သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈) အပိုင်း နှစ်
ယနေ့တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် နောက်ထပ်အဆိုအမိန့်တစ်ခုကို မိတ်သဟာယဖွဲ့ခြင်း၊ ပိုင်းခြားစိစစ်ခြင်းအားဖြင့် ရှေ့ဆက်ကြပါစို့။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့အထဲတွင် စာတန်က စွဲမှတ်အောင်သွန်သင်ပေးခဲ့သော အခြားလူများနှင့် ဆက်ဆံခြင်းအတွက် နည်းလမ်းတစ်ခုကို ဖော်ပြသည်။ ဤသည်မှာ သင်သည် သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ ထွက်ပေါက်အချို့ပေးရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့အပေါ် အလွန် မကြမ်းတမ်းသင့်၊ သူတစ်ပါးတို့၏ အတိတ်မှ အမှားများကို ပြန်မဖော်နှင့်၊ သူတစ်ပါးတို့၏ ဂုဏ်ကို ထိန်းသိမ်းရမည်၊ သူတစ်ပါးတို့နှင့် ကောင်းသောဆက်ဆံရေးကို ထိခိုက်၍မရ၊ သူတစ်ပါးတို့ကို ခွင့်လွှတ်ခြင်းရှိရမည် စသည်ဖြင့် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ဤဆိုရိုးစကားသည် အဓိကအားဖြင့် လူသားများကြားဆက်ဆံရေးကို ဆုံးဖြတ်ပေးသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် အမျိုးအစားတစ်ခုကို ဖော်ပြသည်။ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏” ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများထံတွင် ၎င်းတို့အပေါ် မုန်းတီးစိတ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့သည် သမ္မာတရားကို မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့်ဆိုရိုးကို အားပေးဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာဖြင့် ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်၊ သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။ ဤအဆိုအမိန့်နှင့် ကျင့်သုံးမှုကို လိုက်နာခြင်းကို ကောင်းသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုဟု ယူဆ၍ရနိုင်သလော။ လုံးဝ ယူဆ၍မရနိုင်ပေ။ ဤသည်မှာ အချို့မိဘများက ၎င်းတို့၏ သားသမီးများကို သွန်သင်သည့် ပုံစံဖြစ်သည်။ ၎င်းတို့၏ကလေးက အပြင်သွားစဉ် တစ်နေရာရာတွင် ထိုးနှက်ခြင်းခံခဲ့ရလျှင် ၎င်းတို့က “မင်းက ငကြောက်ပဲ။ ဘာလို့ ပြန်မချတာလဲ။ သူက မင်းကို ထိုးရင် သူ့ကို ကန်ပစ်လိုက်ပေါ့” ဟူ၍ ကလေးကို ပြောသည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ဤအရာကို အဘယ်သို့ ခေါ်သနည်း။ သွေးထိုးလှုံ့ဆော်မှုဟု ခေါ်သည်။ သွေးထိုးလှုံ့ဆော်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရှုံးနိမ့်ခြင်းမဖြစ်စေရန်နှင့် သူတစ်ပါးတို့ကို အခွင့်ကောင်းယူရန် ဖြစ်သည်။ လူတစ်ယောက်က သင့်ကို ထိုးလျှင် အများဆုံးအနေဖြင့် သုံးလေးရက် နာကျင်လိမ့်မည်။ ထို့နောက် သင်က ထိုသူအား ကန်ကျောက်လျှင် ပို၍ဆိုးသော အကျိုးဆက်များ ရှိမည်မဟုတ်လော။ ပြီးလျှင် ဤအရာက မည်သူ့ကြောင့်ဖြစ်မည်နည်း။ (မိဘများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်။) ဤသို့ဆိုလျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော အဆိုအမိန့်၏ စရိုက်လက္ခဏာမှာ ဤအရာနှင့် အတော်အတန် ဆင်တူရိုးမှားဖြစ်သည်မဟုတ်လော။ ဤအဆိုအမိန့်အရ အခြားသူများနှင့် ဆက်ဆံခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မမှန်ကန်ပေ။ ဤရှုထောင့်မှ ကြည့်လျှင် ယင်းသည် လူတို့အား သွေးထိုးလှုံ့ဆော်သည့် ပုံစံမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် လူတို့အား သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် အမြော်အမြင်ရှိရန်၊ လူတို့အား ခွဲခြားသိမြင်နိုင်ရန်၊ လူများ၊ အမှုအရာများကို မှန်သောနည်းလမ်းဖြင့် မြင်ရန်၊ အမြော်အမြင်ရှိသောနည်းဖြင့် လူတို့နှင့် ဆက်ဆံရန် သင်ကြားပေးသလော။ သင်သည် လူကောင်းများ၊ လူ့သဘာဝရှိသောသူများနှင့် တွေ့လျှင် ၎င်းတို့ကို ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသင့်သည်ဟူ၍လည်းကောင်း၊ တတ်နိုင်လျှင် ၎င်းတို့ကို ကူညီပံ့ပိုးပေးသင့်သည်ဟူ၍လည်းကောင်း၊ မတတ်နိုင်လျှင် ၎င်းတို့အား သည်းခံပြီး သင့်တင့်လျောက်ပတ်စွာ ဆက်ဆံသင့်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အားနည်းချက်များကို သည်းခံတတ်ဖို့၊ သင့်အပေါ် ၎င်းတို့၏ နားလည်မှုလွဲခြင်းများနှင့် ဝေဖန်အကဲဖြတ်ခြင်းများကို သည်းခံတတ်ဖို့ သင်ယူသင့်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အားသာချက်များနှင့် အရည်အသွေးကောင်းများမှတစ်ဆင့် သင်ယူသင့်သည်ဟူ၍လည်းကောင်း သင်ကြားပေးသလော။ ဤအရာများမှာ ယင်းက လူတို့အား သင်ကြားပေးသည့်အရာများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤဆိုရိုးစကားက လူတို့အား သင်ကြားပေးသည့်အရာ၏ အဆုံးတွင် မည်သည့်ရလဒ်ရရှိသနည်း။ ဤအရာက လူတို့ကို ပို၍ ရိုးသားစေသလော၊ သို့မဟုတ် ပို၍ လှည့်စားတတ်စေသလော။ ရလဒ်အနေဖြင့် လူတို့သည် ပို၍ လှည့်စားတတ်လာသည်။ လူတို့၏ စိတ်နှလုံးများသည် ပို၍ ဝေးကွာလာသည်။ လူတို့ကြားရှိ အကွာအဝေးသည် ကျယ်ပြန့်လာသည်။ ပြီးလျှင် လူတို့၏ ဆက်ဆံရေးများသည် ရှုပ်ထွေးလာသည်။ ဤသည်မှာ လူတို့၏ လူမှုဆက်ဆံရေးများရှိ ရှုပ်ထွေးမှုနှင့် ညီမျှသည်။ လူတို့ကြားတွင် ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်း မရှိတော့ဘဲ အချင်းချင်း အပြန်အလှန် သတိထားကာကွယ်သည့် စိတ်နေစိတ်ထားဖြစ်လာစေသည်။ ဤနည်းလမ်းဖြင့် လူတို့၏ ဆက်ဆံရေးများသည် ပုံမှန်ဖြစ်နိုင်သလော။ လူမှုအခြေအနေက တိုးတက်မည်လော။ (တိုးတက်မည် မဟုတ်ပါ။) ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးသည် သိသာစွာပင် မှားယွင်းခြင်းဖြစ်သည်။ လူတို့အား ဤအရာကို သွန်သင်ပေးခြင်းအားဖြင့် လူတို့အား သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်အောင် မလုပ်ဆောင်နိုင်ပေ။ ထို့အပြင် လူတို့ကို ရိုးသားစေရန်၊ ဖြောင့်မတ်စေရန်၊ သို့မဟုတ် ပွင့်လင်းစေရန် မပြုလုပ်နိုင်ပေ။ အပြုသဘောဆောင်မှု တစ်ခုမျှ မရရှိနိုင်ပေ။
“သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးစကားသည် လုပ်ရပ်နှစ်ခုကို ညွှန်းဆိုသည်။ တစ်ခုမှာ ရိုက်နှက်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ထုတ်ဖော်ခြင်း ဖြစ်သည်။ သူတစ်ပါးတို့နှင့် သာမန်ဆက်ဆံရေးများတွင် လူတို့သည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းက မှန်သလော၊ မှားသလော။ (မှားသည်။) သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းက သာမန်လူ့သဘာဝ၏ လက္ခဏာနှင့် အပြုအမူဖြစ်သလော။ (မဟုတ်ပါ။) လူတို့ကို ရိုက်နှက်ခြင်းသည် မျက်နှာကို ရိုက်သည်ဖြစ်စေ၊ အခြားတစ်နေရာရာကို ရိုက်သည်ဖြစ်စေ လုံးဝ မှားယွင်းသည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်” ဆိုသည့် အဆိုအမိန့်သည် ပင်ကိုအားဖြင့် မှားယွင်းသည်။ ဤဆိုရိုးစကားအရ သိရသရွေ့မှာ လူတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းက မမှန်ကန်သော်လည်း အခြားတစ်နေရာရာကို ရိုက်နှက်ခြင်းက မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် မျက်နှာကို ရိုက်ပြီးနောက်တွင် မျက်နှာသည် နီရဲကာ ရောင်ကိုင်းလာပြီး ဒဏ်ရာရသောကြောင့်ဖြစ်သည်။ ဤအရာသည် လူကို အမြင်ရဆိုးစေပြီး မျက်နှာမပြရဲအောင် ဖြစ်စေသည်။ လူများကို အလွန်ရိုင်းစိုင်းသည့်၊ ခေတ်မမီသည့်၊ ရှက်ဖွယ်ကောင်းသည့်နည်းဖြင့် ဆက်ဆံရန်လည်း ပြသည်။ ထို့ကြောင့် လူများအား အခြားတစ်နေရာရာသို့ ရိုက်နှက်လျှင် မြင့်မြတ်သလော။ ဤသည်မှာလည်း မမြင့်မြတ်ပါ။ အမှန်တကယ်တွင် ဤဆိုရိုးစကား၏ အဓိကအချက်မှာ လူတစ်ယောက်အား မည်သည့်နေရာတွင် ရိုက်ဖို့ရန်မဟုတ်ဘဲ “ရိုက်နှက်ခြင်း” ဆိုသည့် စကားကိုယ်၌ပင်ဖြစ်သည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ သင်သည် ပြဿနာများအား ရင်ဆိုင်ပြီး ကိုင်တွယ်ဖြေရှင်းသည့်အနေဖြင့် သူတစ်ပါးတို့ကို အစဉ် ရိုက်နှက်နေလျှင် သင်၏နည်းလမ်းကိုက မှားယွင်းနေသည်။ ယင်းသည် စိတ်မြန်လက်မြန်စိတ်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ပြီး လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့အရ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို လိုက်နာမှုကြောင့် ပို၍မဟုတ်သည်မှာ မှန်သည်။ လူအချို့မှာ အခြားလူများရှေ့တွင် ထိုသူတို့၏ ဂုဏ်ကို မတိုက်ခိုက်ပေ။ ၎င်းတို့ပြောဆိုသည့်အရာကို ဂရုစိုက်ပြီး အခြားလူများ၏ မျက်နှာကို ရိုက်နှက်ခြင်းအား ရှောင်သည်။ သို့သော် ထိုလူတို့၏ နောက်ကွယ်တွင် အစဉ်သဖြင့် မကောင်းသော လှည့်ကွက်များ လုပ်ဆောင်သည်။ စားပွဲပေါ်တွင် လက်ဆွဲနှုတ်ဆက်နေသော်လည်း စားပွဲအောက်တွင် ခြေထောက်ဖြင့် ကန်သည်။ အခြားလူများရှေ့တွင် ကောင်းသောအရာများကို ပြောဆိုပြီး နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်သည်။ သူတစ်ပါးတို့၏ အမှားကိုရှာပြီး ထိုသူတို့ကို တိုက်ခိုက်ဖို့ ထိုအမှားကို အသုံးချသည်။ လက်စားချေရန် အခွင့်အလမ်းကို စောင့်သည်။ အကွက်ချပြီး ကြံစည်သည်။ ကောလာဟလများ ဖြန့်သည်၊ သို့မဟုတ် ပဋိပက္ခများဖြစ်အောင် ကြံစည်ပြီး ၎င်းတို့ကို တိုက်ခိုက်ဖို့ အခြားလူများကို အသုံးပြုသည်။ ဤဒုက္ခပေးသော နည်းလမ်းများသည် တစ်စုံတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းထက် မည်မျှပို၍ သာသနည်း။ ဤအရာတို့သည် တစ်စုံတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းထက် ပို၍ပင် မပြင်းထန်သလော။ ဤအရာတို့သည် ပို၍ပင် ဒုက္ခပေးသည်၊ ကြမ်းတမ်းသည်၊ လူ့သဘာဝကင်းမဲ့သည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်” ဟူသော အဆိုအမိန့်သည် ပင်ကိုအားဖြင့် အဓိပ္ပာယ်မရှိပေ။ ဤအမြင်ကိုယ်၌က အမှားတစ်ခုဖြစ်ပြီး ပရိယာယ် အရိပ်အမြွက်ပါရှိသည်။ ကြောင်သူတော် နည်းလမ်းဖြစ်သဖြင့် ပို၍ပင် စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ မနှစ်မြို့ဖွယ်ဖြစ်သည်။ ယခုတွင် လူတို့အား ရိုက်နှက်ခြင်းသည် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်ဆိုသည်ကို ငါတို့ ရှင်းပြီဖြစ်သည်။ သင်သည် မည်သည့်အချက်အကြောင့် တစ်စုံတစ်ယောက်ကို ရိုက်နှက်သနည်း။ ဥပဒေက ခွင့်ပြုထားခြင်းလော၊ သို့မဟုတ် ဘုရားသခင်က ပေးထားသော အခွင့်အရေးဖြစ်သလော။ မည်သည့်အရာမျှ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူတို့ကို ရိုက်နှက်သနည်း။ သင်သည် ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေး အဆင်ပြေနိုင်လျှင် ထိုသူနှင့် အဆင်ပြေပြီး ဆက်ဆံရန်အတွက် မှန်ကန်သောနည်းများကို အသုံးပြုနိုင်သည်။ ထိုသူနှင့် အဆင်မပြေနိုင်လျှင် သင်သည် စိတ်မြန်လက်မြန်ပြုမူရန်၊ သို့မဟုတ် ပေါက်ကွဲရန် မလိုအပ်ဘဲ လမ်းခွဲနိုင်သည်။ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ဤသည်မှာ လူတို့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သင်သည် စိတ်မြန်လက်မြန် ပြုမူသည်နှင့် တစ်ပြိုင်နက် ထိုသူ၏ မျက်နှာကို မရိုက်ဘဲ အခြားတစ်နေရာရာကို ရိုက်လျှင်ပင် ဤသည်မှာ ဆိုးဝါးသော ပြဿနာဖြစ်သည်။ ယင်းသည် သာမန်ဆက်ဆံသည့်နည်းလမ်းမဟုတ်ပေ။ ဤသည်မှာ ရန်သူများက ဆက်ဆံသည့်ပုံစံဖြစ်သည်။ လူတို့က ဆက်ဆံသည့် သာမန်နည်းလမ်းမဟုတ်ပေ။ လူ့သဘာဝ၏ အသိစိတ်က လက်မခံနိုင်ဖွယ် အပြုအမူဖြစ်သည်။ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားတွင် “ဖော်” ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ “ဖော်” ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ “ဖော်” ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြင့် ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ် နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ဆိုရိုးစကားတွင်ရှိသော “ဖော်” ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း ထိုသူသည် သင်၏ အကြံကို လက်မခံနိုင်သေးသည်ကို မြင်လျှင် စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ “မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို အကြံနည်းနည်း ပေးဖို့ ငါ ဆန္ဒရှိတယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး” ဟူ၍ ဖြစ်သည်။ ထိုသူက “ငါ မင်းကို ယုံတယ်။ မင်းပြောစရာ ဘာပဲရှိရှိ အလွန်အကျွံဖြစ်မှာမဟုတ်ဘူး။ ငါ လက်ခံနိုင်ပါတယ်” ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း ပြောပြနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ ယခုဆွေးနွေးနေသည့် ဆိုရိုးစကားအရ “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်း” ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို မပြောခြင်း၊ သူတစ်ပါးတို့၏ မပြောအပ်ဆုံးသော ပြဿနာများကို မပြောခြင်း၊ သူတစ်ပါးတို့၏ ပြဿနာများ၏ အနှစ်သာရကို မဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရာတွင် အလွန်ပင် ပြောင်ပြောင်တင်းတင်း မဖြစ်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့် မှတ်ချက်များကိုသာ ပေးခြင်း၊ လူအားလုံးက အပြောများသည့်အရာများကိုသာ ပြောခြင်း၊ ထိုသူကိုယ်၌က မြင်နိုင်ပြီးဖြစ်သည့်အရာများကို ပြောဆိုခြင်း၊ ထိုသူက ယခင်က ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ထိခိုက်လွယ်သော ပြဿနာများကို ဖွင့်မပြခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဤသို့ လုပ်ဆောင်လျှင် ထိုသူအတွက် မည်သို့ အကျိုးဖြစ်သနည်း။ သင်သည် ထိုသူကို စိတ်မကျေမနပ်မဖြစ်စေခြင်း၊ သို့မဟုတ် သူနှင့် ရန်သူမဖြစ်ခြင်းတို့ ရှိကောင်းရှိမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာသည် ထိုသူအား မည်သို့မျှ အကူအညီမပေးပေ၊ သို့မဟုတ် ထိုသူအတွက် အကျိုးမဖြစ်ပေ။ ထို့ကြောင့် “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် စကားကိုယ်၌က တိမ်းရှောင်ခြင်းဖြစ်ပြီး လူတို့ အချင်းချင်း ဆက်ဆံရာတွင် ရိုးသားစစ်မှန်မှုကို ခွင့်မပြုသော လှည့်စားမှု ပုံစံတစ်ခုဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ဘာသာတရားမရှိသူများက “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားရှိသူတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဟုပင် မြင်ကြသည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် လှည့်စားသည့် ပုံစံတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ယင်းကို လူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခံယူကျင့်သုံးခြင်းဖြစ်သည်။ ဆက်ဆံရာတွင် သင့်တင့်လျောက်ပတ်သောနည်းလမ်း လုံးဝ မဟုတ်ပေ။ သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်းကိုယ်၌က မရိုးသားခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနိုင်သည်။ လူတို့က သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းအား သာမန်အားဖြင့် မည်သို့သော အခြေအနေမျိုးတွင် သင် မြင်တွေ့နိုင်သနည်း။ ဥပမာတစ်ခုပြမည်။ လူ့အဖွဲ့အစည်းတွင် အလုပ်လျှောက်သူနှစ်ယောက်က ရာထူးတစ်ခုအတွက် အလုပ်ရရှိရန် ယှဉ်ပြိုင်နေလျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်လိမ့်မည်။ တစ်ယောက်က “မင်းက မကောင်းတာတွေ လုပ်ခဲ့တယ်။ ပိုက်ဆံတချို့တစ်ဝက်ကို အလွဲသုံးစားလုပ်ခဲ့တယ်” ဟု ပြောမည်ဖြစ်ပြီး အခြားတစ်ယောက်က “မင်းက လူတချို့တစ်ဝက်ကို ထိခိုက်ခဲ့တယ်” ဟူ၍ ပြောမည်။ ဤသို့သောအရာများကို တစ်ယောက်နှင့်တစ်ယောက် ဖော်ထုတ်ကြသည်။ ဤသည်မှာ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်လော။ (ဟုတ်သည်။) နိုင်ငံရေးစင်မြင့်တွင် တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်သောသူများသည် နိုင်ငံရေးပြိုင်ဖက်များဖြစ်သည်။ သာမန်လူများက ဤသို့လုပ်လျှင်မူ ရန်သူများဖြစ်ကြသည်။ ရိုးရှင်းစွာဆိုလျှင် ဤလူနှစ်ယောက်သည် ဆက်ဆံရေးအဆင်မပြေဟု ပြောလိမ့်မည်။ ၎င်းတို့တွေ့သည့်အချိန်တိုင်းတွင် စတင်ငြင်းခုံကြသည်။ တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဝေဖန်အပြစ်တင်ပြီး ရှုတ်ချကြသည်။ ကြံဖန်၍ လုပ်ကြံပြောဆိုခြင်းနှင့်၊ မှားယွင်းသော စွပ်စွဲခြင်းများပင် ပြုကြသည်။ အခြားလူ၏ အရေးကိစ္စနှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ်တစ်ခုခုရှိသရွေ့ ၎င်းတို့က ဖော်ထုတ်ပြီး ယင်းအတွက် အခြားလူကို ရှုတ်ချမည်။ လူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အကြောင်းအရာများစွာကို ဖော်သော်လည်း အခြားလူများ၏ အားနည်းချက်များကို မဖော်လျှင် ဤသို့လုပ်ဆောင်သည်မှာ မြင့်မြတ်သောအရာဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ။ သို့သော် လူတို့သည် ဤသက်ဝင်ယုံကြည်မှုကို မြင့်မြတ်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအဖြစ် မှတ်ယူပြီး ချီးမွမ်းဆဲဖြစ်သည်။ ဤသည်မှာ အလွန်ပင် စက်ဆုပ်ဖွယ်ဖြစ်သည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားသည် ယင်းကိုယ်၌ကပင် အပြုသဘောဆောင်သောအရာ မှန်သမျှကို ထောက်ခံနိုင်ခြင်း မရှိပေ။ ယင်းသည် “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်” ဆိုသော ဆိုရိုးစကားများနှင့် မတူညီပေ။ ဤဆိုရိုးစကားများက အနည်းဆုံးအနေဖြင့် ချီးမွမ်းထိုက်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုကို ထောက်ခံသည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော စကားသည် အပျက်သဘောဆောင်သော အပြုအမူကို လှုံ့ဆော်ပေးသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အဆိုအမိန့်ဖြစ်ပြီး လူတို့အတွက် အပြုသဘောဆောင်သော အသုံးတည့်မှုလုံးဝ မရှိပေ။ ယင်းသည် လူတို့အား ဤလောကတွင် အသက်တာ၌ လိမ္မာရေးခြားရှိစွာ ပြုမူဆောင်ရွက်ခြင်းအတွက် မှန်ကန်သောနည်းလမ်းများ၊ သို့မဟုတ် စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို မပြောပေ။ ဤသို့သော အချက်အလက်ကို မပေးပေ။ ယင်းလုပ်ဆောင်သမျှမှာ သူတစ်ပါးတို့ကို မျက်နှာသို့ မရိုက်နှက်ရန်သာ ပြောသည်။ မျက်နှာမှလွဲပြီး အခြားမည်သည့်နေရာမဆို ရိုက်နှက်ခြင်းသည် ကိစ္စမရှိဟု ဆိုသကဲ့သို့ဖြစ်သည်။ အညိုအမဲစွဲစေ၊ သေရာပါဒဏ်ရာရစေ၊ သို့မဟုတ် သေလုမျောပါးပင် ဖြစ်စေ ၎င်းတို့ အသက်ရှူနေသေးသရွေ့ သင်နှစ်သက်သလို ရိုက်နှက်လော့။ ပြီးလျှင် လူတို့သည် တစ်ယောက်နှင့်တစ်ယောက် သဘောထားကွဲလွဲသောအခါ၊ ရန်သူများ၊ သို့မဟုတ် နိုင်ငံရေးပြိုင်ဘက်များ တွေ့ဆုံသောအခါ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို မဖော်သရွေ့ ၎င်းတို့အလိုရှိသည့်အရာမှန်သမျှ တစ်ယောက်အကြောင်းကိုတစ်ယောက် ဖော်နိုင်သည်။ ဤသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ သင်တို့သည် ယခင်က ဤဆိုရိုးစကားကို အလွန်ပင် ထောက်ခံသည်မဟုတ်လော။ (ဟုတ်သည်။) လူနှစ်ယောက်က အငြင်းပွားပြီး စတင် ငြင်းခုံကြသည်ဆိုပါစို့။ တစ်ယောက်က “နင့်ယောက်ျားက နင့်ကလေးရဲ့ အဖေမဟုတ်ဘူးဆိုတာ ငါသိတယ်” ဟု ဆိုသည်။ အခြားတစ်ယောက်က “မင်းမိသားစုက ပိုက်ဆံရှာဖို့ ဘယ်လိုလှည့်ကွက်တွေသုံးလဲဆိုတာ ငါသိတယ်” ဟု ဆိုသည်။ လူအချို့က ၎င်းတို့၏ စကားများသည့် အကြောင်းအရာအပေါ် မှတ်ချက်ပေးပြီး “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေနဲ့ အပြစ်ရှိတဲ့ လျှို့ဝှက်ချက်တွေကို ပြန်ဖော်နေပြီး ပုံကြီးချဲ့ပြောနေတာကို ကြည့်ပါဦး။ တော်တော် သေးသိမ်တဲ့ အပြုအမူပဲ။ ပြီးတော့ ဂုဏ်သိက္ခာလည်း တော်တော်မဲ့တယ်။ အနည်းဆုံးတော့ လူတွေကို နည်းနည်းလေးစားမှုထားပေးလို့ရတာပဲ။ မဟုတ်ရင် နောင်မှာ သူတို့က ဘယ်လို လိမ္မာရေးခြားရှိရှိ ပြုမူနိုင်ကြမှာလဲ” ဟူ၍ ပြောဆိုကြသည်။ ဤသို့သော မှတ်ချက်မျိုးကို ပြုလုပ်သည်မှာ မှန်သလော၊ မှားသလော။ (မှားသည်။) အနည်းငယ်မျှသော အပြုသဘောဆောင်သည့် သက်ရောက်မှုပင်ရှိသလော။ တစ်ခုတလေက သမ္မာတရားနှင့် အနည်းငယ်မျှ ကိုက်ညီခြင်းပင်ရှိသလော။ (မရှိပါ။) ဤသို့သော မှတ်ချက်မျိုးကို ပြုလုပ်ရန်အတွက် လူတစ်ယောက်သည် မည်သို့သော အယူအဆနှင့် အမြင်မျိုးရှိရမည်နည်း။ ဤသို့သော မှတ်ချက်မျိုးသည် သမ္မာတရားကို နားလည်သော တရားမျှတစိတ်ရှိသည့် သူတစ်ယောက်ထံမှ လာသလော။ (မလာပါ။) ဤသို့သော မှတ်ချက်များသည် မည်သို့သော အခြေပြုချက်မှ ဖြစ်ပေါ်သနည်း။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ရိုးရာယဉ်ကျေးမှု၏ အယူအဆက အလုံးစုံ လွှမ်းမိုးခြင်းခံထားရသောကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ဤမှတ်ချက်များသည် ရိုးရာယဉ်ကျေးမှု၏ ဤအယူအဆနှင့် အမြင်အပေါ်တွင် လုံးဝ အခြေခံသည်။
ငါတို့ ယခုပြောခဲ့သည့် လူနှစ်ယောက်ကြားရှိ အငြင်းပွားမှုနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်၏ ရှုထောင့်မှနေ၍ ဤအကြောင်းအရာကို ကြည့်လျှင် ဘုရားနှုတ်ကပတ်တော်အရလည်းကောင်း၊ သမ္မာတရားအား စံအဖြစ်ထားရှိ၍လည်းကောင်း ဤအရာကို မည်သို့ မှတ်ယူသင့်သနည်း။ ဤသည်မှာ လူတို့ ဆင်ခြင်သုံးသပ်သင့်သည့် အမှုကိစ္စတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ သင်တို့ ဆင်ခြင်သုံးသပ်သင့်သည့်အရာတစ်ခုဖြစ်သည်။ ယုံကြည်သူများသည် မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သနည်း။ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ကာ ကျင့်ကြံပြုမူရမည်။ ညီအစ်ကိုမောင်နှမများကြားတွင် အငြင်းပွားမှုတစ်ခုဖြစ်ပေါ်လျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ရှည်၊ သည်းခံရမည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းဖြင့် ဆက်ဆံရမည်။ ၎င်းတို့သည် ရှေးဦးစွာ ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ရမည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားနှင့်အညီ ပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်မှာ ၎င်းတို့ကိုယ်တိုင်၏ အမှားများကို သိမြင်ပြီး ဇာတိပကတိကို ပုန်ကန်နိုင်ကာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ အခြားလူများကို ဆက်ဆံနိုင်သည်အထိပင် ဖြစ်လေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းလိမ့်မည်။ သင်တို့သည် ဤပြဿနာကို နှံ့နှံ့စပ်စပ် နားလည်သင့်သည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားသည် လူ့သဘာဝကို အကဲဖြတ်ရန်အတွက် စံနှုန်းမဟုတ်ဘဲ အခြေခံ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ မကန့်သတ်နိုင်သည့်အရာတစ်ခုသာဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်ပင် အဓိပ္ပာယ်မရှိဘဲ ယုံကြည်သူများအနေဖြင့် ဤသို့သော စည်းမျဉ်းကို လိုက်နာရန် မလိုအပ်ပေ။ လူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံသင့်သည်။ ဤအရာတို့သည် ယုံကြည်သူများ လိုက်နာသင့်သည့် အရာများဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ရိုးရာယဉ်ကျေးမှုအမြင်များနှင့် ဆိုးယုတ်သော အတွေးအခေါ်များကို ယုံကြည်ဆဲဖြစ်ပြီး လူတို့ကို အကဲဖြတ်ရန်နှင့် သူတစ်ပါးတို့ကို ကန့်သတ်ရန်၊ သို့မဟုတ် မိမိတို့ကိုယ်ကို တောင်းဆိုမှုများ ပြုလုပ်ရန် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသောအရာ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ အယူအဆများကို အသုံးပြုလျှင် ဤသည်မှာ ၎င်းတို့သည် အဓိပ္ပာယ်မရှိသကဲ့သို့ ယုတ္တိမရှိခြင်းလည်းဖြစ်ပြီး ၎င်းတို့သည် မယုံကြည်သူများပင်ဖြစ်သည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားသည် မိမိ၏ မိတ်ဆွေများနှင့် ဆက်ဆံရာတွင် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်ပြီး အပြန်အလှန် ဆက်ဆံရေး၏ ပဓာနကျသော၊ အရင်းအမြစ်ဖြစ်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် ဤဆိုရိုးစကားသည် အပေါ့တန်ဆုံး စည်းမျဉ်း၊ အပေါ့တန်ဆုံး လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ဖြစ်သည်။ ယင်းသည် သမ္မာတရားစည်းမျဉ်း၏ စံနှုန်းများကို တကယ်ကို မမီနိုင်ဘဲ ဤသို့သော အပေါ်ယံစည်းမျဉ်းအား လိုက်နာခြင်းသည် မည်သည့်အရာကိုမျှ မရရှိနိုင်သကဲ့သို့ အလွန်ပင် အဓိပ္ပာယ်မရှိပေ။ ဤသို့ဆိုခြင်းမှာ သင့်တင့်မျှတပါသလော။ (သင့်တင့်မျှတပါသည်။) ညီအစ်ကိုမောင်နှမများကြားတွင် အငြင်းပွားမှုတစ်ခုဖြစ်ပေါ်သောအခါ ဤအကြောင်းအရာနှင့် ပတ်သက်၍လည်းကောင်း၊ ဤအကြောင်းအရာကို ဖြေရှင်းရန်အတွက်လည်းကောင်း စည်းမျဉ်းမှာ မည်သည့်အရာဖြစ်သင့်သနည်း။ ယင်းမှာ ရိုးရာယဉ်ကျေးမှု၏ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သလော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားအား စည်းမျဉ်းအဖြစ် မှတ်ယူခြင်းဖြစ်သလော။ သင်တို့၏ အမြင်ကို ပြောလော့။ (ရှေးဦးစွာ ၎င်းတို့၏ အငြင်းပွားမှုနှင့် ၎င်းတို့၏ တစ်ယောက်နှင့်တစ်ယောက် စိတ်မြန်လက်မြန်စွပ်စွဲခြင်း၏ သဘောသဘာဝကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ စိစစ်ပြီး သိမြင်ကာ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖွင့်ပြခြင်းဖြစ်သည်ကို သိမြင်သင့်သည်။ ထို့နောက် ၎င်းတို့နှင့်အတူ ဆက်စပ်မှုရှိသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းအား မိတ်သဟာယပြုသင့်သည်။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းဖြင့် ဆက်ဆံသင့်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသင့်သည်။ ၎င်းတို့ပြောသည့်အရာနှင့် လုပ်ဆောင်သည့်အရာသည် သူတစ်ပါးကို ထိခိုက်စေမည့်အစား ထောက်ကူစရာဖြစ်ရမည်။ အခြားလူက ချို့ယွင်းချက်များရှိလျှင်၊ သို့မဟုတ် အမှားများ ပြုလုပ်လျှင် ထိုသူကို တိုက်ခိုက်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ သို့မဟုတ် ရှုတ်ချခြင်းတို့ လုပ်မည့်အစား တတ်နိုင်လျှင် ကူညီခြင်းအားဖြင့် ဤအရာကို မှန်မှန်ကန်ကန် ကိုင်တွယ်သင့်သည်။) ဤသည်မှာ လူတို့ကို ကူညီသည့် ပုံစံတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို ကူညီပြီး ၎င်းတို့၏ အငြင်းပွားမှုကို ဖြေရှင်းရန် မည်သည့်အရာကို ပြောဆိုနိုင်သနည်း။ (၎င်းတို့သည် အသင်းတော်တွင် ငြင်းခုံနေကြသည်။ ဤအရာသည်ပင် သန့်ရှင်းသူများနှင့် မထိုက်တန်ဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ ထို့ကြောင့် “တစ်ယောက်ယောက်က ပြဿနာတွေရှိတာကို တွေ့ခဲ့ရင် တတ်နိုင်လို့ကတော့ ကူညီပေးပါ။ မကူညီနိုင်ရင်လည်း ငြင်းခုံဖို့ မလိုအပ်ပါ။ ဒါမှမဟုတ်ရင် အသင်းတော်အသက်တာအတွက် အနှောင့်အယှက်ဖြစ်မယ်။ ထပ်ခါထပ်ခါ သတိပေးပေမဲ့ ဆက်လုပ်နေရင် အသင်းတော်က သူ့ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေနဲ့အညီ ကိုင်တွယ်ရလိမ့်မယ်။”) ဟူ၍ ၎င်းတို့အား ပြောပြီး မိတ်သဟာယဖွဲ့နိုင်သည်။ သင်တို့အားလုံးက အသင်းတော်အသက်တာကို နှောင့်ယှက်သောသူများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ရမည်ကို သိသည့်ပုံစံရှိသည်။ သို့သော် လူတို့ကြားတွင် အငြင်းပွားမှုများကို မည်သို့ ကိုင်တွယ်ရမည်ကို၊ သို့မဟုတ် ၎င်းတို့အား ကိုင်တွယ်ရန် မည်သည့်ဘုရားနှုတ်ကပတ်တော်များအား အသုံးပြုသင့်သည်ကို သင်တို့ အပြည့်အဝ မသိသေးပေ။ ပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအား မည်သို့အသုံးပြုရမည်ကို မသိသေးပေ။ ဤကိစ္စတွင် ၎င်းတို့တစ်ဦးစီ၌ မည်သည့်ပြဿနာများရှိသနည်း။ ၎င်းတို့နှစ်ဦးလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသလော။ (ရှိသည်။) ၎င်းတို့နှစ်ဦးလုံးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်အတွက် အငြင်းပွားမှု ဖြစ်ပေါ်သောအခါ တစ်ဦးချင်းစီတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြသည်နှင့် ထိုအရာများ၏ မူလအရင်းအမြစ်က မည်သည့်အရာဖြစ်သည်တို့ကို ကြည့်ရှုလော့။ ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှာဖွေပြီး ၎င်းတို့ကို ဖော်ထုတ်ပြီး စိစစ်ရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုလော့။ ဤသို့အားဖြင့် ၎င်းတို့နှစ်ဦးလုံးသည် ဘုရားရှေ့သို့ ပြန်လာပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ မိမိကိုယ်ကို သိမြင်လာမည်။ ဤသို့ဆိုလျှင် ၎င်းတို့နှင့် သင် မိတ်သဟာယပြုသင့်သည့် အဓိကအကြောင်းအရာများမှာ အဘယ်နည်း။ သင်က ဤသို့သောအရာကို ပြောကောင်းပြောနိုင်သည်။ “မင်းတို့နှစ်ယောက်က ဘုရားရဲ့ နောက်လိုက်တွေဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရင် မငြင်းခုံပါနဲ့။ ဘာကြောင့်လဲဆိုရင် ငြင်းခုံတာတွေက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်လိုက်သူတွေကို ဒီလို မဆက်ဆံပါနဲ့။ မယုံကြည်သူတွေက လူတွေကို ဆက်ဆံတဲ့ ပုံစံအတိုင်း ညီအစ်ကိုမောင်နှမတွေကို မဆက်ဆံပါနဲ့။ ဒီလိုလုပ်တာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မညီဘူး။ ဘုရားသခင်က သူများတွေကို ဘယ်လိုဆက်ဆံရမယ်လို့ လူတွေကိုတောင်းဆိုထားတာလဲ။ ဘုရားနှုတ်ကပတ်တော်က တော်တော်ရှင်းပါတယ်။ ခွင့်လွှတ်ပါ။ သည်းခံပါ။ စိတ်ရှည်ပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ပါဆိုတာပဲ။ တခြားလူတစ်ယောက်က အရေးကြီးတဲ့ပြဿနာတွေရှိတာကို မင်း မြင်ပြီး သူလုပ်တာကို မင်းက မကျေနပ်ရင် ဒါကို ကျိုးကြောင်းသင့်တဲ့၊ ထိရောက်တဲ့ နည်းလမ်းနဲ့တစ်မျိုး၊ ခွင့်လွှတ်၊ သည်းခံပြီး စိတ်ရှည်တဲ့ သဘောထားနဲ့တစ်ဖုံ မိတ်သဟာယပြုသင့်တယ်။ အဲဒီလူက ဒါကို အသိအမှတ်ပြုနိုင်ပြီး ဘုရားသခင်ဆီကနေ လက်ခံနိုင်ရင် ပိုကောင်းတယ်။ သူက ဘုရားသခင်ဆီက လက်မခံနိုင်ရင်တော့ မင်းက မင်းတာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်နေဦးမှာပဲ။ သူ့ကို စိတ်မြန်လက်မြန်နဲ့ တိုက်ခိုက်တာတွေ လုပ်ဖို့မလိုဘူး။ ညီအစ်ကိုမောင်နှမတွေက ငြင်းခုံပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေကို ဖော်ရင် ဒါဟာ သန့်ရှင်းသူဖြစ်ဖို့ မထိုက်တန်တဲ့ အပြုအမူပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မညီဘူး။ ယုံကြည်သူတွေ ပြုမူသင့်တဲ့ နည်းလမ်းမဟုတ်ဘူး။ စွပ်စွဲခံရတဲ့လူအတွက်ကတော့ မင်းက အကျိုးသင့်အကြောင်းသင့် လုပ်ခဲ့တယ်၊ သူများက ဝေဖန်တာကို မခံရသင့်ဘူးလို့ ထင်ရင်တောင် မင်းရဲ့ တစ်ကိုယ်ရေ တစ်ဖက်သတ်အမြင်တွေကို လက်လွှတ်သင့်တယ်။ ပြဿနာနဲ့ တခြားလူရဲ့ စွပ်စွဲချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်သင့်တယ်။ စိတ်မြန်လက်မြန်ပုံစံနဲ့ ဘယ်တော့မှ ပြန်မတိုက်ခိုက်သင့်ဘူး။ မင်းတို့နှစ်ယောက်လုံးက စိတ်မြန်လက်မြန် အခြေအနေကိုရောက်ပြီး