သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၆) အပိုင်း သုံး

ယခင်အခေါက်က “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤသည်မှာ အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် စာတန်အသုံးပြုသော ဆိုရိုးစကားတစ်ခုဖြစ်သည်။ ဤဆိုရိုးစကားကို ထောက်ခံအားပေးခြင်းသည် လူတို့၏ အတွေးအခေါ်အပေါ် သိသာသော သက်ရောက်မှုရှိစေပြီး ယင်းသည် အခြားသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကဲ့သို့ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး အမှန်တရားနှင့် မကိုက်ညီပေ။ တစ်စုံတစ်ယောက်က မည်သည့်အရာကို ပြောသည်ဖြစ်စေ ထိုသူက ထိုအရာကို လုပ်ဆောင်သရွေ့ သူသည် မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် ဂုဏ်ပြုထိုက်သော အကျင့်စရိုက်ရှိသည်ဟု အခြားလူများက ထင်မြင်ကြပြီး ဤသည်မှာ အလွန်ပင် အဓိပ္ပာယ်မရှိဘဲ ရယ်ဖွယ်ရာလည်းဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်ပင် အဓိပ္ပာယ်မရှိသော၊ ရယ်ဖွယ်ကောင်းသော မိစ္ဆာဒိဋ္ဌိများ၊ အတွေးမှားများဖြစ်ခြင်းတွင် အခြားသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအားလုံးနှင့် အတူတူပင်ဖြစ်သည်။ ယင်းတို့အားလုံးကို ဤသို့ ညွှန်းဆိုနိုင်ပြီး အလွန်အကျွံအဓိပ္ပာယ်မရှိခြင်း၊ စိစစ်မှုကို လက်မခံနိုင်ခြင်းအဖြစ်လည်း အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ယနေ့ “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်ခြင်း၊ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်ခြင်း” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ကြည့်ကြစို့။ ယင်းကို စနစ်တကျ မိတ်သဟာယမပြုမီတွင် ဤဆိုရိုးစကားအား မည်သို့ရှင်းပြရမည်ကို သင်တို့ ချင့်ချိန်စဉ်းစားဖူးသလော။ ယင်း၏ အနှစ်သာရကို မည်သို့ ပိုင်းခြားစိစစ်နိုင်သနည်း။ ယင်း၏အတွင်းတွင် မည်သည့်အဆိပ်ကို ကိုင်စွဲထားသနည်း။ ဤဆိုရိုးစကားမှတစ်ဆင့် လူတို့အတွင်းသို့ စာတန် သွတ်သွင်းလိုသော အတွေးများမှာ အဘယ်နည်း။ စာတန်၏ မလိုမုန်းထားသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ စာတန်က ဤဆိုရိုးစကားကို အသုံးပြုပြီး လူသားများ၏ မည်သည့်ကဏ္ဍကို ဖောက်ပြန်ပျက်စီးစေသနည်း။ ဤအရာများကို သင်တို့ ချင့်ချိန်စဉ်းစားဖူးသလော။ “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်ခြင်း၊ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်ခြင်း” ဆိုသည့် ဆိုရိုးစကားကို မကောင်းသောလူများအတိုင်းလိုက်၍ မလုပ်ဆောင်ခြင်းနှင့် မကောင်းသော လွှမ်းမိုးမှုများမှ မိမိကိုယ်ကို ကာကွယ်နိုင်ခြင်းအဖြစ် ရိုးရှင်းစွာ ရှင်းလင်းပြနိုင်သည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်သူအဖြစ် အကဲဖြတ်သည်ဖြစ်စေ၊ အကဲမဖြတ်သည်ဖြစ်စေ၊ လူတစ်ဦးက ဤဆိုရိုးကို မိမိထံတွင် သရုပ်ထင်စေလိုသည်ဖြစ်စေ၊ မထင်လိုသည်ဖြစ်စေ ယေဘုယျအနေဖြင့်ဆိုလျှင် ၎င်းတို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ ၎င်းတို့သည် အလွန်ပင် ဖျက်ဆီး၍မရ၊ ဖြောင့်မတ်သည်၊ ပွင့်လင်းပြီး ရိုးသားသည်ဟုလည်းကောင်း၊ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ရှိသည့် လူကြီးလူကောင်းများဖြစ်သည်ဟုလည်းကောင်း အခိုင်အမာပြောဆိုကြသည်။ သို့သော် ၎င်းတို့သည် ဤခေတ်၊ ဤကမ္ဘာ၊ ဤလူသားမျိုးနွယ်၊ ပြီးလျှင် ဤနိုင်ငံ၊ ဤအစိုးရ၊ ဤအာဏာပိုင်တို့ကိုပင် ဤသို့မဟုတ်ဟု မြင်ကြသည်။ ဤလူတို့သည် အမှုအရာများကို အဆိုးမြင်စွာဖြင့် ကြည့်ရှုလေ့ရှိပြီး လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်လေ့မရှိသလော။ ၎င်းတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော ရည်မှန်းချက်များ ထားရှိသော်လည်း အချိန်မှားယွင်းပြီး မွေးဖွားလာသည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ပင်ကိုစွမ်းရည် ရှိသော်လည်း အသုံးပြု၍မရဟုလည်းကောင်း မကြာခဏခံစားရသည်။ အရာရှိလောကတွင်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ ၎င်းတို့၏လမ်းကို ပိတ်ဆို့သော ယုတ်မာသောသူများ အစဉ်သဖြင့်ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ကြီးကျယ်ခမ်းနားသော၊ ဗျူဟာကျသော စိတ်များရှိကာ ၎င်းတို့သည် နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့်တိုင်အောင် မည်သူကမျှ ၎င်းတို့၏ ပင်ကိုစွမ်းရည်ကို မသိမြင်ကြ၊ သို့မဟုတ် ၎င်းတို့အား အရေးကြီးသောအလုပ်များကို ကိုင်တွယ်ခွင့် လုံးဝ မပေးကြဟုလည်းကောင်း ၎င်းတို့က ယုံကြည်သည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်ပြီး အဆိုးမြင်လာကြသောကြောင့် ၎င်းတို့သည် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို ကာကွယ်ပြီး ပြစ်မျိုးမှဲ့မထင်ဖြစ်လိမ့်မည်ဟု ဆိုလျက် ၎င်းတို့က မိမိတို့ကိုယ်ကို သရုပ်ဖော်ပြရန် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်ခြင်း၊ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်ခြင်း”ဟူသည့် ဤစကားကို အသုံးပြုကြသည်။ တဲ့တိုးပြောရလျှင် ဤသို့သောလူတို့သည် မိမိတို့ကိုယ်ကို သန့်စင်သည်၊ မြင့်မြတ်သည်ဟု မြင်ပြီး လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိကြပေ။ ၎င်းတို့တွင် မည်သည့် စစ်မှန်သော ပင်ကိုစွမ်းရည်၊ သို့မဟုတ် စစ်မှန်သော အရည်အချင်းမျှ သေချာပေါက် မရှိပေ။ ပြီးလျှင် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သော၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သော အမြင်ရှုထောင့်များသည် မလွဲမသွေ မှန်ကန်ခြင်း၊ သို့မဟုတ် လက်တွေ့ကျခြင်းမရှိပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှလည်း မလွဲမသွေ စွမ်းဆောင်ရရှိခြင်းမရှိသည်မှာလည်း မှန်ပေ၏။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သာမန်လူများနှင့် ကွဲပြားသည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် “တစ်လောကလုံးက နောက်ကျိသည်၊ ငါတစ်ဦးတည်းသာ သန့်စင်သည်၊ လူအားလုံးက မူးယစ်နေသည်၊ ငါတစ်ဦးတည်းသာ မူးယစ်ခြင်းမရှိပေ” ဟု အစဉ်သဖြင့် ညည်းညူနေသည်။ ယင်းမှာ သေမျိုးဖြစ်ကြသော လောကကို စိတ်ပျက်ပြီး ကမ္ဘာလောက၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် မှောင်မိုက်မှုကို မကြာခဏ မြင်နေသကဲ့သို့ဖြစ်သည်။ အတိအကျဆိုရလျှင် ဤသို့သောလူတို့သည် အဆိုးမြင်တတ်ကြသည်။ ၎င်းတို့သည် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများကို မုန်းတီးကြသည်။ စာပေ၊ အနုပညာနှင့် ပညာရေး အသိုင်းအဝိုင်းများကို မုန်းတီးကြသည်။ ၎င်းတို့၏ လိုက်စားမှုများအပေါ် ပညာဉာဏ်ရှိသူများ၏ အမြင်ရှုထောင့်များကို ၎င်းတို့ မုန်းတီးကြသည်။ လယ်သမားများနှင့် ဘာသာရေးယုံကြည်မှုရှိသူများကို အထင်အမြင်သေးကြသည်။ ဤလူတို့သည် မည်သို့သောလူမျိုးဖြစ်သနည်း။ ၎င်းတို့သည် တစ်မူထူးခြားသော လူစားမျိုးဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် တစ်နည်းနည်းဖြင့် ပုံမှန်မဟုတ်ခြင်း မဖြစ်သလော။ ဤလူတို့တွင် အမှန်တကယ် အရည်အချင်း၊ သို့မဟုတ် သင်ယူလေ့လာခြင်းမရှိပေ။ သင်က ၎င်းတို့ကို လက်တွေ့အလုပ်အချို့ကို လုပ်ခိုင်းလျှင် ၎င်းတို့သည် သေချာပေါက် ထိုအလုပ်ကို လုပ်နိုင်သည့်အရည်အချင်းရှိခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့သည် ညည်းတွားရခြင်းကို နှစ်သက်သည်။ ၎င်းတို့၏ အားလပ်သောအချိန်တွင် ၎င်းတို့သည် အချိန်ကာလတစ်ခုအတောအတွင်းတွင်ရှိသော နိုင်ငံရေး၊ အစိုးရ၊ လူ့အဖွဲ့အစည်းနှင့် အုပ်စုတစ်ခုခုရှိ ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော အမှုကိစ္စများကို ချပြရန်အတွက် ဆောင်းပါးများ၊ ကဗျာစုဆောင်းမှုများကို ပုံနှိပ်ထုတ်ဝေကြသည်။ ၎င်းတို့သည် ကိစ္စတစ်ခုကို ယနေ့တွင် ဝေဖန်ပြီး အခြားကိစ္စတစ်ခုကို နောက်တစ်နေ့တွင် ဝေဖန်သည်။ ၎င်းတို့သည် စကားပြောကောင်းသည်။ သို့သော် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သောအခါတွင် ကမောက်ကမဖြစ်ကြသည်။ အဆုံးတွင် ၎င်းတို့သည် မည်သူနှင့်မဆို သင့်မြတ်ခြင်းမရှိပေ။ မည်သည့်နေရာတွင်မဆို မည်သည့်အရာကိုမျှ မဖြစ်မြောက်ပေ။ ပြီးလျှင် ၎င်းတို့သည် အလုပ်ကို လုပ်နိုင်သည့် အရည်အချင်းမရှိပေ။ ၎င်းတို့က “ငါသည် အလွန် ပါရမီရှိသည်၊ သာမန်လူတို့သည် ငါ၏ အတွေးနယ်ပယ်ကို ရယူနိုင်ခြင်းမရှိ” ဟု လွဲမှားစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတွင် စိတ်ဆင်းရဲကြသည်။ စိတ်ညစ်သည်။ စိတ်ဓာတ်ကျကြသည်။ ၎င်းတို့၏ အားလပ်သောအချိန်တွင် ၎င်းတို့သည် လှည့်လည်သွားလာကြသည်။ သမိုင်းကြောင်းဆိုင်ရာ စိတ်ဝင်စားမှုရှိသော နေရာတစ်ခုခုကို ၎င်းတို့သွားသည့်အခါတိုင်း ၎င်းတို့က “ငါသည် ပိတ်ပင်တားဆီးခံရသည့် ဉာဏ်ကြီးရှင်ဖြစ်သည်၊ ငါသည် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်သည်၊ သို့သော် အမှန်တကယ် ပါရမီကို သိမြင်နိုင်သောသူ အနည်းငယ်သာရှိသည်၊ ငါ့တွင် ရည်မှန်းချက်များရှိသည်၊ ငါသည် အချိန်လွဲမှား၍ မွေးဖွားလာပြီး ကံမကောင်းသည်မှာ စိတ်မကောင်းစရာဖြစ်သည်” ဟူ၍ အော်ဟစ်ကြသည်။ ၎င်းတို့သည် ရည်မှန်းချက်ကြီးပြီး သင်ယူလေ့လာမှု အပြည့်ရှိသည်ဟု မိမိတို့ကိုယ်ကို အစဉ် ယုံကြည်ကြသော်လည်း လူအများထဲမှနေ၍ မည်သည့်အခါမျှ မထင်ပေါ်နိုင်ပေ၊ သို့မဟုတ် အာဏာရှိသူတစ်စုံတစ်ယောက်က ကြီးသောရာထူးကို ပေးအပ်ခြင်းမခံရပေ။ ထို့ကြောင့် ၎င်းတို့သည် အဆိုးမြင်လာပြီး မကျေမနပ်ဖြစ်လာသည်။ လူတိုင်းကို အထင်အမြင်သေးသည်။ အဆုံးတွင် ၎င်းတို့သည် အထီးကျန်ခြင်းအဖြစ် အဆုံးသတ်ရသည်အထိ ဖြစ်သည်။ ဤသည်မှာ သနားစရာမကောင်းသလော။ တဲ့တိုးပြောရလျှင် ဤသို့သောလူတို့သည် ဟိတ်ဟန်များသော၊ အလွန်အမင်း တသီးတခြားနေသော၊ လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိသော စိတ်မနှံ့သော လူတစ်စုဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ခြင်း မရှိဟု အစဉ်ခံစားရသည်။ အမှန်တကယ်တွင် ဤလူတို့သည် မည်သည့်အရာမျှ မဟုတ်ပေ။ မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်ပေ။ အရာရာတိုင်းကို ဆိုးဝါးစွာ လုပ်ဆောင်သည်။ ၎င်းတို့က အသိပညာအနည်းငယ်ကို သင်ယူရသောအခါတွင် ယင်းကို မပြီးမဆုံးနိုင် ပြောဆိုလျက်ဖြင့် ကြွားဝါကြသည်။ ရှေးကာလအချိန်များ၌ ဤသို့သောလူတို့သည် ကဗျာဖတ်ရွတ်ကြသည်။ တမ်းချင်းများ ရေးသားကြသည်။ ၎င်းတို့၏ စာပေဆိုင်ရာ ကျွမ်းကျင်မှုများကို ကြွားဝါကြသည်။ ၎င်းတို့တွင် ခရေစေ့တွင်းကျဖြစ်လွန်းသည့် ပုံစံရှိသည်။ ယခုအချိန်ကာလတွင် ဤသို့သောလူတို့သည် ကြွားဝါရန် ပို၍ အခွင့်အရေးများစွာရှိကြသည်။ ၎င်းတို့သည် ကိုယ်ပိုင်မီဒီယာကို ပြုလုပ်နိုင်ကြသည်။ ဘလော့များတွင် မှတ်ချက်များ တင်နိုင်ကြသည် စသည်တို့ဖြစ်သည်။ အတော်အတန် လွတ်လပ်သော လူမှုစနစ်ရှိသည့် နိုင်ငံအချို့တွင် ၎င်းတို့သည် လုပ်ငန်းအမျိုးမျိုး၏ အမှောင်ဘက်ခြမ်းကို ကြိမ်ဖန်များစွာ ဖော်ထုတ်ကြသည်။ စာပေ၊ အနုပညာ၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု အခန်းကဏ္ဍများ၏ မှောင်မိုက်ဆိုးယုတ်သော ကဏ္ဍများကဲ့သို့သောအရာများ ဖြစ်သည်။ ၎င်းတို့သည် တစ်နေကုန် ကိစ္စတစ်ခုကို ဝေဖန်ပြီး အခြားကိစ္စတစ်ခုကို သေးသိမ်စေသည်။ မိမိတို့ကိုယ်ကို အလွန်ပါရမီရှိသည်ဟု ယုံကြည်ကြသည်။ ဤအရာများအားလုံးကို ၎င်းတို့ လုပ်ဆောင်ခြင်း၏ အရင်းအမြစ်မှာ ၎င်းတို့နှင့် ပတ်သက်သောအရာမှန်သမျှမှာ ကောင်းမွန်ပြီး မှန်ကန်သည်၊ ၎င်းတို့သည် ကြီးမြတ်ခြင်း၊ ဂုဏ်ကျက်သရေနှင့် မှန်ကန်ခြင်းသို့ ရောက်ရှိပြီးဖြစ်သည်ဟူသော ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်းတို့သည် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို ကာကွယ်ပြီး “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”ကြချေ။ ၎င်းတို့သည် အရာရာတိုင်းကို ရှင်းလင်းစွာမြင်သည်ဟုလည်းကောင်း၊ အရာရာတိုင်းကို နားလည်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်သော မည်သူကိုမဆို မသိမသာဝေဖန်မှုကို အသုံးပြုကြသည်။ ၎င်းတို့သည် ထိုသူတို့ကို အထင်အမြင်သေးကာ အဖက်မတန်သလို အကြည့်ဖြင့် ကြည့်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်က လုပ်ဆောင်သည့် မည်သည့်အရာကိုမဆို အစဉ်သဖြင့် ပြောစရာတစ်ခုခုရှိကြသည်။ ပြီးလျှင် ထိုသူတို့ကို ဝေဖန်ပြီး သေးသိမ်အောင်လုပ်ဆောင်ကြသည်။ လက်တွေ့တွင် ၎င်းတို့ကိုယ်တိုင်က မည်သည့်အရာဖြစ်သည်ကို လုံးဝ မသိကြပေ။ ၎င်းတို့သည် အမှုအရာများကို ပြောဆိုသောအခါ မှန်ကန်ပြီး သင့်လျော်သော မည်သည့်ရှုထောင့်နှင့် ရပ်တည်ချက်ကို ခံယူရမည်ကို လုံးဝ မသိကြပေ။ ၎င်းတို့သည် မည်သို့ လက်လွတ်စပယ်ပြောဆိုပြီး ၎င်းတို့ ပြောချင်သည့်မည်သည့်အရာကိုမဆို မဆင်မခြင် ပြောဆိုလျက် မိမိတို့ကိုယ်ကို မည်သို့ဖြည့်ဆည်းရမည်ကိုသာ သိကြသည်။ လူ့အဖွဲ့အစည်းတွင် ဤသို့သောသူများစွာရှိသလော။ (ရှိသည်။) ဤလူများသည် မည်သို့သောသူများဖြစ်သနည်း။ အတိအကျဆိုရလျှင် ၎င်းတို့သည် ဟိတ်ဟန်များသော၊ မိမိတို့ကိုယ်ကို သန့်စင်ကာ မြင့်မြတ်သည်ဟု မြင်သော စိတ်မနှံ့သောလူတစ်စုဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ဤသို့သောသူများစွာရှိခဲ့သည်မဟုတ်လော။ (ရှိခဲ့သည်။) သင်သည် ဤလူတို့ကို မည်သို့ ဖော်ပြပြီး အဓိပ္ပာယ်သတ်မှတ်သင့်သနည်း။ ၎င်းတို့သည် စိတ်ကူးယဉ်သူများမဟုတ်လော။ အတိအကျဆိုရလျှင် ဤလူတို့သည် စိတ်ကူးယဉ်သူများဖြစ်သည်။ ၎င်းတို့သည် လက်ရှိ အမှန်တကယ် နေထိုင်ရာ ပတ်ဝန်းကျင်တွင် နေထိုင်လိုစိတ်မရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကူးယဉ်တွေးတောနေကြပြီး အလွန်သိမ်မွေ့နူးညံ့သော၊ အနှစ်မဲ့သော၊ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်မပြနိုင်သောအရာများဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် အမှန်တကယ် မရှိသော၊ အလွန်သိမ်မွေ့နူးညံ့သောကမ္ဘာတွင် နေထိုင်ကြသည်။ ဤလူတို့ကို စိတ်ကူးယဉ်သူများဟုခေါ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူများကို အဆင့်အတန်းသတ်မှတ်ရန်အတွက် မည်သည့်ရှုထောင့်ကို ၎င်းတို့ ခံယူကြသနည်း။ ၎င်းတို့က ပို၍ ကိုယ်ကျင့်တရားမြင့်မားသည့်နေရာတွင်နေပြီး အခြားလူများကို အဆင့်သတ်မှတ်ရန်အတွက် ၎င်းတို့၏ စမှတ်မှာ “သင်တို့၏ ဆိုးယုတ်ပြီး မှောင်မိုက်သောအပိုင်းကို ငါ ရှင်းလင်းစွာမြင်နိုင်ပြီး ဖော်ထုတ်နိုင်သည်၊ သင်တို့ လုပ်ဆောင်သော မကောင်းသော၊ ဆိုးယုတ်သောအရာများအား ဖော်ထုတ်နိုင်ခြင်းသည် ငါသည် သင်တို့ကဲ့သို့မဟုတ်ဆိုသည်ကို သက်သေပြသည်” ဟူ၍ ဖြစ်သည်။ ယင်းတို့၏ ဖုံးကွယ်နေသော အဓိပ္ပာယ်မှာ “ငါသည် ‘ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်ခြင်း၊ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်ခြင်း’ ဟူသည့် ဤဆိုရိုးသည် ကျွန်ုပ်နှင့်သက်ဆိုင်သည်။ သင်တို့အားလုံးသည် ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းကြောင့် ညစ်ညမ်းသွားကြပြီဖြစ်သည်၊ သင်တို့သည် လူကောင်းများမဟုတ်ကြ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ကို သန့်စင်ပြီး မြင့်မြတ်သည်ဟု မြင်နေခြင်းမဟုတ်လော။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ကို တန်ဖိုးထားလွန်းပြီး