သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၅) အပိုင်း တစ်
ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မည်သည့်အရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသနည်း။ (ရှောင်ရှောင်နှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများနှင့်ပတ်သက်၍ ဘုရားက ပထမဦးစွာ မိတ်သဟာယ ပြုခဲ့ပါသည်။ ထို့နောက် ကိုယ်တော်က လူသားက ကောင်းသည်ဟု မှတ်ယူသော အပြုအမူများက မည်သည့်အရာကို ကိုယ်စားပြုသည်ဆိုသည်ကို မိတ်သဟာယပြုခဲ့သည်။ လူသားအတွက် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက်အချို့နှင့်ပတ်သက်၍လည်း ကိုယ်တော် ပြောဆိုခဲ့ပြီး မိမိ၏ မိဘများကို ဂုဏ်ဆောင်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ နားလည်သင့်သည့် သမ္မာတရား စည်းမျဉ်းများအပေါ်လည်း အထူးအလေးထား ပြောကြားသွားခဲ့ပါသည်။) ပြီးခဲ့သည့်အကြိမ်တွင် လူသား၏ အယူအဆများနှင့် အကိုက်ညီဆုံးသော သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်သည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယင်းသည် အပျက်သဘောဆောင်သော အကြောင်းအရာတစ်ခုလည်း ဖြစ်၏။ အတိအကျပြောရသော် လူသား၏ အယူအဆများအရ မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ယူဆသော အပြုအမူများဖြစ်သည်။ ဤအကြောင်းအရာကို ကိုင်တွယ်ဖြေရှင်းသည့် ဥပမာအချို့ကိုလည်းကောင်း၊ လူသား၏ အပြုအမူကို ထိန်းညှိပေးရန် ဘုရားသခင် ပြဋ္ဌာန်းထားသည့် တောင်းဆိုချက်များနှင့်ဆိုင်သည့် နောက်ထပ် ဥပမာအနည်းငယ်ကိုလည်းကောင်း ငါတို့ပေးပြီးဖြစ်သည်။ ဤသည်တို့မှာ အနည်းနှင့်အများ ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် အသေးစိတ်အကြောင်းအရာများ ဖြစ်သည်။ ဤမိတ်သဟာယနှင့်ပတ်သက်၍ ကြီးမားသော ကဏ္ဍများစွာ မရှိခဲ့သော်လည်း သမ္မာတရားအပေါ် လူတို့၏ အသိပညာ၊ လက်တွေ့လုပ်ဆောင်မှုနှင့် ၎င်းတို့၏ သိနားလည်မှုတို့နှင့်စပ်လျဉ်းသော အသေးစိတ်အချက်များစွာကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ ယနေ့တွင် ဤအရာများကို ငါတို့ အကျဉ်းချုပ် ပြန်ကြည့်မည်။ ယေဘုယျအားဖြင့် ပြောရလျှင် လူသည် မည်သည့်အရာကို ကောင်းသော အပြုအမူအဖြစ် မှတ်ယူသနည်း။ ဤအရာအပေါ် ကောက်ချက်၊ သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ငါတို့ ရှိသင့်သည်မဟုတ်လော။ ကောက်ချက်တစ်ခုကို သင်တို့ တွေးမိပြီးပြီလော။ ဤအရာများနှင့် ပတ်သက်၍ စုဝေးပွဲများတွင် သင်တို့ မိတ်သဟာယပြုပြီးပြီလော။ (ပြုပြီးပါပြီ။ ဘုရားသခင်က ကျွန်ုပ်တို့နှင့် အကြိမ်အနည်းငယ် မိတ်သဟာယပြုပြီးသည့်နောက်တွင် မှန်ကန်သည်ဟု လူတို့ သိမှတ်နားလည်မိသည့် ကောင်းမွန်သော အပြုအမူများသည် အပြုအမူတစ်မျိုးမျှသာဖြစ်သည်ကို ကျွန်ုပ်တို့ မြင်နိုင်ခဲ့ကြသည်။ ယင်းတို့သည် သမ္မာတရားကို ကိုယ်စားမပြုပါ။ လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်သည့် နည်းလမ်းများသာ ဖြစ်ပါသည်။) အပြင်ပန်း အပြုအမူများနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်က အနှစ်ချုပ်ပြီးဖြစ်သည့် အဆိုအမိန့်အချို့ကို အခြေခံကြည့်လျှင် ဤအပြုအမူများ၏ အနှစ်သာရမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ လူသား၏ အနှစ်သာရနှင့် လူသားမျိုးနွယ်၏ အပြင်ပိုင်း ကောင်းမွန်သော အပြုအမူများကြား ဆက်နွှယ်မှုတစ်ခု ရှိသလော။ ဤအပြင်ပိုင်း ကောင်းမွန်သော အပြုအမူများသည် လူတို့အား အလွန်ရည်မွန်ပြီး သိက္ခာရှိပုံပေါ်စေသည်။ ယင်းတို့ကို ပိုင်ဆိုင်သောသူတို့သည် အခြားသူများ၏ လေးစားခြင်းနှင့် ချီးမွမ်းခြင်းခံရသည်။ ၎င်းတို့သည် အလွန်အထင်ကြီးခံရပြီး အထင်ကြီးလေးစားမှု ခံရသည်။ ဤအထင်ကြီးလေးစားမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) သို့ဆိုလျှင် ဤရှုထောင့်အမြင်မကြည့်လျှင် လူ၏ အပြုအမူကောင်းများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းတို့သည် အပေါ်ယံအဆင့် လုပ်နည်းကိုင်နည်းများနှင့် ပြရုပ်တင်ခြင်းသက်သက် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအပေါ်ယံအဆင့် လုပ်နည်းကိုင်နည်းများနှင့် ပြရုပ်တင်ခြင်းတို့သည် ပုံမှန်လူ့သဘာဝ၏ မှန်ကန်သော သရုပ်သကန်များ ဖြစ်သလော။ (မဖြစ်ပါ။) ယင်းမှာ လူတို့က မိမိတို့၏ အယူအဆများအတွင်း၌ မှန်ကန်သည်၊ ကောင်းမွန်သည်ဟု မှတ်ယူသည့် အပြုအမူများမှာ အမှန်တွင် လူသားမျိုးနွယ်၏ အပေါ်ယံအဆင့် လုပ်နည်းကိုင်နည်းများနှင့် ပြရုပ်တင်ခြင်းများသာဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းမှာ ထိုအပြုအမူများ၏ သဘောသဘာဝ ဖြစ်သည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝ အသက်ရှင်ခြင်းကို မဖြစ်စေသကဲ့သို့ ပုံမှန်လူ့သဘာဝ ပွင့်အံထွက်ခြင်းများလည်း မဖြစ်စေပေ။ ယင်းတို့သည် အပြင်ပန်း လုပ်နည်း ကိုင်နည်းများသာ ဖြစ်သည်။ ဤလုပ်နည်းကိုင်နည်းများက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးဖိပေးသည်။ လူ၏ ဆိုးယုတ်သော သဘာဝ အနှစ်သာရတို့ကို ဖုံးဖိပေးပြီး အခြားလူတို့၏ အမြင်ကို လှည့်စားသည်။ လူတို့သည် အခြားသူများ၏ ထောက်ခံမှု၊ ရိုသေကြည်ညိုမှုနှင့် လေးစားမှုတို့ကို ရရှိရန်အလို့ငှာ ဤကောင်းမွန်သော အပြုအမူများကို ကျင့်သုံးလုပ်ဆောင်ကြသည်။ ထိုသို့သော အပြုအမူများသည် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ မပြောနှင့်၊ လူတို့အား အချင်းချင်း ရိုးသားမှုဖြင့် ဆက်ဆံရန် သို့မဟုတ် ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း အပြန်အလှန်ဆက်ဆံရန် မကူညီပေးနိုင်ပေ။ ဤကောင်းမွန်သော အပြုအမူများသည် စိတ်နှလုံးအတွင်းမှလာသော ရိုးသားမှုအားဖြင့် ဖြစ်ပေါ်လာသည့် လုပ်နည်းကိုင်နည်းများ မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝ၏ သဘာဝအလျောက် ပွင့်အံထွက်ခြင်းများလည်း မဟုတ်ပေ။ ယင်းတို့သည် လူ၏ အနှစ်သာရကို မည်သည့်နည်းနှင့်မျှ ကိုယ်စားမပြုပေ။ ယင်းတို့သည် လူက ဝတ်ဆင်ထားသည့် အယောင်ဆောင် အသွင်အပြင်နှင့် အတုအယောင်တစ်ခု သက်သက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဆင်တန်ဆာများ ဖြစ်သည်။ ယင်းတို့သည် လူသားမျိုးနွယ်၏ ဆိုးယုတ်သော အနှစ်သာရကို ဖုံးဖိပေးသည်။ ယင်းမှာ လူ၏ ကောင်းမွန်သော အပြုအမူများ၏ အနှစ်သာရဖြစ်သည်။ ထိုအရာများနောက်ကွယ်ရှိ အမှန်တရား ဖြစ်၏။ ဤသို့ဆိုလျှင်လူသားထံမှ ဘုရားသခင် တောင်းဆိုသည့် အပြုအမူများ၏ အနှစ်သာရမှာ အဘယ်နည်း။ ငါတို့ မိတ်သဟာယပြုခဲ့သော ပြီးခဲ့သည့် နှစ်ကြိမ်တွင် လူတို့၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် တောင်းဆိုသည့် လုပ်နည်းကိုင်နည်းအချို့နှင့် ၎င်းတို့အား အသက်ရှင်နေထိုင်ရန် သူ တောင်းဆိုသည့်အရာကို ငါတို့ ဖော်ပြခဲ့ကြသည်။ ယင်းတို့တွင် မည်သည့်အရာ ပါဝင်သနည်း။ (လူတို့အနေဖြင့် ဆေးလိပ်မသောက်သင့်၊ အရက်မသောက်သင့်သကဲ့သို့ အခြားသူများကို မရိုက်နှက်သင့်၊ သို့မဟုတ် နှုတ်ဖြင့် မစော်ကားသင့်ပါ။ မိမိတို့၏ မိဘများကို လေးစားပြီး သူတော်စင်ကဲ့သို့ ယဉ်ကျေးဖွယ်ရာရှိသင့်ကြသည်။ ရုပ်တုဆင်းတုများကို မကိုးကွယ်သင့်၊ သူ့မယားကို မပြစ်မှားသင့်၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးယူသင့်၊ အလွဲသုံးစားမပြုသင့်၊ သို့မဟုတ် မမှန်သော သက်သေမခံသင့် စသည်တို့ ဖြစ်ပါသည်။) ဤတောင်းဆိုချက်များ၏ အနှစ်သာရမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်က မည်သည့်အကြောင်းပြချက်များအရ ဤတောင်းဆိုချက်များကို ပြုလုပ်ရသနည်း။ မည်သည့် အခြေခံကျသော အခြေအနေများပေါ်တွင် ယင်းတို့ကို အခြေပြုထားသနည်း။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ လူတွင် အပြစ်နှင့်ပြည့်သော သဘာဝရှိသည်ဟူသည့် အခြေအနေနှင့် အကြောင်းပြချက်ပေါ်တွင် ဤတောင်းဆိုချက်များကို အဆိုပြုခဲ့ခြင်း မဟုတ်လော။ ဤတောင်းဆိုချက်များသည်သာမန်လူ့သဘာဝ၏ ဘောင်အတွင်းတွင် ရှိသည်မဟုတ်လော။ ထိုအရာများသည် သာမန်လူ့သဘာဝရှိသူများ စွမ်းဆောင်ရရှိနိုင်သည့် အရာများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတောင်းဆိုချက်များကို ပုံမှန်လူ့သဘာဝရှိသော လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အခြေခံကျသော အခြေအနေပေါ်တွင် လုံးဝ အခြေခံ၍ တင်ပြထားပေသည်။ သို့ဆိုလျှင် ဤအရာနှင့်စပ်လျဉ်း၍ လူသားထံမှ ဘုရားသခင် တောင်းဆိုသည့် အပြုအမူများ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် ပုံမှန်လူ့သဘာဝက အသက်ရှင်နေထိုင်သည့် စစ်မှန်သော ပုံသဏ္ဌာန်အပြင် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံးသာသာ ဖြစ်သည်ဟု ငါတို့ ဆို၍ရနိုင်သလော။ ငါတို့ ပေးထားသည့် ဥပမာများမှာ လူတို့သည် သူတော်စင်ကဲ့သို့သော ယဉ်ကျေးဖွယ်ရာရှိသင့်ကြောင်းနှင့် မိမိတို့ကိုယ်ကိုယ် ချုပ်တည်းသင့်ကာ အပျော်အပါး၌ မပျော်မွေ့သင့်ကြောင်း၊ အခြားသူများကို မရိုက်နှက်၊ သို့မဟုတ် နှုတ်ဖြင့် မစော်ကားသင့်ကြောင်း၊ သို့မဟုတ် ဆေးလိပ်မသောက်၊ အရက်မသောက်သင့်ကြောင်း၊ သူ့မယားကို မပြစ်မှားသင့်၊ သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးသင့်၊ ရုပ်တုဆင်းတုများ မကိုးကွယ်သင့်ကြောင်းနှင့် မိမိတို့၏ မိဘများကို ရိုသေသင့်ကြောင်းတို့ဖြစ်သည်။ ပြီးလျှင် ကျေးဇူးတော်ခေတ်တွင် လူတို့ကို