင့်သည့်အရာဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို မလုပ်ဆောင်မီတွင် လူတို့အား မမောနိုင်မပမ်းနိုင်ဖြင့် လမ်းပြပေးသည်။ ပံ့ပိုးပေးသည်။ ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နဂိုမူလက ရည်ရွယ်ချက် မဟုတ်သကဲ့သို့ သူ သီးသန့်လုပ်ဆောင်လိုသောအရာတစ်ခုလည်းမဟုတ်ပေ။ သို့ရာတွင် သူသည် လူတို့အတွက် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ရန်၊ မည်သို့ပင်ဖြစ်စေ ဤအမှုကို လုပ်ဆောင်ရန် သူ့ကိုယ်သူ တာဝန်သက်ရောက်စေရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။ ဘုရားသခင်သည် ဤအမှုအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် အဆုံး၌ အလိုရှိသောအရာမှာ လူတို့ နောက်ပြန်လှည့်နိုင်သည်ကို မြင်တွေ့ဖို့ဖြစ်သည်။ လူတို့သည် သူ၏ ရည်ရွယ်ချက်များနှင့် စဉ်းစားပုံကိုလည်းကောင်း၊ ဤအရာကို သူအဘယ်ကြောင့် အမှန်တကယ် လုပ်ဆောင်လိုသည်ကိုလည်းကောင်း နားလည်လျှင် လူတို့သည် သူ၏ ချစ်ခင်ဖွယ်ဖြစ်ခြင်းကို သိမြင်လိမ့်မည်။ ဝိညာဉ်ရင့်ကျက်မှု အချို့ရှိပြီး ကြီးထွားတိုးတက်လိမ့်မည်။ လူတို့သည် တိကျစေ့စပ်မှုရှိလာပြီး ဘုရားသခင်က ၎င်းတို့အတွက် ပေးသော သမ္မာတရားတစ်ခုဆီကို ကြိုးစားလုပ်ဆောင်သောအခါတွင်လည်းကောင်း၊ သမ္မာတရားတစ်ခုစီ၏ စစ်မှန်မှုအတွင်းသို့ စတင် ဝင်ရောက်သောအခါတွင်လည်းကောင်း ဘုရားသခင်က ကျေနပ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် လူတို့နှင့်အတူ ရှိခြင်း၊ လူတို့အား နှစ်သိမ့်ခြင်း၊ လှုံ့ဆော်ခြင်း၊ တွန်းအားပေးခြင်းတို့ဖြစ်သော ရိုးရှင်းသောအလုပ်ကို လုပ်ဆောင်ဖို့ မလိုတော့ပေ။ ထိုထက် သူသည် သမ္မာတရားနှင့်၊ ဘဝနှင့်၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းနှင့်ပတ်သက်ပြီး ၎င်းတို့ကို ပို၍ ပံ့ပိုးပေးနိုင်သည်။ သူသည် လူတို့အပေါ်တွင် ပို၍ ကြီးမြတ်သော၊ ခိုင်မာသောအမှုကို လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအမှုမျိုးကို လုပ်ဆောင်ရန် ပို၍ နှစ်သက်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ဤသို့သော အလုပ်ကို လုပ်ဆောင်စဉ်တွင် လူတို့၌ မျှော်လင့်ချက်ကို မြင်တွေ့သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ အနာဂတ်ကို မြင်ပြီး လူတို့သည် သူ၏ စိတ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည်ကိုလည်းကောင်း မြင်တွေ့သောကြောင့်ဖြစ်သည်။ ဤသည်မှာ လူနှင့် ဘုရားနှစ်ဦးစလုံးအတွက် တိုင်းတာ၍မရနိုင်အောင် ကြီးမြတ်သောအရာဖြစ်ပြီး ဘုရားသခင်က ကြာရှည်စွာ မျှော်လင့်နေသောအရာတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါ သူသည် တဖြည်းဖြည်းချင်းဖြင့် စာတန်ကို တိုက်ခိုက်ရန် ခွန်အားပိုရှိပြီး စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည်နောက်ထပ် ဖန်ဆင်းခံလူသားတစ်ယောက်က သူ့အတွက် စာတန်ကို ဆန့်ကျင်ကာ တိုက်ခိုက်သည်ကို မြင်မည့်အရေး ပို၍ ကြီးမားသော မျှော်လင့်ချက်ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဂုဏ်ကျက်သရေဖြစ်သည်။ လူတို့သည် ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသောအခါတွင်လည်းကောင်း၊ ပိုပို၍ အားကြီးလာသောအခါတွင်လည်းကောင်း၊ ဘုရားသခင်ကို ပိုပို၍ သက်သေခံပြီး ပို၍ ကြောက်ရွံ့လာကာ ကျိုးနွံနာခံလာသောအခါတွင်လည်းကောင်း ဘုရားသခင်သည် လူများထဲတွင် အောင်မြင်သူလူတစ်စုကို ရရှိပြီး လူတို့ကြားတွင် ဂုဏ်ကျက်သရေရှိလိမ့်မည်ဟူသော မျှော်လင့်ချက်ရှိသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သလော။ (ဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင် မျှော်လင့်နေသောအရာဖြစ်သည်။ သင်တို့အတွက် သူ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်ဖြစ်သည်။ သူသည် ဤအရာကို စောင့်စားနေသည်မှာ ကြာပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ပြီး ထောက်ထားနိုင်လျှင် ဘုရားသခင်က ၎င်းတို့အား စေခိုင်းသည့်အရာကို ၎င်းတို့ လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်က ၎င်းတို့အား တောင်းဆိုသည့် အဖိုးအခကို ပေးဆပ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်လိုသည့်အရာကို ပူးပေါင်းဆောင်ရွက်ရန် ရှိသမျှအားအင်တို့ကို စိုက်ထုတ်လိမ့်မည်။ သူ၏ ဆန္ဒများကို ဖြည့်ဆည်းလိမ့်မည်။ သူ၏ စိတ်နှလုံးကို သက်သာစေလိမ့်မည်။ သို့ရာတွင် သင်က ဤအရာကို မလုပ်ဆောင်လိုလျှင် ဘုရားသခင်က သင့်အား အတင်းစေခိုင်းမည်မဟုတ်ပေ။ သင်က “ကျွန်ုပ်သည် ဤအရာကို အဘယ်ကြောင့် အလိုမရှိသနည်း၊ ဘုရားသခင်က တောင်းဆိုသည့်အရာကို ကျွန်ုပ် အဘယ်ကြောင့် မလုပ်ဆောင်လိုသနည်း၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းဖို့ ကျွန်ုပ် စဉ်းစားသောအခါ အဘယ်ကြောင့် စိတ်မအေးခြင်း၊ သက်သောင့်သက်သာမရှိခြင်း၊ ကျိုးနွံနာခံလိုစိတ် မရှိခြင်းတို့ကို ခံစားရသနည်း” ဟု ဆိုသည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းဖို့မလိုပေ။ ယင်းသည် မိမိဆန္ဒအလျောက် လုပ်ဆောင်ရန်ဖြစ်သည်။ သင့်တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ သင်သည် လွတ်လပ်သည်။ ဘုရားသခင်က လူတို့အား အတင်းမစေခိုင်းပေ။ ဘုရားသခင်က မည်သည့်အရာကို ဖြစ်မြောက်လိုသည်ဆိုသည့် လက်တွေ့အရှိတရားကိုလည်းကောင်း၊ သင်တို့ ခံယူသည့် တာဝန်နှင့် သင့်တို့အား ဘုရားသခင်က မည်သို့ မျှော်လင့်သည်ကိုလည်းကောင်း သင်တို့ အပြည့်အဝ နားလည်နိုင်ရန်အတွက်သာ သင်တို့အား ဤအရာကို ငါပြောခြင်းဖြစ်သည်။ ရှင်းလင်းသလော။ (ရှင်းပါသည်။) ရှင်းလင်းသည်ဆိုလျှင် ကောင်းသည်။ ရှင်းလင်းသည်ဆိုလျှင် လူတို့၏ စိတ်နှလုံးသည် သတိပြုမိလိမ့်မည်။ မည်သည့်အရာကို ဆက်၍ လုပ်ဆောင်ရမည်၊ မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မည်သည့်အဖိုးအခကို ပေးဆပ်ရမည်ကို ၎င်းတို့ သိလိမ့်မည်။ ၎င်းတို့တွင် ဦးတည်ချက်ရှိလိမ့်မည်။