ဟိတ်ဟန်များနေခြင်း မဟုတ်လော။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ မှောင်မိုက်သောအပိုင်းကို ဖော်ထုတ်လျက် လက်တွေ့အရှိတရားကို မကျေနပ်လျက်ဖြင့် လက်တွေ့အရှိတရားကို ဝေဖန်ဟန်ဆောင်ပြီး မိမိတို့ကိုယ်ကို မြှင့်တင်ရန် အယောင်ဆောင်ပြီး ကြိုးပမ်းခြင်းမဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤသို့သောလူများကို ငါတို့ မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ “ငါသည် ယခင်က အရှက်မဲ့သောလူများနှင့် ဆုံတွေ့ခဲ့သော်လည်း သင်ကဲ့သို့ အရှက်မဲ့သောသူ မည်သူကိုမျှ ငါ လုံးဝ မတွေ့ခဲ့ပါ” ဟူသော ရိုးရာ ဆိုရိုးစကားတစ်ခုရှိသည်။ ဤအရာက ဤလူတို့ကို မဖော်ပြသလော။ (ဖော်ပြသည်။) ၎င်းတို့သည် အရှက်မရှိကြပေ။ ၎င်းတို့တွင် အမှန်နှင့် အမှားကိုသာ ပြောသောနှုတ်များရှိကြသည်။ သူတစ်ပါးတို့၏ အားနည်းချက်များ၊ အမှားများကိုသာ မြင်သော မျက်လုံးများရှိကြသည်။ ၎င်းတို့၏ ပါးနပ်သော နှုတ်များနှင့် သူတစ်ပါးတို့၏ အားနည်းချက်များ၊ အမှားများကို အများရှေ့တွင် ဖော်ထုတ်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြပြီး ၎င်းတို့သည် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်သည်၊ ၎င်းတို့သည် မည်မျှတမူထူးခြားပြီး မြင့်မြတ်သည်ဆိုသည်တို့ကို အခြားလူများအား ပြသည်။ ၎င်းတို့သည် အမှန်တကယ် မြင့်မြတ်သလော။ အမှန်တကယ် တစ်မူထူးခြားသလော။ ၎င်းတို့သည် လူတိုင်းနှင့် အတူတူပင်ဖြစ်သည်။ အခြားလူများက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရန်အတွက် မည်သည့်နည်းလမ်းများကို အသုံးပြုပါစေ ၎င်းတို့၏ နည်းလမ်းများက သိသာသည်။ သို့ရာတွင် ဤလူတို့သည် ဂုဏ်ရှိသည့်ဟန်ကို ပြုမူသည်။ သူတစ်ပါးတို့အပေါ် ၎င်းတို့၏ ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်းတို့ကို ၎င်းတို့က မိမိတို့ကိုယ်ကို မြှင့်တင်အားပေးသည့် အကြောင်းအရာများ၊ ခုတုံးများအဖြစ် အသုံးချသည်။ ပြီးလျှင် ၎င်းတို့သည် ထင်ပေါ်ကျော်ကြားပြီး လွှမ်းမိုးမှုရှိရန်အတွက် ဤနည်းများကို အသုံးပြုကြသည်။ ၎င်းတို့သည်လည်း ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်မဟုတ်လော။ ၎င်းတို့၏ ပန်းတိုင်များက တူညီသည်ပင်မဟုတ်လော။ ရလဒ်များက တူညီသည်ပင် မဟုတ်လော။ ၎င်းတို့က မတူညီသောနည်းစနစ်၊ နည်းလမ်းများကို အသုံးပြုခြင်းသာ ဖြစ်သည်။ ဤမျှသာ ဖြစ်သည်။ ဤသည်မှာ ယဉ်ကျေးသော စကားကို အသုံးပြုပြီး လူတစ်ယောက်ကို စော်ကားခြင်းနှင့် ရိုင်းပျသောစကားကို အသုံးပြုပြီး လူတစ်ယောက်ကို စော်ကားခြင်းကဲ့သို့ဖြစ်သည်။ စော်ကားသည့် သဘောသဘာဝက တူညီသည်ပင်ဖြစ်သည်။ အခြားလူများက တစ်နည်းဖြင့် ထင်ပေါ်ကျော်ကြားလာကြပြီး ဤလူတို့က အခြားတစ်နည်းဖြင့် ထင်ပေါ်ကျော်ကြားလာသည်။ နောက်ဆုံးရလဒ်က တူညီသည်။ အကြံအစည်၊ ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းတို့သည်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် ကွာခြားမှုလုံးဝ မရှိပေ။

လူ့အဖွဲ့အစည်းတွင် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”ဟု မိမိတို့ကိုယ်ကို ကြေညာသော လူများနှင့်ပတ်သက်ပြီး ထိုသူတို့ကို စိတ်ကူးယဉ်သမားများဟု ငါတို့ အဓိပ္ပာယ်သတ်မှတ်ခဲ့ကြသည်။ ဤသို့သောလူတို့၏ စရိုက်လက္ခဏာများမှာ ၎င်းတို့သည် ထူးကဲစွာပင် တသီးတခြားနေခြင်းဖြစ်သည်။ ၎င်းတို့သည် အခြားမည်သူမဆိုထက်ပို၍ တော်သည်ဟု ထင်သည်။ အခြားလူတိုင်းအား ကျေနပ်ဖွယ်မရှိဟု ၎င်းတို့က မှတ်ယူကြသည်။ အဆုံးတွင် ၎င်းတို့က “သင်တို့အားလုံးသည် နွံနစ်နေကြပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများထဲတွင် နစ်မြုပ်နေကြသည်၊ ငါသည် သင်တို့ထက် သာလွန်သွားခဲ့ပြီ၊ ငါသည် ‘ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်’” ဟူ၍ ကောက်ချက်ချသည်။ ဤသည်မှာ ၎င်းတို့၏ ဟိတ်ဟန်ကြီးမှုဖြစ်သည်။ ဤသည်မှာ လက်တွေ့အရှိတရားကို ၎င်းတို့ မကျေနပ်သည့်ပုံစံဖြစ်သည်။ ၎င်းတို့ကိုယ်၌က အလွန်အမင်း သန့်ရှင်းပြီး သန့်စင်နေသကဲ့သို့ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် အခြားလူများကဲ့သို့ မစွမ်းဆောင်နိုင်ဘဲ အခြားလူများတွင်ရှိသော နည်းလမ်းများ မရှိသောကြောင့်လည်းကောင်း၊ လူအများထဲတွင် ထင်ပေါ်ရန် အစဉ်အားထုတ်နေသော်လည်း မည်သည့်အခါမျှ ဆန္ဒမပြည့်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် အကောင်းဆုံးဖြစ်သော၊ လောကီနှင့်မဆိုင်သော၊ အနှစ်မဲ့သောအရာများကို အစဉ်လိုက်စားနေသော်လည်း မည်သည့်အခါမျှ ကျေနပ်မှုမရှိဘဲ ဤအရာများကို လက်တွေ့အရှိတရားအတွင်းသို့ မည်သည့်အခါမျှ ယူဆောင်မလာနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ရင်ဆိုင်ရန်၊ သို့မဟုတ် ၎င်းတို့၏ ပြင်းပြသောဆန္ဒများကို လက်လွှတ်ရန် ဆန္ဒမရှိသောကြောင့်လည်းကောင်း အမျိုးအစားနှင့်ပတ်သက်လျှင် ၎င်းတို့သည် အစိုးရ၊ နိုင်ငံရေး၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုအသိုင်းအဝိုင်းများကို ရှောင်ရှားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ၎င်းတို့ကို ဤသို့သော အသိုင်းအဝိုင်းများက မကြိုဆိုသောကြောင့်လည်းကောင်း၊ လက်မခံနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ခြင်း မရှိနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ပြင်းပြသော ဆန္ဒများနှင့် ရည်မှန်းချက်များကို အကောင်အထည် မဖော်နိုင်သောကြောင့်လည်းကောင်း အဆုံးတွင် ၎င်းတို့သည် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”ဟု မိမိတို့ကိုယ်ကို ထုတ်ဖော်ပြောပြီး ၎င်းတို့သည် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သည်၊ ၎င်းတို့တွင် မြင့်မြတ်သောကိုယ်ကျင့်စရိုက်ရှိသည်ဟု ဆိုကြသည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို နှစ်သိမ့်ရန်အတွက် ဤသို့သောဆိုရိုးစကားများကို အသုံးပြုကြသည်။ သင်တို့သည် ယခုတွင် ၎င်းတို့အား ဤသို့ ငါတို့ မိတ်သဟာယပြုခြင်းအားဖြင့် ဤသို့သောလူများအား မည်သို့ပိုင်းခြားသိမြင်ရမည်ကို သိကြသလော။ ဤလူများသည် အနှစ်သာရတွင် အတိအကျ မည်သို့သောသူများဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အရာမျှမဟုတ်ပေ။ သို့တိုင်အောင် ဟိတ်ဟန်များဆဲဖြစ်သည်။ ဤသည်မှာ တိကျသော အကဲဖြတ်ချက်ဟုတ်သလော။ (ဟုတ်သည်။) ဤသို့သောလူများတွင် ပြင်းပြသောဆန္ဒများ များစွာရှိသည်။ သို့သော် မည်သည့်တစ်ခုကိုမျှ အကောင်အထည် မဖော်နိုင်သကဲ့သို့ မည်သည့်တစ်ခုကမျှ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ။ ၎င်းတို့စဉ်းစားသည့် ဤအရာများသည် အားလုံးနားဝေတိမ်တောင်ဖြစ်ပြီး လက်တွေ့မကျပေ။ ဤလူများသည် တစ်နေကုန် သင့်လျော်သောအလုပ်ကို မလုပ်ကြပေ။ ကဗျာရွတ်ဖတ်ပြီး တမ်းချင်းများရေးစပ်ရန်သာ သိကြသည်။ ကိစ္စတစ်ခုကို ဝေဖန်ပြီး အခြားကိစ္စတစ်ခုကို သေးသိမ်အောင်လုပ်ကြသည်။ ဤသည်မှာ ၎င်းတို့က သင့်လျော်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြခြင်းမဟုတ်လော။ ၎င်းတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြုအမူမှနေ၍ မြင်တွေ့နိုင်သည်။ ၎င်းတို့တွင် အမှန်တကယ်ပါရမီ၊ သို့မဟုတ် သင်ယူလေ့လာခြင်းမရှိပေ။ လက်တွေ့အရှိတရားနှင့် ဘဝအပေါ် ၎င်းတို့၏ အတွေးအမြင်များအားလုံးသည် နားဝေတိမ်တောင်ဖြစ်သည်။ မရေရာပေ။ လက်တွေ့မကျပေ။ ထို့ကြောင့် ၎င်းတို့သည် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်ခြင်း၊ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်ခြင်း” ဆိုသည့် အတွေးမှားနောက်သို့ လိုက်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့က