စိတ်ဆိုးနေရင်၊ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ရင် စာတန်ရဲ့ ထောင်ချောက်မှာ မမိဖို့၊ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုထဲကို မကျရောက်ဖို့အတွက် ဒီအခြေအနေကို ရှောင်ဖို့ စလုပ်သင့်တယ်၊ စိတ်လျှော့လိုက်ပါ၊ ဆက်ပြီး ပြဿနာမရှာနဲ့။ ဘုရားရဲ့ အကူအညီကို ရှာဖို့ ဘုရားရှေ့ကိုလာပြီး ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုဖို့အတွက် ကြိုးစားရင်း ကိုယ့်ဘာသာ တစ်ယောက်တည်း ဆုတောင်းလို့ရတယ်။ မင်းတို့နှစ်ယောက်လုံးက စိတ်မြန်လက်မြန် လုပ်တာ၊ ပြောတာတွေမရှိဘဲ စိတ်လျှော့ပြီး တစ်ယောက်နဲ့တစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားချင့်ချိန်ပြီး ဆက်ဆံနိုင်တဲ့အခါမှာ သဘောတူညီချက်ရရှိကာ ဘုရားနှုတ်ကပတ်တော်မှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သွားပြီး ပြဿနာအပေါ် ဖြေရှင်းချက်တစ်ခုရတဲ့အထိ အငြင်းပွားတဲ့ ပြဿနာတွေကို အတူလာပြီး မိတ်သဟာယဖွဲ့နိုင်တယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပြောဖို့ သင့်လျော်သည့်အရာမဟုတ်လော။ (ဟုတ်သည်။) အမှန်တွင် လူနှစ်ယောက်က ငြင်းခုံသောအခါ ၎င်းတို့နှစ်ဦးစလုံးက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ချကြသည်။ ၎င်းတို့နှစ်ဦးစလုံးက ၎င်းတို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းကို ဖွင့်ချကြသည်။ အားလုံးက ဆိုးယုတ်သော အပြုအမူဖြစ်သည်။ မည်သူကမျှ မမှန်ပေ၊ မမှားပေ။ မည်သူ၏ အပြုအမူကမျှ သမ္မာတရားနှင့်မညီပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့်အညီ ပြဿနာကို မှတ်ယူပြီး ကိုင်တွယ်နိုင်လျှင် သင်တို့၏ အငြင်းပွားမှု ဖြစ်မည်မဟုတ်ပေ။ တစ်ဖက်ဖက်ကသာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကျင့်ကြံပြုမူဆောင်ရွက်နိုင်လျှင် အငြင်းပွားမှု ဖြစ်ပျက်မည်မဟုတ်ပေ။ ထို့ကြောင့် လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်ပြီး တစ်ယောက်နှင့်တစ်ယောက်၏ မျက်နှာကို ရိုက်နှက်လျှင် ဤလူနှစ်ယောက်လုံးသည် စိတ်မြန်လက်မြန်လုပ်သော ကြမ်းတမ်းသောသူများဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်လျှင် ကောင်းသည့်အရာ လုံးဝမရှိပေ။ မည်သူကမျှ မမှန်သကဲ့သို့ မည်သူကမျှ မမှားပေ။ မှန်ခြင်းနှင့် မှားခြင်းကို တိုင်းတာခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ယင်းသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး သင် ခံယူသည့် ရှုထောင့်နှင့် ရပ်တည်ချက်၊ သင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သင့်တွင် ဘုရားနှုတ်ကပတ်တော် အခြေပြုချက်ရှိမရှိ၊ သင်လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ညီခြင်းရှိမရှိတို့အပေါ် မူတည်သည်။ သိသာစွာပင် သင်တို့၏ အငြင်းပွားခြင်းနောက်ကွယ်က ရည်ရွယ်ချက်သည် အခြားလူကို ချိုးနှိမ်ပြီး လွှမ်းမိုးရန်ဖြစ်သည်။ သင်တို့သည် မနှစ်မြို့ဖွယ်စကားများဖြင့် အချင်းချင်း ဖော်ထုတ်ပြီး ထိခိုက်ကြသည်။ သင် ဖော်ထုတ်သည့်အရာက မှန်သည်၊ မမှန်သည်၊ သင်တို့၏ အငြင်းပွားရသည့် ရည်ရွယ်ချက်က မှန်သည်၊ မမှန်သည်က အရေးမပါပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤကိစ္စကို မကိုင်တွယ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် သင်တို့ ဖွင့်ပြသည့်အရာသည် သင်တို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြစ်သည်။ သင်တို့ လုပ်ရပ်များ၏ နည်းလမ်းနှင့် စည်းမျဉ်းများသည် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်း၌ အလုံးစုံ အခြေခံသည်။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများ၏ ဤသို့ အတင်းအကျပ်လုပ်ဆောင်စေခြင်းကို ခံရသည်။ ထို့ကြောင့် မည်သူက မှန်သည်၊ မည်သူက အရေးသာပြီး မည်သူက အရေးမသာသည်ဖြစ်စေ အမှန်မှာ သင်တို့နှစ်ဦးလုံး မှားပြီး တာဝန်ရှိသည်။ ဤကိစ္စကို သင်တို့ ကိုင်တွယ်သည့်ပုံစံမှာ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေမခံပေ။ သင်တို့နှစ်ဦးလုံး စိတ်အေးအေးထားပြီး သင်တို့ကိုယ်တိုင်၏ ပြဿနာများကို သေချာစဉ်းစားသင့်သည်။ သင်တို့နှစ်ဦးစလုံးက ဘုရားရှေ့တွင် ငြိမ်သက်ခြင်းရှိပြီး ခေါင်းအေးအေးထားကာ ပြဿနာကို ကိုင်တွယ်မှသာ စိတ်တည်ငြိမ်အေးဆေးစွာဖြင့် ထိုင်ပြီး မိတ်သဟာယဖွဲ့နိုင်မည်။ လူများ၊ အမှုအရာများအပေါ် နှစ်ဦးစလုံး၏ အမြင်နှင့် ကျင့်ကြံပြုမူခြင်းများက ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံသရွေ့ သီးသန့်အကြောင်းအရာတစ်ခုခုအပေါ် ၎င်းတို့၏ အယူအဆနှင့် အမြင်များက မည်မျှ ကွာခြားသည်ဖြစ်စေ အမှန်တကယ်တွင် ပြောဖို့ရန် အမှန်တကယ် ကွာခြားမှုမရှိသကဲ့သို့ ပြဿနာမရှိပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို ၎င်းတို့၏ စည်းမျဉ်းအဖြစ် ထားရှိပြီး ၎င်းတို့၏ မတူညီမှုများကို ကိုင်တွယ်သရွေ့ အဆုံးတွင် ၎င်းတို့သည် သေချာပေါက် အဆင်ပြေမည်ဖြစ်ပြီး ၎င်းတို့၏ မတူညီမှုများကို ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ ပြဿနာများကို သင်တို့ ကိုင်တွယ်သည့် ပုံစံဖြစ်သလော။ (မဖြစ်ပါ။) သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုမိန့်များကို ကျင့်သုံးသည့် သင်တို့၏ နည်းလမ်းများမှ လွဲ၍ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ အသုံးပြုရမည်ကို မသိပေ။ ဤသို့ဆိုလျှင် ဤကိစ္စတစ်ခုလုံးကို ကိုင်တွယ်ရာတွင် အဓိကသင်ခန်းစာမှာ အဘယ်နည်း။ ယင်းသည် လူတို့အား ၎င်းတို့၏ မတူညီမှုများကို လွှတ်ချဖို့ တောင်းဆိုခြင်းနှင့်မသက်ဆိုင်ဘဲ မှန်ကန်သော နည်းလမ်းဖြင့် ဖြေရှင်းပြီး စည်းလုံးမှုကို ရရှိခြင်းနှင့် သက်ဆိုင်သည်။ မတူညီမှုများကို ဖြေရှင်းခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။) မှန်သည်။ ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ကို ရှာဖွေလော့။ ဤသည်မှာ မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက သာလွန်သည်၊ မည်သူက နိမ့်ကျသည်၊ သို့မဟုတ် မည်သူက ခိုင်လုံမှုရှိပြီး မည်သူက