သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၆) အပိုင်း နှစ်
ငါတို့သည် ယခုတွင် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးနှင့်သက်ဆိုင်သော အခြားလက်တွေ့ပြဿနာတစ်ခုကို မိတ်သဟာယပြုမည်။ ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးသည် တရုတ်ရိုးရာယဉ်ကျေးမှုကို သက်သေသာဓကအနေဖြင့် အသုံးပြုခြင်းအားဖြင့် ဖော်ထုတ်ခြင်းခံရကာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ဤအမျိုးစုံသော ဆိုးယုတ်သော ဆိုရိုးစကားများ ဖော်ထုတ်ခြင်းခံရသည်။ လူအချို့က “ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို ထုတ်ဖော်ပြသရန်အတွက် တရုတ်ရိုးရာယဉ်ကျေးမှုအား အသုံးပြုသည်ကို မြင်ရသောအခါတွင် ကျွန်ုပ်တို့သည် တရုတ်မဟုတ်သောကြောင့် ကိုယ်တော်က မိတ်သဟာယပြုသည့် ဤစကားများကို လက်မခံဘဲနေ၍ မရသလော၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမှ လာသည့် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကို ကျွန်ုပ်တို့ အမှန်ပင် သိဖို့လိုအပ်သလော” ဟု ဆိုကြသည်။ ဤသို့ပြောသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းသည် မှားယွင်းသည်မှာ အလွန်ရှင်းလင်းသည်။ လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးခြင်းသည် လူမျိုး၊ သို့မဟုတ် အချိန်ကြားတွင် ခွဲခြားခြင်းမရှိပေ။ ထိုအစား စာတန်သည် လူသားမျိုးနွယ်အား လူမျိုး၊ သို့မဟုတ် အချိန်၊ သို့မဟုတ် ဘာသာရေးနောက်ခံတို့ ခွဲခြားခြင်းလုံးဝမရှိဘဲ ဖောက်ပြန်ပျက်စီးစေသည်။ ထို့ကြောင့် သင်သည် တရုတ်မျိုးနွယ်ဝင်တစ်ဦးဖြစ်လျှင်၊ သင်သည် ဟန်တရုတ်ဖြစ်စေ၊ မွန်ဂို၊ ဟွေ၊ မောင်၊ ယီ စသည်တို့ကဲ့သို့သော လူနည်းစုဖြစ်သည့် လူမျိုးစုဝင်တစ်ဦးဖြစ်စေ သင်သည် ခြွင်းချက်မရှိဘဲ စာတန်ဆီကလာသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားမျိုးစုံ၏ အယူဝါဒသွတ်သွင်းခြင်း၊ စွဲမှတ်အောင် သွန်သင်ခြင်းကို ခံရပြီးဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် သင်၏အတွေးအခေါ်နှင့်ပတ်သက်လျှင် ခြွင်းချက်မရှိဘဲ အလားတူပင် လူသားမျိုးနွယ်အား စာတန်က ဖောက်ပြန်ပျက်စီးစေခြင်းတွင် ခံရပြီးဖြစ်သည်။ အတိအကျဆိုရလျှင် သင်၏ အတွေးအခေါ်၊ သင်၏ အတွင်းအကျဆုံးသော ဝိညာဉ်နှင့် အတွင်းအကျဆုံးသော စိတ်နှလုံးသည် အလားတူပင် စာတန်၏ ဖျက်ဆီးခြင်း၊ ပြုပြင်ခြင်းကို အလွန်ပင် ခံထားရပြီးဖြစ်သည်။ သင်သည် တရုတ်လူမျိုးမဟုတ်လျှင်ပင်၊ သင်သည် ဂျပန်၊ ကိုရီးယား၊ ဂျာမန်၊ သို့မဟုတ် မည်သည့်လူမျိုးမဆိုဖြစ်လျှင်ပင်၊ သင်သည် အာရှ၊ ဥရောပ၊ အာဖရိက၊ သို့မဟုတ် အမေရိကန်လူမျိုးဖြစ်စေ၊ သင်၏ အသားအရေက အဝါရောင်၊ အမည်းရောင်၊ အညိုရောင်၊ သို့မဟုတ် အဖြူရောင်ဖြစ်စေ၊ သင်၏ လူမျိုးစုက မည်သည့်လူမျိုးစုဖြစ်စေ၊ မည်သည့်အမျိုးအနွယ်တွင် သင်ပါဝင်သည်ဖြစ်စေ သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဖြစ်သရွေ့ ခြွင်းချက်မရှိဘဲ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီးဖြစ်သည်။ သင်သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည့်အပြင် သင်သည် ခြွင်းချက်မရှိဘဲ စာတန်က ဆိုးယုတ်သောအတွေးအမြင်များ ထိုးထည့်ပေးခြင်းကို ခံရပြီးဖြစ်သည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည်လည်း စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံရပြီးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ မတူညီသောနိုင်ငံများနှင့် မတူညီသောလူမျိုးများရှိ လူတို့အတွက် စာတန်က ၎င်းတို့အတွင်းသို့ တူညီသောအရာများကို သွတ်သွင်းရန် မတူညီသောနည်းလမ်းများကို အသုံးပြုခြင်းသာဖြစ်သည်။ ဤအရာများ၏ ဆိုရိုးစကားသည် ကွဲပြားကောင်း ကွဲပြားနိုင်သည်။ ကွဲပြားချက်တစ်ခုခုရှိနိုင်သည်။ သို့သော် လူတို့အား ဖောက်ပြန်ပျက်စီးစေခြင်း၏ နောက်ဆုံးရလဒ်မှာ အစဉ်သဖြင့် တူညီပြီး အများအားဖြင့် ထပ်တူကျကာ အသေးစား ကွာခြားမှုများသာရှိသည်။ ယင်းတို့အားလုံးသည် လူတို့အား ၎င်းတို့၏ အပြုအမူမှတစ်ဆင့်၊ လူ့သဘာဝနှင့် ဆန့်ကျင်သော မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော၊ လက်တွေ့မကျသော၊ သို့မဟုတ် ကျင့်ဝတ်နှင့်ပင်မညီသော ဆိုရိုးစကားအချို့မှတစ်ဆင့် ၎င်းတို့၏ အသွင်အပြင်ကို အယောင်ဆောင်စေသည်။ ယင်းတို့သည် လူတို့အား ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်ပြီး ပုံစံတစ်မျိုးဖြင့် လုပ်ဆောင်ရန်၊ ပုံစံတစ်မျိုးဖြင့် ပြုမူရန် တောင်းဆိုပြီး လူတို့သည် မည်သို့ ကျင့်ကြံပြုမူပြီး အချို့သောအရာများကို လုပ်ဆောင်သင့်သည်ဆိုသည်ကို တောင်းဆိုသည်။ ဤဆိုရိုးစကားများကြားတွင် ကွာခြားမှုများရှိသော်လည်း၊ ယင်းတို့သည် မတူညီသောအချိန်များတွင် ဖြစ်ပေါ်ပြီး မတူညီသောနေရာ၊ မတူညီသောဒေသနှင့် မတူညီသော နယ်ပယ်များမှ အရင်းခံသော်လည်း၊ မတူညီသောလူများမှ အရင်းခံဖြစ်ပေါ်သော်လည်း နောက်ဆုံးသောအကျိုးဆက်မှာ ယင်းတို့သည် လူတို့၏အတွေးများ၊ စိတ်နှလုံးများကို ထိန်းချုပ်ခြင်း၊ လူတို့၏ အတွေးများ၊ စိတ်နှလုံးများကို ဘောင်ခတ်ခြင်း၊ စာတန်၏ အဆိပ်များနှင့် သဘာဝအနှစ်သာရကို သယ်ဆောင်သော အမြင်များ၊ အယူအဆများကို လူတို့၏ အတွေးအခေါ်အတွင်းသို့ အပြည့်အဝ ထိုးထည့်ခြင်းဖြစ်သည်။ ယင်းတို့သည် လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို စာတန်၏ အမြင်များ၊ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရ၊ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အယူအဆများဖြင့် ပြည့်စေသည်။ အဆုံးတွင် လူမျိုးစု၊ သို့မဟုတ် အမျိုးအနွယ်က မည်သို့ဖြစ်စေ၊ လူမျိုးနွယ်စု၊ သို့မဟုတ် အချိန်ကာလက မည်သို့ဖြစ်စေ လူတို့အားလုံးသည် ၎င်းတို့၏အတွေးနှင့် အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ပမာဏအမျိုးမျိုးဖြင့် စာတန်၏ အထင်အမြင်မှားစေခြင်း၊ နင်းချေခြင်းကိုခံရပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ အဆုံးတွင် စာတန်၏ ဤဖောက်ပြန်ပျက်စီးစေခြင်းအမှုကို လုပ်ဆောင်ခြင်းခံရသည့်လူတို့က ကမ္ဘာလောက၏ မည်သည့်အရပ်တွင်ရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လူမျိုးဖြစ်စေ၊ သို့မဟုတ် မည်သည့်အချိန်ကာလတွင် နေထိုင်သည်ဖြစ်စေ အကျိုးဆက်မှာ အစဉ်သဖြင့် လူသားမျိုးနွယ်အား လုံးဝဥဿုံ စာတန်၏ သားသမီးများ၊ စာတန်၏ စကားပြောခွက်နှင့် ပြယုဂ်ဖြစ်စေရန်ဖြစ်သည်။ လူတို့အား ကြီးမားခြင်း၊ သေးငယ်ခြင်းနှစ်မျိုးလုံးရှိသော၊ မြင်နိုင်သလို လက်ဆုပ်လက်ကိုင်လည်းပြနိုင်သော လုံးဝဥဿုံ အသက်ရှင်သောစာတန်များ ဖြစ်စေရန်ဖြစ်သည်။ ဤသို့သော လူသားမျိုးနွယ်သည် လုံးဝဥဿုံ ဘုရားသခင်၏ ရန်သူဖြစ်ပြီး ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်လာသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ယခုတွင် မည်သို့သောလူမျိုးက တရားဒေသနာများကို နားထောင်သည်ဖြစ်စေ၊ လူမည်မျှရှိသည်ဖြစ်စေ ငြင်းဆန်၍မရနိုင်သောအချက်တစ်ခုရှိသည်။ လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သူ၏ လက်ခုပ်ထဲတွင် ရှိသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် ဤသည်မှာ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်းခံရစဉ်တွင် လူသားမျိုးနွယ်အားလုံး၏ အတွေးများ၊ စိတ်နှလုံးများသည်လည်း စာတန်၏ ချုပ်ကိုင်မှု၊ ဘောင်ခတ်မှုအောက်တွင် အလုံးစုံ ဖမ်းဆုပ်ထားခြင်းခံရသည်ဟု ဆိုလိုသည်။ ဤသည်မှာ ငြင်းဆန်၍မရနိုင်ပေ။ ထို့ကြောင့် အင်အားကြီးနိုင်ငံတစ်ခုတွင် ပါဝင်သောလူမျိုးတွင်ရှိသည့် မည်သည့်မြင့်မြတ်သောမျိုးနွယ်နှင့် မည်သည့်လူမဆို ခြွင်းချက်မရှိဘဲ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသည်။ စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ဘောင်ခတ်ခြင်းကို အလွန်အမင်း ခံထားရသည်။ သင်သည် လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်သရွေ့၊ နေလုံးအောက်တွင် အသက်ရှင်သရွေ့၊ လေရှူသော၊ ရေသောက်သော၊ အစေ့အဆန်များကို စားသောလူသားတစ်ဦးဖြစ်သရွေ့ စာတန်၏ ဖျက်ဆီးခြင်းကို ခံရခြင်းမှာ ရှောင်ကြဉ်၍မရနိုင်ပေ။ ပြီးလျှင် ခြွင်းချက်မရှိဘဲ သင်၏ အတွေးများတွင်၊ သင်၏ စိတ်နှလုံးတွင်၊ သင်၏ စိတ်သဘောထားများတွင်၊ သင်၏ အနှစ်သာရတွင် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရပြီးဖြစ်သည်။ ပို၍ တိကျစွာဆိုရလျှင် သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဖြစ်ပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသရွေ့ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသရွေ့၊ သင်သည် ယခင်က၊ သို့မဟုတ် ယခုတွင် စာတန်၏ ထိန်းချုပ်ခြင်း၊ ဘောင်ခတ်ခြင်းကို ခံရသရွေ့ သင်သည် ဘုရားသခင် ကယ်တင်ရမည့် လူတစ်ယောက်ဖြစ်သည်။ ဤသည်မှာ သံသယဖြစ်စရာမလိုပေ။ သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသောလူသားတစ်ဦးဖြစ်သရွေ့ သင်သည် ခြွင်းချက်မရှိဘဲ စာတန်၏ စိတ်သဘောထားနှင့် အတွေးအခေါ်ကို ပိုင်ဆိုင်ပြီး စာတန်၏ အဆိပ်များကနေရာယူပြီး ပြည့်နေသော စိတ်နှလုံးကို ပိုင်ဆိုင်သည်။ ထို့ကြောင့် စာတန်ထံမှလာသော အမျိုးမျိုးသော မတူညီသောအတွေးများ၊ အမြင်များ၊ အမျိုးစုံသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအား သတိပြုမိခြင်း၊ ပိုင်းခြားသိမြင်ခြင်းသည် တရုတ်လူမျိုးများအတွက်သာဖြစ်သော တာဝန်တစ်ခုမဟုတ်ပေ၊ သို့မဟုတ် တရုတ်လူမျိုးများကသာ ချုပ်ကိုင်ထားသော အရာတစ်ခုမဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ရွေးချယ်ခဲ့သော ဘုရားသခင် ရွေးချယ်ပြီးဖြစ်သောလူများထဲမှ လူတစ်ယောက်ချင်းစီတိုင်းက သင်ယူသင့်သည့် သင်ခန်းစာဖြစ်ပြီး ၎င်းတို့ ဝင်ရောက်သင့်သည့် လက်တွေ့အရှိတရားဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများရှိ လူတစ်ယောက်ချင်းစီတိုင်းက ခြွင်းချက်မရှိဘဲ စာတန်ဆီမှလာသော များပြားလှသော လွဲမှားသော၊ ဆိုးယုတ်သော အတွေးအမြင်များအားလုံးကို သတိပြုမိပြီး ပိုင်းခြားသိမြင်သင့်သည်။ သင်သည် ချမ်းသာကြွယ်ဝသော မိသားစုတစ်စုတွင်၊ အရေးပါသော အဆင့်အတန်းတွင်ရှိသော မိသားစုတစ်စုတွင် မွေးဖွားရုံဖြင့် စာတန်၏ ဖျက်ဆီးခြင်းကို မခံရဟု သင့်ကိုယ်သင်ယုံကြည်လျက်ဖြင့် သင့်တွင် သာလွန်သည့် ခံစားချက်ထားရှိနိုင်သည်ဟုလည်းကောင်း၊ သင့်တွင် ဂုဏ်ယူထိုက်သော ပင်ကိုလက္ခဏာတစ်ခု ရှိရုံဖြင့် သင်၏ဝိညာဉ်သည်လည်း မြင့်မြတ်ရမည်ဟုလည်းကောင်း မထင်နှင့်။ ဤသည်မှာ လွဲချော်နေသော နားလည်မှုဖြစ်သည်။ သို့မဟုတ် သင်သည် မြင့်မြတ်သော မျိုးရိုးရှိသည်ဟုလည်းကောင်း၊ သင်၏ အသားအရေအရောင်က သင့်တွင် ဂုဏ်ယူထိုက်သော ပင်ကိုလက္ခဏာ၊ အနေအထား၊ တန်ဖိုးရှိသည်ဟုလည်းကောင်း ယုံကြည်ကောင်းယုံကြည်နိုင်သောကြောင့် သင်၏ အနှစ်သာရ၊ သင်၏အတွေးအခေါ်၊ သင်၏စိတ်နှလုံးသည် သူတစ်ပါးတို့ထက်ပို၍ မြင့်မြတ်ပြီး သာလွန်သည်ဟု မှားယွင်းစွာ ယုံကြည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင့်တွင်ရှိသော ဤနားလည်မှုသည် မိုက်မဲပြီး လက်တွေ့မကျဟု ငါဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ပြောဆိုသည့် လူသားမျိုးနွယ်သည် နိုင်ငံသား၊ အမျိုးအနွယ်၊ သို့မဟုတ် ဘာသာတရားအားဖြင့် ခွဲခြားထားခြင်းမရှိသောကြောင့်တည်း။ မည်သည့် လူမှုအခြေအနေမျိုးတွင်၊ သို့မဟုတ် ဘာသာရေးအခြေအနေမျိုးတွင် သင်နေထိုင်သည်ဖြစ်စေ၊ မည်သည့် လူမျိုးစုထဲတွင် သင်မွေးဖွားလာသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင်ရှိသော သင်၏နေရာသည် နိမ့်ကျသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ အခြားလူများကြားတွင် ဂုဏ်သိက္ခာကြီးမြှင့်ခြင်းကို သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ စသည်တို့ဖြစ်စေ သင်သည် ဤဘုရားနှုတ်ကပတ်တော်များကို လက်မခံရန်၊ သို့မဟုတ် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် အချက်ကို လက်မခံရန်အတွက် ဆင်ခြေအနေဖြင့် ဤအရာများထဲမှ မည်သည့်အရာကိုမျှ သင် အသုံးမပြုနိုင်ပေ။ သင်က လူသားတစ်ဦးဖြစ်သရွေ့ “လူသား” ဟူသည့်စကားလုံးရှေ့တွင် “ဖောက်ပြန်ပျက်စီးသော” ဟူသည့် အထူးပြုသောစကားလုံး ရှိသင့်သည်။ အတိအကျဆိုရလျှင် သင်သည် လူသားတစ်ဦးဖြစ်သရွေ့ သင်သည် အသေအချာပင် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့အပြင် သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သရွေ့ သင်၏ သဘာဝ အတွေးအခေါ်အတွင်းတွင် ရှိသောအရာများနှင့် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးအတွင်း၌ ကိုင်စွဲထားသောအရာများသည် စာတန်ဆီမှလာပြီး အားလုံးမှာ စာတန်၏ ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီးဖြစ်သည်ဆိုသည်ကို ငါတို့ ဆိုနိုင်သည်။ ဤအချက်ကို သင် လက်ခံသင့်သည်။ သင့်တွင် ပင်ကိုအရ သမ္မာတရားနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ လုံးဝ မရှိပေ။ ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် ဘုရားသခင်၏ အသက်နှင့် သက်ဆိုင်သောအရာ တစ်ခုမျှလုံးဝမရှိပေ။ သို့သော် ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်ပြီး သင်သည် စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသည်။ သင်၏စိတ်သည် စာတန်၏ အတွေးများ၊ အတွေးအခေါ်များ၊ တွေးခေါ်နည်းများ၊ ရှင်သန်ရေး စည်းကမ်းများဖြင့် ပြည့်နေသည်။ သင့်စိတ်အတွင်းတွင်ရှိသော အရာရာတိုင်းသည် စာတန်ဆီမှ လာသည်။ ဤအချက်က လူတို့အား မည်သည့်အရာကို ပြောသနည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ငြင်းပယ်ရန် မည်သူကမျှ မည်သည့်ဆင်ခြေကိုမျှ အသုံးမပြုသင့်ပေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ရွေးပြီး လက်မခံသင့်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးအနေဖြင့် မည်သည့်ရွေးချယ်မှုမျှမရှိဘဲ ဘုရားနှုတ်ကပတ်တော်ကို လက်ခံသင့်သည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ သင်လိုအပ်သည့်အရာလည်း ဖြစ်သည်။ လူတစ်ယောက်သည် ချမ်းသာသော၊ အင်အားကြီးသော နိုင်ငံတွင်မွေးဖွားပြီး သာလွန်သော လူမှုအခြေအနေများ၌ နေထိုင်လျှင်၊ သို့မဟုတ် ဂုဏ်ရှိသောမိသားစုတွင် မွေးဖွားပြီး မြင့်မားသော ပညာရေးကို ရရှိခဲ့လျှင်၊ ဤအတွက်ကြောင့် သူသည် အခြားလူတိုင်းနှင့်မတူဘဲ ဘုရားသခင်ရွေးချယ်ထားသော အခြားလူများထက်ပို၍ မြင့်မြတ်သည်ဟု ယုံကြည်သောကြောင့် ဘုရားသခင်ရွေးချယ်ထားသော အခြားလူများ၏အထက်တွင် မိမိကိုယ်ကို နေရာပေးလိုလျှင် ဤသည်မှာ အဓိပ္ပာယ်မရှိသော စဉ်းစားပုံဖြစ်သည်။ မိုက်မဲသော စဉ်းစားပုံဖြစ်သည်။ အလွန်အကျွံ မိုက်မဲသည်ဟုပင် ဆိုနိုင်သည်။ သင်၏ ပင်ကိုလက္ခဏာ၊ ရာထူးအဆင့်အတန်း၊ သို့မဟုတ် တန်ဖိုးက မည်မျှထူးခြားပါစေ၊ သင်၏ ပင်ကိုလက္ခဏာ၊ ရာထူးအဆင့်အတန်း၊ သို့မဟုတ် လူမှုအခြေအနေများက သာမန်လူများထက် မည်မျှပို၍ အဆင့်မြင့်ပါစေ သင်သည် ဘုရားသခင်ရှေ့တွင် အစဉ်သဖြင့် ဖန်ဆင်းခံတစ်ဦးဖြစ်နေလိမ့်မည်။ ဘုရားသခင်က သင်မည်သည့်နေရာကလာသည်၊ သို့မဟုတ် မွေးဖွားချိန်က သင်၏အခြေအနေများကို မကြည့်ပေ။ သင်၏ နိုင်ငံ၊ သို့မဟုတ် လူမျိုးကို မကြည့်ပေ။ လူ့အဖွဲ့အစည်းတွင်၊ သို့မဟုတ် ကမ္ဘာလောကတွင် သင်၏တန်ဖိုး၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် အောင်မြင်မှုများကို မကြည့်ပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို သင်လက်ခံခြင်းရှိမရှိ၊ သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သင်မှတ်ယူခြင်းရှိမရှိ၊ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ပြီး ကျင့်ကြံနေထိုင်နိုင်ခြင်းရှိမရှိတို့ကိုသာ ကြည့်သည်။ သင်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိသော သာမန်ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ်သာ သင့်ကိုယ်သင် အမှန်တကယ် မှတ်ယူလျှင် သင်၏ လူမှုအခြေအနေများ၊ သင်၏ လူမျိုးနောက်ခံ၊ သင်၏နိုင်ငံနောက်ခံ၊ ဘာသာရေးနောက်ခံတို့ကို လက်လွှတ်သင့်ပြီး သာမန်ဖန်ဆင်းခံတစ်ဦးအဖြစ် ဘုရားသခင်ရှေ့သို့ လာသင့်သည်။ သတ်မှတ်ချက်၊ သို့မဟုတ် နောက်ခံတစ်ခုခုမရှိဘဲ သူ၏ နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် မှန်ကန်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဤမှန်ကန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းဖြင့် လက်ခံလိုလျှင် သင်နားလည်သင့်သည့် ပထမဆုံးသောအရာမှာ လူ၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သည်ဆိုသည့်အရာဖြစ်သည်။ သင်လက်ခံသင့်သည့် ပထမဆုံးသောအရာမှာ လူ၏ အနှစ်သာရသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသည်၊ လူ၏အတွေးများနှင့် အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ပြည့်နှက်ပြီး နေရာယူသည့်အရာများအားလုံးသည် စာတန်ဆီမှလာသည်ဆိုသည်တို့ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို လက်ခံပြီး သမ္မာတရားကို အသက်အဖြစ် လက်ခံလိုသောကြောင့် ၎င်းတို့သည် ရှေးဦးစွာ ၎င်းတို့၏အတွေးအခေါ်နှင့် အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင်ရှိသည့် သမ္မာတရားနှင့်မညီသော၊ သမ္မာတရားကို