ဤအရာကို လူများပို၍ နှစ်သက်လိမ့်မည်ဟု မျှော်လင့်ပြီး ဤသို့ဖြစ်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည်။ လူတို့က ဤကဲ့သို့ ဖြစ်လျှင် ၎င်းတို့သည် မည်သည့်အရာကို ရရှိနိုင်သနည်း။ အတိအကျဆိုလျှင် ဤသို့သောလူတို့သည် ဘဝတွင် စစ်မှန်သော ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက်မရှိပေ။ စစ်မှန်သော ယုံကြည်မှုမရှိပေ။ ဘဝတွင် စစ်မှန်သော ရွေးချယ်မှုမရှိပေ။ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမရှိပေ။ ၎င်းတို့၏ အတွေးများသည် တစ်နေကုန် အထိန်းအချုပ်မရှိ၊ အထိန်းအကွပ်မဲ့နေကြသည်။ ထူးဆန်းသော အယူအဆမျိုးစုံကို ၎င်းတို့ လက်သင့်ခံကြသည်။ ၎င်းတို့၏ စိတ်သည် ဖရိုဖရဲဖြစ်သော၊ အနှစ်မဲ့သော၊ လက်တွေ့မကျသောအရာများဖြင့် ပြည့်နေကြပြီး မည်သည့်အရာကမျှ လက်တွေ့မကျပေ။ ဤလူတို့သည် အမှန်တွင် လူသားမျိုးနွယ်နှင့် ခြားနားသည့် အမျိုးအစားဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်သည် နားဝေတိမ်တောင်ဖြစ်ခြင်းနှင့် အလွန်အမင်း အဓိပ္ပာယ်မရှိခြင်း၊ အစွန်းရောက်ခြင်းနှစ်မျိုးလုံးဖြစ်သည်။ ၎င်းတို့သည် မည်သည့်အုပ်စုတွင်ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် အထက်တန်းစား၊ အလယ်တန်းစား၊ အခြေခံလူတန်းစားတွင်ရှိသည်ဖြစ်စေ သူတစ်ပါးတို့နှင့် မည်သည့်အခါမျှ အဆင်မပြေဘဲ လူတို့က လက်ခံခြင်းကို မည်သည့်အခါမျှ မခံရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူများ၊ အမှုအရာများကို ရှုမြင်သည့် ၎င်းတို့၏ အတွေးအခေါ်၊ ၎င်းတို့၏ လိုက်စားမှုနှင့် အမြင်ရှုထောင့်များသည် အစွန်းရောက်ပြီး မတူညီသော အမျိုးအစား ဖြစ်သောကြောင့်ဖြစ်သည်။ ယဉ်ကျေးစွာဆိုလျှင် ဤလူတို့သည် စိတ်ကူးယဉ်သမားများဖြစ်သည်။ သို့သော် အတိအကျဆိုလျှင် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ပြီး စိတ်ပုံမှန်မဟုတ်ကြပေ။ ပြောလော့။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်သောသူများသည် သာမန်လူတို့နှင့် ကောင်းစွာအဆင်ပြေနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းစွာ မသင့်မြတ်နိုင်ရုံသာမက ၎င်းတို့ကိုယ်တိုင်၏ မိသားစုများနှင့်ပင် ကောင်းစွာ မသင့်မြတ်နိုင်ပေ။ ဤလူတို့သည် ၎င်းတို့၏ အမြင်များ၊ ဖော်ပြချက်များကို တင်ပြသောအခါတွင် အခြားလူတို့သည် အနေရခက်ပြီး အလွန်အမင်း မနှစ်မြို့ကြချေ။ ယင်းတို့ကို ၎င်းတို့ လုံးဝ မကြားလိုကြပေ။ ဤဖော်ပြချက်များသည် ခိုင်လုံခြင်းမရှိဘဲ လက်တွေ့ဘဝတွင် အလုပ်မဖြစ်ပေ။ လက်တွေ့ဘဝတွင် လူတို့ရင်ဆိုင်ရသော အခက်အခဲများသည် ၎င်းတို့အတွင်းတွင် ပေါ်ပေါက်နိုင်သည်။ လူတို့၏ အရှိအတိုင်းဖြစ်သော ပတ်ဝန်းကျင်များတွင် ပေါ်ပေါက်နိုင်သည်၊ သို့မဟုတ် ဘဝ၏ နေ့စဉ်အဓိက မရှိမဖြစ် လိုအပ်ချက်များတွင် ပါဝင်နိုင်သည်။ ဤအရာများကို မည်သို့ ရင်ဆိုင်သင့်သနည်း။ ကိုင်တွယ်သင့်သနည်း။ ဖြေရှင်းသင့်သနည်း။ အသေးစား အခက်အခဲများနှင့် ပတ်သက်လျှင် ဘဝ၏ နေ့စဉ်အဓိက မရှိမဖြစ်လိုအပ်ချက်များ ပါဝင်သောအရာများရှိပြီး အကြီးစားအခက်အခဲများနှင့် ပတ်သက်လျှင်မူ ဘဝအပေါ် လူတို့၏ ရှုမြင်သုံးသပ်ချက်၊ ၎င်းတို့၏ ရှင်သန်နေထိုင်ရေးစည်းမျဉ်းများ၊ ၎င်းတို့လိုက်လျှောက်သည့် လမ်းကြောင်း၊ ၎င်းတို့၏ ယုံကြည်မှုများနှင့် ဆက်နွှယ်သောအရာများရှိသည်။ အမှန်တကယ် အဖြစ်ဆုံးသောအရာများမှာ ဤပြဿနာများဖြစ်သည်။ သို့တိုင်အောင် ဤစိတ်ကူးယဉ်သမားများသည် ဤပြဿနာများမှ မိမိတို့ကိုယ်ကို ခွဲထွက်လိုကြပြီး လက်တွေ့ဘဝ အခြေအနေများ၌ မည်သည့်အခါမျှ အသက်မရှင်လိုကြပေ။ လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် ၎င်းတို့၏အမြင်၊ ရှုထောင့်နှင့် ရပ်တည်ချက်သည် ဤအမှန်တကယ်ဖြစ်သော ပြဿနာများအပေါ်တွင် အခြေမခံဘဲ အထိန်းအချုပ်မရှိ၊ အထိန်းအကွပ်မဲ့ကြသည်။ မည်သည့်အရာကို ၎င်းတို့ စဉ်းစားနေသည်ကို သင်လုံးဝ မသိပေ။ ဂြိုဟ်သားများ၏ အတွေးများကို ၎င်းတို့ တွေးနေသကဲ့သို့၊ ဤကမ္ဘာမြေတွင်ရှိသော လူများက ယခင်က မည်သည့်အခါမျှ မကြားဖူးခဲ့သောအရာများကဲ့သို့၊ ၎င်းတို့အတွက် ပုံမှန်မဟုတ်ဟု ထင်ရသည့် အရာများကဲ့သို့ဖြစ်သည်။ ပုံမှန်မဟုတ်သောအရာများအား တစ်စုံတစ်ယောက်က ပြောနေသည်ကို မည်သူက ကြားလိုသနည်း။ လူတို့က ဤလူကို စတွေ့ပြီး သူစကားပြောသည်ကို ကြားရသောအခါတွင် သူပြောသည့်အရာသည် အမှန်ပင် ဆန်းသစ်ပြီး အသစ်ဖြစ်သည်၊ သာမန်လူများက ပြောသည့်အရာထက်ပို၍ အသိအမြင်ကြွယ်ဝပြီး လိမ္မာပါးနပ်သည်ဟု ၎င်းတို့က ခံစားရနိုင်သည်။ သို့သော် အချိန်အတန်ကြာပြီးနောက်တွင် ဤအရာအားလုံးမှာ အဓိပ္ပာယ်မရှိသောအရာများသာ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ သဘောပေါက်သွားသောကြောင့် ထိုသူကို မည်သူကမျှ အာရုံမစိုက်တော့ပေ။ ၎င်းတို့က ထိုသူကို အရေးမစိုက်ပေ။ ပြီးလျှင် ထိုသူပြောသည့် မည်သည့်အရာကမျှ ၎င်းတို့၏နားထဲသို့၊ သို့မဟုတ် စိတ်နှလုံးထဲသို့ မဝင်ပေ။ ထိုသူသည် အခြားလူများက သူ့အပေါ်သို့ ဤသို့သောသဘောထားကို ခံယူကျင့်သုံးသောအခါ၌ ဤအခြင်းအရာကို သိမြင်နိုင်သလော။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့က သတိထားမိလာပြီး “မည်သူကမျှ ငါ့ကို မနှစ်သက်ကြပေ၊ အဘယ်သို့ ဖြစ်သနည်း၊ အဘယ်ကြောင့် ငါ့ကို မနှစ်သက်ကြသနည်း၊ ဟင်း၊ ဤသည်မှာ ငါသည် နာမည်ကျော်ကြားသောပုဂ္ဂိုလ်ဖြစ်သောကြောင့်ဖြစ်သည်၊ သို့သော် စစ်မှန်သော ပါရမီကို သိမြင်နိုင်သောသူ အနည်းငယ်သာရှိသည်” ဟူ၍ ၎င်းတို့၏ စိတ်နှလုံးတွင် ထင်မြင်ကြသည်။ ကြည့်လော့။ ၎င်းတို့သည် အစဉ်သဖြင့် ဟန်ပန်များသည်။ မိမိတို့ကိုယ်ကို ပါရမီရှိသည်၊ ပါးနပ်သည်၊ စွမ်းဆောင်နိုင်သည်ဟု အစဉ် ယုံကြည်ပြီး အမှန်တကယ်တွင်မူ ၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်ပေ။ ၎င်းတို့က မည်သည့်လူအုပ်စုတွင်ရောက်ရှိနေပါစေ ၎င်းတို့အတွက် နောက်ဆုံးရလဒ်နှင့် အဆုံးသတ်မှာ အစဉ်သဖြင့် ငြင်းပယ်ခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့က “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်ခြင်း၊ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်ခြင်း” ဟူသည့် ဆိုရိုးစကားကို လိုက်နာကျင့်သုံးခြင်းကြောင့် ဖြစ်သည်။ သင်သည် ဤကဲ့သို့ဖြစ်ရန် ဆန္ဒရှိခဲ့ဖူးလျှင် ချက်ချင်းရပ်တန့်ဖို့ ငါ သင့်ကို ပြောသည်။ ဤလူများသည် ပုံမှန်မဟုတ်သောကြောင့်ဖြစ်သည်။ သင်၏ အတွေးအခေါ်နှင့် သင့်လူ့သဘာဝ၏ အသိစိတ်သည် ပုံမှန်ဖြစ်လျှင် သင်လုပ်ဆောင်သင့်သည့်အရာနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်သင့်ပြီး “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”သော သူတစ်ယောက်ဖြစ်ရန် အားမထုတ်သင့်ပေ။ ဤလူတို့သည် အကျင့်ပျက်သောသူဖြစ်ပြီး ကွဲပြားခြားနားသော လူသားအမျိုးအစား ဖြစ်သည်။ ပုံမှန်မဟုတ်ပေ။

“ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”သောလူတို့၏ အနှစ်သာရကို ငါတို့ ပိုင်းခြားစိစစ်ခြင်း ပြီးဆုံးသွားသည်နှင့် ဤလူတို့ကို ငါတို့ ဖော်ထုတ်သောအခါတွင် ငါတို့ ပြောခဲ့သည့် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိခြင်းနှင့် အဆိုးမြင်ခြင်းပြဿနာများအကြောင်းကို ပြောကြစို့။ လူအချို့က “ငါတို့သည် ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းနှင့် လူ့အဖွဲ့အစည်းတွင်ရှိသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများကို ငါတို့ နားလည်သင့်ပြီး ယင်းတို့နောက်သို့ မလိုက်သင့်ပေ၊ ငါတို့သည် မတူညီသော အချိန်ကာလများတွင်ရှိသော၊ ကမ္ဘာလောက၏ မတူညီသော အရပ်တို့တွင်ရှိသော၊ မတူညီသော လူမျိုးများ၊ အုပ်စုများထဲတွင်ရှိသော နိုင်ငံရေး၊ လူသားမျိုးနွယ်၏ ဆိုးယုတ်မှု၊ လူသားမျိုးနွယ်၏ လုပ်ဆောင်နေကျဖြစ်သော ကျင့်သုံးမှု အမျိုးမျိုး၊ လူသားမျိုးနွယ်၏ မှောင်မိုက်ဆိုးယုတ်သော အရာအားလုံးတို့ကိုလည်း နားလည်ရမည်ဖြစ်သည်၊ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ငါတို့သည် ပိုင်းခြားသိမြင်မှုရှိလာမည်” ဟူ၍ ယုံကြည်ကြသည်။ ဤသည်မှာ လူကို ဘုရားသခင်က တောင်းဆိုသောအရာဖြစ်သလော။ ဤအကြောင်းအရာကို ငါတို့ မိတ်သဟာယမပြုမီတွင် သင်တို့ထဲမှ အချို့က ဤအရာကို သင်တို့၏လိုက်စားမှုအဖြစ် ရွေးချယ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယခု သင့်ကို ငါရှင်းလင်းစွာ ပြောသည်။ ဤသည်မှာ သင်လုပ်ဆောင်ရမည့် အရာတစ်ခုမဟုတ်။ ဘုရားသခင်က သင့်ကို တောင်းဆိုသောအရာမဟုတ်။ သင်သည် ဤကမ္ဘာ၊ ဤလူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်၊ သို့မဟုတ် ဤနိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ သို့မဟုတ် ဘာသာရေးအခန်းကဏ္ဍ၊ သို့မဟုတ် လူ့အဖွဲ့အစည်းမှ ဆင်းသက်သော လုပ်ဆောင်နေကျဖြစ်သော လက်တွေ့လုပ်ဆောင်မှုတစ်ခုခု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင်ရှိသော မည်သည့်အုပ်စု၊ သို့မဟုတ် အင်အားစုမဆို၏ လည်ပတ်လုပ်ဆောင်သည့် နည်းလမ်း စသည်တို့ကို နားလည်ဖို့ မလိုအပ်ပေ။ ဤသည်မှာ သင် သင်ယူဖို့ လိုအပ်သည့် သင်ခန်းစာမဟုတ်ပေ။ သင်သည် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိဖို့ မလိုအပ်ပေ။ မကောင်းသော လွှမ်းမိုးမှုများမှ သင့်ကိုယ်သင် ကာကွယ်ဖို့ မလိုအပ်ပေ။ ဤသည်မှာ သင်ခံယူသင့်သည့် ရပ်တည်ချက်၊ သို့မဟုတ် အမြင်ရှုထောင့်မဟုတ်ပေ။ ပြီးလျှင် သင်ခံယူသင့်သည့် အမြင်မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ပြီး သင့်အား သူ့အပေါ် ယုံကြည်စေပြီး သူ့နောက်သို့ လိုက်စေသည်။ သူသည် သင့်အား လူသားမျိုးနွယ်ကို ဆန့်ကျင်ရန်၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်ရန်၊ သို့မဟုတ် နိုင်ငံရေးကို ဆန့်ကျင်ရန်၊ သို့မဟုတ် နိုင်ငံတော်ကို ဆန့်ကျင်ရန် မတောင်းဆိုသကဲ့သို့ မည်သည့်အုပ်စု၊ လူမျိုး၊ သို့မဟုတ် ဘာသာတရားကိုမျှ ဆန့်ကျင်ရန်လည်း မတောင်းဆိုပေ။ သူသည် သင့်အား သူ့နောက်သို့လိုက်ပြီး စာတန်ကို ငြင်းပယ်ရန်၊ သူ့ရှေ့သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံကာ ကျိုးနွံနာခံရန်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ရန်၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်မျှသာ တောင်းဆိုသည်။ ဘုရားသခင်က သင့်အား လူသားမျိုးနွယ်ကို ဆန့်ကျင်ရန်၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်ရန်၊ သို့မဟုတ် နိုင်ငံတော်ကို ဆန့်ကျင်ရန် လုံးဝ မတောင်းဆိုပေ။ ပို၍ အတိအကျဆိုရလျှင် ဘုရားသခင်က သင့်အား အစိုးရတစ်ခုခုကို ဆန့်ကျင်ရန်၊ လူမှုဆိုင်ရာ၊ သို့မဟုတ် နိုင်ငံရေးစနစ်တစ်ခု၊ သို့မဟုတ် နိုင်ငံရေးမူဝါဒတစ်ခုကို ဆန့်ကျင်ရန် လုံးဝ မတောင်းဆိုပေ။ ဘုရားသခင်က သင့်အား ဤသို့သောအရာ တစ်ခုကိုမျှ မည်သည့်အခါမျှ မလုပ်ဆောင်ခိုင်းပေ။ လူအချို့က “လူသားမျိုးနွယ်အားလုံးသည် ငါတို့ကို ငြင်းပယ်သည်၊ ဆန့်ကျင်သည်၊ ညှဉ်းပန်းနှိပ်စက်သည်၊ ငါတို့သည် ထကြွပြီး ၎င်းတို့ကို ဆန့်ကျင်ခြင်း၊ ၎င်းတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် မှားယွင်းသလော၊ ၎င်းတို့အားလုံးက ငါတို့ကို ဆန့်ကျင်ကြသည်၊ ထို့ကြောင့် ငါတို့က အဘယ်ကြောင့် ၎င်းတို့ကို မဆန့်ကျင်နိုင်သနည်း” ဟု ဆိုကြသည်။ သင်က ကိုယ်တိုင်ကိုယ်ကျ မည်သို့ ထင်မြင်ပါစေ၊ လုပ်ဆောင်ပါစေ၊ သို့မဟုတ် လူ့အဖွဲ့အစည်း၊ ကမ္ဘာလောက၊ လူမျိုးနိုင်ငံစနစ်များ နှင့်ပတ်သက်ပြီး သင်ကိုယ်တိုင်က မည်သည့် အမြင်မျိုးကို ကိုင်ဆောင်သည်ဖြစ်စေ ယင်းသည် သင်၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး ဘုရားသခင်က သင့်အား လိုက်လျှောက်ရန်တောင်းဆိုသည့် လမ်းခရီးနှင့် လုံးဝ သက်ဆိုင်မှုမရှိသကဲ့သို့ ဘုရားသခင်၏ သွန်သင်မှု၊ သို့မဟုတ် သတ်မှတ်ချက်များနှင့်လည်း သက်ဆိုင်မှုမရှိပေ။ လူအချို့က “ဤအရာများသည် ဘုရားသခင်၏ သွန်သင်မှုများနှင့် လုံးဝ သက်ဆိုင်မှုမရှိ၊ ဘုရားသခင်က ကျွန်ုပ်တို့ကို တောင်းဆိုသောအရာမဟုတ်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် စေခိုင်းသည့်အရာမဟုတ်ဟု ကိုယ်တော်က ဆိုသည့်အတွက် ဤသို့ဆိုလျှင် ဘုရားသခင်က စာတန်၊ လူမှုရေးရေပန်းစားမှုများ၊ လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းတို့အပြင် ဘာသာတရားကို အဘယ်ကြောင့် ဖော်ထုတ်သနည်း” ဟု ဆိုကြသည်။ ဘုရားသခင်က ဤအရာများကို သင်နားလည်နိုင်ရန်အတွက်သာ ဖော်ထုတ်ခြင်းဖြစ်သည်။ ဘုရားသခင် ဖော်ထုတ်သော ဤအရာများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်နေပြီး လူတို့၌ ရှိသော ဘုရားသခင်ကို အာခံသည့် အမြင်များ၊ အယူအဆများနှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် ဤသို့သော အကြောင်းအရာများကို အသေအချာ မိတ်သဟာယဖွဲ့ပြီး ဤသို့သော ဥပမာများကို အသုံးပြုရမည်။ ရည်ရွယ်ချက်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ထုတ်ဖော်သော ဆိုးယုတ်သော စိတ်သဘောထားများကို ပို၍တိကျစွာ၊ လက်တွေ့ကျစွာ လူတို့ သိမြင်နိုင်စေရန်အတွက် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းသည့် အမျိုးမျိုးသော လွဲမှားသော အတွေးအမြင်များ၊ ဘုရားသခင်ကို အာခံသော အယူအဆများအားလုံးကို ပိုင်းခြားသိမြင်နိုင်စေရန်အတွက် ဖြစ်သည်။ ဤမျှသာဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် နိုင်ငံရေးကို ကိုယ်တိုင်ကိုယ်ကျ ဆန့်ကျင်နိုင်ရန်၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်နိုင်ရန်၊ လူသားမျိုးနွယ်ကို ဆန့်ကျင်နိုင်ရန်အတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်က လူတို့အား လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိရန်၊ အဆိုးမြင်ရန်၊ သို့မဟုတ် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို ကာကွယ်ရန် မည်သည့်အခါမျှ မတောင်းဆိုပေ။ လူအချို့က “ဘုရားသခင်က ငါ့အား ဤသို့ဖြစ်ရန် လုံးဝ မတောင်းဆိုသော်လည်း ငါသည် လက်တွေ့အရှိတရားအပေါ် အဆိုးမြင်ပြီး ကျေနပ်မှုမရှိသောကြောင့်သာ၊ ဘုရားအိမ်တော်တွင် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းရှိပြီး ဤနေရာတွင် သမ္မာတရားက ကြီးစိုးသည်ဟု ငါခံစားရသောကြောင့်သာ၊ ဤနေရာတွင် ငါသည် မျှတစွာ ဆက်ဆံခံရသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ သင်၏ ကိစ္စဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လုံးဝ မသက်ဆိုင်ပေ။ လူတိုင်းက မတူညီသောအကြောင်းပြချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်သည်မှာ မှန်သည်။ လူအချို့က ကောင်းချီးများရရန် ဘုရားသခင်ကို ယုံကြည်သည်။ အချို့က ကပ်ဘေးများကို လွတ်မြောက်ရန်ဖြစ်သည်။ အချို့က ၎င်းတို့၏ မကျန်းမာမှု ပျောက်ကင်းရန်ဖြစ်သည်။ အချို့က အနာဂတ်တွင် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိရန် ဖြစ်သည်။ ပြီးလျှင် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိသော၊ ကမ္ဘာလောကကို ကျေနပ်မှုမရှိသော၊ လူ့အဖွဲ့အစည်းကို ကျေနပ်မှုမရှိသော၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မျှတစွာ ဆက်ဆံခြင်းမခံရသောသူအချို့ရှိသည်။ ထို့ကြောင့် သက်သာမှုနှင့် အရိပ်အာဝါသကို ရှာဖွေလျက် ဘုရားအိမ်တော်သို့ လာကြသည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် လူတိုင်း၏ အမြင်များနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် ၎င်းတို့၏ နဂိုရည်ရွယ်ချက်၊ သို့မဟုတ် အရင်းခံအကြောင်းရင်းတို့က ကွဲပြားသည်။ မိမိတို့၏ စိတ်နှလုံးတွင် ဤအရာများမရှိသော၊ ဘုရားသခင်ကိုသာ ယုံကြည်လိုပြီး ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသောအရာဖြစ်သည်ဟု ခံစားရသောသူများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ လက်တွေ့အရှိတရားအပေါ် အဆိုးမြင်ပြီး ကျေနပ်မှုမရှိသော ထိုသူများက ဘုရားသခင်ကို ယုံကြည်လာသောအခါတွင် ဘုရားသခင်က ၎င်းတို့သည် အသေးစားဆုကျေးဇူးရှိရုံဖြင့်၊ သို့မဟုတ် ပါရမီရှိရုံဖြင့် ၎င်းတို့ကို မချီးကျူးပေ၊ သို့မဟုတ် ကြင်နာစွာ မဆက်ဆံပေ။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ လက်မခံသောကြောင့်လည်းကောင်း၊ လွန်ကဲစွာ မာနထောင်လွှားကာ မိမိကိုယ်ကို အမှန်ထင်ပြီး သူတစ်ပါးတို့ကို အထင်သေးသောကြောင့်လည်းကောင်း ဖြစ်သည်။ ဤသို့သောသူတို့သည် သမ္မာတရားကို လက်ခံရန် အလွန့်အလွန် ခက်ခဲမှုရှိကြသည်။ သင်တို့သည် ဤသို့သောလူတို့အပေါ် မျှော်လင့်ချက် မထားရှိသင့်သကဲ့သို့ သင်တို့ကိုယ်တိုင် ဤသို့သောသူများ မဖြစ်သင့်ပေ။ ငါသည် သင်တို့အား ရိုးသားရန်၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်သာ ပြောသည်။ ထို့ကြောင့် သင်က လူ့အဖွဲ့အစည်းကို ကျေနပ်မှုမရှိဘဲ ရှင်းလင်းစွာ နားလည်ရုံဖြင့်၊ သို့မဟုတ် သင်သည် အထူးလုပ်ငန်းတစ်ခုကို ယခင်က ပါဝင်လုပ်ဆောင်ခဲ့ပြီး ထိုလုပ်ငန်း၏ အမှောင်ဘက်ခြမ်းကို ပို၍ လေးနက်စွာ နားလည်မှုရှိရုံဖြင့် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် သင့်၌ အရည်အချင်းနှင့် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်က သင့်ကို ချစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသည်ဟုလည်းကောင်း၊ သင်သည် အရည်အသွေးပြည့်မီသော ဖန်ဆင်းခံဖြစ်သည်ဟုလည်းကောင်း လုံးဝ မယုံကြည်နှင့်။ သင်က ဤသို့သောအရာကို ယုံကြည်လျှင်မူ သင်က မှားယွင်းနေသည်ဟုလည်းကောင်း၊ အခြေအနေကို သင်အကဲဖြတ်သည့် အမြင်များက မှားယွင်းနေသည်ဟုလည်းကောင်း၊ အမှုအရာများကို သင်မြင်သည့် ရှုထောင့်က မှားယွင်းနေသည်ဟုလည်းကောင်း၊ သင်ခံယူနေသည့် ရပ်တည်ချက်က မှားယွင်းနေသည်ဟုလည်းကောင်း ငါဆိုသည်။ အဘယ်ကြောင့် ဤအရာကို ငါဆိုသနည်း။ သင်ခံယူသော ရပ်တည်ချက်နှင့် လူများ၊ အမှုအရာများကို သင်မြင်သည့် အမြင်ရှုထောင့်များသည် ဘုရားနှုတ်ကပတ်တော်ကို အခြေမခံဘဲ သမ္မာတရားကို စံအဖြစ် မထားရှိသောကြောင့် ငါဆိုသည်။ သင်သည် လောကီဆန်သောလူတို့၏ ရှုထောင့်ကို အစဉ်သဖြင့် ခံယူပြီး လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်ကာ အဆိုးမြင်လျှင် သင်သည် ၎င်းတို့ကို မုန်းတီးလိမ့်မည်။ ၎င်းတို့ကို တိုက်ခိုက်ပြီး ဆန့်ကျင်ရုန်းကန်လိုလိမ့်မည်။ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဆိုသည်ကို ၎င်းတို့အား ကျိုးကြောင်းပြပြောဆိုပြီး ငြင်းခုံလိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို ပြောင်းလဲလိုလိမ့်မည်။ လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်ကိုပင် ပြောင်းလဲလိုလိမ့်မည်။ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အာဏာရှိသူများ၏ အမှောင်ဘက်ခြမ်းကိုပင် ဖော်ထုတ်လိုသောသူအချို့ရှိပြီး ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် စာတန်ကို ငြင်းပယ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအရာတို့အားလုံးမှာ မှားယွင်းသည်။ နိုင်ငံရေးဆိုင်ရာ အာဏာရှိသူများ၏ အသိုင်းအဝန်းတွင်းတွင်လည်းကောင်း၊ စီးပွားရေး အသိုင်းအဝန်းအတွင်းတွင်လည်းကောင်း၊ သို့မဟုတ် အနုပညာနှင့် စာပေအသိုင်းအဝန်းအတွင်းတွင်လည်းကောင်း အမှုအရာ မည်မျှများပြားစွာ ဖြစ်ပျက်နေပါစေ မည်သည့်အရာကမျှ သမ္မာတရားအား သင်လိုက်စားခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသို့သောအရာများကို သင်မည်မျှသိပါစေ အားလုံးက အသုံးမဝင်ပေ။ ဤသည်မှာ သင်က စာတန်၏ အနှစ်သာရကို သိသည်၊ သို့မဟုတ် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင် စာတန်ကို ငြင်းပယ်နိုင်သည်ဟု ထုတ်ဖော်ပြသခြင်းမရှိပေ။ ဤသို့သောအရာများကို သင်မည်မျှသိပါစေ၊ သို့မဟုတ် နားလည်ပါစေ၊ သင်၏ နားလည်မှုက မည်မျှအသေးစိတ်ပါစေ၊ မှန်ကန်ပါစေ၊ တိကျပါစေ ယင်းက သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်နေသည်ဟုလည်းကောင်း၊ သင်သည် သင့်ကိုယ်သင်သိကျွမ်းနေသည်၊ သို့မဟုတ် သင်သည် သင်၏အတွင်းရှိ ဆိုးယုတ်သော အတွေးအမြင်များကို ပိုင်းခြားစိစစ်နေသည်ဟုလည်းကောင်း ပြသခြင်းမရှိသကဲ့သို့ သင်က ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို ချစ်သည်ဟုလည်း ပြသခြင်းမရှိပေ။ ဘုရားသခင်ကို သင်ကြောက်ရွံ့သည်ဟု ပို၍ပင် ထုတ်ဖော်ပြသခြင်းမရှိပေ။ သင်က လူ့အဖွဲ့အစည်းနှင့်ပတ်သက်ပြီး အနည်းငယ်ကို နားလည်ရုံဖြင့်၊ သို့မဟုတ် လုပ်ငန်းတစ်ခု၏ အတွင်းကျသော စည်းကမ်းများ၊ လူအများစုမသိသည့် မိစ္ဆာဒိဋ္ဌိအယူအချို့ကို သိရုံဖြင့်၊ သင်သည် လူ့အဖွဲ့အစည်းအပေါ် အဆိုးမြင်ပြီး ကျေနပ်မှုမရှိဘဲ လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ရန် သတ္တိရှိရုံဖြင့် သင်သည် မြင့်မြတ်ပြီး ဂုဏ်ပြုထိုက်သောသူ၊ သူတစ်ပါးတို့ထက်သာသောသူဖြစ်သည်၊ သင်သည် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”ဟု မထင်မြင်နှင့်။ ဘုရားသခင်က ဤသို့သောလူများကို အလိုမရှိပေ။

အချို့လူတို့သည် ဘုရားသခင်အား မယုံကြည်မီတွင် ကြောက်ရွံ့ပြီး တွေဝေနေကြကာ လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းကို မဖော်ထုတ်ရဲပေ။ ဤသို့လုပ်ဆောင်ရန် သတ္တိမရှိပေ။ ယခုတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သောအခါ ဘုရားသခင်က ၎င်းတို့အား ရဲဆေးတင်ပေးပြီး ထောက်ပံ့အားဖြည့်ပေးသည်ဟု ၎င်းတို့ ခံစားရသောကြောင့် ဤသို့သောအရာများကို ဖော်ထုတ်ရန် မကြောက်ရွံ့တော့ပေ။ ဒီမိုကရေစီနိုင်ငံများသို့ သွားရောက်ပြီး စီစီပီဟူသည့် မကောင်းဆိုးဝါး၏ မကောင်းမှုပြုခြင်းအချို့ကို ဖော်ထုတ်ရဲသူအချို့ပင်ရှိသည်။ ထို့နောက်တွင် ဤလူတို့က ၎င်းတို့သည် သမ္မာတရားကို နားလည်သည်၊ ၎င်းတို့တွင် ဝိညာဉ်ရင့်ကျက်မှုရှိပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသည်ဟု ခံစားကြရသည်။ ဤအရာအားလုံးမှာ မှားယွင်းသော အတွေးအမြင်များဖြစ်သည်။ ဤအရာများကို လိုက်စားရန်မှာ ၎င်းတို့အတွက် အဓိပ္ပာယ်မရှိပေ။ သင်သည် လက်တွေ့အရှိတရားကို ကျေနပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် အဆိုးမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ သင်သည် လူ့အဖွဲ့အစည်း၏ အထက်တွင်ရှိပါစေ၊ သင်သည် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်”သူဖြစ်ပါစေ မည်သည့်အရာကမျှ ဘုရားသခင်အတွက် အရေးမပါပေ။ ဤသို့သောအရာများကို သူ မကြည့်ပေ။ ဘုရားသခင်က မည်သည့်အရာကို ကြည့်သနည်း။ ဘုရားသခင်သည် ပထမဦးစွာ သင်၏ အတွင်းအကျကျ စိတ်နှလုံးထဲတွင်ရှိသော စာတန်ဆီမှလာသော အတွေးအမြင်များကို သင် သိမြင်ခြင်းရှိမရှိကိုလည်းကောင်း၊ ယင်းတို့ကို သင် သိမြင်သည်နှင့် သင်သည် ယင်းတို့ကို ဖော်ထုတ်ပြီး သူတစ်ပါးတို့အား ပွင့်လင်းစွာ ပြောခြင်းရှိမရှိကိုလည်းကောင်း၊ ယင်းတို့ကို သင် ရှင်းလင်းစွာ နားလည်သည်နှင့် ယင်းတို့ကို ငြင်းပယ်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်သည်။ ထို့အပြင် ဘုရားသခင်သည် လက်တွေ့ဘဝတွင် သမ္မာတရားအား သတိရှိရှိဖြင့် သင် လိုက်စားခြင်းရှိမရှိ၊ လူများ၊ အမှုအရာများကို သင်ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းတွင် သမ္မာတရား စည်းမျဉ်းများကို သင်သတိရှိရှိဖြင့် ရှာဖွေခြင်းရှိမရှိနှင့် သမ္မာတရားအပေါ် သင်၏ သဘောထားက အတိအကျ မည်သို့ရှိသည်ဆိုသည်တို့ကို ကြည့်သည်။ ဤသည်မှာ သင့်စိတ်နှလုံးတွင် ရှင်းလင်းရမည့် အရာတစ်ခုဖြစ်သည်။ လူအချို့သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလအကြောင်း ဆွေးနွေးရသည်ကို နှစ်သက်သည်။ သမိုင်းနန်းတွင်း ခြေပုန်းခုတ်ခြင်းများအကြောင်းကို စကားကြောရှည်ကာ အားမာန်ပါပါ ပြောဆိုသည်။ နိုင်ငံရေး အသိုင်းအဝန်းအတွင်းတွင် မည်သည့်အချိန်ကာလ၌ မည်သည့်ကြီးမားသော ဖြစ်ရပ်များဖြစ်ပျက်ခဲ့သည်၊ အခြေအမြစ်ရှိသောပြဿနာများက မည်သည့်အရာဖြစ်သည်၊ အဓိကကျသော အချိန်အခိုက်အတန့်များ၌ မည်သူက ပါဝင်လှုပ်ရှားခဲ့သည် စသည်တို့ကို အလွန်အသေးစိတ်ကျစွာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖော်ပြသည်။ ထို့နောက်တွင် ၎င်းတို့က ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ၎င်းတို့သည် ဖြောင့်မှန်ပြီး အလွန်ပင် တရားမျှတစိတ် ရှိသည်ဟု ထင်မြင်ကြပြီး “ကြည့်လော့၊ ငါသည် လူ့အဖွဲ့အစည်းကို အလွန်ပင် ကျေနပ်မှုမရှိပေ။ ငါ၏ စူးစိုက်အကြည့်သည် အရာရှိလောက၏ မှောင်မိုက်မှုကို ထိုးဖောက်သည်၊ ငါသည် ယင်းကို လေးနက်စွာ၊ နှံ့စပ်စွာ နားလည်သည်” ဟု ဆိုသည်။ ဤသို့သောအရာများကို ပြောဆိုခြင်းသည် မည်သည့် အကျိုးရှိသနည်း။ မည်သူ့ကို မြှောက်ပင့်ပြောဆိုရန် သင် ကြိုးစားနေသနည်း။ ဘုရားသခင်ကို ဖြစ်သလော။ သင်သည် မည်မျှ အသိဉာဏ်ထက်မြက်သည်၊ အမှုအရာများစွာကို သင်သိသည်ဆိုသည်ကို ကြွားဝါနေခြင်းဖြစ်သလော။ ဤအရာများအား ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ငါသည် အွန်လိုင်းတွင် တန်ဖိုးမရှိသော အမှိုက်တစ်စုံတစ်ခုကိုမျှ လုံးဝ မကြည့်ခဲ့သကဲ့သို့ မည်သည့်သတင်း၊ အချက်အလက်မျိုးကိုမဆို တစ်ခါမျှ စိတ်မဝင်စားခဲ့ဖူးပေ။ ဤအရာများကို ငါ အဘယ်ကြောင့် မကြည့်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ရွံရှာဖွယ်ဖြစ်သည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုက်သည်နှင့် ၎င်းတို့တွင် တရားမျှတစိတ်ရှိရမည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့သည် နာမည်ကြီးသူများ၊ လူသိများသူများ၊ နိုင်ငံရေးသမားများတို့နှင့်ပတ်သက်ပြီး မှတ်ချက်များ မကြာခဏပေးကာ အဓိပ္ပာယ်မရှိ ပြောဆိုကြသည်။ ၎င်းတို့သည် လူတိုင်းအမြင်ပွင့်စေရန် မျှော်လင့်ပြီး ဤလူတို့၏ အတွင်းရေးဘဝများကို အများရှေ့သို့ချပြကြသည်။ ၎င်းတို့သည် စွယ်စုံရသကဲ့သို့လည်းကောင်း၊ အမြော်အမြင်ရှိသူများဖြစ်သကဲ့သို့လည်းကောင်း၊ လျှို့ဝှက်ချက်အားလုံးကို သိသကဲ့သို့လည်းကောင်း၊ အလွန်ပင် ပါးနပ်သည်၊ နှံ့စပ်သည်၊ ဖြောင့်မှန်သည်ဟူသကဲ့သို့လည်းကောင်း ခံစားရသည်။ ဤသို့သောအရာများကို သိခြင်းတွင် မည်သည့်အကျိုးရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေသည်ဟု ပြသသလော။ သင်သည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ပြသလော။ သင့်တွင် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု ပြသလော။ (မပြပေ။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအရာများအကြောင်း ပြောဆိုခြင်းကို မရပ်တန့်နိုင်ပေ။ သို့သော် သင်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင့်မျက်စိရှေ့တည့်တည့်တွင်ရှိသော အရာများနှင့် သင် လုပ်ဆောင်ရမည့် တာဝန်ကို မည်သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို ပြောနိုင်သလော။ မပြောနိုင်ပေ။ သင့်တွင် ပြောစရာမရှိပေ။ လူ့အဖွဲ့အစည်းတွင်ရှိသော ထိုအရာများကို သင် မည်မျှသိပါစေ ယင်းက သင်သည် သမ္မာတရားကို နားလည်သည်၊ သို့မဟုတ် သင့်တွင် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဆိုသည်ကို ထုတ်ဖော်ပြသခြင်းမရှိပေ။ သင်သည် သတင်းအတုအယောင်များနှင့် အတွေးမှားများကို ပိုင်းခြားသိမြင်နိုင်ရုံဖြင့် သင့်တွင် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုလည်းကောင်း၊ သင်သည် ကမ္ဘာလောကကို စွန့်လွှတ်ခဲ့ပြီး စာတန်ကို ငြင်းပယ်ခဲ့ပြီဟုလည်းကောင်း၊ သင်သည် စာတန်နောက်သို့ မလိုက်တော့ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်အပေါ် ယုံကြည်မှုရှိပြီး သူ့အပေါ် သစ္စာရှိသည်ဟုလည်းကောင်း မထင်မြင်နှင့်။ ဤအရာအားလုံးသည် လွဲမှားသော အမြင်များဖြစ်ပြီး ဤမည်သည့်အရာကမျှ အသက်ကို လုံးဝ ကိုယ်စားမပြုပေ။ သင်က “ငါသည် လက်တွေ့အရှိတရားကို မကျေနပ်လေလေ၊ အဆင်းနီသောနဂါးကြီးကို ဖော်ထုတ်လေလေ၊ အဆင်းနီသောနဂါးကြီးကို ငါမုန်းတီးလေလေ၊ ကမ္ဘာလောကကို ငါ မုန်းတီးလေလေ၊ အဆိုးမြင်လေလေ၊ ဘုရားသခင်က ပျော်ရွှင်လေလေ၊ ငါ့ကို ပို၍ နှစ်သက်လေလေဖြစ်သည်မဟုတ်လော” ဟု တွေးလျှင် သင်သည် မှားယွင်းသည်။ ဤအရာများကို သင်လိုက်စားလေလေ၊ ထိုလမ်းကြောင်းကို သင်လိုက်လျှောက်လေလေ၊ ဘုရားသခင်က သင့်အား နှစ်သက်မှု လျော့နည်းလေလေဖြစ်ပြီး ဘုရားသခင်က သင့်ကို အလွန်အမင်းမနှစ်မြို့လေ ဖြစ်သည်။ ဤလောကီဆန်သောအရာများကို သင်လိုက်စားလေလေ၊ ဘုရားသခင်က သင့်အား နှစ်သက်မှုလျော့နည်းလေလေဖြစ်သည်မှာ အဘယ်ကြောင့်နည်း။ သင်က လမ်းမှန်နောက်ကို မလိုက်ခြင်း၊ သင့်လျော်သောအလုပ်ကို မလုပ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်တွင် အချိန်အနည်းငယ်ရှိသောအခါ ဘုရားနှုတ်ကပတ်တော်ကို ပို၍ ဖတ်နိုင်သည်။ ဓမ္မသီချင်းများကို နားထောင်နိုင်သည်။ သင်၏ ညီအစ်ကိုမောင်နှမများ၏ ဘဝအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတိုင်း ချင့်ချိန်စဉ်းစားပြီး မိတ်သဟာယဖွဲ့နိုင်သည်။ သင်၏ အသက်ဝင်ရောက်မှု၊ သို့မဟုတ် သင်၏ ကယ်တင်ခြင်းလိုက်စားမှုနှင့် လုံးဝ မသက်ဆိုင်သော အတင်းအဖျင်းများအကြောင်း မမေးနှင့်။ ယင်းကို အလုပ်လုပ်စရာမရှိသောသူများက လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သည့်ပုံစံ၊ ကမ္ဘာကြီးက မည်သည့်လမ်းကြောင်းကို သွားမည်၊ လူသားမျိုးနွယ်က မည်မျှ ညစ်ပေပြီးဆိုးယုတ်သည်၊ နိုင်ငံရေးက မည်မျှမှောင်မိုက်သည်ဆိုသော ဤအရာများသည် သင်နှင့် သက်ဆိုင်မှုရှိသလော။ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကသည် မှောင်မိုက်ခြင်း၊ ဆိုးယုတ်ခြင်း၊ ညစ်ပေခြင်းမရှိလျှင် ကယ်တင်ခြင်းကို သင်ရရှိမည်လော။ (မရရှိပါ။) ထိုအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ခြင်းရှိမရှိသည် သမ္မာတရားမည်မျှကို သင်လက်ခံပြီး နားလည်သည်၊ သမ္မာတရားစစ်မှန်မှု မည်မျှသို့ သင်ဝင်ရောက်သည်တို့နှင့်သာ သက်ဆိုင်ပြီး သင့်တာဝန်ကို မည်မျှကောင်းစွာ ထမ်းဆောင်သည်နှင့် သက်ဆိုင်သည်။ ဤအနည်းငယ်သောအရာများနှင့်သာ သက်ဆိုင်သည်။ အချိန်ကုန်ဖို့အတွက် လူသိများသူများ၏ ကျက်သရေမဲ့ပြီး ညစ်ညူးသော အပြုအမူများကို ဖော်ထုတ်ကာ သင်မည်မျှ ထက်မြက်ပြီး သူတစ်ပါးတို့ထက်သာကြောင်း ကြွားလုံးထုတ်ရင်း နာမည်ကြီးသူများနှင့် လူသိများသူများအပေါ် မကြာခဏ မှတ်ချက်များမပေးနှင့်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မိုက်မဲသည်။ ထိုသို့သောသူမဖြစ်နှင့်။ ယင်းသည် မည်သည့် သင့်လျော်သောအလုပ်ကိုမျှ မလုပ်သော၊ လမ်းမှန်ကို မလျှောက်သောသူဖြစ်သည်။