ခိုင်လုံမှု မရှိဆိုသည်တို့ကို စိစစ်ခြင်းနှင့် မသက်ဆိုင်ပေ။ ဤအရာတို့ထက် ယင်းသည် လူတို့၏ အယူအဆများနှင့် အမြင်များ၏ ပြဿနာကို ဖြေရှင်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော အယူအဆများနှင့် အမြင်များ၊ အကြောင်းအရာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းသောနည်းလမ်းများကို ဖြေရှင်းခြင်းဟု ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက် ရှာဖွေခြင်းအားဖြင့်သာ၊ သမ္မာတရားစည်းမျဉ်းများကို နားလည်ခြင်းအားဖြင့်သာ ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်ပြီး လူတို့သည် အချင်းချင်း အမှန်တကယ် သဟဇာတဖြစ်လျက် နေထိုင်ကာ စည်းလုံးမှုကို ရရှိနိုင်သည်။ ဤသို့မဟုတ်လျှင် သင်သည် အမှုအရာများကို ကိုင်တွယ်ရန်အတွက် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ရိုးရာယဉ်ကျေးမှုနှင့် နည်းလမ်းများ၏ အဆိုအမိန့်များကို အသုံးပြုလျှင် ပြဿနာများက မည်သည့်အခါမျှ ပြေလည်မည်မဟုတ်ပေ၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် လူတို့၏ အယူအဆများ၊ အမြင်များကြားရှိ ကွာခြားချက်များက ပြေလည်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းသည် ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ကို ရှာဖွေတတ်ရန် သင်ယူရမည်။ ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်။ ၎င်းတို့တွင် ဆန့်ကျင်ကွဲလွဲသည့်အရာ လုံးဝ မရှိပေ။ ယင်းတို့သည် လူများ၊ အမှုကိစ္စ၊ အကြောင်းအရာများအားလုံးကို အကဲဖြတ်ရန်အတွက် တစ်ခုတည်းသော စံဖြစ်သည်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ကို ရှာတွေ့လျှင်၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်သည် ဘုရားနှုတ်ကပတ်တော်၌ တစ်စိတ်တစ်ဝမ်းတည်းဖြစ်လျှင် လူတို့အနေဖြင့် သဘောတူညီချက်ရရှိရန် မလွယ်ကူသလော။ လူတိုင်းက သမ္မာတရားကို လက်ခံနိုင်လျှင် လူတို့ကြားတွင် ကွာခြားချက်များ ရှိဦးမည်လော။ အငြင်းပွားမှုများ ရှိဦးမည်လော။ လူများကြားတွင် ကန့်သတ်ချက်အနေဖြင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များနှင့် အဆိုအမိန့်များကို အသုံးပြုဖို့ လိုဦးမည်လော။ လိုမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်က ပြဿနာအားလုံးကို ဖြေရှင်းနိုင်သောကြောင့်ဖြစ်သည်။ လူတို့တွင် မည်သည့် သဘောမတူညီမှုများရှိသည်ဖြစ်စေ၊ သို့မဟုတ် မတူညီသော အမြင်များ မည်မျှများပြားပါစေ ယင်းတို့အားလုံးကို ဘုရားရှေ့သို့ ယူဆောင်လာသင့်သည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ပြီး စိစစ်သင့်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားနှင့်ညီမညီကို ဆုံးဖြတ်ရန် ဖြစ်နိုင်ခြေရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို နားလည်သောအခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အယူအဆများ၊ အမြင်များ အများစုသည် ရိုးရာယဉ်ကျေးမှုထံမှ၊ လူတို့ကိုးကွယ်သော အထင်ကရပုဂ္ဂိုလ်များနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များထံမှလာသည့်တိုင် မူလအရင်းအမြစ်မှာ ဆိုးယုတ်သော အတွေးအခေါ်များထံမှ လာခြင်းဖြစ်သည်ကို မြင်နိုင်ကြသည်။ ထို့ကြောင့် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများ၊ အမြင်များသည် အမှန်တကယ်တွင် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် လွယ်ကူသည်ဟု ငါအဘယ်ကြောင့်ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤလူသားအယူအဆများနှင့် အမြင်များကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်အကဲဖြတ်လျှင် ယင်းတို့အားလုံးသည် လွဲချော်နေသည်၊ ယုတ္တိမရှိ၊ မခိုင်လုံသည်ကို တွေ့ရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ဤအရာများကို လက်လွှတ်ရန် လွယ်ကူသည်။ ပြဿနာများအားလုံးကို သင့်တော်သလို ဖြေရှင်းနိုင်သည်။ ပြဿနာများကို ဖြေရှင်းပြီးနောက်တွင် မည်သည့်အရာကို ရရှိသနည်း။ လူတိုင်းက ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များ၊ တစ်ကိုယ်ရေ၊ တစ်ဖက်သတ်အယူအဆများနှင့် အမြင်များကို လွှတ်ချနိုင်သည်။ ဤအရာတို့သည် မည်မျှမြင့်မြတ်ပြီး မှန်ကန်သည်ဟု သင်ထင်ပါစေ၊ လူများကြားတွင် မည်မျှ ကြာရှည်စွာ လည်ပတ်နေခဲ့သည်ဖြစ်စေ သမ္မာတရားနှင့် မကိုက်ညီသရွေ့ ငြင်းဆန်သင့်ပြီး စွန့်လွှတ်သင့်သည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ် မှတ်ယူပြီး လူများထံမှလာသော အရာရာတိုင်းကို ငြင်းဆန်သည်နှင့် ၎င်းတို့၏ အယူအဆများနှင့် အမြင်များသည် ပေါင်းစည်းမသွားသလော။ (ဟုတ်သည်။) လူများ၊ အမှုအရာများအပေါ် လူတို့၏ အမြင်များကို ဆုံးဖြတ်ပေးသည့် အယူအဆများနှင့် အမြင်ရှုထောင့်များအပြင် လူတို့၏ ကျင့်ကြံပြုမူခြင်းများအားလုံးက ပေါင်းစည်းသွားသောအခါ လူတို့ကြားတွင် မည်သည့်ကွာခြားချက်ရှိမည်နည်း။ အများဆုံးအနေဖြင့် စားသောက်ပုံနှင့် နေထိုင်ပုံ အမူအကျင့်များတွင် ကွာခြားမှုအချို့ရှိလိမ့်မည်။ သို့သော် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်း၊ လူသားမျိုးနွယ်၏ အနှစ်သာရတို့နှင့် အမှန်တကယ် သက်ဆိုင်သော ပြဿနာများနှင့် ပတ်သက်လျှင် လူတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ်၊ သမ္မာတရားကို ၎င်းတို့၏ စံအဖြစ်မှတ်ယူလျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ကြလိမ့်မည်။ သင်က အရှေ့တိုင်းသားဖြစ်စေ၊ အနောက်တိုင်းသားဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသိဉာဏ်ရှိသူ၊ အလုပ်သမား၊ သို့မဟုတ် လယ်သမားဖြစ်စေ အရေးမပါပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားတို့နှင့်အညီ အခြားလူများကို ဆက်ဆံနိုင်သရွေ့ လူတို့ကြားတွင် တိုက်ခိုက်မှုများ၊ သဘောထားကွဲလွဲမှုများ ရှိဦးမည်လော။ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ကလေးဆန်သည့် သတ်မှတ်ချက်များကို လူတို့၏ အငြင်းပွားမှုများအား ဖြေရှင်းချက်အနေဖြင့် ထုတ်သုံးနိုင်သေးသလော။ အချင်းချင်း ဆက်ဆံရာတွင် လူတို့လိုက်နာသည့် နီတိများဖြစ်နိုင်သေးသလော။ ဤသို့သော အပေါ်ယံစည်းကမ်းများသည် လူသားမျိုးနွယ်အတွက် တန်ဖိုးမရှိပေ။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အသက်တာတွင် လူများ၊ အမှုအရာများအပြင် လူတို့၏ ကျင့်ကြံပြုမူခြင်းများအပေါ် လူတို့၏ အမြင်ကို မသက်ရောက်နိုင်ပေ။ စဉ်းစားကြည့်လော့။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤအရာတို့သည် သမ္မာတရားနှင့် အလွန်ဝေးကွာသောကြောင့် လူများ၊ အမှုအရာများအပေါ် လူတို့၏ အမြင်များ၊ သို့မဟုတ် လူတို့၏ ကျင့်ကြံပြုမူခြင်းများအပေါ် လုံးဝ သက်ရောက်မှုမရှိသောကြောင့် ဤအရာတို့ကို အပြီးအပိုင် စွန့်လွှတ်သင့်သည်။