သည်းခံ၊ စိတ်ရှည်ရန်လည်း ပြောခဲ့သည် စသည်ဖြင့်ဖြစ်သော ဘုရားသခင် သတ်မှတ်သည့် ဤတောင်းဆိုချက်များမှာ လုပ်နည်းကိုင်နည်းတစ်မျိုးအထိမျှသာ ကန့်သတ်ထားသလော။ မကန့်သတ်ပါ၊ ပုံမှန်လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်သင့်ပုံအတွက် စံများကို ဘုရားသခင်က ခင်းကျင်းထားပြီး ဖြစ်သည်။ “စံများ”ဆိုသည်မှာ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းများကို ငါဆိုလိုသည်။ လူတစ်ဦးအနေဖြင့် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရန်အလို့ငှာ မည်သည့်အရာကို သင် အသက်ရှင်နေထိုင်ဖို့ လိုအပ်သနည်း။ ဘုရားသခင် တင်ပြသည့် သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းရမည်။ လူသားအပေါ် ဘုရားသခင် ပြုလုပ်ပြီးဖြစ်သည့် တောင်းဆိုချက် တစ်စိတ်တစ်ပိုင်းကိုသာ ငါတို့ စာရင်းပြုစုထားသည်။ အခြားသူများကို မရိုက်ရခြင်း၊ နှုတ်ဖြင့် မစော်ကားရခြင်း၊ ဆေးလိပ်မသောက်ရခြင်း၊ အရက်သေစာ မသောက်စားရခြင်း၊ သူ့မယားကို မပြစ်မှားရခြင်း၊ သို့မဟုတ် မခိုးရခြင်း စသည်တို့ကဲ့သို့သော တောင်းဆိုချက်များသည် ပုံမှန်လူ့သဘာဝရှိသူတို့ စွမ်းဆောင်ရရှိနိုင်သည့် အရာများဖြစ်သည်။ ဤအရာများသည် သမ္မာတရားထက် နိမ့်ကျပြီး သမ္မာတရား စံမမီသော်လည်း လူတစ်ဦးတွင် လူ့သဘာဝရှိမရှိဆိုသည်ကို ဆန်းစစ်ခြင်းအတွက် အခြေခံစံနှုန်းအချို့ ဖြစ်သည်။
ငါတို့ ယခုတင် အကျဉ်းချုပ်ခဲ့ကြသည့် လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့် အပြုအမူများ၏ အနှစ်သာရမှာ အဘယ်နည်း။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင် တောင်းဆိုသည့် နည်းလမ်းများဖြင့် အသက်ရှင်နေထိုင်နိုင်ပါက၊ သို့မဟုတ် ပြုမူနိုင်ပါက ဤလူသည် ဘုရားသခင်၏ အမြင်တွင် ပုံမှန်လူ့သဘာဝပိုင်ဆိုင်၏။ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတစ်ဦးသည် ဘုရားသခင် တောင်းဆိုသည့်နည်းလမ်းဖြင့် ပုံမှန်လူ့သဘာဝကို ဖွင့်ထုတ်ကာ အသက်ရှင်နေထိုင်သောကြောင့် ၎င်း၏ အပြုအမူ၊ လုပ်နည်းကိုင်နည်းများနှင့် ၎င်းအသက်ရှင်နေထိုင်သည့်အရာတို့အရ ထိုလူသည် ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများကို ပိုင်ဆိုင်ပြီး ပုံမှန်လူ့သဘာဝ၏ စံနှုန်းများကို ပြည့်မီပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ထိုသို့ပြော၍ ရသလော။ (ရပါသည်။) လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ထိုလူတွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားလူများထံမှ ခိုးယူပါက၊ လှည့်စားပါက၊ သို့မဟုတ် အခွင့်အရေးယူပါက ညစ်ညမ်းသော စကားကို မကြာခဏ သုံးပါက၊ ၎င်းတို့၏ ကိုယ်ပိုင် နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ပုံရိပ် သို့မဟုတ် အခြားအကျိုးစီးပွားများ အန္တရာယ်ရှိသည့်အခါ မည်သည့်သိက္ခာ စောင့်စည်းမှုမျှ လုံးဝမရှိဘဲ အခြားလူများကို ရိုက်နှက်ပြီး ထိခိုက်နာကျင်စေပါက၊ သူ့မယားပြစ်မှားခြင်း အပြစ်ကို ကျူးလွန်သည်အထိပင် ၎င်းတို့ လုပ်ဆောင်ပါက၊ အထူးသဖြင့် ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည့်နောက်တွင် လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်ပုံ၌ ပြဿနာများ ရှိနေဆဲဖြစ်ပါက ၎င်းတို့၏ လူ့သဘာဝသည် ပုံမှန်ဖြစ်ပါသလော။ (ပုံမှန်မဟုတ်ပါ။) မယုံကြည်သူများကို သင် ဆန်းစစ်သည်ဖြစ်စေ၊ သို့မဟုတ် ယုံကြည်သူများကို သင် ဆန်းစစ်သည်ဖြစ်စေ ဘုရားသခင် ချပြထားသည့် ဤအပြုအမူဆိုင်ရာ စံနှုန်းများသည် လူတစ်ဦး၏ လူ့သဘာဝကို ဆန်းစစ်ခြင်းအတွက် အနိမ့်ဆုံးနှင့် အနည်းဆုံး စံနှုန်းများမျှသာ ဖြစ်သည်။ ယုံကြည်သူများ ဖြစ်လာပြီးနောက်တွင် မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်ပြီး အနည်းငယ် အသုံးခံကာ အဖိုးအခ အနည်းငယ် ပေးနိုင်သော်လည်း ဘုရားသခင် ချပြထားသည့် စံနှုန်းများကို လုံးဝ မပြည့်မီသည့် သူအချို့ရှိသည်။ ဤလူစားမျိုးများသည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း မရှိသည်မှာ ရှင်းပေသည်။ အခြေခံအကျဆုံး လူသားပုံသဏ္ဌာန်ကိုပင် ၎င်းတို့ အသက်ရှင်နေထိုင်ခြင်း မရှိကြချေ။ လူတစ်ဦးက ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်း မရှိသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ခြင်းမရှိဟု ဆိုလိုသည်။ လူ့သဘာဝကို အသက်ရှင်နေထိုင်ရာတွင် လူသားမျိုးနွယ်၏ အပြုအမူအတွက် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက် စံနှုန်းများကိုပင် ၎င်းတို့ မပြည့်မီနိုင်သောကြောင့် ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းကာ အားရစရာမကောင်းသော ဆန်းစစ်ချက်တစ်ခုသာ ၎င်းတို့ကို ပေးနိုင်သည်။ လူတစ်ဦး၏ လူ့သဘာဝကို ဆန်းစစ်ခြင်းအတွက် အနိမ့်ဆုံး စံနှုန်းမှာ ၎င်းတို့၏ အပြုအမူက လူသားမျိုးနွယ်၏ အပြုအမူအတွက် ဘုရားသခင် သတ်မှတ်ထားသည့် သတ်မှတ်ချက်စံနှုန်းများကို ပြည့်မီခြင်းရှိမရှိ ကြည့်ရန်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် မိမိတို့ကိုယ်ကိုယ် ချုပ်တည်းခြင်းရှိမရှိ၊ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သည့်အရာတွင် သူတော်စင်ကဲ့သို့သော လူမှုရေးကျင့်ဝတ် ရှိမရှိ၊ အခြားသူများနှင့် ဆက်ဆံရာတွင် အခွင့်အရေးယူခြင်း ရှိမရှိ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အသင်းတော်ထဲရှိ ညီအစ်ကို မောင်နှမများကို ချစ်ခြင်း၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ဆက်ဆံခြင်းရှိမရှိ၊ ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အစွမ်းကုန် ဖြည့်ဆည်းခြင်း ရှိမရှိ၊ မည်သူမျှ ကြည့်မနေချိန်တွင် ရုပ်တုဆင်းတုများကို ၎င်းတို့ ကိုးကွယ်နေဆဲ ရှိမရှိ စသည်တို့ကို ကြည့်လော့။ လူတစ်ဦး၏ လူ့သဘာဝကို ဆန်းစစ်ရန် ဤအရာများကို ငါတို့ သုံးနိုင်သည်။ ထိုလူက သမ္မာတရားကို ချစ်ပြီး လိုက်စားခြင်း ရှိမရှိကို ဘေးဖယ်လျက် ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် အပြုအမူက ဘုရားသခင် သတ်မှတ်ထားသည့် အပြုအမူဆိုင်ရာ စံနှုန်းများကို ပြည့်မီခြင်း ရှိမရှိဆိုသည်ကို ပထမဦးစွာ ဆန်းစစ်လော့။ ထိုအပြုအမူဆိုင်ရာ စံနှုန်းများကို ၎င်းတို့ မပြည့်မီပါက သာမန်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ အလွန်ညံ့ဖျင်းသည်ဖြစ်စေ၊ ဆိုးရွားသည်ဖြစ်စေ ထိုသို့သော အစီအစဉ်ဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့် အတိုင်းအတာအတိုင်း ၎င်းတို့၏ လူ့သဘာဝကို ဆန်းစစ်နိုင်သည်။ ဤသည်မှာ တိကျမှန်ကန်ပေသည်။ ယုံကြည်သူတစ်ဦးသည် စူပါမားကတ် သို့မဟုတ် လူအများ သွားလာရာနေရာများသို့ သွားသည့်အခါ ဆိုင်ပစ္စည်းအလစ်သုတ်ပြီး ခါးပိုက်နှိုက်ပါက၊ ခိုးသည့်အလေ့အထရှိပါက၊ မည်သည့် လူ့သဘာဝမျိုး ၎င်းတို့ ရှိကြသနည်း။ (မကောင်းသည့် လူ့သဘာဝ ဖြစ်ပါသည်။) တစ်စုံတစ်ရာက ၎င်းတို့ကို ဒေါသထွက်စေသည့်အခါ အခြားလူများကို အော်ဟစ်အနိုင်ကျင့်ကာ ရိုက်ပင်ရိုက်နှက်သည့် လူအချို့ ရှိသည်။ ၎င်းတို့၏ စော်ကားမှုများသည် အခြားလူတစ်ဦး၏ အနှစ်သာရအပေါ် မျှတသည့် အကဲဖြတ်ချက်မဟုတ်ပါ။ ထို့ထက် ထင်ရာမြင်ရာ စွပ်စွဲချက်များဖြစ်ပြီး ဆိုးယုတ်သော စကားနှင့် ပြည့်၏။ ထိုသို့သောလူများသည် မည်သည့်အရာမျှ ထိန်းချုပ်မထားဘဲ မိမိတို့၏ အမုန်းတရားကို ဖွင့်ထုတ်ခွင့်ပေးသည့် မည်သည့်အရာကိုမဆို ပြောကြသည်။ အထူးသဖြင့် အချို့သောလူများသည် နားမခံသာသဖြင့် သင်ဆိုလျှင်ပင် ကြားချင်မည်မဟုတ်သည့် စကားများကို မယုံကြည်သူဖြစ်သည့် မိမိတို့၏ မိဘများ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးများအပြင် မယုံကြည်သူများဖြစ်သည့် မိတ်ဆွေများကို ပြောဆိုကြသည်။ ဤလူစားမျိုးသည် မည်သည့်လူ့သဘာဝမျိုး ရှိသနည်း။ (မကောင်းသည့် လူ့သဘာဝဖြစ်သည်။) ၎င်းတို့တွင် လူ့သဘာဝမရှိဟူ၍လည်း သင် ဆိုနိုင်သည်။ ထို့နောက် ငွေများကိုသာ အာရုံစိုက်နေသည့် အခြားသောသူများ ရှိသည်။ ဤလူများသည် ငွေရှိသည့်၊ ကောင်းကောင်း စားနိုင်ပြီး ဝတ်ကောင်းစားလှများ ဝတ်ကာ ကြွယ်ဝသောဘဝ ရှိသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါ ၎င်းတို့အပေါ် အမြဲ အခွင့်အရေး ယူချင်ကြ၏။ ၎င်းတို့သည် ဝေ့လည်ကြောင်ပတ်နည်းလမ်းဖြင့် ထိုသူများထံမှ ပစ္စည်းများ အမြဲ တောင်းကြသည်၊ သို့မဟုတ် ၎င်းတို့၏ အစားအစာကို စားပြီး၊ ၎င်းတို့၏ ပစ္စည်းများကို သုံးကြသည်၊ သို့မဟုတ် ၎င်းတို့ထံမှ ပစ္စည်းများ ငှားပြီး ပြန်မပေးကြချေ။ ကြီးမားသော နည်းလမ်းတစ်ခုတစ်လေဖြင့် အခြားသူများအပေါ် ၎င်းတို့ အခွင့်အရေးမယူခဲ့ကြသကဲ့သို့ ၎င်းတို့၏ လုပ်ရပ်များက အလွဲသုံးစားလုပ်ခြင်း၊ သို့မဟုတ် လာဘ်စားခြင်း သဘောမသက်ရောက်သော်လည်း ၎င်းတို့၏ ဤခိုးယူတတ်သည့် အထုံပါရှိသည့် အပြုအမူများသည် အမှန်တကယ် နိမ့်ကျပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ အခြားသူများ၏ အထင်သေးမှု ခံရသည်။ ပိုဆိုးသည်မှာ ဆန့်ကျင်ဘက်လိင်၏ အလှအပကို အစွဲအလမ်းကြီးသူများ ရှိသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို မကြာခဏ ကြည့်သည့်အပြင် ဆန့်ကျင်ဘက်လိင်များဖြင့် အပြစ်ကျူးလွန်လျက် သူတစ်ပါး၏ သားမယားကိုပင် ပြစ်မှားကြသည်။ ဤလူအချို့မှာ အိမ်ထောင်မရှိသူများဖြစ်စဉ်တွင် အခြားသူများမှာ မိသားစုများ ရှိကြသည်။ အလွန်အသက်ကြီးရင့်သော်ငြား သူ့မယားပြစ်မှားရာတွင် ပါဝင်ပတ်သက်သူအချို့ပင် ရှိသည်။ ပို၍ပင် ဆိုးသည်မှာ လူအချို့သည် လိင်တူချင်းကို သွေးဆောင်ဖြားယောင်းပြီး ၎င်းတို့နှင့် လိင်ဆက်ဆံရန်ပင် ကြိုးစားကြသည်။ အလွန် စက်ဆုပ်စရာဖြစ်၏။ သာ၍ပင် မယုံနိုင်စရာဖြစ်သည့်အရာမှာ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးဖြစ်သော်လည်း သမ္မာတရားက အခြားအရာအားလုံးထက် သာလွန်ကြောင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များက အရာရာကို ပြီးမြောက်စေကြောင်း မယုံကြည်ကြသူများ အချို့ရှိသည်။ ဤလူများသည် မိမိတို့၏ ရှေ့ဖြစ်ကိုပြောစေရန် မကြာခဏ ဗေဒင်ဆရာများထံ တိတ်တဆိတ် သွားကြသည်။ ဗုဒ္ဓ သို့မဟုတ် အခြားရုပ်တုဆင်းတုများကို ကိုးကွယ်ရန် အမွှေးနံ့သာထွန်းကြပြီး အချို့မှာ အခြားလူများကို ကျိန်စာတိုက်ရန် စုန်းကဝေအရုပ်များကိုပင် သုံးကြသည်၊ သို့မဟုတ် နတ်မေးခြင်း စသည်တို့ကို လုပ်ကြသည်။ ဤသို့ ဆိုးယုတ်သော မှော်အတတ်မျိုးကို လုပ်ဆောင်ခြင်းသည် သာ၍ပင် ဆိုးရွားသည့် ပြဿနာဖြစ်သည်။ ဤကဲ့သို့သော လူများသည် မယုံကြည်သူများဖြစ်ပြီး မယုံကြည်သူများနှင့် မကွဲပြားပေ။ အခြေအနေများက သာမညဖြစ်သည်ဖြစ်စေ၊ ဆိုးရွားပြင်းထန်သည်ဖြစ်စေ လူတစ်ဦးသည် ဤသရုပ်သကန်များ ရှိသည်နှင့် ၎င်းတို့သည် မူမမှန်သကဲ့သို့ စွန်းထင်းသည့် နည်းလမ်းဖြင့် လူ့သဘာဝကို အသက်ရှင်နေထိုင်ကြကြောင်းနှင့် ၎င်းတို့၏ အပြုအမူအချို့မှာ သာ၍ပင် မှားယွင်းကြောင်း၊ အဓိပ္ပာယ်မဲ့ကြောင်း၊ ယင်းတို့သည် အမှန်တကယ် အပြစ်နှင့်ပြည့်သော အပြုအမူများဖြစ်ကြောင်းကို ငါတို့ ပြောနိုင်၏။ ဘုရားသခင်ကို ယုံကြည်လာပြီးသည့်နောက်တွင် လူအချို့သည် အလွန် မပေါ်တပေါ် ဝတ်ဆင်ကြသည်။ မယုံကြည်သူများကဲ့သို့ ရမ္မက်ကြွစေသာ သွင်ပြင်အပေါ် အလွန်အရေးထားကြပြီး လောကီ ရေပန်းစားမှုများနောက် လိုက်ကြသည်။ ၎င်းတို့သည် သန့်ရှင်းသူများနှင့် လုံးဝ မဆင်တူကြချေ။ လူအချို့သည် စုဝေးပွဲများကို သွားသည့်အခါ ပိုရည်ရည်မွန်မွန် ဝတ်ဆင်ကြသော်လည်း အိမ်ရောက်သည့်အခါ မယုံကြည်သူများ၏ ခေတ်ဆန်သော အဝတ်အစားများကို ပြောင်းဝတ်လိုက်ကြသည်။ ၎င်းတို့ ဝတ်ဆင်နေကြသည့်အရာကိုကြည့်လျှင် ၎င်းတို့သည် ယုံကြည်သူများနှင့် မတူကြချေ။ ၎င်းတို့နှင့် မယုံကြည်သူများကြားတွင် ကွာခြားမှု မရှိချေ။ ၎င်းတို့သည် အမှုကိစ္စများကို ရယ်စရာလုပ်ပြီး ပြက်လုံးထုတ်ကြသည်။ အလွန့်အလွန် မိမိကိုယ်ကိုယ် အလိုလိုက်ကြပြီး ချုပ်တည်းမှု မရှိသည်ကို ပြကြသည်။ ဤသို့သော လူများသည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နေကြသလော။ (မနေထိုင်ကြပါ။) ၎င်းတို့သည် လောကီ ရေပန်းစားမှုများနှင့် ရမ္မက်ကြွစေဖို့နှင့် အခြားသူများကို စွဲဆောင်ကာ အာရုံစိုက်စေရန် အားထုတ်ကြသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်ရန် ကြိုးစားလျက်၊ မိမိတို့ကိုယ်ကိုယ် ဟန်ကျပန်ကျ ဆင်ယင်ရင်းနှင့် မိတ်ကပ်အလွန်အကျွံ လိမ်းရင်း တစ်နေ့လုံး အချိန်ကုန်ကြသည်။ ဤလူများ အသက်ရှင်နေထိုင်သည့်အရာမှာ အတော်ညံ့ဖျင်း၏။ ၎င်းတို့သည် ၎င်းတို့ ဝတ်ဆင်ပုံ၊ ပြောဆို၊ ပြုမူပုံအရ မိမိတို့ကိုယ်ကိုယ်ပင် မချုပ်တည်းနိုင်ကြသကဲ့သို့ သူတော်စင်ကဲ့သို့သော လူမှုကျင့်ဝတ်မရှိကြချေ။ ထို့ကြောင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများအရ ၎င်းတို့ကို ငါတို့ ဆန်းစစ်သည့်အခါ ၎င်းတို့ အသက်ရှင်နေထိုင်သည့် လူ့သဘာဝသည် အလွန်ညံ့ဖျင်းကြောင်း သိသာပေသည်။ လူတို့၏ အပြုအမှု၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာတို့နှင့် စပ်လျဉ်းသည့် ဘုရားသခင်၏ တောင်းဆိုချက်များ ပုံမှန်လူ့သဘာဝအတွက် တောင်းဆိုချက်များနှင့် လုံးဝ ကိုက်ညီသည်ကို ဤခိုင်လုံသော ဥပမာများမှ ငါတို့မြင်နိုင်သည်။ ထို့ကြောင့် ပုံမှန်လူ့သဘာဝရှိသောသူများသည် ယင်းတို့ကို အလိုအလျောက် စွမ်းဆောင်ရရှိနိုင်ကြပေသည်။ ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင် အသက်ရှင်နေထိုင်သည့်အရာဖြစ်ပါက သင်သည် လူသားသဏ္ဌာန်ကိုသာ ပိုင်ဆိုင်ကာ ပုံမှန်လူနှင့်ဆင်ပြီး ပုံမှန်လူ့သဘာဝ၏ အနိမ့်ဆုံးအဆင့် ရှိသည်ဟု ဆိုလို၏။ ဘုရားသခင်၏ တောင်းဆိုချက်များ၏ တိကျသည့် အသေးစိတ်အချက်များကို ကြည့်ခြင်းအားဖြင့် လူ့သဘာဝကို ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် အတုအယောင်၊ သို့မဟုတ် ဟန်ဆောင်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို လှည့်စားခြင်း မဟုတ်သည်ကို ငါတို့ မြင်နိုင်သည်။ ထို့ထက် ပုံမှန် လူ့သဘာဝက ထင်ရှားပေါ်လွင်သင့်သည့် နည်းလမ်းနှင့် ယင်းက ပိုင်ဆိုင်သင့်သည့် စစ်မှန်မှု ဖြစ်၏။ ဤပုံမှန်လူ့သဘာဝအား ဖွင့်ထုတ်ခြင်းများဖြင့် အသက်ရှင်နေထိုင်သူတို့သည်သာ လှည့်စားချက် စိုးစဉ်းမျှမရှိဘဲ လူသားပုံသဏ္ဌာန်ကို ပိုင်ဆိုင်ပေသည်။ လူတို့သည် ပုံမှန်လူ့သဘာဝကို ဤသို့ အသက်ရှင်နေထိုင်ခြင်းအားဖြင့်သာ အခြားသူများ၏ လေးစားမှုကို ရရှိနိုင်ပြီး သိက္ခာဖြင့် အသက်ရှင်နိုင်သည်။ ပြီးလျှင် ပုံမှန် လူ့သဘာဝကို ဤသို့အသက်ရှင်နေထိုင်ခြင်းနှင့် သူတော်စင်ကဲ့သို့သော လူမှုကျင့်ဝတ်ကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ လူတို့၏ ပုံမှန်ဖွင့်ထုတ်ခြင်းများက ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခါ သင်အသက်ရှင်နေထိုင်သမျှတိုင်းသည် အပြုသဘောဆောင်ကာ အပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှု ဖြစ်လိမ့်မည်ဖြစ်ပြီး ဟန်ဆောင်မှု ဖြစ်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်လိမ့်မည်။
လူသား၏ ကောင်းမွန်သော အပြုအမူ၏ အနှစ်သာရနှင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူ၏ အနှစ်သာရ နှစ်ခုလုံးကို ရှင်းရှင်းလင်းလင်းနှင့် နားလည်နိုင်ရန် ရှင်းပြပြီးဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ပုံမှန် လူ့သဘာဝကို ၎င်းတို့ မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်တို့မှာလည်း ရှင်းလင်းသင့်သည်မဟုတ်လော။ လူများသည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအကြောင်း မေးခွန်းများနှင့် ပတ်သက်၍ မြှောက်ပြောလွန်းလိမ့်မည်မဟုတ်၊ သို့မဟုတ် ချစ်တီးခေါင်းသန်းရှာ လုပ်လိမ့်မည် မဟုတ်ပေ။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းသည် လူတို့၏ ဘဝတွင် လူ့သဘာဝနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရေးမပါသော အရာများနှင့် ဆက်နွှယ်မှု ရှိသလော။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် အဓိပ္ပာယ်မဲ့သော လူအချို့ရှိသည်။ ၎င်းတို့က “ဘုရားသခင်၏ မိတ်သဟာယက အလွန်အသေးစိတ်ကျသည့်အတွက် ကျွန်ုပ်တို့ ဘဝ၏ သေးငယ်သည့် ကဏ္ဍတိုင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ်တို့သည်လည်း စေ့စပ်သင့်ကြသည်။ ဥပမာအားဖြင့် ကန်စွန်းဥများ ပိုမိုအာဟာရဖြစ်သည်မှာ ပေါင်းသောအခါတွင်လော၊ သို့မဟုတ် ကင်သောအခါတွင်လော”ဟု ဆိုကြသည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းနှင့် ဆက်နွှယ်သလော။ လုံးဝ မဆက်နွှယ်ပါ။ မည်သည့်အရာကို လူတို့ စားသင့်ပြီး မည်သို့စားသင့်သည်ဆိုသည်မှာ ယခုတွင် လူအားလုံး ပိုင်ဆိုင်သည့် ဘဝပေးအသိဖြစ်သည်။ တစ်စုံတစ်ရာကို စားသုံးခြင်းနှင့် ပတ်သက်၍ ပြဿနာမရှိသရွေ့၊ သင် စားချင်သည့် မည်သည့်အရာကိုမဆို စားနိုင်သည်။ ထိုသို့သော ရိုးရှင်းသည့် ဘဝပေးအသိ ကိစ္စများတွင် တစ်စုံတစ်ဦးက သမ္မာတရား ရှာဖွေသင့်ကြောင်းနှင့် ထိုသို့သောအရာများကို သမ္မာတရား ဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်ဟု တွေးထင်ပါက ထိုလူသည် ရယ်ဖွယ်ဖြစ်ပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယခုတွင် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်သည့် ဤသို့သော ကိစ္စများတွင် အလွန်စေ့စပ်သော လူအချို့ရှိ၏။ ဤလူများက သမ္မာတရားကို ၎င်းတို့ လိုက်စားနေသည်ဟု တွေးထင်ကြပြီး မပြောပလောက်သော ကိစ္စများကို သမ္မာတရား ဖြစ်သည့်အလား စုံစမ်းကာ ဆန်းစစ်ကြသည်။ အချို့မှာ ဤအရာများအကြောင်း ငြင်းခုံရင်း အရှက်ပင်ရကြသည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ ဝိညာဉ်ရေးရာ သိနားလည်မှု အကြီးအကျယ် ကင်းမဲ့ခြင်း ကိစ္စတစ်ခု မဟုတ်လော။ လူအချို့သည် ကန်စွန်းဥများကို စားခြင်းကိစ္စနှင့် ပတ်သက်၍ သမ္မာတရား ဖြစ်သည့်အလား ရှာဖွေကြသည့်အချက်မှာ အမှန်တကယ် ရယ်ဖွယ်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြသကဲ့သို့ သမ္မာတရား လိုက်စားခြင်းက ဆိုသည်မှာ အဘယ်ဖြစ်သည်ကို မသိကြသောကြောင့် မျှော်လင့်ချက်မဲ့သူများဖြစ်ကြသည်။ ၎င်းတို့သည် ဘဝတွင် အရိုးရှင်းဆုံးသော ကိစ္စများကို မရိပ်စားမိနိုင်ကြသကဲ့သို့ ဤပြဿနာများကို မဖြေရှင်းနိုင်ကြချေ။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံးတွင် ၎င်းတို့ အသက်ရှင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤလူများသည် မည်မည်ရရ မဟုတ်သော ကိစ္စရပ်များကို စုဝေးပွဲများထဲသို့ ယူဆောင်လာပြီး ယင်းတို့တွင် တစ်ဦးတစ်ယောက်က သမ္မာတရား ရှာဖွေနိုင်သည့် အကြောင်းအရာများဖြစ်သည့်အလား မည်သို့များ ဆွေးနွေးကာ မိတ်သဟာယပြုကြနိုင်သနည်း။ အကြောင်းရင်းမှာ အဓိကအားဖြင့် ဤလူများသည် မူမမှန်သော သဘောပေါက်မှုများရှိပြီး ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ကြ၏။ ၎င်းတို့သည် မည်သည့် ဆက်စပ်အကြောင်းအရာ၌ စေ့စပ်ကြသနည်း။ ဤအတွေးများနှင့် စိတ်ကူးများက အဘယ်ကြောင့် ၎င်းတို့တွင် ပေါ်ထွက်ခဲ့သနည်း။ စုဝေးပွဲများတွင် ကန်စွန်းဥများကို မည်သို့စားရမည်နှင့်ပတ်သက်၍ မည်သို့များ ၎င်းတို့ ဆွေးနွေးကာ မိတ်သဟာယပြုနိုင်ကြရသနည်း။ ယင်းမှာ ငါ မိတ်သဟာယပြုနေခဲ့သည့် ကိစ္စရပ်များက အလွန် ခိုင်လုံကာ ဤအရာက ဇီဇာကြောင်ကာ ချစ်တီးခေါင်းသန်းရှာချင်ကြသူများအကြား နားလည်မှုလွဲခြင်းအချို့ ဖြစ်ပေါ်စေခဲ့သောကြောင့် ဖြစ်သလော။ ဤပြဿနာနှင့် အခြေအနေများ ဖြစ်ပေါ်သည့်အခါ ဤလူများကို စကားပြောခြင်းသည် မျောက်များကို လူသားများဖြစ်သည့်အလား ဆက်ဆံခြင်းကဲ့သို့ ငါခံစားရ၏။ မျောက်များသည် တောင်များနှင့် တောကြီးမျက်မည်းများထဲတွင် အသက်ရှင်သည့် သတ္တဝါများ ဖြစ်သည်။ လူသားများနှင့် ဆင်တူကြပြီး ၎င်းတို့၏ အပြုအမူများနှင့် အလေ့အကျင့်တို့သည် လူသားများနှင့် တူသော်လည်း၊ ပြီးလျှင် လူသားများက မျောက်များကို မိမိတို့၏ ဘိုးဘေးများကဲ့သို့ မြင်ခဲ့သည့် အချိန်ကာလတစ်ခု ရှိခဲ့သော်လည်း မည်သို့ပင်ဆိုစေ မျောက်များသည် မျောက်များသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် သစ်တောများနှင့် တောင်များတွင် နေထိုင်သင့်သည်။ လူသားများနှင့်အတူ နေထိုင်ရန် ၎င်းတို့ကို အိမ်များတွင် ထားဖို့ရန်မှာ မှားမည်မဟုတ်လော။ မျောက်များကို လူသားများဖြစ်သည့်အလား ငါတို့ ဆက်ဆံသင့်သလော။ (မဆက်ဆံသင့်ပါ။) ထို့ကြောင့် သင်တို့သည် မျောက်များလော၊ သို့မဟုတ် လူသားလော။ သင်တို့သည် လူသားဖြစ်ပါက မည်မျှ ငါစကားပြောရမည်ဖြစ်စေ၊ မည်မျှကြိုးစား အလုပ်လုပ်ရမည်ဖြစ်စေ ငါ့အတွက်မူ ဤအရာများကို သင်တို့အား ပြောရန်မှာ သင့်လျော်ပြီး ပြောရကျိုးနပ်ပေသည်။ သင်တို့သည် မျောက်များဖြစ်ကြပါက လူသားများကဲ့သို့ သင့်တို့ကို ဆက်ဆံရန်နှင့် သင်တို့နှင့်အတူ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို ဆွေးနွေးရင်း ငါ၏လေကို ဖြုန်းတီးရန်မှာ ငါ့အတွက် သင့်လျော်ပါ၏လော။ ယင်းမှာ အကျိုးရှိသလော။ (အကျိုးမရှိပါ) သို့ဆိုလျှင် သင်တို့သည် လူသားများလော၊ သို့မဟုတ် မျောက်များလော။ (လူသားများ ဖြစ်ပါသည်။) သင်တို့သည် လူသားများဖြစ်ကြသည်ဟု မျှော်လင့်၏။ စုဝေးပွဲများတွင် ကန်စွန်းဥများကို မည်သို့စားရမည်နှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို သင်တို့ မည်ကဲ့သို့ ရှုမြင်ကြသနည်း။ ဤသို့သော ကိစ္စများတွင်လည်း စေ့စပ်ကြမည်လော။ ဥပမာအားဖြင့် လူတို့က “ကျွန်ုပ် အင်္ကျီပြာဝတ်သင့်သလား၊ အင်္ကျီဖြူဝတ်သင့်သလား။ အင်္ကျီဖြူများ ဝတ်ပါက မည်သည့် အဖြူမျိုးနည်း။ မည်သည့် အဖြူမျိုးက သန့်ရှင်းမှုကို ကိုယ်စားပြုပြီး သန့်ရှင်းသူတစ်ဦးနှင့် သင့်လျော်သနည်း။ အင်္ကျီပြာက ကျွန်ုပ်အတွက် သင့်လျော်ပါက မည်သည့် အပြာဖြစ်သနည်း။ မည်သည့် အပြာက လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ စံများနှင့် အသင့်လျော်ဆုံးဖြစ်ကာ ဘုရားသခင်ကို ဂုဏ်အသရေအများဆုံး ဆောင်ကြဉ်းပေးနိုင်သနည်း” ဟု မေးကြသည်။ ဤကိစ္စများတွင် သင် စေ့စပ်တိကျဖူးသလော။ မည်သည့် ဆံပင်ပုံစံ၊ မည်သည့် စကားပြောပုံနှင့် လေယူလေသိမ်းက သန့်ရှင်းသူတစ်ဦးနှင့် သင့်လျော်သည်ဟု တစ်ဦးတစ်လေက တစ်ကြိမ်တစ်ခါမျှ စဉ်းစားမိဖူးသလော။ ဤအရာများနှင့် ပတ်သက်၍ သင်တို့ စေ့စပ်တိကျဖူးသလော။ လူအချို့သည် စေ့စပ်ပြီးဖြစ်ကာ ဤအရာများ၌ အားထုတ်ကြပြီး ဖြစ်သည်။ မိမိတို့၏ဆံပင်ကို ရွှေရောင်ဖျော့ဖျော့ ဆိုးချင်သူ၊ အနီရောင် သို့မဟုတ် အခြားထူးဆန်းသည့် အရောင် ဆိုးချင်သူအချို့ ရှိကြသော်လည်း ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် အသင်းတော်ရှိ အခြားသော ညီအစ်ကို မောင်နှမများသည် မိမိတို့၏ ဆံပင်ကို ဆေးမဆိုးကြကြောင်း တွေ့ကြသောကြောင့် ၎င်းတို့လည်း ဆေးမဆိုးကြတော့ချေ။ နှစ်အတော်ကြာပြီးသည့်နောက်တွင်သာ တစ်ဦးတစ်ယောက်က မည်သည့် ဆံပင်အရောင်၊ ဆံပင်ပုံစံရှိသည်ဖြစ်စေ အရေးမပါကြောင်း ၎င်းတို့ အပြည့်အဝ နားလည်သွားကြသည်။ အရေးပါသည်မှာ ပုံမှန်လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို ချစ်မချစ်ဆိုသည့်အရာ ဖြစ်သည်။ ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းနှင့် မည်သို့မျှ မပတ်သက်သည့် ထိုသို့သော ကိစ္စများတွင် စေ့စပ်တိကျကြသည့်လူများသည် ဤအရာများက သမ္မာတရားနှင့် လုံးဝ မဆက်နွှယ်သောကြောင့် ဤအရာများ၌ အားထုတ်ခြင်းသည် အဓိပ္ပာယ်မဲ့ကြောင်း တဖြည်းဖြည်း နားလည်လာကြသည်။ ယင်းတို့မှာ ပုံမှန်လူ့သဘာဝ နယ်ပယ်အတွင်းရှိ ပြဿနာအချို့သာ ဖြစ်ပြီး၊ သမ္မာတရား စံမမီကြချေ။ သင် အသက်ရှင်နေထိုင်သည့် လူ့သဘာဝသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများကို ပြည့်မီပါက လုံလောက်ပေသည်။ ယခင်က ဤကိစ္စများဖြင့် သင်တို့အားလုံး ဇဝေဇဝါဖြစ်ကာ ရှုပ်ထွေးခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် စုဝေးပွဲများအတွင်း ကန်စွန်းဥများအား မည်သို့ စားရမည်ဆိုသည်နှင့် ပတ်သက်၍ စကားအချေအတင် ပြောခြင်းလောက် မလွန်ကဲလျှင်ပင် သင်တို့သည်လည်း သေးငယ်၊ အရေးမပါသည့် ဘဝ၏ အရေးကိစ္စအချို့ကြောင့် စိတ်ရှုပ်ထွေးကြလေပြီဖြစ်သည်။ ဤသည်တို့မှာ အမှန်တရားများ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စရပ်များနှင့် ပတ်သက်၍ ခိုင်မာသော ကောက်ချက်တစ်ခု ရှိသင့်သည်မဟုတ်လော။ လူတို့သည် ဘုရားသခင်၏တောင်းဆိုချက်များနှင့် စံနှုန်းများအတိုင်း ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်သည့်အခါ မည်သည့် စည်းမျဉ်းများ လိုက်လျှောက်သင့်သည်ကို သင်တို့ ရှင်းလင်းကြသလော။ အချို့သော အထူး အခြေအနေများ နောက်ထပ် ကြုံရသည့်အခါ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင် သိသလော။ လူအချို့က “ကန်စွန်းဥများ မည်သို့စားရမည်ကို မေးမြန်းခြင်းကဲ့သို့သော လွန်ကဲသည့်အရာများ မလုပ်သော်လည်း ကျွန်ုပ်၏ နေ့စဉ်ဘဝတွင် အချို့သော ပြဿနာများ ပေါ်ပေါက်လျှင် အတန်ကြာ ကျွန်ုပ် စိတ်ရှုပ်ထွေးဦးမည်ဖြစ်သည်”ဟု ဆိုကြသည်။ ထို့ကြောင့် ငါ့ကို ဥပမာတစ်ခု ပေးလော့။ မည်သည့် ပြဿနာက သင့်အား အတန်ကြာ စိတ်ရှုပ်ထွေးစေမည်နည်း။ အမျိုးသမီးများအတွက် မိတ်ကပ်လိမ်းရန်မှာ မှားသည်ဟု သင် ပြောမည်လော။ ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းအတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသလော။ (မမှားပါ။) ဤနေရာတွင် “မမှားပါ”ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ (အကြင်သူ၏ မိတ်ကပ်သည် သန့်ရှင်းသူနှင့် သင့်လျော်ပြီး အလွန်အကျွံမဟုတ်သရွေ့ အဆင်ပြေပါသည်။) အလွန်အကျွံဖြစ်သော မိတ်ကပ်မဟုတ်သရွေ့ သင့်လျော်၏။ “အလွန်အကျွံမဟုတ်သည့် မိတ်ကပ်ကို လိမ်းရန် သင့်လျော်ပါက ယင်းမှာ ကိုယ်တော်က ကျွန်မတို့ကို မိတ်ကပ်လိမ်းစေချင်သည့် သဘောဖြစ်ပါသလား”ဟု မေးသောသူအချို့ရှိသည်။ ယင်းကို ငါ ပြောခဲ့သလော။ (ကိုယ်တော် မပြောခဲ့ပါ။) မိတ်ကပ်လိမ်းခြင်းသည် ပြဿနာမဟုတ်။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းနှင့် ကိုက်ညီ၏။ ဤအရာအတွက် အဆုံးအဖြတ်ပေးသည့် စည်းမျဉ်းမှာ မိတ်ကပ် အလွန်အကျွံမဟုတ်သရွေ့ အဆင်ပြေသည်ဟူ၍ ဖြစ်သည်။ ယင်းသည် စံနှုန်းဖြစ်၏။ ထို့ကြောင့် ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းကို လိုက်နာရန်အလို့ငှာ အမျိုးသမီးများသည် မိမိတို့၏ မိတ်ကပ်ကို မည်သည့် အတိုင်းအတာအတွင်း ထိန်းသိမ်းရမည်နည်း။ အကန့်အသတ်ဘောင်မှာ အဘယ်နည်း။ “အလွန်အကျွံဖြစ်သော မိတ်ကပ်”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့် မိတ်ကပ်မျိုးကို အလွန်အကျွံဖြစ်သည်ဟု မှတ်ယူသနည်း။ အကန့်အသတ်ဘောင်ကို ရှင်းလင်းစွာ ထားရှိပါက မည်သည့်အရာ လုပ်ဆောင်ရမည်ကို လူတို့ သိကြလိမ့်မည်။ ဤသည်မှာ အသေးစိတ် အချက်အလက်တစ်ခု မဟုတ်လော။ အလွန်အကျွံဖြစ်သော မိတ်ကပ်က မည်သည့်အရာ ဆိုလိုကြောင်း ရှင်းပြသည့် ဥပမာတစ်ခုကို ငါ့အား ပေးလော့။ (ကြည့်ရန် အလွန့်အလွန် သဘာဝမကျသကဲ့သို့ သက်သောင့်သက်သာ မဖြစ်ရန်အလို့ငှာ တစ်ဦးတစ်ယောက်၏ မျက်နှာ အလွန်ဖြူဖွေးအောင်၊ သူတို့၏ နှုတ်ခမ်းများ အလွန်နီရဲအောင်နှင့် သူတို့ မျက်လုံးများ အလွန် မဲအောင် လိမ်းသည့်အခါတွင် ဖြစ်သည်။) ယင်းက တစ္ဆေသရဲကဲ့သို့ လူတို့မြင်သည့်အခါ လန့်ဖျပ်စေပြီး အခြားသူများက ထိုလူ၏ သဘာဝဆန်သော သွင်ပြင်၊ သို့မဟုတ် မျက်နှာကို မမြင်နိုင်ဖြစ်စေသည်။ အချို့သော နိုင်ငံများနှင့် လူမျိုးစုနိုင်ငံများအပြင် အချို့သော အလုပ်အကိုင်များတွင် အထူးသဖြင့် အလွန်အကျွံဖြစ်သော မိတ်ကပ်ကို လိမ်းကြသည်။ ဥပမာအားဖြင့် ဘားများနှင့် နိုက်ကလပ်များတွင် လူတို့ လိမ်းကြသည့် မိတ်ကပ်သည် ဤအရာကို ကိုယ်စားပြုသည့် အရာတစ်ခု မဟုတ်လော။ ဤလူအားလုံးသည် အလွန်အကျွံ ဖြစ်သော မိတ်ကပ်ကို လိမ်းကြကာ တည်ဆောက်စရာ မဖြစ်ပေ။ ၎င်းတို့ မိတ်ကပ်၏ ရည်ရွယ်ချက်မှာ အခြားသူများကို သွေးဆောင်ရန် ဖြစ်သည်။ ဤမိတ်ကပ်မျိုးသည် အလွန်အကျွံဖြစ်သော မိတ်ကပ်ဖြစ်သည်။ ထို့နောက်တွင် မည်သည့် မိတ်ကပ်မျိုးသည် ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းနှင့် ကိုက်ညီသနည်း။ လုပ်ငန်းခွင်တွင် အမျိုးသမီးများ လိမ်းတတ်သကဲ့သို့သော