သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၅) အပိုင်း သုံး
ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးများသည် စာတန်ထံမှ လာ၏။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများကြားတွင် ဖြစ်ပေါ်ပြီး မယုံကြည်သူများနှင့် သမ္မာတရားကို မချစ်သောသူတို့အတွက်သာ သင့်လျော်သည်။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရား လိုက်စားသောသူတို့သည် ဤအရာများကို ဦးစွာပထမ ပိုင်းခြားသိမြင်နိုင်သင့်ပြီး ငြင်းပယ်နိုင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤဆိုရိုးများသည် လူတို့အပေါ် အပျက်သဘောဆောင်သော အကျိုးများရှိလိမ့်မည်၊ ၎င်းတို့ကို စိတ်ရှုပ်ထွေးစေပြီး မှားယွင်းသည့် လမ်းကြောင်း လျှောက်စေမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ငါတို့ ယခုတင် ပေးခဲ့သည့် ဥပမာများအနက်၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ။” ဟူသည့် ဆိုရိုးရှိသည်။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ။” ဆိုသည့်အရာနှင့် ပတ်သက်၍ ဦးစွာပထမ ပြောကြစို့။ ဤဘုရင်သည် အမြော်အမြင်ရှိပါက စွမ်းဆောင်နိုင်ပြီး ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက သင်က သူ့ကို အားပေးခြင်း၊ သူ၏နောက်လိုက်ခြင်းနှင့် သူ့ကို ခုခံကာကွယ်ပြောဆိုခြင်းတို့သည် သင်၌ လူ့သဘာဝ၊ ကိုယ်ကျင့်တရားနှင့် မြင့်မြတ်သော အကျင့်စရိုက်ရှိကြောင်း ပြပေသည်။ သို့ရာတွင် ရှင်ဘုရင်သည် အာဏာရှင်ဆန်ပြီး ပေါကြောင်ပါက၊ နတ်ဆိုးဖြစ်ပြီး သင်က သူ့နောက်လိုက်နေဆဲ ဖြစ်ကာ သူ့ကို ခုခံကာကွယ်ကာ မဆန့်ကျင်ပါက သင်ပိုင်ဆိုင်သည့် ဤ “သစ္စာစောင့်သိခြင်း”သည် မည်သည့်အရာ ဖြစ်သနည်း။ မိုက်မဲသည့်၊ ကြောင်းကျိုးမမြင်သည့် သစ္စာစောင့်သိခြင်း ဖြစ်သည်။ ကြောင်းကျိုးမမြင်သကဲ့သို့ မိုက်မဲ၏။ ဤကိစ္စတွင် သင်၏ သစ္စာစောင့်သိခြင်းသည် မှားယွင်းပြီး အပျက်သဘောဆောင်သောအရာ ဖြစ်လာသည်။ မကောင်းဆိုးဝါး ရှင်ဘုရင်၊ နတ်ဆိုးနှင့် ပတ်သက်လာသည့်အခါ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ”ဟူသည့် ဆိုရိုးကို သင် မလိုက်နာသင့်တော့ပေ။ ဤရှင်ဘုရင်ကို စွန့်ပစ်၍ ငြင်းပယ်ကာ ခပ်ဝေးဝေး နေသင့်သည်။ သင်သည် အမှောင်ကို ငြင်းကာ အလင်းကို ရွေးချယ်သင့်၏။ ဤမကောင်းဆိုးဝါး ရှင်ဘုရင်ကို ဆက်သစ္စာစောင့်သိရန် သင် ရွေးချယ်ဆဲဖြစ်ပါက သင်သည် သူ၏ လက်ပါးစေနှင့် ကြံရာပါ ဖြစ်သည်။ ထို့ကြောင့် အချို့သော အခြေအနေများနှင့် ဆက်စပ်အကြောင်းအရာများတွင် ဤဆိုရိုးက အမွှမ်းတင်သည့် စိတ်ကူး၊ သို့မဟုတ် အပြုသဘောဆောင်သော အဓိပ္ပာယ်နှင့် တန်ဖိုးများသည် မတည်ရှိပေ။ ဤဆိုရိုးများသည် အလွန်ဖြောင့်မတ်ပြီး အပြုသဘောဆောင်ပုံရသော်လည်း ယင်း၏ အသုံးဝင်မှုက အနည်းငယ်သော သီးသန့် အခြေအနေများနှင့် ဆက်စပ်အကြောင်းအရာများအထိသာ ကန့်သတ်ထားကြောင်း ဤအရာမှ သင်မြင်နိုင်ပေသည်။ အခြေအနေတိုင်း၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာတိုင်းတွင် သက်ဆိုင်မှုမရှိပေ။ လူတို့က ဤဆိုရိုးကို ကြောင်းကျိုးမမြင်စွာနှင့် မိုက်မဲစွာ လိုက်နာပါက မိမိတို့၏ လမ်းခရီးကိုသာ ဆုံးရှုံးပြီး မှားယွင်းသည့် လမ်းကြောင်းပေါ်သို့သာ ကျရောက်သွားလိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ မတွေးဝံ့စရာ ဖြစ်သည်။ ဤဆိုရိုးရှိ နောက်ထပ် အပိုဒ်ငယ်မှာ “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဖြစ်၏။ ဤနေရာတွင် “အမျိုးသမီးကောင်း”တစ်ဦးမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဖြူစင်သည့် အမျိုးသမီးတစ်ဦး၊ လင်ယောက်ျားတစ်ဦးတည်းကိုသာ သစ္စာရှိသော အမျိုးသမီးတစ်ဦးကို ရည်ညွှန်း၏။ သူသည် လင်ယောက်ျားကို အဆုံးထိ သစ္စာရှိရမည်ဖြစ်ပြီး လင်ယောက်ျားက လူကောင်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လုံးဝ စိတ်နှလုံး မပြောင်းလဲရပေ။ သူ၏ လင်ယောက်ျား သေဆုံးလျှင်ပင် သူ၏ နောက်ဆုံးအချိန်ထိ မုဆိုးမအဖြစ် ရှိနေရမည်ဖြစ်သည်။ ဤသည်မှာ ဖြူစင်ပြီး သစ္စာရှိသော ဇနီးမယားဟု ခေါ်သောသူတစ်ဦး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုက အမျိုးသမီးအားလုံးကို ဖြူစင်ပြီး သစ္စာရှိသော ဇနီးမယားများဖြစ်ရန် တောင်းဆိုသည်။ ဤသည်မှာ အမျိုးသမီးများကို မျှတသည့် ဆက်ဆံမှု ဖြစ်သလော။ အမျိုးသားများသည် ဇနီးမယားတစ်ဦးထက်ပို၍ ယူနိုင်သော်လည်း အမျိုးသမီးများက ၎င်းတို့၏ လင်ယောက်ျားများ ဆုံးပါးလျှင်ပင် အဘယ်ကြောင့် နောက်ထပ်အိမ်ထောင်ပြု၍ မရပါသနည်း။ အမျိုးသားများနှင့် အမျိုးသမီးများသည် တန်းတူ အဆင့်အတန်း မရှိကြချေ။ အမျိုးသမီးတစ်ဦးသည် “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”ဟူသည့် စကားများဖြင့် ဘောင်ခတ်ခံရပြီး ဖြူစင်ကာ သစ္စာရှိသည့် ဇနီးမယားဖြစ်ဖို့ ရွေးချယ်ပါက မည်သည့်အရာကို သူ ရရှိနိုင်မည်နည်း။ အလွန်ဆုံးအနေဖြင့် သူသေဆုံးပြီးသည့်နောက်တွင် သူ၏ ဖြူစင်မှု အထိမ်းအမှတ် မော်ကွန်းတိုင်ကို ထူကြမည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ အမျိုးသမီးများက ဘဝတွင် ခက်ခဲကြမ်းတမ်းသော ကံကြမ္မာ ရှိကြသည်ဟု သင် သဘောတူပါသလော။ ၎င်းတို့၏ လင်ယောက်ျားများ ဆုံးပါးပြီးသည့်နောက်တွင် အဘယ်ကြောင့် ၎င်းတို့က နောက်အိမ်ထောင်ပြုခွင့် မရှိကြသနည်း။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုက အမွှမ်းတင်သည့် အမြင်ဖြစ်ပြီး လူသားမျိုးနွယ်က အမြဲ ဖက်တွယ်ခဲ့ကြသည့် အယူအဆတစ်ခု ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ လင်ယောက်ျားက ကလေးခုနစ်ယောက် ချန်ထားလျက် သေဆုံးသွားပြီး ၎င်းတို့ကို သူ မထောက်ပံ့နိုင်ပါက မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အစားအစာအတွက် တောင်းရမ်းရမည်ဖြစ်သည်။ သူသည် သူ၏ ကလေးများ ဆင်းရဲဒုက္ခမခံစေချင်သကဲ့သို့ ရှင်သန်ဖို့ နည်းလမ်း ရှာတွေ့ချင်ပါက နောက်အိမ်ထောင်ပြုပြီး သူ၏ နာမည်အပျက်ခံရလျက် အများပြည်သူ၏ ရှုတ်ချသော သဘောထား၊ လူမှုအဖွဲ့အစည်းနှင့် အများစု၏ ဖယ်ကြဉ်ခြင်းနှင့် အထင်သေးခြင်းတို့ဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ သူ၏ ကလေးများ ပုံမှန်ကြီးပြင်းလာရနိုင်ရန်အလို့ငှာ အရှက်ခွဲခြင်းများ ခံရကာ လူမှုအဖွဲ့စည်း၏ စော်ကားမှုများကို ရင်ဆိုင်ရမည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် သူသည် “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဆိုသည့် စံနှုန်းနှင့် လျော်ညီအောင်မနေခဲ့သော်လည်း သူ၏ အပြုအမူများ၊ လုပ်နည်းကိုင်နည်းများနှင့် စတေးမှုများက လေးစားထိုက်သည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သူ၏ ကလေးများ ကြီးပြင်းလာပြီး ၎င်းတို့အတွက် ၎င်းတို့ မိခင်၏ မေတ္တာကို နားလည်သည့်အခါ သူ့ကို ၎င်းတို့ လေးစားကြမည်ဖြစ်ပြီး သေချာပေါက် အထင်သေးမည်မဟုတ်၊ သို့မဟုတ် သူ၏ အပြုအမူအတွက် သူ့ကို ရှောင်ကြဉ်ကြမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ကျေးဇူးတင်ရှိကာ ၎င်းတို့၏ မိခင်ကဲ့သို့သော မိခင်တစ်ဦးသည် ထူးခြားသည်ဟု တွေးကြပေမည်။ သို့ရာတွင် အများစု၏ သဘောထားအမြင်က ၎င်းတို့နှင့် ကိုက်ညီမည် မဟုတ်ချေ။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဆိုသည့်အရာ၏ ရှုထောင့်အမြင်နှင့် တူသည့်၊ လူက ထောက်ခံသည့် လူမှုအဖွဲ့အစည်း၏ အယူအဆ ရှုထောင့်အမြင်မှကြည့်လျှင် သင် မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤမိခင်သည် ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ဤရိုးရာအယူအဆကို ဆန့်ကျင်သောကြောင့် လူကောင်းတစ်ဦး မဟုတ်ပေ။ အကျိုးဆက်အနေဖြင့် ပြဿနာရှိသော ကိုယ်ကျင့်အပြုအမူရှိသူအဖြစ် သူ့ကို အမည်တပ်ကြမည်။ ထို့ကြောင့် သူ့အပေါ် ကလေးများ၏ အတွေးများနှင့် အမြင်များသည် သူ့အပေါ် ရိုးရာယဉ်ကျေးမှု၏ အမြင်များနှင့် အဘယ်ကြောင့် ကွာခြားသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏ ကလေးများသည် ဤကိစ္စကို ရှင်သန်ရေး ရှုထောင့်အမြင်မှ ရှုမြင်သောကြောင့် ဖြစ်သည်။ ဤအမျိုးသမီးသည် နောက်အိမ်ထောင် မပြုခဲ့ပါက သူနှင့် သူ၏ကလေးများသည် ရှင်သန်ဖို့ နည်းလမ်းရှိမည် မဟုတ်ချေ။ သူသည် ဤရိုးရာယဉ်ကျေးမှုအယူအဆကို ကိုင်စွဲခဲ့ပါက သူ့အတွက် အသက်ရှင်မည့် နည်းလမ်းရှိခဲ့မည် မဟုတ်။ အစာရေစာငတ်ပြတ်ပြီး သေဆုံးခဲ့မည် ဖြစ်သည်။ သူ၏ ကလေးများနှင့် သူကိုယ်တိုင်၏ အသက်ကို ကယ်တင်ရန် နောက်အိမ်ထောင်ပြုဖို့ သူ ရွေးချယ်ခဲ့သည်။ ဤအခြေအနေအရဆိုလျှင် သူ့အပေါ် ရိုးရာယဉ်ကျေးမှုနှင့် အများစု၏ သဘောထားအမြင်က ရှုတ်ချခြင်းသည် လုံးဝ မှားသည်မဟုတ်လော။ လူများ သေသည်၊ ရှင်သည်ကို ယင်းတို့က လုံးဝ အရေးမစိုက်ပေ။ သို့ဆိုလျှင် ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ဤရိုးရာအယူအဆကို ကိုင်စွဲခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးမှာ အဘယ်နည်း။ ယင်း၌ တန်ဖိုးလုံးဝ မရှိဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းသည် လူများကို နာကျင်စေကာ ထိခိုက်နစ်နာစေသည့် အရာတစ်ခု ဖြစ်သည်။ ဤအယူအဆကြောင့် ဒုက္ခခံရသူများအဖြစ် ဤအမျိုးသမီးနှင့် သူ၏ ကလေးများသည် ဤအဖြစ်မှန်ကို ကိုယ်တွေ့ကြုံခဲ့ရသော်လည်း မည်သူကမျှ ၎င်းတို့ကို အလေးဂရုပြုခြင်းမရှိ၊ သို့မဟုတ် စာနာခြင်း မရှိခဲ့ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ နာကျင်မှုကို မျိုသိပ်ရုံသာ တတ်နိုင်ခဲ့ကြသည်။ သင် မည်သို့ တွေးထင်သနည်း၊ ဤလူမှုအဖွဲ့အစည်းသည် မျှတပါသလော။ ဤလူမှုအဖွဲ့အစည်းနှင့် နိုင်ငံမျိုးသည် အဘယ်ကြောင့် အလွန် ဆိုးယုတ်ကာ မှောင်မိုက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အထဲ၌ စာတန်က သွတ်သွင်းပြီးဖြစ်သည့် ရိုးရာယဉ်ကျေးမှုသည် လူတို့၏ အတွေးကို ထိန်းချုပ်ကာ အများပြည်သူ၏ သဘောထားကို စိုးမိုးဆဲဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ခေတ်ထိ မည်သူကမျှ ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးချေ။ မယုံကြည်သူများသည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များကို ဖက်တွယ်ထားဆဲဖြစ်ကာ မှန်ကန်သည်ဟု တွေးထင်ကြဆဲ ဖြစ်သည်။ ယနေ့ထိ ဤအရာများကို ၎င်းတို့ မစွန့်ပစ်ကြသေးချေ။
ယခုတွင်၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးကို ငါတို့ ကြည့်သည့်အခါ ယင်းကို မည်သည့် ရှုထောင့်အမြင်မှ ကြည့်သည်ဖြစ်စေ အပြုသဘောဆောင်သော အရာတစ်ခုမဟုတ်ကြောင်း၊ လူ၏ အယူအဆနှင့် စိတ်ကူးဖြစ်ကြောင်း သင် မြင်နိုင်သည်။ ယင်းမှာ အပြုသဘောဆောင်သောအရာ မဟုတ်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ (ယင်းမှာ သမ္မာတရား မဟုတ်၊ လူ၏ အယူအဆနှင့် စိတ်ကူး ဖြစ်သောကြောင့် ဖြစ်သည်။) အမှန်တွင် ဤစကားရပ်က တောင်းဆိုသည့်အရာကို အလွန်နည်းပါးသော လူတို့ကသာ လုပ်ဆောင်နိုင်၏။ ယင်းသည် အနှစ်မဲ့ သီအိုရီဖြစ်ပြီး လူ၏ အယူအဆနှင့် စိတ်ကူးဖြစ်သော်လည်း လူတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်သောကြောင့် လူအများစု၏ သဘောထား ဖြစ်လာကာ လူများစွာက ထိုသဘောထားအတိုင်း ဤကိစ္စမျိုးကို ဝေဖန်အကဲဖြတ်ကြလေသည်။ ထို့ကြောင့် ဤကိစ္စမျိုးကို လူအများစု၏ သဘောထားက ဝေဖန်အကဲဖြတ်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့၏ အနှစ်သာရမှာ အဘယ်နည်း။ လူအများစု၏ သဘောထားက နောက်အိမ်ထောင်ပြုသော အမျိုးသမီးကို အဘယ်ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်အကဲဖြတ်ပါသနည်း။ လူတို့သည် ဤလူစားမျိုးကို အဘယ်ကြောင့် ဝေဖန်ကာ ရှောင်ကြဉ်ပြီး အထင်သေးပါသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ သင်တို့ နားမလည်ကြသည် မဟုတ်လော။ အမှန်တရားများနှင့် ပတ်သက်လာသည့်အခါ သင်တို့ မရှင်းကြချေ။ ယင်းက သမ္မာတရား မဟုတ်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီကြောင်းကိုသာ သင်တို့ သိကြသည်။ ကောင်းပြီ၊ သင်တို့ကို ငါ ပြောမည်။ ငါ ပြောပြီးသည့်အခါ ဤအရာမျိုးကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူအများစု၏ သဘောထားသည် ဤအမျိုးသမီးကို တစ်ခုသောအရာ၊ တစ်ခုသော လုပ်ရပ်ဖြစ်သည့် သူ၏ နောက်အိမ်ထောင်ပြုခြင်းအပေါ်သာ အခြေခံ၍ ဝေဖန်အကဲဖြတ်ပြီး သူ၏ တကယ့် လူ့သဘာဝ အရည်အသွေးကို ကြည့်ခြင်းထက် ထိုတစ်ခုတည်းသောအရာအပေါ် အခြေခံ၍ သူ၏ လူ့သဘာဝ အရည်အသွေးကို ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုသောကြောင့် ဖြစ်သည်။ ယင်းသည် မမျှတသကဲ့သို့ မတရားသည် မဟုတ်လော။ လူအများစု၏ သဘောထားက အမျိုးသမီး၏ လူ့သဘာဝသည် ပုံမှန်အားဖြင့် မည်သို့ဖြစ်သည်၊ သူသည် ဆိုးယုတ်သော လူတစ်ဦး၊ သို့မဟုတ် ကြင်နာတတ်သော လူတစ်ဦး ဟုတ်မဟုတ်၊ အပြုသဘောဆောင်သော အရာများကို သူ နှစ်သက်ခြင်း ရှိမရှိ၊ အခြားသူများကို သူ နာကျင်စေခြင်း၊ ထိခိုက်နစ်နာစေခြင်း ရှိမရှိ၊ သို့မဟုတ် နောက်အိမ်ထောင်မပြုမီတွင် သူသည် စာရိတ္တပျက်သော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ခြင်း ရှိမရှိဆိုသည်တို့ကို မကြည့်ချေ။ လူမှုအဖွဲ့အစည်းရှိ လူများနှင့် လူအများစု၏ သဘောထားသည် ဤအရာများအပေါ် အခြေခံ၍ ဤအမျိုးသမီးကို ပြည့်စုံစွာ ဆန်းစစ်ခဲ့သလော။ (မဆန်းစစ်ခဲ့ပါ။) သို့ဆိုလျှင် ထိုအချိန်က လူတို့သည် မိမိတို့၏ ဆန်းစစ်ချက်ကို မည်သည့်အရာအပေါ် အခြေခံခဲ့ကြသနည်း။ “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးအပေါ် အခြေခံခဲ့၏။ လူတိုင်းက “အမျိုးသမီးများသည် တစ်ကြိမ်သာ အိမ်ထောင်ပြုသင့်သည်။ သင်၏ လင်ယောက်ျား ဆုံးလျှင်ပင် သင်၏ ကျန်သည့်ဘဝတစ်လျှောက်လုံး မုဆိုးမအဖြစ် ရှိနေသင့်သည်။ အမှန်တွင်တော့ သင်သည် အမျိုးသမီးတစ်ဦးဖြစ်သည်။ သင်သည် သွားလေသူ သင်၏ လင်ယောက်ျားကို သစ္စာရှိနေပြီး နောက်အိမ်ထောင်မပြုပါက သင်၏ ဖြူစင်မှုကို အထိမ်းအမှတ်ပြုသည့် မော်ကွန်းတစ်ခုကို ငါတို့ ထူပေးမည်။ ဆယ်ခုပင် ထူပေးနိုင်သည်။ သင် မည်မျှ ဆင်းရဲဒုက္ခခံရသည်ကို၊ သို့မဟုတ် သင်၏ ကလေးများကို ပျိုးထောင်ဖို့ သင့်အတွက် မည်မျှ ခက်ခဲသည်ကို မည်သူမျှ ဂရုမစိုက်ပါ။ အစားအစာအတွက် လမ်းများပေါ်တွင် သင် တောင်းရမ်းရလျှင်ပင် မည်သူကမျှ ဂရုစိုက်လိမ့်မည်မဟုတ်။ ‘အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ’ဟူသည့် ဆိုရိုးစကားကို သင် လိုက်နာဆဲ ဖြစ်ရမည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် အမျိုးသမီးကောင်းတစ်ဦးဖြစ်လိမ့်မည်ဖြစ်ပြီး လူ့သဘာဝနှင့် ကိုယ်ကျင့်တရား ပိုင်ဆိုင်လိမ့်မည်။ သင် နောက်အိမ်ထောင်ပြုလျှင် သင်သည် မကောင်းသော အမျိုးသမီးနှင့် မိန်းမပျက် ဖြစ်သည်”ဟု တွေးကြသည်။ ဤအရာက သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ နောက်အိမ်ထောင်မပြုခြင်းအားဖြင့်သာ အမျိုးသမီးတစ်ဦးသည် မြင့်မြတ်သည့် ကိုယ်ကျင့်တရား အပြုအမူနှင့် အကျင့်စရိုက်ရှိသည့် လူကောင်းတစ်ဦး၊ ဖြူစင်ပြီး သစ္စာရှိသည့် လူတစ်ဦး ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း၊ နှင့်ဆိုင်သည့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများအတွင်းတွင် “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးစကားသည် လူတို့ကို ချင့်ချိန်သုံးသပ်သည့် အခြေခံဖြစ်လာခဲ့သည်။ လူတို့က ဤဆိုရိုးစကားကို သမ္မာတရား ဖြစ်သည့်အလား သဘောထားကြပြီး အခြားသူများကို ဆန်းစစ်ခြင်းအတွက် စံနှုန်းများအဖြစ် သုံးကြသည်။ ဤသည်မှာ ဤကိစ္စ၏ အနှစ်သာရဖြစ်၏။ အကြောင်းမှာ တစ်စုံတစ်ဦးသည် ရိုးရာယဉ်ကျေးမှုက အဆိုပြုသည့် သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် မကိုက်ညီသည့် အပြုအမူမျိုးတစ်ခု ပိုင်ဆိုင်သည့်အခါ ၎င်းတို့သည် အရည်အသွေး နိမ့်ကျသည့် လူ့သဘာဝနှင့် နိမ့်ကျသည့် ကိုယ်ကျင့်တရား အပြုအမူတို့ ရှိကြခြင်း၊ ညံ့ဖျင်းပြီး ဆိုးရွားသည့် လူ့သဘာဝ ရှိခြင်းအဖြစ် အမည်တပ်ခံကြရသည်။ ယင်းမှာ လုံးဝ မျှတသလော။ (မမျှတပါ။) သို့ဆိုလျှင် အမျိုးသမီးကောင်းတစ်ဦး ဖြစ်ဖို့ရန်အလို့ငှာ မည်သည့် အခြေအနေများ ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အဖိုးအခကို ပေးရမည်နည်း။ သင်သည် အမျိုးသမီးကောင်းတစ်ဦး ဖြစ်လိုပါက လင်ယောက်ျားတစ်ဦးတည်းကိုသာ သစ္စာရှိရမည်ဖြစ်ပြီး သင်၏ လင်ယောက်ျား ဆုံးပါးသွားလျှင် မုဆိုးမအဖြစ်သာ နေရမည်ဖြစ်သည်။ သင်နှင့် သင်၏ ကလေးများသည် လမ်းများတွင် သွားတောင်းရမ်းရမည်ဖြစ်ပြီး အခြားသူများ၏ လှောင်ပြောင်၊ ရိုက်နှက်၊ အော်ဟစ်၊ အနိုင်ကျင့်ကာ စော်ကားခြင်းတို့ကို အောင့်ခံရမည်ဖြစ်သည်။ ယင်းမှာ အမျိုးသမီးတစ်ဦးကို ဆက်ဆံရန် သင့်လျော်သည့် နည်းလမ်းတစ်ခုလော။ (မဟုတ်ပါ။) သို့တိုင် ယင်းမှာ လူသားများ လုပ်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင်သည် နေစရာအိမ်မရှိဘဲ၊ နောက်ထပ် စားရမည့်အစားအစာက မည်သည့်နေရာမှ လာမည်ကို မသိဘဲ လမ်းများတစ်လျှောက်တွင် တောင်းရမ်းနေသည်ကို ပိုမြင်ချင်ကြပြီး မည်သူကမျှ သင့်ကို ဂရုစိုက်မည်မဟုတ်၊ စာနာမည်မဟုတ်၊ အာရုံစိုက်မည် မဟုတ်ပေ။ ကလေးမည်မျှရှိသည်ဖြစ်စေ၊ သင့်ဘဝက မည်မျှခက်ခဲသည်ဖြစ်စေ သင့်ကလေးများက အစာရေစာငတ်ကာ သေလျှင်ပင် မည်သူမျှ ဂရုစိုက်လိမ့်မည် မဟုတ်။ သို့သော် သင်အိမ်ထောင်ထပ်ပြုလျှင် အမျိုးသမီးကောင်းတစ်ဦး မဟုတ်ပေ။ သင့်ကို အထင်သေးပြီး စက်ဆုပ်သည့် စကားများဖြင့် ဒုက္ခပေးမည်ဖြစ်ကာ သင်သည် စော်ကားပြီး ရှုတ်ချသည့် စကားအနည်းငယ်ထက်ပို၍ ကြုံရလိမ့်မည်။ သင့်ကို မျိုးစုံပြောသည်ကို ကြုံရလိမ့်မည်ဖြစ်ပြီး သင်၏ ကလေးများ၊ ဆွေမျိုးများနှင့် မိတ်ဆွေအနည်းငယ်တို့ကသာ စာနာပြီး အားပေးသည့် စကားများကို အားဖြည့်ပေးကြလိမ့်မည်။ ဤသို့ အဘယ်သို့ ဖြစ်လာရသနည်း။ ယင်းသည် ရိုးရာယဉ်ကျေးမှု၏ ပညာရေးနှင့် ပုံသွင်းခြင်းတို့ဖြင့် တိုက်ရိုက်ဆက်နွှယ်ပေသည်။ ယင်းသည် ရိုးရာယဉ်ကျေးမှုက ထောက်ခံသည့် “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးစကား၏ ရလဒ်ဖြစ်သည်။ ဤအရာများမှ မည်သည့်အရာကို မြင်နိုင်သနည်း။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးစကား အတွင်းတွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း။ လူ၏ အယောင်ဆောင်မှု၊ ကြောင်သူတော်ဖြစ်ခြင်းနှင့် လူမဆန်မှုတို့ ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် စားစရာ မည်သည့်အရာမျှ မရှိဖြစ်နိုင်သည်၊ မရှင်သန်နိုင် ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ အစာရေစာငတ်ပြတ်ခြင်းမှ သေလုမျောပါး ဖြစ်ချင်ဖြစ်မည်၊ သူ့ကို မည်သူကမျှ စာနာလိမ့်မည်မဟုတ်ပေ။ ထိုအစား သူ၏ ဖြူစင်မှုကို ထိန်းသိမ်းရန် လူတိုင်းက တောင်းဆိုလိမ့်မည်။ လူတို့သည် သူ့အား ရှင်သန်ဖို့ ရွေးချယ်ခွင့်ပေးခြင်းထက် အစာငတ်သေကာ သူ့ကို ဂုဏ်ပြုသည့်အနေဖြင့် မော်ကွန်းကျောက်တိုင်တစ်ခု ထူသည်ကိုသာ မြင်ချင်ကြမည်။ တစ်နည်းအားဖြင့် ဤကိစ္စက လူသားမျိုးနွယ်၏ ခေါင်းမာခြင်းကို ပေါ်လွင်စေ၏။ နောက်တစ်နည်းအားဖြင့် လူသားမျိုးနွယ်၏ အယောင်ဆောင်ခြင်းနှင့် ရက်စက်မှုတို့ကို ပေါ်လွင်စေသည်။ လူသားမျိုးနွယ်သည် ခုခံနိုင်စွမ်းမရှိသော လူစုများကို၊ သို့မဟုတ် သနားထိုက်သောသူတို့ကို မည်သည့် စာနာမှု၊ နားလည်မှု သို့မဟုတ် အကူအညီမျှ မပေးပေ။ ထို့အပြင် လူသားမျိုးနွယ်သည် လူတို့ကို ရှုတ်ချပြီး သေခြင်းသို့ တွန်းပို့ရန် “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် အဓိပ္ပာယ်မဲ့သော သီအိုရီနှင့် စည်းမျဉ်းကို အသုံးပြုခြင်းအားဖြင့် စော်ကားရင်း အနာပေါ်အနာဆင့်ဖြစ်စေကြသည်။ ယင်းမှာ လူတို့အတွက် မမျှတပေ။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ ဖန်ဆင်းခြင်း၏ အရှင်က လူသားမျိုးနွယ်ကို ပြုလုပ်သည့် တောင်းဆိုချက်များနှင့်လည်းကောင်း ဆန့်ကျင်ရုံသာမက တစ်ချိန်တည်းတွင်ပင် လူ၏ အသိတရား၊ ဆင်ခြင်တုံတရားတို့နှင့်လည်း ဆန့်ကျင်ပေသည်။ သို့ဆိုလျှင် ထိုအမျိုးသမီး၏ ကလေးများ ရှုမြင်သည့် ရှုထောင့်အမြင်သည် မျှတပါသလော။ ၎င်းတို့သည် ၎င်းတို့ မိခင်၏ ဒုတိယ အိမ်ထောင်နှင့် သူပေးဆပ်သည့် အဖိုးအခမှ အမှန်တကယ် အကျိုးခံစားခဲ့ရသည် မဟုတ်လော။ ထိုလုပ်ရပ်နှင့် စပ်လျဉ်း၍ ကလေးများက မိမိတို့၏ မိခင်ကို လေးစားကာ အားပေးခဲ့ကြသည်၊ သို့ဆိုလျှင် ဤအားပေးမှုသည် မည်သည့်နေရာမှ လာသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိခင်သည် ၎င်းတို့ကို ဆက်လက်ရှင်သန်ခွင့်ပေးကာ ၎င်းတို့၏ အသက်များကို ကယ်တင်လျက် ၎င်းတို့၏ ရှင်သန်မှုအတွက် နောက်အိမ်ထောင်ပြုရန် ရွေးချယ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ၎င်းတို့၏ မိခင်က ထိုအရာကို ၎င်းတို့၏ အသက်ကို ကယ်တင်ဖို့ မလုပ်ဆောင်ခဲ့ပါက နောက်အိမ်ထောင်ပြုဖို့ သူ၏ ဆုံးဖြတ်ချက်ကို ၎င်းတို့ ထောက်ခံကြမည်မဟုတ်ပေ၊ သို့မဟုတ် အားပေးကြမည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကလေးများအနေဖြင့် ၎င်းတို့ မိခင်၏ နောက်အိမ်ထောင်အပေါ် ၎င်းတို့၏ အမြင်များသည် အမှန်တကယ် မမျှတပေ။ လူအများစု၏ သဘောထားမှဖြစ်စေ၊ သို့မဟုတ် သူ၏ ကလေးများ၏ ရှုထောင့်အမြင်မှဖြစ်စေ တစ်နည်းမဟုတ် တစ်နည်းဖြင့် ဤမိခင်အပေါ် လူတို့ ဆက်ဆံသည့် နည်းလမ်းနှင့် သူ့ကို ဆန်းစစ်ရန် ၎င်းတို့ အသုံးပြုသည့် စံနှုန်းများသည် သူ၏ လူ့သဘာဝ၏ စစ်မှန်သော သဘောသဘာဝအပေါ် အခြေမခံခဲ့ပေ။ ယင်းမှာ နောက်အိမ်ထောင်ပြုသည့် အမျိုးသမီးတစ်ဦးကို လူသားများက ဆက်ဆံပုံတွင် ပြုလုပ်မိကြသည့် အမှားဖြစ်သည်။ ဤအရာမှ ရိုးရာယဉ်ကျေးမှုက အဆိုပြုသည့် “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသော ဆိုရိုးစကားမှာ ဘုရားသခင်ထံမှ မလာဘဲ စာတန်ထံမှလာပြီး သမ္မာတရားနှင့် လုံးဝ မပတ်သက်သည်ကို ရှင်းရှင်း မြင်ရပေသည်။ အမှုအရာအားလုံးကို လူတို့ ရှုမြင်သည့် ရှုထောင့်အမြင်များနှင့် အဆိုပါလူတစ်ဦးဦး၏ ကိုယ်ကျင့်တရား၊ သို့မဟုတ် မကောင်းမှုကို ၎င်းတို့ ယူမှတ်သည့် နည်းလမ်းများမှာ ဘုရားနှုတ်ကပတ်တော်များတွင် အခြေမခံပေ။ ယင်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အမြင်များနှင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း တို့နှင့်ဆိုင်သည့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများအားဖြင့် လူသားက ဖန်တီးသည့် တောင်းဆိုချက်များတွင် အခြေခံလေသည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း တို့မှာ မည်သည့်အရာများ ဖြစ်သနည်း။ ဤအယူအဆများက မည်သည့်နေရာမှ လာသနည်း။ အပေါ်ယံအားဖြင့် ယင်းတို့သည် အသက်အရွယ်ကြီးပြီး ကျော်ကြားသော ပညာရှိများထံမှ လာသည့်အလား ထင်ရသော်လည်း အမှန်တွင် စာတန်ထံမှ လာပေသည်။ ယင်းတို့သည် စာတန်က လူတို့၏ အပြုအမူကို ထိန်းချုပ်ကာ ကန့်သတ်ရန်နှင့် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအတွက် စံ၊ စံပြနှင့် ပုံစံတစ်ခု သတ်မှတ်ဖို့အလို့ငှာ အဆိုပြုခဲ့သည့် အမျိုးမျိုးသော ဆိုရိုးစကားများ ဖြစ်သည်။ အမှန်တွင် ဤအသက်အရွယ်ကြီးရင့်ကာ ကျော်ကြားသော ပညာရှိများ အားလုံးသည် ဆိုးယုတ်သော သဘာဝများရှိခဲ့ကြပြီး အားလုံးက စာတန်အတွက် အစေခံမှုပေးခဲ့ကြသည်။ ၎င်းတို့သည် လူတို့ကို လှည့်စားသည့် နတ်ဆိုးများ ဖြစ်သည်။ ထို့ကြောင့် ဤအယူအဆများက စာတန်ထံမှ လာသည်ဟု ပြောရန်မှာ လုံးဝ မှန်ပေသည်။
လူတို့သည် အခြားသူများ၏ ကိုယ်ကျင့် စရိုက်လက္ခဏာနှင့် ၎င်းတို့၏ လူ့သဘာဝက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်တို့ကို ဆန်းစစ်သည့်အခါ ရိုးရာယဉ်ကျေးမှုမှ ကျော်ကြားသော ဆိုးရိုးတစ်ခုကို အခြေပြု၍သာ ထိုသို့ ဆန်းစစ်ကြသည်။ ၎င်းတို့သည် တစ်ခုသော ကိစ္စကို ချဉ်းကပ်ပုံအပေါ် အခြေခံ၍ အခြားသူများ၏ လူ့သဘာဝ အရည်အသွေးအပေါ် ဆုံးဖြတ်ချက်နှင့် ကောက်ချက်ချကြသည်။ ဤသည်မှာ မှားယွင်းကာ မှန်ကန်ခြင်းမရှိသည်မှာ သိသာထင်ရှားပေ၏။ ထို့ကြောင့် တစ်စုံတစ်ဦး၏ လူ့သဘာဝက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို မှန်ကန်တိကျကာ ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသောနည်းလမ်းဖြင့် မည်သို့ ဆန်းစစ်နိုင်သနည်း။ ၎င်းတို့ကို ဆန်းစစ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများမှာ အဘယ်နည်း။ မှန်ကန်တိကျသည့် စကားရပ်အနေဖြင့်ဆိုရလျှင် ဤဆန်းစစ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများမှာ သမ္မာတရား ဖြစ်ရပေမည်။ ဖန်ဆင်းရှင်၏ စကားများသည်သာ သမ္မာတရား ဖြစ်ပြီး ယင်းတို့သည်သာ ဩဇာအာဏာနှင့် တန်ခိုးရှိ၏။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ စကားများမှာ သမ္မာတရားမဟုတ်ပေ၊ ယင်းတို့တွင် ဩဇာအာဏာမရှိသကဲ့သို့ တစ်စုံတစ်ဦးကို ဆန်းစစ်ခြင်းအတွက် အခြေခံ၊ သို့မဟုတ် စည်းမျဉ်းများအဖြစ် အသုံးမပြုသင့်ပေ။ ထို့ကြောင့် လူတို့၏ ကိုယ်ကျင့် စရိုက်လက္ခဏာနှင့် ၎င်းတို့၏ လူ့သဘာဝ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်တို့ကို ဆန်းစစ်ရာတွင် တစ်ခုတည်းသော မှန်ကန်တိကျကာ ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသောနည်းလမ်းမှာ မိမိ၏ အခြေခံအဖြစ် ဖန်ဆင်းရှင်၏ စကားများနှင့် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့် ဖြစ်သည်။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”ဆိုသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားများကြား ကျော်ကြားသော ဆိုရိုးစကားတစ်ခု ဖြစ်သည်။ ယင်း၏ အရင်းအမြစ်မှာ မမှန်ကန်၊ စာတန်ထံမှ လာသည်။ လူတို့သည် အခြားသူများ၏ လူ့သဘာဝ အရည်အသွေးကို စာတန်၏ စကားများပေါ် အခြေခံ၍ အကဲဖြတ်ပါက ၎င်းတို့၏ ကောက်ချက်သည် မုချ မှားယွင်းလိမ့်မည်ဖြစ်ပြီး မျှတလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ကိုယ်ကျင့်တရားများ၏ အရည်အသွေးနှင့် ၎င်းတို့၏ လူ့သဘာဝ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်တို့ကို မည်သို့ မျှတစွာနှင့် မှန်ကန်တိကျစွာ ဆန်းစစ်နိုင်မည်နည်း။ အပြုသဘောဆောင်သော အရာများကို ၎င်းတို့ သဘောထားပုံအရ ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့ ပြုလုပ်သည့် ရွေးချယ်မှုများကို အခြေခံစဉ်တွင် ထိုလူ့ လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ ပန်းတိုင်နှင့် အကျိုးဆက်များအပြင် ၎င်းတို့ လုပ်ဆောင်သည့် အရာ၏ အဓိပ္ပာယ်နှင့် တန်ဖိုးတို့ကိုလည်း အခြေခံရမည်။ ယင်းသည် လုံးဝ တိကျမှန်ကန်လိမ့်မည်။ ထိုလူသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်ဖို့ သေချာပေါက်မလိုအပ်ပေ။ ၎င်းတို့ကို ဘုရားသခင်က မရွေးချယ်ခဲ့သော်လည်း မိမိတို့၏ လူ့သဘာဝ အရည်အသွေးက ဘုရားသခင်ကို ယုံကြည်သူအချို့ထက်ပင် ပို၍မြင့်မားသည့်အတိုင်းအတာအထိ အရှိအတိုင်း သင့်တင့်လျောက်ပတ်သော လူ့သဘာဝရှိကြသည့် မယုံကြည်သူအချို့ရှိသည်ကို သင် မြင်နိုင်သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးဖြစ်ကာ နှစ်များစွာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့် ဘာသာရေးသမားအချို့က ငွေနှင့် ဥစ္စာပစ္စည်းများအား လိုချင်စိတ်ပြင်းပြမှုကို စိတ်ထဲသိုထားရင်း ညီအစ်ကို မောင်နှမများကို ဧည့်ခံသည့်အခါ အသင်းတော်မှ ငွေတောင်းဖို့အတွက် အမြဲ စဉ်းစားပြီး ၎င်းတို့က ဆင်းရဲလှကြောင်းကို ထိုညီအစ်ကို မောင်နှမများအား အစဉ်သဖြင့် ညည်းပြနေကြသကဲ့သို့သာ ဖြစ်လေသည်။ ဧည့်ခံနေစဉ် ၎င်းတို့ အသုံးပြုဖို့ အသား၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံစပါးများ၊ စသည်တို့ကို ညီအစ်ကို မောင်နှမများက ပေးသည့်အခါ မိမိတို့ကိုယ်ပိုင် မိသားစု စားသုံးဖို့ရန် ထိုအရာများကို တိတ်တဆိတ် သိမ်းထားကြသည်။ ဤလူများမှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့၏ လူ့သဘာဝက ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) ဤသို့သောလူများသည် လောဘကြီးကြသည်။ လူတို့ကို အခွင့်အရေးယူချင်ကြပြီး နိမ့်ကျသော စရိုက်လက္ခဏာရှိကြသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို တိုက်ရိုက်လက်ခံခဲ့ကြသည့် မယုံကြည်သူအချို့သည် ညီအစ်ကို မောင်နှမများကို ဧည့်ခံရန် အလွန်လိုလားနေကြသည်။ ၎င်းတို့ကို ဧည့်ခံရန် မိမိတို့ငွေများကို မရမကသုံးကြပြီး အသင်းတော်ငွေကို ငြင်းကြသည်။ အသင်းတော်က ၎င်းတို့ကို ငွေမည်မျှပေးသည်ဖြစ်စေ၊ တစ်ပြားမျှ မသုံးကြသကဲ့သို့ ထိုငွေတစ်ခုတလေကိုမျှ မမက်မောကြချေ။ အားလုံးကို စုထားပြီး နောက်ပိုင်းတွင် အသင်းတော်ကို ပြန်ပေးကြသည်။ ဧည့်ခံနေစဉ် အသုံးပြုဖို့ ညီအစ်ကို မောင်နှမများက ၎င်းတို့အတွက် ပစ္စည်းများ၀ယ်ပေးကြသည့်အခါ ၎င်းတို့ ဧည့်ခံသည့် ညီအစ်ကို မောင်နှမများ အသုံးပြုကာ စားသုံးဖို့ အားလုံးကို ချန်ထားကြသည်။ ထိုညီအစ်ကို မောင်နှမများ ပြန်သွားကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ဤအရာများကို သိုလှောင်ခန်းထဲ ထည့်ထားကြပြီး နောက်တစ်ကြိမ်ညီအစ်ကို မောင်နှမအချို့ လာနေကြသည့်အခါမှသာ ထိုအရာများကို ထုတ်ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် အလွန်ရှင်းလင်းသော ထူးခြားမှုတစ်ခုရှိပြီး အသင်းတော်၏ ပစ္စည်းတစ်ခုတလေကိုမျှ ၎င်းတို့ လုံးဝ အလွဲသုံးစားမလုပ်ကြချေ။ မည်သူက ၎င်းတို့ကို ဤအရာ သွန်သင်သနည်း။ မည်သူကမျှ မပြောပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ရမည်ကို ၎င်းတို့ မည်သို့သိရှိကြသနည်း။ ထိုအရာကို ၎င်းတို့ မည်သို့ လုပ်နိုင်ခဲ့ကြသနည်း။ လူအများစုက ဤအရာကို မလုပ်နိုင်ကြသော်လည်း ၎င်းတို့ လုပ်နိုင်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ လူ့သဘာဝရှိ ခြားနားမှုတစ်ခု မဟုတ်လော။ ၎င်းတို့ လူ့သဘာဝ အရည်အသွေးရှိ ခြားနားမှုတစ်ခုဖြစ်ပြီး ၎င်းတို့၏ ကိုယ်ကျင့်တရားများရှိ ခြားနားမှုတစ်ခု ဖြစ်သည်။ ဤလူနှစ်မျိုးနှစ်စား၏ ကိုယ်ကျင့်တရားများကြား ခြားနားချက်တစ်ခုရှိသည့်အတွက် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားများကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) ဤလူနှစ်မျိုးထဲမှ မည်သည့်အမျိုးအစားက သမ္မာတရားထဲ ဝင်ရောက်ရန် ပိုလွယ်ကူကြောင်း တွေ့ရှိလိမ့်မည်နည်း။ မည်သည့်အမျိုးအစားက သမ္မာတရားလိုက်စားရန် ပိုမို ဖြစ်နိုင်ဖွယ်ရှိသနည်း။ ကောင်းမွန်သော ကိုယ်ကျင့်တရားများရှိသူတို့သည် သမ္မာတရား လိုက်စားရန် ဖြစ်နိုင်ဖွယ်ပိုရှိသည်။ ဤသည်မှာ သင်တို့ မြင်သည့်ပုံလော။ ဤသို့ သင်တို့ မမြင်ကြဘဲ စကားများနှင့် အယူဝါဒများကို မည်သို့ အာဂုံဆောင်ရမည်ကို သိကြသည့် ဘာသာရေးသမားများက ဤအရာကို လုပ်နိုင်စွမ်းရှိသင့်ကြောင်းနှင့် စကားများနှင့် အယူဝါဒ များကို အာဂုံမဆောင်နိုင်သေးသည့် ဘုရားသခင်ကို စယုံကြည်ကာစဖြစ်သော မယုံကြည်သူများက ထိုအရာကို လုပ်နိုင်စွမ်းမရှိကြောင်း တွေးထင်လျက် သင်တို့ လုပ်ဆောင်သမျှမှာ စည်းမျဉ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြခြင်း ဖြစ်သည်။ သို့ရာတွင် လက်တွေ့အရှိတရားမှာ ဆန့်ကျင်ဘက်သာဖြစ်သည်။ သင်တို့အတွက် လူများနှင့် အမှုအရာများကို ဤသို့ ရှုမြင်ရန်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ငါသည် အမှုအရာများကို ဤသို့ မရှုမြင်ပေ။ လူတို့နှင့် ငါ ဆက်ဆံသည့်အခါ မတူကွဲပြားသော အရာများအပေါ် ၎င်းတို့ရှိသည့် သဘောထားကို ငါ အကျယ်တဝင့် ကြည့်သည်၊ အထူးသဖြင့် တူညီသော အခြေအနေကို ချဉ်းကပ်သည့်အခါ မတူကွဲပြားသော လူနှစ်မျိုးက မည်သို့ပြုမူကြသည်ဆိုသည်နှင့် ၎င်းတို့ မည်သည့်ရွေးချယ်မှုများပြုလုပ်ကြသည်ကို ငါ ကြည့်သည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝက မည်သည့်အရာနှင့် တူကြောင်း ပိုကောင်းမွန်သည့် သရုပ်ဖော်ချက်တစ်ခု ဖြစ်သည်။ ဤချဉ်းကပ်နည်းနှစ်ခုထဲမှ မည်သည့်အရာက ပိုမိုမျှတပြီး ပိုမို ဓမ္မဓိဋ္ဌာန်ကျသနည်း။ လူတစ်ဦးကို ၎င်း၏ အပြင်ပန်း လုပ်ရပ်များထက် ၎င်းတို့၏ သဘာဝ အနှစ်သာရအပေါ် အခြေခံ၍ ဝေဖန်သုံးသပ်ရန်မှာ ပိုမိုမျှတပေသည်။ အကြင်သူသည် အခြေအနေတစ်ခု၌ လူတစ်ဦး၏ လုပ်ဆောင်ချက်များကို ယူပြီး ၎င်းအပေါ် ဆုံးဖြတ်ချက်နှင့် ကောက်ချက်တစ်ခုပေးဖို့ရန်အလို့ငှာ ၎င်းတို့အပေါ် တိုက်ခိုက်ရန် ထိုလုပ်ရပ်များကို အသုံးချပါက ယင်းမှာ မှားယွင်းပြီး ထိုလူအတွက် မမျှတပေ။ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး၊ ယေဘုယျအားဖြင့် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့ လျှောက်သည့်လမ်းကြောင်းတို့ကို အခြေခံ၍ မှန်ကန်တိကျသော ဆန်းစစ်ချက်တစ်ခု ပြုလုပ်ရမည်ဖြစ်သည်။ ဤအရာသည်သာ တရားမျှတပြီး၊ ယုတ္တိတန်ကာ ထိုလူအတွက်လည်း မျှတပေသည်။
ယနေ့ ငါတို့ ဤနေရာတွင် စာရင်းပြုစုထားသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ အဆိုအမိန့်တစ်ခုမျှသည် ဘုရားနှုတ်ကပတ်တော်များနှင့် မည်သည့် သက်ဆိုင်မှုမျှ မရှိသကဲ့သို့ ၎င်းတို့ထဲမှ မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ဆိုရိုးတစ်ခုသည် မည်မျှ အစဉ်အလာရှိပါစေ၊ အပြုသဘောဆောင်ပါစေ သမ္မာတရား ဖြစ်မလာနိုင်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဆိုရိုးများသည် ရိုးရာယဉ်ကျေးမှုက အမွှမ်းတင်ထားသော အရာများမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ယင်းတို့သည် ဘုရားသခင်က လူသားအား လိုက်စားရန် တောင်းဆိုသော သမ္မာတရားများနှင့် မည်သည့်သက်ဆိုင်မှုမျှ မရှိပေ။ လူသား၏ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဤမတူကွဲပြားသည့် ဆိုရိုးများကို လူတို့ မည်မျှကောင်းစွာ ပြောဆိုကြပါစေ၊ သို့မဟုတ် ယင်းတို့အတိုင်း မည်မျှကောင်းစွာ အသက်ရှင်ကြပါစေ၊ သို့မဟုတ် ယင်းတို့ကို မည်မျှ ခိုင်ခိုင်မာမာ ဖက်တွယ်ကြပါစေ ဤဆိုရိုးစကားများက သမ္မာတရားဖြစ်သည်ဟု မဆိုလိုပေ။ ကမ္ဘာမြေပေါ်ရှိ လူအများစုက ဤအရာများကို ဖက်တွယ်ပြီး ယုံကြည်ကြလျှင်ပင် ယင်းတို့က သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်။ အကြိမ်ထောင်ချီပြောလျှင်ပင် မုသားက မုသားဖြစ်နေဆဲဖြစ်သကဲ့သို့သာ ဖြစ်သည်။ မုသားသည် မည်သည့်အခါတွင်မျှ အမှန်တရား ဖြစ်မလာနိုင်။ မုသားများမှာ စာတန်၏ အကြံများပါရှိသည့် မှားယွင်းသော စိတ်ကူးဖြစ်သောကြောင့် သမ္မာတရား ဖြစ်လာဖို့မပြောနှင့်၊ သမ္မာတရားကို အစားမထိုးနိုင်ပေ။ ထိုနည်းတူ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ လူတို့ ရှေ့တန်းတင်သည့် မတူကွဲပြားသော သတ်မှတ်ချက်များမှာ သမ္မာတရား ဖြစ်မလာနိုင်။ ယင်းတို့ကို သင် မည်မျှ ဖက်တွယ်သည်ဖြစ်စေ၊ မည်သို့ကောင်းစွာ ဖက်တွယ်သည်ဖြစ်စေ သင့်အကြောင်း ပြောသမျှမှာ သင်သည် လူ့အမြင်တွင် ကောင်းမွန်သည့် ကိုယ်ကျင့်တရား အပြုအမူရှိကြောင်းဖြစ်၏။ သို့သော် ဘုရားသခင်၏ အမြင်တွင် သင်သည် လူ့သဘာဝ ရှိသလော။ သေချာပေါက် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း တို့နှင့်ဆိုင်သည့် ရိုးရာယဉ်ကျေးမှု အယူအဆများ၏ ရှုထောင့်နှင့် စည်းမျဉ်းတိုင်းကို သင်သည် အလွန်ကောင်းမွန်စွာနှင့် အသေအချာ စွဲကိုင်ခဲ့လျှင် သမ္မာတရားမှ လွန်စွာ သွေဖည်ပြီးဖြစ်ပေမည်။ အဘယ်ကြောင့်နည်း။ သင်သည် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤအဆိုအမိန့်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ပြုမူနေထိုင်နေပြီး သင်၏ စံများအဖြစ် အသုံးပြုနေခဲ့မည် ဖြစ်သောကြောင့်တည်း။ ယင်းမှာ နာရီကို ခေါင်းစောင်းပြီး ကြည့်နေသကဲ့သို့သာ ဖြစ်သည်။ သင်၏ ရှုထောင့်အမြင် မှန်ကန်လိမ့်မည်မဟုတ်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ သင်၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မည်သည့်သက်ဆိုင်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ သင်လိုက်လျှောက်နေသင့်သည့် ဘုရားသခင်၏ လမ်းခရီးမှ သင် ဝေးကွာနေမည်ဖြစ်သည်။ ဆန့်ကျင်ဘက်ဆီသို့ပင် သင်ပြေးနေနိုင်ပြီး သင့်ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များကို ပျက်ပြားသွားစေသည့်နည်းလမ်းဖြင့် ပြုမူနေနိုင်သည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးများကို သင် ပိုမိုဖက်တွယ်ပြီး တန်ဖိုးထားလေလေ၊ သင့်ကို ဘုရားသခင်က စိတ်ကုန်လာလေဖြစ်လိမ့်မည်၊ ဘုရားသခင်နှင့် သမ္မာတရားမှ ဝေးရာသို့ သင် ပိုရောက်သွားလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် ပိုမိုဆန့်ကျင်လေ ဖြစ်လိမ့်မည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးများထဲမှ တစ်ခုကို မှန်ကန်သည်ဟု သင်မည်မျှတွေးထင်သည်ဖြစ်စေ၊ သို့မဟုတ် အချိန်မည်မျှကြာ ဖက်တွယ်သည်ဖြစ်စေ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ရိုးရာယဉ်ကျေးမှု၏ အပြုအမူဆိုင်ရာ စံနှုန်းများထဲမှ မည်သည့်အရာက မှန်ကန်ပြီး ယုတ္တိတန်သည်ဟု သင်တွေးထင်ပါစေ ယင်းသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရား မဟုတ်ပေ။ သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီပေ။ သင့်ကိုယ်သင် အမြန်သုံးသပ်ဆင်ခြင်ရန် ငါ တိုက်တွန်းသည်။ သင် ဖက်တွယ်သည့် ဤအရာများက မည်သည့်နေရာမှ လာသနည်း။ လူတို့ကို ဆန်းစစ်ကာ တောင်းဆိုချက်များ ပြုလုပ်ခြင်းအတွက် ယင်းကို စည်းမျဉ်းနှင့် စံနှုန်းအဖြစ် အသုံးပြုခြင်းသည် ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုချက်တစ်ခု ရှိပါသလော။ သမ္မာတရားတွင် အခြေပြုချက်တစ်ခု ရှိသလော။ ရိုးရာယဉ်ကျေးမှု၏ ဤတောင်းဆိုချက်ကို သင် လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များက မည်သည့်အရာဖြစ်သည်ကို သင် ရှင်းလင်းပါ၏လော။ သမ္မာတရားနှင့် သက်ဆိုင်မှု တစ်ခုတလေ ရှိသလော။ ရိုးရာယဉ်ကျးမှု၏ ဤတောင်းဆိုချက်ကို သင်၏လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ်၊ သင်၏ စံအဖြစ် အသုံးပြုခြင်းအားဖြင့် ပြီးလျှင် ယင်းကို