အပြင်းအထန်ဆန့်ကျင်သော အရာများအားလုံးကို ဖော်ထုတ်သင့်သည်။ ဆင်ခြင်သုံးသပ်သင့်သည်။ သိမြင်လာသင့်သည်။ လူတို့သည် ဤအရာများကို ရှင်းလင်းစွာ သိမြင်လာသောအခါ၊ လုံးလုံးလျားလျား နားလည်ပြီး ပိုင်းခြားသိမြင်လာသောအခါမှသာ ယင်းတို့ကို သင့်တော်သောအချိန်နှင့် သင့်တော်သော ပတ်ဝန်းကျင်၌ စွန့်လွှတ်နိုင်ပြီး ဤသို့အားဖြင့် ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို လုံးဝ ပြောင်းလဲခြင်း ကြုံရစေနိုင်သည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်သောအရာများအားလုံးကို နှင်ထုတ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအား လက်ခံသောအခါတွင် ၎င်းတို့သည် လူသစ်များဖြစ်လာကြသည်။ ၎င်းတို့က လူများနှင့် အမှုအရာများကို ရှုမြင်သည့် အမြင်၊ ရှုထောင့်နှင့် ရပ်တည်ချက်တို့က လုံးဝ ပြောင်းလဲသည့်အခါမှသာ ၎င်းတို့သည် လူများ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မှန်ကန်စွာ၊ တိကျစွာ ရှုမြင်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် အတော်အတန် သန့်စင်သောလူများ၊ ဖြူစင်သောသူများ ဖြစ်လာကြသည်။ ယခုတွင် လူတို့သည် ဤအရာကို မရရှိနိုင်သေးပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားအနည်းငယ်ကို နားလည်ကောင်း နားလည်နိုင်သော်လည်း အဓိပ္ပာယ်မရှိသောအမြင်များနှင့် မှားယွင်းပြီး မဖြစ်နိုင်သောအရာမျိုးစုံ၏ ညစ်ညမ်းစေမှုကို ခံရဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတစ်ဝက်ကို လက်ခံပြီး အခြားတစ်ဝက်ကို ပစ်ပယ်သည်။ ၎င်းတို့သည် အနည်းငယ်ကို ရွေးပြီး လက်ခံသည်။ အနည်းငယ်ကို အတိုင်းအတာအမျိုးမျိုးဖြင့် လက်ခံသည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးတွင် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းသော စာတန်၏ အတွေးများ၊ တွေးခေါ်ပုံများနှင့် မှန်သယောင်ရှိသော်လည်း မှားနေသောအရာများအတွက် အစဉ်သဖြင့် နေရာချန်ထားသည်။ ထိုအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အစဉ်သဖြင့် သိမ်းဆည်းထားကြ၏။ လူတို့အတွင်း၌ရှိသော ဤအရာများသည် ၎င်းတို့၏စိတ်၊ ၎င်းတို့၏ အကဲဖြတ်မှုနှင့် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် အမြင်ရှုထောင့်များအပေါ် သက်ရောက်သည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ လက်ခံသည့် အတိုင်းအတာအပေါ်တွင် အလွန်ကြီးမားစွာ သက်ရောက်မှုရှိသည်။
စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပြီး လူတို့အတွင်းသို့ သွတ်သွင်းသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကြောင့်ဖြစ်သည့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုနှင့် ထင်ယောင်ထင်မှား ဖြစ်စေခြင်းတို့သည် ကျယ်ပြန့်သည်။ ဤသည်မှာ တရုတ်လူမျိုးများအပေါ်တွင်သာ ကန့်သတ်ထားသောအရာမဟုတ်ပေ။ ထိုထက် လူသားမျိုးနွယ်အားလုံးဆီသို့၊ နေရာအရပ်ရပ်နှင့် အချိန်ကာလတိုင်းဆီသို့ ရောက်ရှိသည်။ ယင်းသည် လူတို့၏ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက်အပေါ်သို့ သက်ရောက်ပြီး ထိန်းချုပ်သည်။ ပြီးလျှင် မတူညီသော လူမျိုးများ၊ နိုင်ငံများ၊ ဘာသာရေးများတွင် ရှိသောလူတို့အပေါ် သက်ရောက်ပြီး ထိန်းချုပ်သည်။ ဤအရာကို လူတို့ နားလည်သည်နှင့် “ရိုးရာယဉ်ကျေးမှု”နှင့် သက်ဆိုင်သည့် အထူးပြုစကားလုံးမှာ “တရုတ်”သာ မဟုတ်ပေ။ မည်သည့်နိုင်ငံ၊ သို့မဟုတ် လူမျိုးမဆို၏ ရိုးရာယဉ်ကျေးမှုသည် စာတန်ထံမှလာပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် ဂျပန်ရိုးရာယဉ်ကျေးမှု၊ ကိုရီးယားရိုးရာယဉ်ကျေးမှု၊ အိန္ဒိယရိုးရာယဉ်ကျေးမှု၊ ဖိလစ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဗီယက်နမ်ရိုးရာယဉ်ကျေးမှု၊ အာဖရိကရိုးရာယဉ်ကျေးမှု၊ လူဖြူတို့၏ ရိုးရာယဉ်ကျေးမှု၊ ထို့အပြင် ဘာသာတရားများမှ ဖြစ်ပေါ်သော ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ၊ ကစ်သလစ်ဝါဒတို့၏ ရိုးရာယဉ်ကျေးမှုများနှင့် အခြားသော ရိုးရာယဉ်ကျေးမှုများရှိသည်။ ဤရိုးရာယဉ်ကျေးမှုအားလုံးသည် သမ္မာတရားနှင့် ကွဲလွဲဆန့်ကျင်ပြီး လူများ၊ အမှုအရာများကို လူတို့က ရှုမြင်ပုံနှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့နှင့်ပတ်သက်သည့် လူတို့၏ အမြင်များ၊ ရပ်တည်ချက်များ၊ အမြင်ရှုထောင့်များအပေါ်သို့ အလွန်အမင်း သက်ရောက်မှုရှိသည်။ ၎င်းတို့သည် လူတို့၏ အတွင်းအကျဆုံးသော အတွေးများနှင့် စိတ်နှလုံးတွင် နက်နဲသောအရာထင်ကျန်ခဲ့သော နာမည်ကြီးနေသော အမှတ်တံဆိပ်များကဲ့သို့ဖြစ်သည်။ ယင်းတို့သည် လူတို့၏ ဘဝများအပေါ်၊ လူတို့၏ ရှင်သန်နေထိုင်ရေးစည်းကမ်းများအပေါ်၊ ဘဝတွင် လူတို့ လိုက်လျှောက်သည့် လမ်းကြောင်းများနှင့် ၎င်းတို့၏ ပြုမူနေထိုင်မှု၏ ဦးတည်ချက်နှင့် ပန်းတိုင်များအပေါ် ဩဇာလွှမ်းမိုးသည်။ ယင်းတို့သည် လူတို့လိုက်စားသည့် ပန်းတိုင်များအပေါ်ပင် ဩဇာလွှမ်းမိုးသည်။ ဤအရာများသည် လူတို့က အပြုသဘောဆောင်သောအရာများ၊ ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် မှတ်ယူသည့် သဘောထားကို ပြင်းထန်စွာ နှောင့်ယှက်ပြီး ထိခိုက်သည်။ ယင်းတို့သည် လူများ၊ အမှုအရာများကို လူတို့ရှုမြင်ပုံ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့နှင့် ပတ်သက်သည့် လူတို့၏ ရပ်တည်ချက်များ၊ အမြင်များကိုလည်း ပြင်းထန်စွာ ထိခိုက်ပြီး နှောင့်ယှက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းတို့သည် လူတို့က သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နေခြင်းအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခြင်းဖြစ်သည်။ အဆုံးတွင် အကျိုးဆက်မှာ အဘယ်နည်း။ (လူတို့သည် ကယ်တင်ခြင်းရယူရန် ၎င်းတို့၏ အခွင့်အရေးကို ဆုံးရှုံးရသည်။) မှန်သည်။ နောက်ဆုံး၌ သက်ရောက်ခြင်းခံရသည်မှာ ကယ်တင်ခြင်းကို လူတို့ ရယူခြင်းဖြစ်သည့် အရေးပါသောအမှုကိစ္စဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော အကျိုးဆက်ဖြစ်သည် မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ အလွန်ပင် ဆိုးရွားသော အကျိုးဆက်ဖြစ်သည်။ တစ်စုံတစ်ယောက်က အမှုအရာများကို မြင်သည့်ပုံစံ၊ အမှုအရာများကို မြင်ရန် မည်သည့်အမြင်ရှုထောင့်မျိုးကို ခံယူသည်၊ အမှုအရာများကို မြင်ရန် မည်သည့်အမြင်များကို ခံယူပြီး မည်သည့်အယူအဆများကို သိုဝှက်ထားရှိသည်တို့ အားလုံးမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ်နှင့် သူ၏ အတွေးထဲတွင်ရှိသော အရာများအပေါ် အခြေခံပြီး အဆုံးအဖြတ်ပေးသည်။ သူ၏ အတွေးတွင်ရှိသော အရာများမှာ အပြုသဘောဆောင်လျှင် သူသည် လူများ၊ အမှုအရာများကို မှန်ကန်သော အမြင်ရှုထောင့်မှ ကြည့်ရှုမည်။ သူ၏အတွေးတွင်ရှိသော အရာများမှာ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိဘဲ စာတန်ဆီမှလာခြင်းဖြစ်လျှင် သူသည် လူများ၊ အမှုအရာများကို မမှန်ကန်သော၊ အဓိပ္ပာယ်မရှိသော အမြင်ရှုထောင့်များ၊ ရပ်တည်ချက်များ၊ အမြင်များမှ မလွဲမသွေ ကြည့်ရှုလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ဤသည်မှာ သူလိုက်လျှောက်သည့် လမ်းကြောင်းအပေါ်သို့ သက်ရောက်မှုရှိလိမ့်မည်။ လူများ၊ အမှုအရာများကို သင်ရှုမြင်သည့် ရပ်တည်ချက်များ၊ အမြင်များ၊ ရှုထောင့်များသည် မှားယွင်းလျှင် သင်၏ လိုက်စားမှု၏ ပန်းတိုင်နှင့် ဦးတည်ချက်သည်လည်း မှားယွင်းသည်။ သင်၏ပြုမူနေထိုင်မှုတွင် သင်လိုက်လျှောက်သည့်လမ်းကြောင်းမှာလည်း ထို့အတူဖြစ်သည်။ ဤမှားယွင်းသောအရာများကို သင် ဆက်လက်လုပ်ဆောင်လျှင် သင်သည် ကယ်တင်ခြင်းရယူဖို့ အခွင့်အရေးလုံးဝ ရှိမည်မဟုတ်ပေ။ သင်လိုက်လျှောက်သော လမ်းကြောင်းက မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူများ၊ အမှုအရာများကို သင်ရှုမြင့်သည့် ရှုထောင့်များ၊ ရပ်တည်ချက်များ၊ အတွေးအမြင်များသည် မှန်ကန်လျှင် ဖြစ်ပေါ်လာသော ရလဒ်သည်လည်း မှန်ကန်လိမ့်မည်။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် သက်ဆိုင်မည်ဖြစ်ပြီး သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲမည်မဟုတ်ပေ။ လူသည် သမ္မာတရားနှင့်ကိုက်ညီသော ရှုထောင့်များမှနေ၍ လူများ၊ အမှုအရာများကို ရှုမြင်သောအခါတွင် သူရွေးချယ်သောလမ်းကြောင်းသည်လည်း မှန်မည်ဖြစ်ပြီး သူ၏ ပန်းတိုင်နှင့် ဦးတည်ချက်သည်လည်း ထို့အတူဖြစ်လိမ့်မည်။ အဆုံးတွင် ကယ်တင်ခြင်းကို ရယူဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ သို့ရာတွင် ယခုအခါ၌ လူတို့သည် စာတန်က နေရာယူပြီး ထိန်းချုပ်ခြင်းကို