ဖျော့သော မိတ်ကပ်၊ အလွန် သိက္ခာရှိပြီး ရည်မွန်ပုံရသော မိတ်ကပ်ဖြစ်သည်။ သင်၏ မိတ်ကပ်သည် ဤအကန့်အသတ်ဘောင် အပြင်သို့ မသွေဖည်သရွေ့ အဆင်ပြေသည်။ တရုတ်ပြည်တွင် ပိုမို အသက်အရွယ်ကြီးရင့်သော မျိုးဆက်များတွင် မိတ်ကပ်လိမ်းရန်မှာ ရေပန်းမစားချေ။ လူမှုအဖွဲ့အစည်းတွင် အထူး အဆင့်အတန်း၊ သို့မဟုတ် ရပ်တည်ချက် တစ်ခုတလေ မရှိသည့် သာမန်ဖြစ်ပြီး ပိုအသက်ကြီးသော လူတစ်ဦးသည် အိမ်မှထွက်သည့်အခါ အမြဲ ဝတ်စားဆင်ယင်ပြီး မိတ်ကပ်လိမ်းပါက ၎င်းတို့သည် မိမိတို့၏ အသက်အရွယ်အတွက် သိက္ခာရှိစွာ ပြုမူခြင်းမရှိဟု ဆိုကြလိမ့်မည်။ သို့ရာတွင် အနောက်တိုင်းတွင် ထိုသို့ မဟုတ်ပေ။ သင်သည် တစ်စုံတစ်ဦးကို တွေ့မည်၊ သို့မဟုတ် အလုပ်သွားမည်ဖြစ်ပြီး မိတ်ကပ် အနည်းငယ် မလိမ်းသကဲ့သို့ မိမိကိုယ်ကိုယ် ဖီးလိမ်းပြင်ဆင်ခြင်းမရှိပါက သင်၏ အလုပ်ကို သင် လေးစားခြင်းမရှိ၊ ပညာရှင်မဆန်သကဲ့သို့ အခြားလူများအပေါ် လေးစားခြင်းမရှိဟု ပြောကြလိမ့်မည်။ ဤသည်မှာ ယဉ်ကျေးမှုတစ်မျိုး ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအခြေအနေမျိုးတွင် သင် သိက္ခာရှိကာ တည်ကြည်ပုံရပြီး အခြားလူများအဖို့ ဂုဏ်သရေရှိသော လူတစ်ဦးဖြစ်ပုံပေါက်သည့် အဆင့်တစ်ခုထိသာ မိတ်ကပ်လိမ်းရန် ကန့်သတ်ထားသင့်သည်။ စာတစ်ကြောင်းဖြင့် ပေါင်းရုံးသုံးသပ်ရမည်ဆိုပါက သင် မိတ်ကပ်လိမ်းလျှင် သင့်ကို ဂုဏ်သရေရှိသော လူတစ်ဦးဖြစ်ပုံ ပေါ်စေသင့်ပြီး လူတို့၏ စိတ်နှလုံးတွင် တပ်မက်မှု မနိုးကြွစေသင့်ပေ။ ဤမိတ်ကပ်မျိုးသည် သင့်လျော်၏။ ယင်းသည် စည်းမျဉ်းဖြစ်ပြီး ထိုမျှလောက် ရိုးရှင်း၏။ လူအချို့က “အိမ်ကထွက်သည့်အခါ မိတ်ကပ်မလိမ်းလျှင် ရပါသလား။ ကျွန်ုပ် မိတ်ကပ် လိမ်းလေ့လိမ်းထမရှိပါ”ဟု မေးကြသည်။ ဘုရားနှုတ်ကပတ်တော်များအတွင်း သင် ရှာဖွေသင့်သည်။ မိတ်ကပ်မလိမ်းခြင်းက မှားသည်ဟု ဘုရားသခင် ပြောခဲ့သလော။ ဘုရားသခင်က ဤသို့ မပြောခဲ့ပါ။ ဘုရားအိမ်တော်က လူတို့အား မိတ်ကပ်လိမ်းရန် မည်သည့်အခါတွင်မျှ မတောင်းဆိုပေ။ သင်သည် မိတ်ကပ်လိမ်းချင်လျှင် ဤစံနှင့် ကန့်သတ်ချက်ကို သင့်အား ငါ ပေးပြီးဖြစ်ကာ သင်၏ မိတ်ကပ် သင့်လျော်ရန်အလို့ငှာ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို ပြောပြပြီး ဖြစ်သည်။ သင်သည် မိတ်ကပ်မလိမ်းချင်ပါက ဘုရားအိမ်တော်က မတောင်းဆိုပေ။ သို့ရာတွင် တစ်ခုသောအရာကို သင် သတိရရမည်။ သင့်ကို မိတ်ကပ်လိမ်းရန် မတောင်းဆိုထားသော်လည်း သူတောင်းစားတစ်ဦးကဲ့သို့ အိမ်မှ ညစ်ပတ်ပေရေပြီး ဖိုသီဖတ်သီ ထွက်မလာရ။ ဥပမာအားဖြင့် ဧဝံဂေလိ ဝေမျှဖို့ အပြင်ထွက်သည့်အခါ အိမ်မှ မထွက်လာမီ သင့်မျက်နှာကို ကြည့်ပျော်ရှုပျော်ဖြစ်ရန် မလုပ်ပါက၊ သို့မဟုတ် သင်၏ မျက်နှာကို မသစ်သကဲ့သို့ “အဆင်ပြေပါသည်။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သရွေ့ ကျွန်ုပ်တို့ ဝတ်စားပုံက ကိစ္စမရှိပါ”ဟု ဆိုလျက် မသပ်မရပ်သည့်ပုံစံ ဝတ်ဆင်ပါက ယင်းသည် အပြုသဘောဆောင်သလော။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်၏ အဝတ်အစားနှင့် အသွင်အပြင်တွင်လည်း စည်းမျဉ်းများ ရှိသင့်သည်။ ဤစည်းမျဉ်း၏ အနိမ့်ဆုံး စံနှုန်းမှာ ပုံမှန်လူ့သဘာဝကို သင် အသက်ရှင်နေထိုင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို အရှက်ရစေရန်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် အကျင့်စရိုက်နှင့် သိက္ခာကို အရှက်ရစေရန် မည်သည့်အရာမျှ မလုပ်ဆောင်ရဟူ၍ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင့်အပေါ် အခြားသူများကို လေးစားစေသင့်သည်။ သင်သည် ဘာသာတရား ကိုင်းရှိုင်းမှုစံမမီလျှင်ပင် မိမိကိုယ်ကိုယ် အနည်းဆုံး ချုပ်တည်းနိုင်သင့်ပြီး သိက္ခာရှိကာ တည်ကြည်သင့်သကဲ့သို့ သူတော်စင်ကဲ့သို့သော လူမှုကျင့်ဝတ်ရှိသင့်သည်။ လူတို့ကို ဤအထင်အမြင် သင်ပေးနိုင်ပါက လုံလောက်ပေသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် အခြေခံအကျဆုံး သတ်မှတ်ချက်ဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်သူတို့အတွက် လူတို့၏ အပြင်ပိုင်း အပြုအမူများနှင့် ပုံမှန် လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်းအကြောင်း ဤမေးခွန်းများသည် ပုံမှန်လူတစ်ဦးက အနည်းဆုံး ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံးသော အရာများဖြစ်သောကြောင့် ဝန်ထုပ်များ၊ သို့မဟုတ် အခက်အခဲများ မဖြစ်သင့်ပေ။ ဤကိစ္စရပ်များသည် နားလည်ရန် လွယ်ကူသင့်၏။ ယင်းတို့သည် စိတ်ကူးသက်သက် မဟုတ်ချေ။ ထို့ကြောင့် လူတို့၏ အပြင်ပိုင်း အပြုအမူများနှင့် ပုံမှန် လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်းအကြောင်း ဤမေးခွန်းများသည် အသင်းတော် အသက်တာတွင် မကြာခဏ ဆွေးနွေးသည့် အရေးကြီးသော ကိစ္စများ ဖြစ်မလာသင့်ပေ။ အခါအားလျော်စွာ ယင်းတို့အကြောင်း ပြောရန်မှာ အဆင်ပြေသော်လည်း ယင်းတို့ကို စိတ်ထက်သန်စွာနှင့် လေးနက်စွာ ဆွေးနွေးရင်း သမ္မာတရား ရှာဖွေရမည့် အကြောင်းအရာများအဖြစ် ယင်းတို့ကို သဘောထားပြီး မကြာခဏ တင်ပြပါက သင်သည် မိမိ၏ တကယ့် တာဝန်များကို အတော်အတန် လျစ်လျူရှုနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သည့်လူများသည် မိမိတို့၏ တကယ့်တာဝန်များကို လျစ်လျူရှုနေသူများ ဖြစ်သနည်း။ စုဝေးပွဲများတွင်လည်းကောင်း၊ တစ်ခါတရံ စုဝေးပွဲများစွာတွင်လည်းကောင်း ကန်စွန်းဥစားနည်းကဲ့သို့ မေးခွန်းများကို တင်ပြခြင်း၊ ဤမေးခွန်းများကို သမ္မာတရား ရှာဖွေရမည့် အကြောင်းအရာများဖြစ်သည့်အလား သဘောထားပြီး စုံစမ်းစစ်ဆေးကာ မိတ်သဟာယပြုခြင်း၊ ခေါင်းဆောင်များကလည်း ယင်းတို့ကို တားဆီးဖို့ မည်သည့်အရာမျှ မလုပ်ဆောင်ခြင်းတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှုကင်းမဲ့သည့် မူမမှန်သော လူများ၏ သရုပ်သကန်သာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စုဝေးပွဲများတွင် မည်သည့် မေးခွန်းများကို အများဆုံး ဆွေးနွေးသင့်သနည်း။ သမ္မာတရားနှင့်လည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်းကောင်း ဆက်စပ်သော အရာများဖြစ်၏။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များသည် အသင်းတော် အသက်တာ၏ မပြောင်းလဲသော အကြောင်းအရာများ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ အပြင်ပိုင်း အပြုအမူများနှင့်ဆိုင်သည့် အခြေခံကျပြီး သာမန်အဖြစ်ဆုံးသော အကြောင်းအရာများသည် အသင်းတော် အသက်တာနှင့် စုဝေးပွဲများတွင် မိတ်သဟာယ၏ အဓိကအကြောင်းအရာ မဖြစ်သင့်ပေ။ ညီအစ်ကို မောင်နှမများက စုဝေးပွဲပြင်ပတွင် ဤအရာများနှင့် ပတ်သက်၍ အချင်းချင်း အကြံပြု၊ သတိပေးကာ မိတ်သဟာယပြုပါက ဤပြဿနာများကို ဖြေရှင်းရန် လုံလောက်ပေသည်။ ယင်းတို့ကို မိတ်သဟာယပြုကာ ဆွေးနွေးရင်း အချိန်ပမာဏများစွာ ကုန်ဆုံးရန် မလိုအပ်ပေ။ ယင်းက လူတို့၏ ပုံမှန် စုဝေးခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းအား သက်ရောက်မည်ဖြစ်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ထိခိုက်မှု ရှိမည်ဖြစ်သည်။ အသင်းတော် အသက်တာမှာ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့် အသက်တာ ဖြစ်သည်။ အသင်းတော်အသက်တာသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းခြင်းတို့ကို အလေးထားသင့်၏။ ထိုသို့ဖြင့် အကြင်သူ၏ အသက်တာ တိုးတက်မှုသည် နှောင့်နှေးလိမ့်မည် မဟုတ်။ သင်သည် ပုံမှန်လူ့သဘာဝ အသိစိတ်ပိုင်ဆိုင်ပါက ဤအရာများအား စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်မှာ သင့်အဖို့ ရှင်းလင်းသင့်ပေသည်။ အရေးမပါသည့် ကိစ္စများ၊ သမ္မာတရား စည်းမျဉ်းများနှင့် မည်သို့မျှ မပတ်သက်သည့် အမှုအရာများကို သင် အမြဲ အပြစ်မရှိအပြစ်ရှာပါက၊ အမြဲ ချစ်တီးခေါင်းသန်းရှာလုပ်သည့်တိုင် သင်သည် နှံ့စပ်ပြီး သုတကြွယ်သည်ဟု ခံစားပါက ဤကိစ္စကို စိတ်ဖြာလေ့လာ ဆွေးနွေးသင့်သည် မဟုတ်လော။ ဥပမာအားဖြင့် လူအချို့သည် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံအပေါ် များစွာ အလေးထားကြပြီး ယုံကြည်သူများက ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်၍ ရမရဆိုသည်ကို အမြဲ မေးကြသည်။ ဘုရားသခင်ကို လတ်တလော ယုံကြည်လာကြသည့် လူအချို့က ယုံကြည်သူများက အရက်သောက်သင့်ခြင်း ရှိမရှိဆိုသည်ကို အမြဲ မေးကြ၏။ လူအချို့မှာ စီးပွားရေး လုပ်ရသည်ကို ပျော်မွေ့ပြီး ယုံကြည်သူများက ငွေများစွာ ရှာ၍ ရမရဆိုသည်ကို အမြဲ မေးကာ လူအချို့မှာမူ ဘုရားသခင်၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်လာလိမ့်မည်ကို အမြဲ မေးကြသည်။ ဤလူများသည် ဤကိစ္စရပ်များတွင် အဖြေမှန်များကို ရှာတွေ့ရန် သမ္မာတရားကို ရှာဖွေဖို့ လိုလားနေခြင်း မရှိပေ။ ဤအကြောင်းအရာများနှင့် ပတ်သက်၍ တိကျသည့် စကားလုံးများမရှိသော်လည်း ဤကိစ္စများကို ချဉ်းကပ်ခြင်းအတွက် စည်းမျဉ်းများကို ဘုရားသခင်က အလွန်ရှင်းလင်းစွာ ရှင်းပြပြီး ဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရာတွင် အားမထုတ်ပါက အဖြေများရှာတွေ့လိမ့်မည် မဟုတ်။ အမှန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်နှင့် ယင်းမှ မည်သည့်အရာ ရရှိရမည်ဆိုသည်ကို လူတိုင်း သိကြ၏။ သမ္မာတရားကို မချစ်ဘဲ ကောင်းချီးမင်္ဂလာများ ရရှိရန် ဆန္ဒရှိနေဆဲဖြစ်သော လူအချို့ ရှိနေခြင်းသာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ အခက်အခဲပြဿနာ ရှိသောနေရာ ဖြစ်သည်။ ထို့ကြောင့် အရေးအပါဆုံးသော အရာမှာ လူတစ်ဦးက သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ အရေးမထားသောသူအချို့ ရှိသည်။ ၎င်းတို့သည် အရေးမပါသည့်အရာနှင့်သက်ဆိုင်သော မေးခွန်းများအပေါ် အစဉ် စိတ်စွဲနေကြပြီး စုဝေးပွဲများတွင် ဤမေးခွန်းများနှင့် ပတ်သက်၍ အမြဲ မိတ်သဟာယပြုချင်ကြကာ ယင်းတို့အတွက် အပြီးသတ်ဖြစ်သော အဖြေများကို ရချင်ကြသည်။ ခေါင်းဆောင်နှင့် အမှုဆောင်များက ၎င်းတို့ကို ချုပ်ထိန်း၍ မရပေ။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤလူများသည် မိမိတို့၏ တကယ့်တာဝန်များကို လျစ်လျူရှုနေသည် မဟုတ်လော။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ မှားယွင်းသည့် လမ်းကြောင်းကို အမြဲလျှောက်လှမ်းချင်ပါက သင့်ကိုယ်သင့် အဘယ်ကြောင့် မသုံးသပ်၊ မသိလာသကဲ့သို့ မစိစစ်ပါသနည်း။ သင်သည် အမြဲ လူ့အကြိုက်လိုက်သူဖြစ်၏။ သင်၏ တာဝန်တွင် တာဝန်မသိတတ်ပေ။ သင်သည် တစ်ဇွတ်ထိုးဆန်ပြီး ထင်ရာစိုင်း၏၊ ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်လုပ်သည်။ သင်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ အဘယ်သို့ တာဝန်မသိတတ်ဘဲ နေနိုင်သနည်း။ မည်သည့်အရာ အတိအကျဖြစ်နေသည်ကို သိရှိရန် သင်သည် အဘယ်သို့ မဆန်းစစ်သကဲ့သို့ စိတ်ဖြာလေ့လာခြင်း မရှိနိုင်ရသနည်း။ သင့်ထံ တစ်ခုတလေ ဖြစ်ပျက်သည့်အခါတိုင်းတွင် အဘယ်ကြောင့် ဘုရားသခင်ကို အပြစ်တင်ကာ အထင်လွဲရသနည်း။ အဘယ်ကြောင့် သင်သည် အစဉ် မိမိကိုယ်ကို ဝေဖန်အပြစ်တင်နေပြီး ဘုရားသခင်က မဖြောင့်မတ်သကဲ့သို့ အသင်းတော်က မျှတခြင်းမရှိဟု ညည်းသနည်း။ ဤသည်တို့မှာ ပြဿနာများ မဟုတ်လော။ အသင်းတော် အသက်တာတွင် ဤအရာများကို သင်မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ ဘုရားအိမ်တော်က အသင်းတော်ကို ပိုင်းခြားပြီး လူတို့ကို ဖယ်ရှင်းသည့်အခါ သင်သည် မည်သည့်အခါတွင်မျှ ကျိုးနွံနာခံခြင်းမရှိသကဲ့သို့ မည်သည့်အခါတွင်မျှ စိတ်ကျေနပ်ခြင်းမရှိ၊ အယူအဆများ အမြဲရှိကာ အပျက်သဘောဆောင်ခြင်းကို အမြဲ ဖြန့်၏။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ဤကိစ္စရပ်ကို သင် ဆန်းစစ်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ သင်သည် အဆင့်အတန်းကို အမြဲ လိုက်စားပြီး နိုင်ငံရေးများ ဆောင်ရွက်ကာ သင်၏ အဆင့်အတန်းကို စီမံ၏။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ဤကိစ္စရပ်များကို သင် ဆန်းစစ်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ အသင်းတော်သည် လတ်တလောတွင် ဖယ်ရှားသည့်အလုပ်ကို ဆောင်ရွက်နေပြီး အချို့က “လူတို့သည် မိမိတို့၏ တာဝန်များတွင် အတော်အတန် ထိရောက်သရွေ့ ဖယ်ရှားခံရမည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်တွင် ကျွန်ုပ် အတော်အတန် ဆက်လက်၍သာ ထိရောက်နေပြီး မဖယ်ရှားခံရပါက တော်လောက်ပြီ”ဟု ဆိုကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤလူများသည် မထုံတက်သေးဖြင့် ဆန့်ကျင်လျက် ရှိကြသည် မဟုတ်လော။ အကြင်သူသည် လှည့်ဖြားတတ်သော ဤစိတ်သဘောထားမျိုးကို ဖွင့်ထုတ်နိုင်ပါက ဤအရာကို ဖြေရှင်းဖို့ လိုအပ်သည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူ၏ သဘာဝ အနှစ်သာရတို့နှင့် ပတ်သက်သည့် ပြဿနာများသည် ကန်စွန်းဥများအား မည်သို့စားရမည်ဆိုသည်ထက် သာ၍ ဆိုးရွားသည် မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသော လူများက ချင့်ချိန်နိုင်စွမ်း ရရှိနိုင်ကြရန်အလို့ငှာ ယင်းတို့ကို စုဝေးပွဲများနှင့် အသင်းတော်အသက်တာတွင် တင်ပြ၍ မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာသင့်သည် မဟုတ်လော။ ဤသည်မှာ အပျက်သဘောဆောင်သည့် အပြုအမူများနှင့်ဆိုင်သော ကောင်းမွန်သည့်၊ သမားရိုးကျ ဥပမာများ ဖြစ်သည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စပ်လျဉ်းသည့် ပြဿနာများသည် လူ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် တိုက်ရိုက် ဆက်နွှယ်ပြီး လူ၏ ကယ်တင်ခြင်းနှင့် ပတ်သက်ဆက်နွှယ်နေသည်။ ဤသည်တို့မှာ သေးငယ်သည့် ကိစ္စများ မဟုတ်သောကြောင့် ဤကိစ္စများကို အဘယ်ကြောင့် စုဝေးပွဲများတွင် သင်တို့ မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိကြသနည်း။ စုဝေးပွဲများတွင် ဤကဲ့သို့သော အရေးပါသည့် ကိစ္စများကို ဖြေရှင်းရန် သမ္မာတရား လုံးဝ မရှာဖွေသကဲ့သို့ ထိုအစား သေးငယ်သည့် ကိစ္စတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုရင်း စုဝေးပွဲတစ်ခုလုံးကို အချိန်ကုန်ဆုံးစေလျက် အရေးမပါသကဲ့သို့ ငြီးငွေ့ဖွယ်ဖြစ်သော အရာများကို မပြီးနိုင်မဆုံးနိုင် မိတ်သဟာယပြုပါက၊ အချိန်ကိုလည်း ဖြုန်းတီးရင်း ခြေခြေမြစ်မြစ်ဖြစ်သော မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပါက သင်၏ တကယ့် တာဝန်များကို သင်လျစ်လျူရှုနေခြင်း မဟုတ်လော။ ဤသို့ဆက်ဖြစ်ပါက သင်တို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်ပြီး မိမိတို့၏တာဝန်များကို ကောင်းစွာ မထမ်းဆောင်သကဲ့သို့ သမ္မာတရား စံမမီသည့် ညံ့ဖျင်းသော အစွမ်းအစရှိသည့် အသုံးမကျသောသူများသာ ဖြစ်လာကြလိမ့်မည်။ စုဝေးပွဲများတွင် မိတ်သဟာယပြုသင့်သည့်အရာများကို သင်တို့ မိတ်သဟာယမပြုသကဲ့သို့ စုဝေးပွဲများတွင် မိတ်သဟာယမပြုသင့်သည့်အရာများကို မပြီးနိုင်မဆုံးနိုင် သင်တို့ မိတ်သဟာယပြုကြသည်။ စုဝေးပွဲများတွင် အဓိပ္ပာယ်မဲ့ အချိန်ဖြုန်းတီးရင်း လူတိုင်းကို သင်တို့နှင့်အတူ လိုက်၍ စုံစမ်းစစ်ဆေးစေလျက် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်သည့် အရာများ သင်တို့ကိုယ်ပိုင် လွဲချော်သော သိနားလည်မှုများနှင့် အရေးမပါသော ကိုယ်ရေးကိုယ်တာ ကိစ္စများကို သင်တို့ အစဉ် မိတ်သဟာယပြုကြသည်။ ဤအရာက ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်သည်သာမက အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကိုလည်း နှောင့်နှေးစေသည်။ ဤအရာက အသင်းတော် အလုပ်ကို မွှေနှောက်ပြီး နှောင့်ယှက်နေသည် မဟုတ်လော။ ဤကဲ့သို့သော အပြုအမူကို အနှောင့်အယှက်တစ်ခုအဖြစ် အမည်တပ်သင့်၏။ တမင်တကာလုပ်သော အနှောင့်အယှက်ဖြစ်ပြီး ဤသို့ပြုမူသောလူများကို ကန့်သတ်သင့်သည်။ အနာဂတ်တွင် စုဝေးပွဲများတွင် ဘုရားနှုတ်ကပတ်တော်များ စားသောက်ခြင်း၊ သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းခြင်းနှင့် လူတို့၏ တာဝန်များရှိ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့သာ ပြုလုပ်ရန် ကန့်သတ်သင့်သည်။ အရေးမပါသကဲ့သို့ မဆီလျော်သော ကိစ္စများ၊ သို့မဟုတ် နေ့စဉ် ဘဝပေးအသိ ကိစ္စများနှင့် စပ်လျဉ်းသောအရာများ တစ်ခုတလေကို စုဝေးပွဲများတွင် မိတ်သဟာယမပြုသင့်ပေ။ ညီအစ်ကို မောင်နှမများက မိမိတို့ကြားတွင် မိတ်သဟာယပြုခြင်းအားဖြင့် ဤကိစ္စများကို ဖြေရှင်းနိုင်ပေသည်။ ယင်းတို့ကို စုဝေးပွဲများတွင် မိတ်သဟာယပြုရန် မလိုအပ်ပေ။
အသင်းတော်တွင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မူမမှန်သော သိနားလည်မှုရှိသည့် ချစ်တီးခေါင်းသန်းရှာလုပ်သောလူများ အမြဲရှိသည်။ လူ၏ ကောင်းမွန်သော အပြုအမူများအကြောင်း ငါမိတ်သဟာယပြုသည့်အခါ ဤလူများသည် မိမိတို့အပြုအမူတွင် အမှန်တကယ် အားထုတ်ကြ၏။ ဤအရာများနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါတို့ မိတ်သဟာယပြုရမည်ကို ၎င်းတို့ မသိကြချေ။ ငါ့ကို ပြောလော့၊ ဤကိစ္စနှင့် ပတ်သက်၍ ငါတို့ အဘယ်ကြောင့် မိတ်သဟာယပြုရန် လိုအပ်သနည်း။ ဤကိစ္စနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် မည်သည့်အရာကို ငါတို့ ရရှိချင်ကြသနည်း။ ဤကိစ္စနှင့် ပတ်သက်၍ အဘယ်ကြောင့် မိတ်သဟာရပြုရမည်ဆိုသည်ကို ပထမဦးစွာ ပြောကြစို့။ လူ၏ ကောင်းမွန်သော အပြုအမူများ၏ အကြောင်းအရာနှင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူများအတွက် စံများသည် မည်သည့် ဆက်စပ်အကြောင်းအရာဖြင့် ဖြစ်ပေါ်ကြသနည်း။ “သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာ”နှင့်ဆိုင်သည့် အကြောင်းအရာအပေါ် ငါတို့ မိတ်သဟာယပြုနေစဉ်တွင် ဖြစ်ပေါ်၏။ ဤကိစ္စသည် လူက သမ္မာတရား လိုက်စားသင့်ပုံနှင့် တိုက်ရိုက်ဆက်နွှယ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးဆက်တစ်ခုအနေဖြင့် လူတို့ ထုတ်ဖော်ပြသည့် အပြုအမူကောင်းများမှာ သမ္မာတရားနှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် ဆက်နွှယ်၏။ အပြုအမူတစ်ရပ်သည် လူတစ်ဦးအတွက် မည်မျှကောင်းမွန်ပုံရပါစေ သမ္မာတရား လိုက်စားခြင်း မပါဝင်ပါက ယင်းသည် သမ္မာတရားနှင့် မဆက်နွှယ်သည့်အရာတစ်ခု ဖြစ်သည်။ လူအချို့က “မှားသည်။ အပြုအမူကောင်းများသည် သမ္မာတရား စံမမီဟု ကိုယ်တော် ပြောခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ် နားမလည်ပါ”ဟု ဆိုကြလိမ့်မည်။ ဤကိစ္စရပ်ကို သင်တို့ ရှင်းပြနိုင်သလော။ “သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာ”နှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း၏ ဆက်စပ်အကြောင်းအရာဖြင့် လူတို့က မိမိတို့၏ အယူအဆများအတိုင်း ကောင်းမည်ဟု ယုံကြည်ထားသည့် အပြုအမူများကို ငါ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး ယင်းတို့ကို ငါ ဆန်းစစ်ဝေဖန်ကာ ရှုတ်ချခဲ့သည်။ တစ်ချိန်တည်းတွင်ပင် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ မည်သည့် စံများကို ဘုရားသခင် သတ်မှတ်ပြီးဖြစ်ကြောင်း လူတို့အား ငါ အသိပေးခဲ့ကာ ပုံမှန်လူ့သဘာဝ အသက်ရှင်နေထိုင်ရန် မှန်ကန်သော လမ်းကြောင်းကို ငါ ပေးခဲ့၍ ထိုသို့ဖြင့် ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းကို ဆန်းစစ်ရန် စံများကို ၎င်းတို့အား ပိုင်ဆိုင်စေခဲ့သည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် ငါနောက်ဆုံး စွမ်းဆောင်ရရှိခဲ့သည့် အကျိုးတရားမှာ လူတို့အား မိမိတို့၏ အယူအဆများအတိုင်း ကောင်းမွန်သည်ဟု ၎င်းတို့ ထင်မြင်ကြသည့် အပြုအမူများမှာ သမ္မာတရား၏ စံများမဟုတ်သကဲ့သို့ သမ္မာတရား မပါဝင်ကြောင်းနှင့် သမ္မာတရားနှင့် မဆက်နွှယ်ကြောင်း အသိပေးခြင်းဖြစ်ကာ ထိုသို့ဖြင့် ထိုအပြုအမူကောင်းများကို လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရား လိုက်စားခြင်းဖြစ်သည်ဟု တလွဲယုံကြည်နေခြင်းမှ လူတို့ကို တားဆီးခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့အနေဖြင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူများအတွက် စံများကို ပြည့်မီသည့်အခါတွင်သာ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် စံနှုန်းများကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း လူတို့ကို ငါ အသိပေးပြီးဖြစ်သည်။ လူက ထောက်ခံသည့် အပြုအမူကောင်းအားလုံးမှာ အယောင်ဆောင်ခြင်းနှင့် အတုအယောင်ဖြစ်ကြောင်း၊ ယင်းတို့သည် ဟန်ဆောင်ခြင်းနှင့် ပြစားခြင်းတစ်ခုသာ ဖြစ်ကြောင်း၊ အားလုံးက မမှန်ကန်ကြောင်း၊ အားလုံးသည် စာတန်၏ အကြံများဖြင့် ရောနှောနေကြောင်း၊ ယခု ဤအရာများအားလုံးသည် ပျောက်သွားပြီး လူတို့ထဲတွင် မရှိတော့ကြောင်း ငါ ပြောပြီးဖြစ်သည့်အတွက် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသလော။ ၎င်းတို့က “သို့ဆိုလျှင် မည်သည့်အရာအားဖြင့် ကျွန်ုပ် အသက်ရှင်သင့်သနည်း။ ဘုရားသခင် တောင်းဆိုသည့် အပြုအမူ၏ တကယ့် စံများမှာ အဘယ်နည်း”ဟု မိမိတို့ကိုယ်ကို တွေးကြသည်။ လူ၏ အပြုအမူနှင့် ပတ်သက်၍ ဘုရားသခင်တွင် ရှိသည့် တောင်းဆိုချက်များ၊ စံများနှင့် ခိုင်လုံသော ပြောဆိုချက်များဖြစ်သည်မှာ ရိုးရှင်းလှပေ၏။ လူတို့သည် ဘုရားသခင် တောင်းဆိုသည့် စစ်မှန်မှုများကို အသက်ရှင်နေထိုင်သရွေ့ ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းအတွက် စံနှုန်းများကို ၎င်းတို့ ပြည့်မီပြီးဖြစ်လိမ့်မည်။ ၎င်းတို့အနေဖြင့် ချစ်တီးခေါင်း သန်းရှာလုပ်ကြလိမ့်မည် မဟုတ်၊ ဦးနှောက်ခြောက်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ဤကိစ္စနှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်ကြလိမ့်မည် မဟုတ်ပေ။ ပုံမှန် လူ့သဘာဝက အသက်ရှင်နေထိုင်သင့်သည့် စံများကို လူတစ်ဦးက ပြည့်မီသည့်အခါ သမ္မာတရား လိုက်စားခြင်း လမ်းပေါ်ရှိ လက်တွေ့ကျသော ပြဿနာတစ်ခုကို ၎င်းတို့ ဖြေရှင်းပြီးဖြစ်သည် မဟုတ်လော။ ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ဖို့ အတားအဆီးတစ်ခုကို ဖယ်ရှားကာ အဟန့်အတားတစ်ခုကို ဖြေရှင်းပြီး ဖြစ်သည် မဟုတ်လော။ ယခုဆိုလျှင် အနည်းဆုံးအနေဖြင့် ပညာကောင်းကောင်း တတ်ခြင်းနှင့် အသိတရားရှိခြင်း၊ ကြည်သာခြင်းနှင့် ဖော်ရွေခြင်းတို့ကဲ့သို့သော လူသားမျိုးနွယ်က ချီးမွမ်းကြသည့် အပြင်ပိုင်း လုပ်နည်းကိုင်နည်းများမှာ လူ၏ လိုက်စားခြင်းအတွက် ရည်မှန်းချက်ပန်းတိုင်များ မဟုတ်တော့ပေ။ သို့မဟုတ် ပိုမိုတိကျသော ဝေါဟာရဖြင့် ပြောရလျှင် သမ္မာတရား လိုက်စားသည့် လူတို့က အပြင်ပန်း အသက်ရှင်နေထိုင်ဖို့ ကြိုးပမ်းသည့် ပန်းတိုင်တစ်ခု မဟုတ်တော့သကဲ့သို့ ယင်းမှာ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်သင့်သည့် စံနှုန်းတစ်ခုလည်း မဟုတ်တော့ချေ။ ချုပ်တည်းရန်နှင့် သူတော်စင်ကဲ့သို့ လူမှုကျင့်ဝတ်ပိုင်ဆိုင်ရန် စသည့်လိုအပ်ချက်ဖြင့် အစားထိုးပြီး ဖြစ်သည်။ ဘုရားသခင်၏ ဤတောင်းဆိုချက်များသည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် လူသားအတွက် စံများ ဖြစ်သည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝက အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန် ဖြစ်သည်။ ဤနည်းဖြင့် သမ္မာတရား လိုက်စားခြင်းအတွက် အခြေခံအကျဆုံး သတ်မှတ်ချက်၊ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို အတည်ပြုပြီး ဖြစ်သည် မဟုတ်လော။ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ ပန်းတိုင်မှာ လူတို့က ပညာကောင်းကောင်းတတ်ရန်နှင့် အသိတရားရှိရန်၊ နူးညံ့သိမ်မွေ့ရန်နှင့် ယဉ်ကျေးရန်၊ ဖော်ရွေရန်၊ ရည်မွန်ရန်၊ သက်ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ရန် စသည်တို့ မဟုတ်ကြောင်းဖြစ်သည့် အဓိကအကျဆုံး၊ အခြေခံအကျဆုံး အရာကို အတည်ပြုပြီးဖြစ်သည်။ ထို့ထက် ဘုရားသခင် တောင်းဆိုသည့် ပုံမှန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ ဤအရာတွင် အယောင်ဆောင်မှုများနှင့် စာတန်၏ အကြံတစ်ခုမျှ မရှိပေ။ ထိုအစား ယင်းမှာ ပုံမှန် လူ့သဘာဝကို အမှန်တကယ် အသက်ရှင်နေထိုင်ခြင်း၊ ဖွင့်ထုတ်ခြင်းများနှင့် အပြုအမူတို့ ဖြစ်သည်။ ထိုသို့ပင် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤရှုထောင့်အမြင်မှကြည့်လျှင် လူတစ်ဦးက သူ၏အယူအဆများတွင် မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ကိုင်စွဲထားသည့်အရာများ အကြောင်းအရာအောက်တွင် ရှိသည့် လူ၏ အပြုအမူကောင်းများနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုသည့်အပြင် ဘုရားသခင် တောင်းဆိုသည့် အပြုအမူအတွက် စံများကိုလည်း ငါတို့ မိတ်သဟာယပြုသည့်အခါ ဤအရာများသည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ကြသလော။ (ဆက်နွှယ်ပါသည်။) ဟုတ်ပေ၏၊ ဆက်နွှယ်ပေသည်။ ဤအရာက လူ၏ သမ္မာတရား လိုက်စားခြင်းအတွက် အခြေခံကျသော ဦးတည်ချက်နှင့် ပန်းတိုင်ကို အတိုင်းအတာတစ်ခုထိ အတည်ပြုသည်။ ဤအရာက အနည်းဆုံးအနေဖြင့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် သင်၏ ပန်းတိုင်မှာ သမ္မာတရားကို သင် စတင်မလိုက်စားမီတွင် မှန်ကန်လိမ့်မည်ဟု ဆိုလိုပေသည်။ ဤပန်းတိုင်သည် လူလုပ်နည်းလမ်းတစ်ခု မဟုတ်။ ပြရုပ်တင်ခြင်း၊ သို့မဟုတ် အယောင်ဆောင်ခြင်း မဟုတ်။ ထို့ထက် ဘုရားသခင် တောင်းဆိုသည့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဤအကြောင်းအရာသည် တကယ့် သမ္မာတရား လိုက်စားခြင်းနှင့် အတော်အတန် ကွာခြားနေသေးသော်လည်း သမ္မာတရား လိုက်စားခြင်း၏ အဓိကကျသော ရည်မှန်းချက်အတွက်မူ မုချလိုအပ်ပေသည်။ ယင်းမှာ အပြုအမူအတွက် လူတို့ နားလည်သင့်သည့် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံး စံဖြစ်သည်။ ဤမိတ်သဟာယအကြောင်းအရာသည် သမ္မာတရား လိုက်စားခြင်းနှင့် မည်မျှ ကွာခြားသည်ဖြစ်စေ၊ သမ္မာတရား၏ စံများနှင့် မည်မျှ ကွာခြားသည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လူသားမျိုးနွယ်ကို ဘုရားသခင် ပေးထားပြီးဖြစ်သည့် အပြုအမူဆိုင်ရာ စံများနှင့် ဆက်စပ်နေသောကြောင့် သမ္မာတရား၏ စံများနှင့်လည်း အတိုင်းအတာတစ်ခုထိ ဆက်စပ်ပေသည်။ ထို့ကြောင့် ဤကိစ္စများကို လူတို့ နားလည်သင့်၏။ လူ၏ အပြုအမူအတွက် ဘုရားသခင်ထားရှိသည့် ဤတောင်းဆိုချက်များမှာ လူတို့လိုက်နာသင့်သည့် စံများဖြစ်ပြီး လျစ်လျူမရှုရပေ။ ဤကိစ္စများကို နားလည်ပြီးသည့်နောက်တွင် လူတို့သည် အနည်းဆုံးအနေဖြင့် ပုံမှန် လူ့သဘာဝ အသက်ရှင်နေထိုင်ရာတွင်လည်းကောင်း၊ ၎င်းတို့၏ အပြင်ပိုင်း လုပ်နည်းကိုင်နည်းများတွင်လည်းကောင်း အထူးသဖြင့် အနောက်တိုင်းသားများက အမျိုးသားများအား လူကြီးလူကောင်းများဖြစ်ရန်၊ အမျိုးသမီးများအတွက် တံခါးဖွင့်ပေးရန်၊ အမျိုးသမီးတစ်ဦး ထိုင်သည့်အခါ သူမအတွက် ထိုင်ခုံဆွဲထုတ်ပေးရန်နှင့် အများပြည်သူသွားလာသည့် နေရာများတွင် အမျိုးသမီးများကို ဦးစားပေးရန် မျှော်လင့်ကြပုံကဲ့သို့ ပညာကောင်းကောင်းတတ်ပြီး အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့သည့်၊ ယဉ်ကျေးဖွယ်ရာသည့်၊ ရည်မွန်၊ ဖော်ရွေသည့်၊ သို့မဟုတ် ကြည်သာသည့် လူစားမျိုးဖြစ်ရန် ကြိုးစားကြလိမ့်မည် မဟုတ်ချေ။ ဤအပြုအမူကောင်းများအပေါ် လူတို့က ချင့်ချိန်နိုင်စွမ်း ရရှိကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကြိုးပမ်းကြသည့်အခါ၊ သို့မဟုတ် ပုံမှန်လူ့သဘာဝ၏ အပြုအမူများကို ၎င်းတို့ လိုက်စားကြသည့်အခါ အနည်းဆုံးအနေဖြင့် ယင်းတို့ကို မိမိတို့၏ စံနှုန်းများအဖြစ် မှတ်ယူကြလိမ့်မည် မဟုတ်ပေ။ ထိုအစား မိမိတို့၏ နှလုံးသားနှင့် စိတ်များတွင် ဤအရာများကို စွန့်ပစ်ကြလိမ့်မည်။ ယင်းတို့၏ လွှမ်းမိုးမှုနှင့် ချည်နှောင်မှုကို ၎င်းတို့ ခံရလိမ့်မည် မဟုတ်တော့ချေ။ ဤသည်မှာ သင်တို့ လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ “ကောင်းပြီ၊ ထိုလူသည် ပညာကောင်းကောင်းမတတ်သကဲ့သို့ အသိတရားမရှိပါ”ဟု ပြောသေးသည့် တစ်စုံတစ်ဦးရှိပါက သင်၏ တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ၎င်းတို့ကို စိုက်ကြည့်ကာ “သင် တလွဲပြောပြီ။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သည်။ ‘ပညာကောင်းကောင်းတတ်ပြီး အသိတရားရှိသည်’ ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ ယင်းသည် သမ္မာတရား မဟုတ်သကဲ့သို့ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သင့်သည့် လူသားပုံသဏ္ဌာန် မဟုတ်ပါ”ဟု ၎င်းတို့ကို ရိုးတိုးရိပ်တိပ် ပြောလိမ့်မည်။ လူအချို့က “ကျွန်ုပ်တို့ ခေါင်းဆောင်သည် သက်ကြီးသူကို မရိုသေသကဲ့သို့ ငယ်ရွယ်သူကို ဂရုမစိုက်ပါ။ ကျွန်ုပ်သည် အသက်အရွယ် ကြီးရင့်ပြီးသား ဖြစ်သည့်တိုင် ကျွန်ုပ်ကို အန်တီဟု သူ မခေါ်ပါ။ ကျွန်ုပ်၏ နာမည် ရှေ့ဆုံးစာလုံးကိုသာ ခေါ်သည်။ ထိုသို့ သူ မလုပ်သင့်ပါ။ ကျွန်ုပ်၏ မြေးများသည် သူ့ထက် အသက်ကြီးကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် သူသည် ကျွန်မကို အထင်သေးခြင်း မဟုတ်လော။ သူသည် လူများနှင့် ပတ်သက်၍ မဖော်ရွေပါ၊ သို့မဟုတ် သဘောမကောင်းပါ။ သူ၏ အပြုအမူမှ အကဲဖြတ်ရလျှင် သူသည် ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ပါ”ဟု ဆိုကြသည်။ ဤအမြင်ကို သင် အဘယ်သို့ တွေးထင်သနည်း။ သက်ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ခြင်းသည် သမ္မာတရား မဟုတ်ပေ။ သင်သည် လူတို့ကို ၎င်းတို့၏ အပြင်ပိုင်း အပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံ၍ မဆန်းစစ်သင့်ဘဲ ဘုရားနှုတ်ကပတ်တော်များအတိုင်း သမ္မာတရားကို သင်၏စံအဖြစ် ထားလျက် ဆန်းစစ်သင့်သည်။ ဤအရာများသာ လူတို့ကို ဆန်းစစ်ခြင်းအတွက် စည်းမျဉ်းများ ဖြစ်သည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ငါတို့ မည်သို့ ဆန်းစစ်သင့်သနည်း။ ၎င်းတို့အနေဖြင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ ဘုရားရွေးချယ်ထားသောလူတို့အား ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် သမ္မာတရား နားလည်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိ၊ အသင်းတော်ထဲရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းနှင့် အရေးပါသည့် အလုပ်အချို့ကို ပြီးမြောက်နိုင်ခြင်းရှိမရှိတို့ကို သင် ကြည့်သင့်သည်။ ဥပမာအားဖြင့် ဧဝံဂေလိအလုပ်သည် မည်သည့် အခြေအနေ ရှိသနည်း။ အသင်းတော် အသက်တာ မည်သည့် အခြေအနေရှိသနည်း။ ဘုရားသခင် ရွေးချယ်ထားသူများသည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နေကြသလော။ မတူကွဲပြားသော အထူးပြုအလုပ်တာဝန်များအားလုံး မည်သို့ ခရီးပေါက်နေကြသနည်း။ မယုံကြည်သူများ၊ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များ ဖယ်ထုတ်ခြင်း ခံရပြီးပြီလော။ ဤသည်တို့မှာ အသင်းတော်၏ အရေးပါသော အလုပ်များ ဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များအား အကဲဖြတ်ရာတွင် အဓိကအားဖြင့် ၎င်းတို့က ဤအလုပ်များကို မည်မျှကောင်းမွန်စွာ ထမ်းဆောင်ကြသည်ကို ကြည့်ခြင်းဖြင့် လုပ်ဆောင်ရပေသည်။ ၎င်းတို့သည် ဤကဏ္ဍအားလုံးတွင် ထိရောက်ကြလျှင် အရည်အချင်းရှိသော ခေါင်းဆောင်များ ဖြစ်သည်။ ၎င်းတို့၏ အပြုအမူက အနည်းငယ် ချို့တဲ့နေလျှင်ပင် ကြီးမားသည့် ပြဿနာ မဟုတ်ပေ။ အပြင်ပိုင်း အပြုအမူကိုသာ ကြည့်ခြင်းသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး သင့်တော်ခြင်း ရှိမရှိဆိုသည်ကို ဆန်းစစ်ခြင်းအတွက် စံနှုန်းမဟုတ်ပေ။ လူတစ်ဦးသည် ဤအရာကို လူ၏ရှုထောင့်အမြင်မှကြည့်ပါက ခေါင်းဆောင်သည် ပိုမိုအသက်ကြီးသော အမျိုးသမီးကို အန်တီ၊ သို့မဟုတ် အဖွားဟု မခေါ်သောကြောင့် ရိုင်းပုံပေါ်မည်ဖြစ်သည်။ သို့ရာတွင် သူ့ကို ဆန်းစစ်ရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပါက ဤခေါင်းဆောင်သည် အသင်းတော်အလုပ်၏ ကဏ္ဍတိုင်းကို ထမ်းနိုင်သောကြောင့် စိတ်ကျေနပ်ဖွယ်ဖြစ်ကာ သင့်တော်သည့်လူကို ဘုရားရွေးချယ်ထားသူတို့က ရွေးချယ်ခဲ့ပေသည်။ သူသည် ဘုရားရွေးချယ်ထားသူတိုင်း၏ အသက်ဝင်ရောက်မှုအတွက် အထောက်အကူဖြစ်ပြီး အကျိုးပြုကာ ဧဝံဂေလိအလုပ်ကို ကောင်းစွာ လုပ်ဆောင်ပေသည်။ လူတိုင်းက သူ၏ ခေါင်းဆောင်မှုကို လက်ခံကာ သူ၏အလုပ်နှင့်ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်သင့်သည်။ တစ်စုံတစ်ဦးသည် ဤခေါင်းဆောင်၏ အလုပ်နှင့် ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပါက၊ သို့မဟုတ် အမှုအရာများကို သူ့အတွက် ခက်ခဲစေပါက၊ သို့မဟုတ် ဤခေါင်းဆောင်က ကြီးသူကို ရိုသေခြင်းနှင့် ငယ်သူကို ဂရုစိုက်ခြင်းကဲ့သို့သော အပြင်ပိုင်း အပြုအမူကောင်းများကို မပိုင်ဆိုင်ရုံသက်သက်ကြောင့် သူ့ကို ဝေဖန်ရန် နိုင်ကွက်ကို ရှာဖွေပါက ဤသည်မှာ အသင်းတော်အလုပ်အတွက် အကျိုးမပြုပေ။ ဤသည်မှာ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးအပေါ် စည်းမျဉ်းနှင့်အညီ ပြုမူခြင်း မဟုတ်ဘဲ အသင်းတော် အလုပ်ကို နှောင့်ယှက်ကာ ဟန့်တားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသို့သော လူများသည် မှန်ကန်သည့်ဘက်တွင် မရှိ။ မကောင်းမှုကို လုပ်ဆောင်နေကြခြင်း ဖြစ်၏။ မိမိတို့၏ အကြီးအကဲများကို မလေးစားသည့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးကို သင် တွေ့ပါက ပြီးလျှင် အကျိုးဆက်အနေဖြင့် ၎င်းက ထိုမျှကောင်းသည့် လူမဟုတ်ဟု တွေးထင်ပြီး ၎င်း၏ ခေါင်းဆောင်မှုကို လက်မခံသကဲ့သို့ ၎င်းကို ရှုတ်ပင်ရှုတ်ချပါက မည်သည့်အမှားကို သင် ပြုလုပ်နေမိသနည်း။ ဤသည်မှာ လူတို့ကို ရိုးရာယဉ်ကျေးမှု၏ အမြင်များအရ လူ၏ စံနှုန်းများ အသုံးပြုလျက်၊ ဆန်းစစ်ခြင်း၏ ဆိုးယုတ်သည့် ရလဒ်ဖြစ်သည်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားနှင့်အညီ လူများကို ဆန်းစစ်ကာ ခေါင်းဆောင်နှင့် အမှုဆောင်များကို ရွေးချယ်နိုင်ပါက ယင်းသည် မှန်ကန်တိကျကာ ဘုရားအလိုတော်နှင့် ကိုက်ညီလိမ့်မည်။ လူတို့သည် အခြားသူများကို မျှမျှတတ ဆက်ဆံနိုင်လိမ့်မည်ဖြစ်ပြီး အသင်းတော် အလုပ်၏ ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းနိုင်ကြလိမ့်မည်။ ဘုရားသခင်သည် စိတ်ကျေနပ်လိမ့်မည်ဖြစ်ပြီး လူသည် စိတ်ကျေနပ်လိမ့်မည်။ ဤသည်မှာ မှန်သည် မဟုတ်လော။
လူတို့၏ “အပြုအမူကောင်း”ဟု ခေါ်သည့်အရာကို ငါ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး လူ၏ အပြုအမူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များရှိ စံနှုန်းများ၊ အခြားသူများကို လူတို့ ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ဆန်းစစ်ရန် ၎င်းတို့ အသုံးပြုသည့် စံနှုန်းများ ပြောင်းလဲပြီးဖြစ်ကြောင်းအပေါ် မိတ်သဟာယပြုခဲ့သည့်အတွက်၊ အခြားသူများကို လူတို့ မြင်သည့် အမြင်နယ်ပယ်သည် ကွဲပြားသည့်အတွက် လူတို့၏ ဆန်းစစ်ချက်များသည်လည်း ကွဲပြား၏။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့ ဆန်းစစ်ချက်များ၏ အခြေခံအဖြစ် အသုံးပြုပါက ရလဒ်သည် မုချ မှန်ကန်၍ တရားမျှတကာ ဓမ္မဓိဋ္ဌာန်ကျလိမ့်မည်ဖြစ်ကာ လူတိုင်းအတွက် အကျိုးရှိလိမ့်မည်။ လူတို့ ဆန်းစစ်ချက်များ၏ ရှုထောင့်အမြင်၊ နည်းစနစ်နှင့် အခြေခံတို့သည် လူက မှန်ကန်ပြီး ကောင်းမွန်သည်ဟု တွေးထင်သည့်အရာများ ဖြစ်ပါက ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ တစ်စုံတစ်ဦးက လူကောင်းများကို မမှန်မကန် စွပ်စွဲ၊ ရှုတ်ချမိသွားမည်၊ သို့မဟုတ် ကြောင်သူတော်များ၏ လှည့်စားခြင်း ခံရကောင်းခံရနိုင်ပြီး လူတစ်ဦးကို တရားမျှတစွာ အကဲဖြတ်ကာ ဆက်ဆံနိုင်မည်မဟုတ်ပေ။ လူ၏ အခြေခံမှားယွင်းသည်နှင့်အမျှ နောက်ဆုံးရလဒ်သည် ဧကန်မုချ မှားယွင်းလိမ့်မည်၊ တရားမျှတခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားအလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အပြုအမူကောင်းအပေါ် လူတို့၏ အယူအဆများ၏ အနှစ်သာရနှင့် ပတ်သက်၍ စိတ်ဖြာလေ့လာဆွေးနွေးကာ မိတ်သဟာယပြုဖို့ လိုအပ်သလော။ ဤအရာသည် သမ္မာတရား လိုက်စားခြင်းနှင့် တစ်ခုတစ်လေ ဆက်နွှယ်မှု ရှိသလော။ အလွန်နီးကပ်စွာ ဆက်နွှယ်၏။ ဤအကြောင်းအရာသည် ပုံမှန် လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်ခြင်း၊ လူ၏ အပြင်ပန်း လုပ်နည်းကိုင်နည်းများနှင့် ဖွင့်ထုတ်မှုတို့နှင့်သာ ဆက်နွှယ်နေသော်လည်း ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် ဘုရားသခင် တောင်းဆိုသည့် မှန်ကန်သော စံများ လူတို့ ရှိကြသည့်အခါ အခြားသူများကို ဆန်းစစ်ခြင်းအတွက်၊ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းနှင့် ပြုမူနေထိုင်ကာ ဆောင်ရွက်ခြင်းတို့အတွက် မှန်ကန်ပြီး စံကိုက်သည့် အခြေခံများနှင့် စံများ ရှိကြလိမ့်မည်။ ထို့ကြောင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ၎င်းတို့ သမ္မာတရား လိုက်စားခြင်း၏ ဦးတည်ချက်၊ လမ်းကြောင်းနှင့် ပန်းတိုင်တို့သည် သာ၍ မှန်ကန်တိကျလိမ့်မည် မဟုတ်လော။ (တိကျပါလိမ့်မည်။) သာ၍ တိကျကာ သာ၍ စံကိုက်ဖြစ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းအရာများသည် အတော်အတန် ရိုးရှင်းသော်လည်း လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်များ၊ လူ၏ ပြုမူနေထိုင်ခြင်း၊ လုပ်ရပ်တို့နှင့် လက်တွေ့အကျဆုံး၊ အစစ်အမှန်ဆုံးနှင့် အနီးကပ်ဆုံး နည်းလမ်းဖြင့် ဆက်နွှယ်ပေသည်။ ၎င်းတို့သည် လုံးဝ အနှစ်မဲ့ခြင်း မရှိပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။