အပြုသဘောဆောင်သောအရာအဖြစ် မြင်ခြင်းအားဖြင့် သမ္မာတရားကို သင် ဆန့်ကျင်နေခြင်းရှိမရှိ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သမ္မာတရားကို ချိုးဖောက်နေခြင်းရှိမရှိ သင် ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာသင့်သည်။ ရိုးရာယဉ်ကျေးမှုက အမွှမ်းတင်ထားသည့် အမြင်များနှင့် ဆိုရိုးများကို ကြောင်းကျိုးမမြင်ဘဲ သင် ဖက်တွယ်ပါက ယင်း၏ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဤဆိုရိုးများအားဖြင့် သင်သည် အထင်အမြင်မှားပါက၊ သို့မဟုတ် လှည့်စားခံရပါက သင်၏ ရလဒ်နှင့် အဆုံးသတ် မည်သည့်အရာ ဖြစ်လိမ့်မည်ကို စိတ်ကူးကြည့်နိုင်သည်။ သင်သည် လူများနှင့် အမှုအရာများကို ရိုးရာယဉ်ကျေးမှု ရှုထောင့်အမြင်မှ ရှုမြင်ပါက သမ္မာတရားကို လက်ခံဖို့ သင့်အတွက် ခက်ပေလိမ့်မည်။ လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း သင် လုံးဝ ရှုမြင်နိုင်လိမ့်မည် မဟုတ်။ သမ္မာတရားကို နားလည်သောလူတစ်ဦးသည် ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များနှင့် တောင်းဆိုချက်များကို စိစစ်သင့်သည်။ ထိုအရာများထဲမှ မည်သည့်အရာကို သင် တန်ဖိုးအထားဆုံးဖြစ်ပြီး အမြဲ ဖက်တွယ်ကြောင်း၊ လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် ပြုမူနေထိုင်ပြီး ဆောင်ရွက်ပုံအတွက် အခြေခံနှင့် စံအဖြစ် မည်သည့်အရာကို အစဉ် အသုံးပြုသည်ကို သင် စိတ်ဖြာလေ့လာသင့်သည်။ ထို့နောက် သင် ဖက်တွယ်သည့်အရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များဖြင့် နှိုင်းယှဉ်စစ်ဆေးကာ ရိုးရာယဉ်ကျေးမှု၏ ဤရှုထောင့်များက ဘုရားသခင် ဖော်ပြသည့် သမ္မာတရားနှင့် ဆန့်ကျင်၊ ကွဲလွဲခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ သင်သည် ပြဿနာတစ်ခုကို အမှန်တကယ် ရှာတွေ့ပါက ရိုးရာယဉ်ကျေးမှု၏ ဤရှုထောင့်များက မည်သည့်နေရာအတိအကျတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့နေသည်ကို သင် ချက်ချင်း စိစစ်ရမည်။ ဤကိစ္စရပ်များနှင့် ပတ်သက်၍ သင်ရှင်းလင်းသွားသည့်အခါ မည်သည့်အရာက သမ္မာတရားဖြစ်ပြီး မည်သည့်အရာက အတွေးမှားဖြစ်သည်ကို သင် သိလိမ့်မည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကို ရွေးချယ်နိုင်လိမ့်မည်။ ဤသို့ သမ္မာတရားကို ရှာဖွေလော့၊ ပြီးလျှင် သင်၏ နည်းလမ်းများကို သင် ပြုပြင်နိုင်လိမ့်မည်။ လူတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ လူသားမျိုးနွယ်၏ လိုအပ်ချက်များ၊ ဆိုရိုးများ ဟူ၍ခေါ်ဆိုသည့်အရာများကို မည်သို့စံသတ်မှတ်ထားပါစေ၊ သို့မဟုတ် ထိုအရာများသည် လူများစွာ၏ နှစ်သက်မှု၊ အမြင်၊ လိုအင်ဆန္ဒအပြင်၊ အကျိုးစီးပွားတို့နှင့် မည်မျှကိုက်ညီပါစေ ထိုအရာများက သမ္မာတရားမဟုတ်ပေ။ ဤသည်မှာ သင်နားလည်ရမည့် အရာတစ်ခုဖြစ်သည်။ ပြီးလျှင် ထိုအရာများသည် သမ္မာတရားမဟုတ်သည့်အတွက် ထိုအရာများကို ငြင်းပယ်ပြီး စွန့်ပစ်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ ထိုအရာများ၏ အနှစ်သာရနှင့် လူများက ထိုအရာများအားဖြင့် အသက်ရှင်ခြင်းမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုပါ သင်ပိုင်းခြားစိစစ်ရမည်။ ထိုအရာများသည် သင့်အတွင်းမှ စစ်မှန်သောနောင်တကို အမှန်တကယ် ဖြစ်ပေါ်စေနိုင်သလော။ ထိုအရာများသည် သင့်ကိုယ်သင် သိမြင်ရန် အမှန်တကယ် ကူညီနိုင်သလော။ သင့်ကို လူသားပုံသဏ္ဌာန်အတိုင်း အမှန်တကယ် အသက်ရှင်နေထိုင်စေသလော။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ထိုအရာများသည် သင့်အား ကြောင်သူတော်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ ထိုအရာများသည် သင့်အား ပို၍ စဉ်းလဲစေပြီး ဆိုးယုတ်စေလိမ့်မည်။ “အရင်တုန်းက ဒီရိုးရာယဉ်ကျေးမှုတွေရဲ့ ရှုထောင့်တွေကို ငါတို့ စွဲကိုင်တဲ့အခါမှာ ငါတို့က လူကောင်းတွေလို့ ခံစားရတယ်။ ငါတို့ပြုမူနေထိုင်တဲ့ပုံစံကို တခြားလူတွေမြင်တဲ့အခါမှာ ငါတို့က လူကောင်းတွေလို့ သူတို့ကလည်း ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဘယ်လိုမကောင်းမှုမျိုးကို ငါတို့ လုပ်နိုင်တယ်ဆိုတာ ငါတို့စိတ်နှလုံးထဲကနေ သိကြတယ်။ ကောင်းတာ နည်းနည်းလုပ်တာက ဒါကို ဖုံးကွယ်ရုံသက်သက်ပဲ။ ဒါပေမဲ့ ရိုးရာယဉ်ကျေးမှုက ငါတို့ကို တောင်းဆိုတဲ့ အပြုအမူကောင်းတွေကို စွန့်ပစ်ရင် ဒါတွေအစား ဘာကိုလုပ်သင့်လဲ။ ဘယ်လိုအပြုအမူတွေနဲ့ သရုပ်သကန်တွေက ဘုရားကို ဘုန်းထင်ရှားစေမှာလဲ” ဟူ၍ ပြောသည့် လူအချို့ရှိကြသည်။ ဤမေးခွန်းကို မည်သို့ထင်သနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် မည်သည့်သမ္မာတရားများကို လက်တွေ့လုပ်ဆောင်သင့်သည်ကို ၎င်းတို့ မသိကြသေးသလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်။ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများစွာရှိသည်။ ထို့ကြောင့် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငြင်းဆန်ပြီး အယောင်ဆောင် လူကောင်းများ၊ ကြောင်သူတော်များဖြစ်ရန် မရမက ဆက်လက်လုပ်ဆောင်နေရသနည်း။ သင်သည် အဘယ်ကြောင့် ဟန်ဆောင်နေသနည်း။ “ရိုးရာယဉ်ကျေးမှု၏ ကောင်းမွန်သော သွင်ပြင်လက္ခဏာများစွာ ရှိသည်။ ‘ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်’ဟူသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ သိပ်ကောင်းသော ဆိုရိုးတစ်ခု ဖြစ်သည်။ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အဘယ်သို့ ကိုယ်တော်က ယင်းကို ပစ်ပယ်နိုင်ရသနည်း။ ပြီးလျှင် ‘မိတ်ဆွေအတွက် အသက်စွန့်မည်’ဆိုသည့်အရာရှိသည်။ သစ္စာရှိကာ သူရဲကောင်းဆန်လိုက်လေခြင်း။ ထိုသို့သော မိတ်ဆွေမျိုး ရှိရန်မှာ ဘဝတွင် ဂုဏ်တက်စရာ ဖြစ်သည်။ ‘နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်’ ဆိုသည့်အရာလည်း ရှိသည်။ ဤဆိုရိုးများသည် အလွန် နက်နဲပြီး ရိုးရာယဉ်ကျေးမှု စိမ့်ဝင်ပျံ့နှံ့နေသည်။ ဤအရာများဖြင့် ကိုယ်တော်က ကျွန်ုပ်တို့ကို အသက်ရှင်ခွင့်မပေးပါက မည်သည့်အရာဖြင့် အသက်ရှင်သင့်ပါသနည်း”ဟု ဆိုသောသူအချို့ ရှိသည်။ ဤသည်မှာ သင် တွေးထင်သည့်အရာဖြစ်ပါက တရားဒေသနာ နားထောင်ရင်း သင် ကုန်ဆုံးခဲ့သည့် နှစ်များအားလုံး အချည်းနှီးဖြစ်လေပြီ။ အနည်းဆုံးအနေဖြင့် လူတစ်ဦးသည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများအတိုင်း အသက်ရှင်ခြင်းအားဖြင့် ပြုမူနေထိုင်ရမည်ဆိုသည်ကိုပင် သင် နားမလည်ပေ။ သင်သည် သမ္မာတရား တစ်စက်မျှ မရရှိသကဲ့သို့ ဤနှစ်ကာလများကို အချည်းနှီး အသက်ရှင်လေပြီ။