ယခုအခါတွင် “ရွှံ့နွံထဲမှ ပြစ်မျိုးမှဲ့မထင် ထိုးထွက်၍ ကြည်လင်သော ရေဂယက်တွင် ကူးခတ်သည့်တိုင် ဝင့်ဝါသည့်ပုံမပေါက်” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကား၏ အနှစ်သာရနှင့်ပတ်သက်ပြီး ငါတို့ အတော်များများ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဤဆိုရိုးစကားကို အမှန်အဖြစ်ယူပြီး ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်သည့် သဘောထားနှင့် အမြင်များ၊ ထို့အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သဘောထားက မည်သည့်အရာတို့ ဖြစ်သည်ဆိုသည်ကိုလည်း ငါတို့ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည်လည်း ယခုတွင် လူတို့လိုက်လျှောက်သင့်သည့် လမ်းကြောင်းကို နားလည်သည်မဟုတ်လော။ (နားလည်ပါသည်။) ဤနေရာတွင် ငါတို့ ပြောသော အဆိုးမြင်ဝါဒသည် အပြုသဘောဆောင်သောအရာဖြစ်သလော။ လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိခြင်းသည် အပြုသဘောဆောင်သောအရာ ဖြစ်သလော။ မကောင်းသော လွှမ်းမိုးမှုများမှ မိမိကိုယ်ကို ကာကွယ်ခြင်းသည် အပြုသဘောဆောင်သောအရာဖြစ်သလော။ (မဟုတ်ပါ။) ဤမည်သည့်အရာကမျှ အပြုသဘောဆောင်သောအရာမဟုတ်ပေ။ ဤအရာများသည် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်အတွက် အခြေခံအုတ်မြစ်များမဟုတ်ဆိုသည်ကို ငါတို့ အသေအချာ ဆိုနိုင်သည်။ ယင်းတို့သည် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်အတွက် အခြေခံအုတ်မြစ်များ ဖြစ်မလာသင့်ပေ။ ယင်းတို့သည် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် သင့်အတွက် စည်းမျဉ်းများ ပို၍ပင် ဖြစ်မလာသင့်ပေ။ ထို့ကြောင့် ဤအရာများသည် သင်လက်လွှတ်ပြီး ငြင်းပယ်သင့်သည့်အရာများဖြစ်သည်။ သင်တို့သည် ရိုးရာယဉ်ကျေးမှုမှလာသော ဤဆိုရိုးစကားများ၊ သီအိုရီများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး အလုံးစုံ စွန့်လွှတ်သင့်သည်။ ဤဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသောအရာများကို သမ္မာတရားအဖြစ် မမှတ်ယူသင့်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် မရှုပ်ထွေးသင့်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် လူသားမျိုးနွယ်ကြားတွင် နှစ်မည်မျှကြာရှည်စွာ လည်ပတ်နေသည်ဖြစ်စေ၊ လူသားမျိုးနွယ်ကြားတွင် ယင်းတို့သည် မည်မျှအထိနက်နဲစွာ အမြစ်တွယ်နေသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရားရှေ့တွင် တစ်ခဏကြာပင် မရပ်တည်နိုင်သောကြောင့်ဖြစ်သည်။ ယင်းတို့သည် တကယ်ကို အပြုသဘောဆောင်သောအရာများ မဟုတ်သလို သမ္မာတရားကဲ့သို့ တန်းတူပြောဆိုရန် မထိုက်တန်ပေ။ ဤအရာများသည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှု လုံးဝ မရှိပေ။ ယင်းတို့သည် လူတို့ကို ဦးဆောင်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပို့ဆောင်မပေးနိုင်ရုံသာမကဘဲ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်ပြီး လူတို့အား လမ်းမှား တစ်ခုပြီး တစ်ခုပေါ်သို့ ပို့ဆောင်ကာ လူတို့အား တသီးတခြားဖြစ်စေပြီး အရှက်မဲ့စေသည်။ မိမိကိုယ်ကို သိမြင်မှုနှင့် ကျိုးကြောင်းဆီလျော်မှု နည်းပါးစေသည်။ ဘုရားသခင်အား လူတို့ကို ရွံမုန်းစေပြီး လူတို့ကြောင့် စက်ဆုပ်ရွံရှာမှုဖြစ်စေသည်။ သင်သည် ဤအရာများကို လက်လွှတ်လျှင်၊ ဤအယူအဆများကို လက်လွှတ်လျှင်၊ ဤအတွေးအမြင်များကို လက်လွှတ်လျှင်၊ လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ဆိုသည့် စာတန်ဆီမှလာသည့် ဤနည်းလမ်းများ၊ အခြေခံအုတ်မြစ်များကို လက်လွှတ်လျှင် ဘုရားသခင်ရှေ့ကိုလာပြီး ဘုရားနှုတ်ကပတ်တော်နှင့် အလုံးစုံကိုက်ညီလျက် လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လျှင် ဤအရာများသည် သင့်အပေါ်၌ သက်ရောက်မှုရှိမည်မဟုတ်ပေ။ လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိခြင်းနှင့် အဆိုးမြင်စိတ်ရှိခြင်းပြဿနာနှင့်ပတ်သက်လျှင် ဘုရားသခင်က သင့်အား လူ့အဖွဲ့အစည်း၌ မည်သည့်မှောင်မိုက်ခြင်း ခိုအောင်းနေသည်ကို နားလည်ရန်၊ သို့မဟုတ် သင်ယူရန် အားထုတ်ကြိုးစားဖို့ မလိုအပ်ပေ။ ကမ္ဘာလောကနှင့် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်၊ ၎င်းတို့သည် ဆိုးယုတ်သူ၏ လက်ထဲတွင်တည်ရှိသည်ဆိုသည့် အနှစ်သာရနှင့် အလုံးစုံကို သင်သိဖို့သာ လိုအပ်သည်။ လူမှုခေတ်ရေစီးကြောင်းများ၊ ထုံးတမ်းဓလေ့များ၊ ရိုးရာယဉ်ကျေးမှု၊ အသိပညာ၊ ပညာရေးဖြစ်စေ၊ မည်သည့်အဆင့်တွင်မဆို၊ မည်သည့်ကဏ္ဍနှင့်မဆို ပတ်သက်ပြီး၊ သို့မဟုတ် မည်သည့်လုပ်ငန်းတွင်မဆို အားလုံးက စာတန်၏ အတွေးအမြင်များ၊ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများနှင့် ပြည့်နေသည်။ မည်သည့်နိုင်ငံ၊ လူမျိုးစုဖြစ်စေ၊ လူ့အဖွဲ့အစည်းရှိ မည်သည့်လူအုပ်စု၊ အဖွဲ့အစည်းဖြစ်စေ ၎င်းတို့အပေါ်တွင် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်တို့ စိုးမိုးခြင်းမရှိပေ။ မျှတခြင်း၊ သို့မဟုတ် ဖြောင့်မတ်ခြင်းကို ၎င်းတို့အတွင်း၌ မြင်နိုင်ရန်မှာ ပို၍ပင် ဖြစ်နိုင်ခြေနည်းပါးသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ သေချာသည်။ ဤအရာကို သင် သိရုံသက်သက် ရှိသရွေ့ လုံလောက်သည်။ ဤအရာအပြင် အရေးကြီးဆုံးသောအရာမှာ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေသည့်အပြင် သင့်ကိုယ်သင် ဘုရားနှုတ်ကပတ်တော်ဖြင့် ပြင်ဆင်ထားရန်၊ စာတန်ဆီမှလာသော သင့်အတွင်းတွင် ရှိသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအမြင်များကို သိမြင်ရန်ဖြစ်သည်။ ဤအရာများကို အမှန်တကယ် နားလည်ခြင်းအားဖြင့်သာ ယင်းတို့ကို သင် အမှန်တကယ် သိမြင်နိုင်သည်။ ဤအရာများကို သင် အမှန်တကယ် သိမြင်မှသာ ယင်းတို့ကို အမှန်တကယ် ငြင်းပယ်နိုင်ပြီး လက်လွှတ်နိုင်သည်။ ယင်းတို့ကို သင် အမှန်တကယ် လက်လွှတ်နိုင်မှသာ သမ္မာတရားကို လုံးဝဥဿုံလက်ခံခြင်းနှင့် နာခံခြင်း ရှိနိုင်သည်။ ဤသို့အားဖြင့် သင်လိုက်လျှောက်သည့် လမ်းကြောင်းမှာ မှန်ကန်သောလမ်း ဖြစ်လိမ့်မည်။ အလင်းပေးခြင်း ခံရမည်။ သင်၏ပန်းတိုင်သည်လည်း မှန်ကန်သော ပန်းတိုင်ဖြစ်လိမ့်မည်။ အဆုံး၌ ကယ်တင်ခြင်းကို သင်ရယူခြင်းသည် မငြင်းနိုင်သော အချက်တစ်ခု ဖြစ်လိမ့်မည်။ ဤအတွက်ကြောင့် သင်၏ အတွေးများကို ကမောက်ကမဖြစ်စေပြီး သင်၏ အမြင်များကို ဖျက်လိုဖျက်ဆီးလုပ်ရန်အတွက် စာတန်က သင့်အတွင်းသို့ သွတ်သွင်းသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအမြင်များအား လုံးဝ ခွင့်ပြု၍မရခြင်းဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အဆိုးမြင်ပြီး မကျေမနပ်ဖြစ်ကာ ဤသို့ဖြင့် ထုံထိုင်းလာပြီး သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကိုပါ လှည့်စားခြင်းတို့ မဖြစ်ရပေ။ ထိုအစား သမ္မာတရားကို သင် လိုက်စားရမည်။ သမ္မာတရားကို သင်၏ အသက်အဖြစ် ရရှိရမည်။ စစ်မှန်သော လူသား၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရမည်။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ဤသည်မှာ သင်၏ သင့်လျော်သောအလုပ်ဖြစ်ပြီး သင် ယခုလိုက်လျှောက်သင့်သော လမ်းကြောင်းဖြစ်သည်။ လူ့အဖွဲ့အစည်း အခြေအနေ၊ နိုင်ငံ၊ သို့မဟုတ် လုပ်ငန်းတစ်ခုခုနှင့် ပတ်သက်လျှင် ဤအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဘယ်ကြောင့်နည်း။ ယင်းတို့သည် သမ္မာတရားအား သင်လိုက်စားမှုအပေါ် သက်ရောက်မှုမရှိသောကြောင့်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားအား သင်လိုက်စားခြင်းနှင့် ဆက်နွှယ်မှုမရှိပေ။ သင်၏ အဆုံးသတ်ဖြင့် ဆက်နွှယ်မှုမရှိပေ။ ပြီးလျှင် ကယ်တင်ခြင်းအား သင်ရယူခြင်းနှင့် ဆက်နွှယ်မှုမရှိပေ။ နားလည်သလော။ (နားလည်ပါသည်။) ဤအရာကို သင်နားလည်သည်နှင့် သမ္မာတရားကို မည်သို့လိုက်စားပြီး အသက်ကိုရရှိရမည်ဆိုသည်ကို သင် ရှင်းလင်းစွာသိသင့်သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။