ခံရသောကြောင့် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် ရှုထောင့်များ၊ ရပ်တည်ချက်များ၊ အမြင်များသည် မှားယွင်းသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ လိုက်စားမှုနှင့် ၎င်းတို့လိုက်လျှောက်သည့် လမ်းကြောင်းသည်လည်း မှားယွင်းသည်။ ဥပမာ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်၊ သိက္ခာအတွက်၊ အဆင့်အတန်းအတွက် အလုပ်လုပ်ပြီး အဖိုးအခပေးဆပ်သောအခါ ဤလမ်းကြောင်းမှာ မှားယွင်းသလော။ (မှားယွင်းသည်။) လူတို့က ဤသို့သော မှားယွင်းသည့်လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းသည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ၎င်းတို့က ဤသို့သောအမှုအရာမျိုးအပေါ် သဘောထားသည့် ရှုထောင့်၊ အမြင်၊ စမှတ်တို့က မှားယွင်းသောကြောင့် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအတွက်ကြောင့် လူတို့သည် မှားယွင်းသောလမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းကြသည်။ ပြီးလျှင် လူတို့သည် ဤသို့သော မှားယွင်းသောလမ်းကြောင်းကို ဆက်လက်၍ လိုက်လျှောက်နေလျှင် အဆုံး၌ ကယ်တင်ခြင်းကို ရယူနိုင်မည်လော။ ရယူနိုင်မည်မဟုတ်ပေ။ သင်သည် စာတန်က သင့်အတွင်းသို့ သွတ်သွင်းထားခဲ့သော အတွေး၊ သို့မဟုတ် အမြင်တစ်ခုခုနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်လျှင်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လျှင် သင်လျှောက်သောလမ်းကြောင်းသည် မလွဲမသွေ ပျက်စီးခြင်းလမ်းကြောင်း ဖြစ်လိမ့်မည်။ ကယ်တင်ခြင်းဆီသို့ လမ်းကြောင်း လုံးဝ ဖြစ်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းနှင့် အတိအကျပင် ဆန့်ကျင်ပြီး ကွဲလွဲနေသောကြောင့်ဖြစ်သည်။ လူတို့သည် ဤမှားယွင်းသော လမ်းကြောင်းနောက်သို့လိုက်လျှင် ကယ်တင်ခြင်းရယူရန် ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးကို ဖျက်ဆီးသည်။ ယင်းသည် လုံးဝ မရှိတော့ပေ။ ပြီးလျှင် ၎င်းတို့သည် ကယ်တင်ခြင်းသို့ ဦးတည်သည့်လမ်းကြောင်းကို မည်သည့်အခါမျှ မလျှောက်နိုင်ပေ။ သို့ရာတွင် သင်သည် မှန်ကန်သော အမြင်ဖြင့် လိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်လျှင် ဖြစ်ပေါ်လာသော လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများသည် အပြုသဘောဆောင်လိမ့်မည်။ သင်၏ လမ်းကြောင်းသည် အပြုသဘောဆောင်လိမ့်မည်။ ပြီးလျှင် သင်သည် မှန်ကန်သောနေရာမှ စတင်သောကြောင့် အဆုံး၌ သင်လိုက်လျှောက်သည့်လမ်းကြောင်းမှာလည်း မှန်ကန်လိမ့်မည်။ ဤသို့သော လမ်းကြောင်းကို သင်လိုက်လျှောက်လျှင် သင်သည် ကယ်တင်ခြင်းကို အသေအချာရယူနိုင်လိမ့်မည်။ ဤသမ္မာတရားရှုထောင့်သည် အတော်အတန် လေးနက်ပြီး သင်တို့အများစုက နားမလည်လောက်ပေ။ သင်တို့သည် ယင်းကို အသိအမှတ်ပြုခြင်းမရှိ။ ပြီးလျှင် ဤသမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာကို ယခုအထိ မပိုင်ဆိုင်ပေ။ သင်တို့သည် မှားယွင်းသောအမြင်များ၊ သို့မဟုတ် မှန်ကန်သော အမြင်များကို အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ကို မသိပေ။ သင်တို့တွင် ဤအတွေ့အကြုံမရှိသေးပေ။ ယခုအချိန်တွင် သင်တို့သည် ပြုမူဆောင်ရွက်ရန်၊ မိမိ၏ ခွန်အားကို အသုံးချရန်၊ အားစိုက်ထုတ်ရန်၊ အဖိုးအခပေးဆပ်ရန်သာ သိကြပြီး သင်တို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင်ရှိသော အတွေးအမြင်များကို မည်သည့်အရာက ထိခိုက်ပြီး ထိန်းချုပ်သည်ကို ဆန်းစစ်ရန်အတွက်မူ အစပြုလုပ်ဆောင်ခြင်းပင်မရှိပေ။ ထို့ကြောင့် ဤအကြောင်းအရာသည် သင်တို့နှင့် အတော်အတန် အလှမ်းဝေးပြီး ဤနေရာတွင် ယင်းအကြောင်းပြောဆိုခြင်းကို ငါတို့ ရပ်တန့်မည်ဖြစ်သည်။
အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရကို ငါတို့ ယခုပြောခဲ့ကြသည်။ ယင်းနှင့် ဆက်နွှယ်မှုရှိသည့် အတိုင်းအတာသည် တရုတ်ပြည်မကြီးတွင်သာ ကန့်သတ်ထားခြင်းမရှိဘဲ လူသားမျိုးနွယ်အားလုံးအထိ ပါဝင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သူ၏ လက်ထဲတွင် ရှိသောကြောင့်လည်းကောင်း၊ သက်ရှိလူသားတိုင်းသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရကာ စာတန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာကို ပြောဆိုခြင်းအတွက် မှန်ကန်မှုရှိသည့် အခြေပြုချက်တစ်ခုရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသည်မှာ တရုတ်ပြည်မကြီးရှိလူများသာမဟုတ်ဘဲ လူသားမျိုးနွယ်အားလုံး စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရခြင်းဖြစ်သည်။ သက်ရှိလူသားအားလုံးသည် ဆိုးယုတ်သူ၏ လက်ထဲတွင် ရှိသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းအား အလွန်အမင်းခံထားရသည်ကို လူအားလုံးက အတိုင်းအတာတစ်ခုအထိ မြင်နိုင်သည်။ စာတန်က လူတို့၏ အတွေးများသို့ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကို သွတ်သွင်းခြင်း၊ လူတို့ကို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်၊ ဘောင်ခတ်ရန်အတွက် ဤနည်းလမ်းကို အသုံးပြုခြင်း၊ ဤသို့ဖြင့် လူတို့အား ဖျက်ဆီးရန်ဖြစ်သည့် သူ၏ ရည်ရွယ်ချက် အထမြောက်ခြင်းတို့အပေါ် ငါတို့ မိတ်သဟာယပြုလာသည်မှာ ယခုတွင် အချိန်အတန်ကြာပြီဖြစ်သည်။ ဤအချက်သည် တရုတ်လူမျိုးအပေါ်တွင်သာ ကန့်သတ်မထားဘဲ မတူညီသော လူမျိုးများ၊ မတူညီသော နိုင်ငံသားများ၊ မတူညီသော လူမျိုးစုများရှိ လူအားလုံးတွင် တည်ရှိသည်။ သက်ရှိလူသားအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရသည်။ လူမျိုးနှင့် မျိုးနွယ်စုအားလုံးပါဝင်သည်။ စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပြီး လူတို့၌ သွတ်သွင်းသော ပိုင်းခြားသိမြင်ရန် ခက်ခဲသည့် အမျိုးစုံလင်သော မှန်သယောင်ရှိပြီး မှားယွင်းသော အရာများနှင့် အတော်အတန် အပြုသဘောဆောင်ပြီး လူတို့၏ ကိုယ်ကျင့်တရားများ၊ အတွေးအခေါ်နှင့် ကြိုက်နှစ်သက်မှုများနှင့် ကိုက်ညီသည်ဟု လူတို့က မြင်သော ဆိုရိုးစကားများကပင် အမှန်တကယ်တွင် လူသားမျိုးနွယ်ကို စာတန် ဖျက်ဆီးခြင်း၌ အားလုံးပါဝင်သည်။ ဆိုလိုသည်မှာ သက်ရှိလူသားအားလုံးသည် ဤနည်းဖြင့် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ မည်သည့်လူမျိုးစု၊ အမျိုးအနွယ်၊ သို့မဟုတ် နိုင်ငံသားမဆို၏ လူသားအားလုံး၊ မည်သည့်နေရာတွင်မဆို မွေးဖွားသော၊ သို့မဟုတ် ကမ္ဘာမြေရှိ မည်သည့်ဒေသ၊ သို့မဟုတ် နယ်မြေတွင်မဆိုရှိသော လူသားအားလုံးသည် စိတ်နှင့် နှလုံး နှစ်မျိုးလုံးတွင် စာတန်၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်း၊ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသည်။ သင်သည် မည်သည့်နေရာတွင်၊ သို့မဟုတ် မည်သည့်အချိန်တွင် မွေးဖွားသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လူမျိုးစု၊ သို့မဟုတ် နိုင်ငံတွင် သင် မွေးဖွားသည်ဖြစ်စေ သင်သည် ခြွင်းချက်မရှိဘဲ သင့်အတွင်းသို့ စာတန်က သွတ်သွင်းခဲ့သော ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားများ၏ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သည်။ ထို့ကြောင့် ငါတို့သည် တရုတ်ရိုးရာယဉ်ကျေးမှုကိုသာ ပိုင်းခြားစိစစ်နေရုံကြောင့် သင်ကိုယ်တိုင်၏ နိုင်ငံ၊ သို့မဟုတ် လူမျိုးတွင် ဆိုးယုတ်သော ယဉ်ကျေးမှုနောက်ခံ မရှိဟုလည်းကောင်း၊ သင်သည် တရုတ်လူမျိုးများထက်ပို၍ သာသည်ဟုလည်းကောင်း မထင်သင့်သကဲ့သို့ တရုတ်လူမျိုးများထက် သင်က ပို၍ ဂုဏ်ယူထိုက်ပြီး မြင့်မြတ်သည်ဟု သင်ခံစားရသည့် သာလွန်သည့် ခံစားချက်လည်း မရှိသင့်ပေ။ ဤသာလွန်သည့် ခံစားချက်သည် မှားယွင်းသော အယူအဆဖြစ်သည်။ ယင်းသည် မှားယွင်းသည်။ အဓိပ္ပာယ်မရှိပေ။ ယင်းသည် မိုက်မဲသည်ဟုပင် ဆိုနိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြောင်းကို ပြောသရွေ့ သင်သည် သင့်ကိုယ်သင် ထည့်မတွက်ဘဲ ချန်မထားသင့်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြောင်းကို ပြောသရွေ့ သင်လည်း ပါဝင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားဟု ဆိုသရွေ့ သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးသည် စာတန်က သင့်အတွင်းသို့ သွတ်သွင်းထားသော ရိုးရာယဉ်ကျေးမှုက ကြီးစိုးနေသော အတွေးများဖြင့် ပြည့်နေသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။ ထာဝရ ပြောင်းလဲ၍မရသော အချက်ဖြစ်သည်။ သင်တို့သည် ဤအချက်ကို ရှင်းလင်းစွာ နားလည်ရမည်။ ဤသည်မှာ မေးစရာမလိုဘဲ သံသယမရှိရပေ။ ဤအကြောင်းအရာအား မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။