တိုတိုပြောရလျှင် ရိုးရာယဉ်ကျေးမှုမှလာသော ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤဆိုရိုးများကို ငါတို့ စာရင်းပြုစုထားပြီးဖြစ်သော်လည်း ဤအရာ၏ ရည်မှန်းချက် ပန်းတိုင်မှာ ယင်းတို့က လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြစ်ကြောင်းနှင့် စာတန်ထံမှ လာကြောင်း၊ ပြီးလျှင် နောက်ထပ် မည်သည့်အရာမျှ မဟုတ်ကြောင်း အသိပေးရန်မျှသာ မဟုတ်ပေ။ ယင်းမှာ ဤအရာများ၏ အနှစ်သာရသည် မှားယွင်းကြောင်း၊ အယောင်ဆောင်ထားပြီး လှည့်စားတတ်ကြောင်းကို သင် ရှင်းရှင်းလင်းလင်း နားလည်စေဖို့ ဖြစ်သည်။ ဤအပြုအမူများကို လူတို့ ပိုင်ဆိုင်လျှင်ပင် ပုံမှန် လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်နေကြသည်ဟု မည်သို့မျှ မဆိုလိုပေ။ ထို့ထက် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ဖုံးဖိရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သဘာဝ အနှစ်သာရတို့ကို ဖုံးကွယ်ရန် ဤအတုအယောင်အပြုအမူများကို ၎င်းတို့ အသုံးပြုနေကြခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့သည် ဟန်ဆောင်ခြင်းနှင့် အခြားသူများအား လှည့်စားခြင်းတွင် ပိုတော်သည်ထက် တော်လာနေကြသည်။ ထိုနည်းအားဖြင့် ၎င်းတို့အား ပို၍ပင် ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်လာစေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဖက်တွယ်သည့် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရား စံနှုန်းများသည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများနှင့် သဟဇာတမဖြစ်သကဲ့သို့ လူတို့ကို ဘုရားသခင် သွန်သင်သည့် မည်သည့် နှုတ်ကပတ်တော်မျှနှင့် မကိုက်ညီပေ။ ယင်းတို့သည် မည်သို့မျှ ဆက်နွှယ်မှုမရှိပေ။ ရိုးရာယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာများကို သင် ဖက်တွယ်နေဆဲဖြစ်ပါက သင်သည် လုံးလုံးလျားလျား လှည့်စားခံရကာ အဆိပ်ခတ်ခံရပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုကို သင် ဖက်တွယ်ပြီး ယင်း၏ စည်းမျဉ်းများနှင့် အမြင်များကို လိုက်နာသည့် အကြောင်းကိစ္စတစ်ခုတစ်လေရှိပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ကာ သမ္မာတရားကို ချိုးဖောက်နေပြီး ထိုကိစ္စရပ်တွင် ဘုရားသခင်ကို ဆန့်ကျင်နေပေသည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤအဆိုအမိန့်များထဲမှ တစ်ခုတလေကို သင်ဖက်တွယ်ပြီး မိမိကိုယ်ကို ဆက်ကပ်ကာ၊ လူများ သို့မဟုတ် အမှုအရာများကို သင် ရှုမြင်ပုံအတွက် စံ သို့မဟုတ် အခြေခံအကြောင်းရင်းအဖြစ် သဘောထားပါက၊ ယင်းမှာ သင် မှားသည့်နေရာဖြစ်ပြီး လူတို့ကို အတိုင်းအတာတစ်ခုထိ သင် ဝေဖန်၊ ထိခိုက်နစ်နာစေပါက အပြစ်တစ်ခုကို သင် ကျုးလွန်မိပြီး ဖြစ်လိမ့်မည်။ သင်သည် လူတိုင်းကို ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရား စံနှုန်းများဖြင့် အမြဲ မရမက အကဲဖြတ်ပါက သင်ရှုတ်ချမိပြီး အထင်လွဲသည့် လူအရေအတွက် တိုးမြဲတိုးနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သင် ဧကန်မုချ ရှုတ်ချကာ အတိုက်အခံလုပ်မိလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် မဟာအပြစ်သားတစ်ဦး ဖြစ်လိမ့်မည်။ ရိုးရာယဉ်ကျေးမှု၏ ပညာရေးနှင့် ပုံသွင်းခြင်းအောက်တွင် လူသားမျိုးနွယ်အားလုံးက တိုး၍ ဆိုးယုတ်လာနေသည်ကို သင်မမြင်သလော။ လောကသည် သာ၍ မှောင်မိုက်နေသည် မဟုတ်လော။ တစ်စုံတစ်ဦးသည် စာတန်နှင့် နတ်ဆိုးများနှင့် သက်ဆိုင်လေလေ၊ အကိုးကွယ်ခံရလေ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေ၊ ဘုရားသခင်အတွက် သက်သေခံပြီး ဘုရားသခင်ကို ကျေနပ်စေလေလေ၊ သာ၍ ဖိနှိပ်ကာ ဖယ်ကြဉ်၍ ရှုတ်ချခံရလေ၊ သို့မဟုတ် ကားစင်တင်ခြင်းအားဖြင့် အသေသတ်ခြင်းကိုပင်ခံရလေ ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ရှေ့ဆက်၍၊ ယနေ့ ဤနေရာတွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းကို မကြာခဏ သင်တို့ မိတ်သဟာယပြုသင့်သည်။ ယင်းတို့နှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးနောက်တွင် သင်တို့ နားမလည်သည့် အရာများရှိပါက တစ်ခဏမျှ ဘေးဖယ်ထားပြီး နားလည်သည်အထိ သင်တို့ကိုင်တွယ်နိုင်သည့်အပိုင်းများကို မိတ်သဟာယပြုလော့။ လုံးဝ ရှင်းလင်းသွားကာ လုံးဝ နားလည်သည်အထိ ဤစကားများကို မိတ်သဟာယပြုလော့။ ထို့နောက်တွင် သမ္မာတရားကို သင်တို့ မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ်မ့ည်။ ဆိုရိုး သို့မဟုတ် အမှုအရာတစ်ခုတလေသည် သမ္မာတရား ဟုတ်မဟုတ်၊ ရိုးရာယဉ်ကျေးမှုဖြစ်ပြီး သမ္မာတရား ဟုတ်မဟုတ်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည့်အခါ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ပိုရှိလိမ့်မည်။ နောက်ဆုံးတွင် မိတ်သဟာယမှတစ်ဆင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားတိုင်းကို သင် နားလည်နိုင်ပြီး သဘောတူညီမှု ရရှိပြီးသည့်အခါ၊ သင်၏ အမြင်များနှင့် နားလည်မှုများတွင် တစ်သမတ်တည်းဖြစ်သည့်အခါ၊ မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်၊ မည်သည့်အရာများက ဘုရားသခင်ထံမှ လာပြီး မည်သည့်အရာများက စာတန်ထံမှ လာသည်ကို သိရှိသည့်အခါ၊ ပြီးလျှင် ဤအရာများ သင့်အဖို့ ရှင်းလင်းပြီး ဒွိဟဖြစ်စရာမလိုတော့သည်အထိ ထိုအကြောင်းအရာနှင့်ပတ်သက်၍ သင်မိတ်သဟာယပြုပြီးသည့်အခါမှသာ သမ္မာတရားကို သင်သိနားလည်ပြီးဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းများကို ရွေးချယ်လော့။ ဤသို့ဖြင့် ဘုရားသခင် ချခင်းထားသည့် အပြုအမူဆိုင်ရာ စံနှုန်းများကို သင် ပြည့်မီလိမ့်မည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် သင်သည် လူသားပုံသဏ္ဌာန်အချို့ ရှိလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက လူသားပုံသဏ္ဌာန်ကို လုံးဝ အသက်ရှင်နိုင်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝကိုက်ညီမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။