ယနေ့တွင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးကို ငါမိတ်သဟာပြုခဲ့သည်။ စာတန်က အားပေးမြှင့်တင်သည့် အခြားသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးများကို ယခင်က မိတ်သဟာယ ဖွဲ့ပြီးဖြစ်သဖြင့် ဤဆိုရိုးကို ပိုင်းခြားသိမြင်ရန် အနည်းငယ်ပို၍ လွယ်ကူသွားသည်။ မည်သည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးဖြစ်စေ စာတန်သည် လူသား၏ အပြုအမူကို ချည်နှောင်ပြီး ကန့်သတ်ပြီးနောက်တွင် လူ့အဖွဲ့အစည်း၌ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်စေရန် အဆိုအမိန့် အမျိုးအစားတစ်ခုကို အခြေခံအားဖြင့် အသုံးပြုလိုသည်။ ဤခေတ်ရေစီးကြောင်းကို ဖန်တီးခြင်းအားဖြင့် စာတန်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ စိတ်ကို အထင်အမြင်မှားစေ၍ ထိန်းချုပ်ပြီး ဘောင်ခတ်ကာ ဤသို့အားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဘုရားသခင်အား ဆန့်ကျင်စေလိုသည်။ လူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီးနောက်တွင် ဘုရားသခင်က လူတို့အပေါ် ပြုမူဆောင်ရွက်ရန်၊ သို့မဟုတ် အမှုပြုရန် နည်းလမ်းမရှိသည်ကို စာတန်က မြင်တွေ့လိုသည်။ ဤသည်မှာ စာတန်ရရှိလိုသော ပန်းတိုင်ဖြစ်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့် ဤအရာများအားလုံး၏ အနှစ်သာရဖြစ်သည်။ ဤအရာတို့သည် မည်သည့် အပြုအမူ ကဏ္ဍကို၊ သို့မဟုတ် မည်သည့်အတွေးအခေါ်များနှင့် အမြင်များကို ကိုယ်စားပြုသည်ဖြစ်စေ၊ စာတန် အားပေးမြှင့်တင်သည့် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးများသည်မည်သို့ပင်ဖြစ်စေ သမ္မာတရားနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲခြင်းလည်းရှိသည်။ လူတို့သည် စာတန်အားပေးမြှင့်တင်သည့် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အလွန်ရိုးရှင်းပြီး အခြေခံကျသော စည်းမျဉ်းမှာ စာတန်ဆီမှလာသော မည်သည့်အဆိုအမိန့်မဆိုသည် ငါတို့ ဖော်ထုတ်သင့်သော၊ ပိုင်းခြားစိစစ်သင့်သော၊ ထိုးထွင်းမြင်ပြီး ငြင်းပယ်သင့်သော အရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် စာတန်ဆီမှ လာသောကြောင့် ငါတို့၏ စိတ်နှလုံးက ၎င်းတို့ကို ထိုးထွင်းမြင်လျှင် ၎င်းတို့ကို ရှုတ်ချပြီး ငြင်းပယ်နိုင်သည်။ စာတန်၏ အရာများကို အသင်းတော်တွင် တည်ရှိခွင့်၊ ဘုရားသခင်ရွေးချယ်ထားသော လူများအား အထင်အမြင်မှားစေကာ ဖျက်ဆီးပြီး နှောင့်ယှက်ခွင့်ပေး၍ မရပေ။ ဘုရားသခင်ရွေးချယ်ထားသောသူများက စာတန်ကို ငြင်းပယ်သည့် ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ရမည်။ ၎င်းတို့တွင် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို အရိပ်အမြွက်မျှပင် မြင်တွေ့၍ မရပေ။ ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများအစား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားက ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ စိတ်နှလုံးတွင် စိုးမိုးသင့်ပြီး ၎င်းတို့၏ အသက်ဖြစ်သင့်သည်။ ဤလူသားမျိုးနွယ်မျိုးသည် ဘုရားသခင်ရရှိလိုသည့် လူသားမျိုးနွယ်မျိုးဖြစ်သည်။ ယနေ့ မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။