အထက်တွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို ကြည့်လျှင် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို အကဲဖြတ်ရန် စံဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းစာများသည် ယုတ္တိမရှိဘဲ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားရှေ့တွင် ထုတ်ဖော်ပြောဆိုရန် မထိုက်တန်ဆိုသည်ကိုလည်းကောင်း သေချာပေါက် မဆိုနိုင်သလော။ (ဆိုနိုင်သည်။) “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် လူသားမျိုးနွယ် ကြည်ညိုသည့် “မြင့်မြတ်သော” ကိုယ်ကျင့်တရား သတ်မှတ်ချက်အတွက် ယခုတွင် လူတို့သည် ယင်းကို မည်သို့သောအမြင်ရှုထောင့်နှင့် မှတ်ယူသင့်သနည်း။ ထိုသို့သော စကားများကို လူတို့ ဆက်လက်၍ ကိုးကွယ်နာခံသင့်သလော။ (မနာခံသင့်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ စွန့်လွှတ်သင့်သနည်း။ သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ စိတ်မြန်လက်မြန် မလုပ်ဆောင်ခြင်း၊ စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခြင်းအားဖြင့် စတင်လော့။ လူတိုင်း၊ အရာရာတိုင်းအား မှန်မှန်ကန်ကန် ဆက်ဆံလော့။ စိတ်လျှော့ပြီး ဘုရားသခင်ရှေ့သို့လာလော့။ ဘုရားနှုတ်ကပတ်တော်ထဲတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေလော့။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာဖွေလော့။ ဤသို့အားဖြင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ဆိုရိုးစကားအားဖြင့် ချုပ်နှောင်ခြင်း၊ သို့မဟုတ် ဘောင်ခတ်ခြင်းခံရမည့်အစား လူများ၊ ဖြစ်ရပ်များကို ဘုရားနှုတ်ကပတ်တော်အရ အတိအကျ သင် သဘောထားဆက်ဆံနိုင်သည်။ ဤသို့ အသက်ရှင်ခြင်းသည် သင့်အတွက် ပို၍ လွယ်ကူပြီး ဝမ်းမြောက်ဖွယ် မဖြစ်သလော။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ပြီးလျှင် ၎င်းတို့နေထိုင်သည့် အုပ်စုတွင် အခြားလူများနှင့် ဆက်ဆံရန် ၎င်းတို့အတွက် ခက်ခဲသည်။ သင် အနိုင်မကျင့်သည့်သူတစ်ယောက်ရှိနိုင်သည်။ သို့သော် သူက သင့်ကို အနိုင်ကျင့်လိုသည်။ သင်က လူတစ်ယောက်နှင့် ဆက်ဆံရေး အဆင်ပြေလိုသည်။ သို့သော် သူက သင့်အတွက် အစဉ်သဖြင့် ပြဿနာရှာသည်။ သင်က လူအချို့ကို သတိထားကာကွယ်ပြီး ရှောင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့က သင့်နောက်သို့ တကောက်ကောက်လိုက်ပြီး နှောင့်ယှက်သည်။ သင်က သမ္မာတရားကို နားမလည်လျှင် ဘုရားနှုတ်ကပတ်တော်၌ အခြေပြုချက်မရှိလျှင် သင်သည် ၎င်းတို့နှင့် အဆုံးတိုင်အောင် ဆက်လက်၍ ရုန်းကန်နေခြင်းမျှလွဲ၍ အခြားမရှိတော့ချေ။ သင်ကြောက်ရလောက်သော အနိုင်ကျင့်သူတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရလျှင် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဆိုသည့် ဆိုရိုးစကားနောက်သို့ လိုက်ရန်ကလွဲ၍ ရွေးချယ်စရာမရှိဟု ခံစားရမည်။ သင်သည် သူ့အား လက်စားချေရန် အခွင့်အလမ်းကောင်းကို စောင့်ပြီး သူ့အား ဖြိုလဲရန် ပါးနပ်သော နည်းလမ်းများကို အသုံးပြုလိမ့်မည်။ သင်၏ နာကျည်းချက်ကို ထွက်ပေါက်ပေးနိုင်မည်သာမက သင်၏ တရားမျှတစိတ်အတွက် လူတိုင်းက သင့်ကို လက်ခုပ်တီးအောင် လုပ်နိုင်လိမ့်မည်။ သင်က လူကြီးလူကောင်းဖြစ်ပြီး သူက ဗီလိန်ဖြစ်သည်ဟု ထင်ကြအောင် လုပ်နိုင်လိမ့်မည်။ ဤနည်းလမ်းကို မည်သို့ ထင်သနည်း။ ဤသည်မှာ ကမ္ဘာလောကတွင် ပြုမူဆောင်ရွက်ရန် မှန်ကန်သည့် နည်းဖြစ်သလော။ (မဟုတ်ပါ။) ယခုတွင် သင်တို့ နားလည်ပြီဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူက လူကောင်းဖြစ်သနည်း။ လူကြီးလူကောင်းလော၊ ဗီလိန်လော။ (မည်သူကမျှ မကောင်းပါ။) ဘာသာတရားမရှိသူများက ကြည်ညိုလေးစားကြသည့် ထိုလူကြီးလူကောင်းများတွင် အခေါ်အဝေါ်တစ်ခု လိုအပ်နေသည်။ “အတုအယောင်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် “လူကြီးလူကောင်း အတုအယောင်များ” ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်တို့လုပ်ဆောင်သည်ဖြစ်စေ လူကြီးလူကောင်း မလုပ်နှင့်။ အဘယ်ကြောင့်ဆိုသော် လူကြီးလူကောင်းများအားလုံးသည် အယောင်ဆောင်နေကြခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် မှန်ကန်သော လမ်းကြောင်းတွင် ရှိနေရန်အတွက် မည်သို့ ပြုမူဆောင်ရွက်ရမည်နည်း။ “သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်။ သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်” သော “စစ်မှန်သော လူကြီးလူကောင်း” ကဲ့သို့ ပြုမူလျှင် ကောင်းသလော။ (မကောင်းပါ။) ထိုလူကြီးလူကောင်းများနှင့် နာမည်ကြီးသူများအားလုံးသည် အယောင်ဆောင်များဖြစ်ပြီး လှည့်စားတတ်ကြသည်။ ၎င်းတို့သည် လူကြီးလူကောင်းအတုအယောင်များ ဖြစ်ကြသည်။ ၎င်းတို့အားလုံး ငရဲကျနိုင်သည်။ ဤသို့ဆိုလျှင် မည်သို့ ကျင့်ကြံပြုမူသင့်သနည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို လိုက်စားသော၊ လူများနှင့် အမှုအရာများကို ရှုမြင်သော၊ ကျင့်ကြံပြုမူသောသူတစ်ယောက် ဖြစ်ခြင်းအားဖြင့် ဖြစ်သည်။ ဤသို့သော ကျင့်ကြံပြုမူခြင်းသည်သာ စစ်မှန်သောသူတစ်ယောက် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဟုတ်သလော၊ မဟုတ်သလော။ (ဟုတ်သည်။) တစ်စုံတစ်ယောက်က သင်၏ အားနည်းချက်များကို ဆက်တိုက်ဖော်နေလျှင် သင် မည်သို့လုပ်ဆောင်သင့်သနည်း။ သင်က “မင်း ငါ့အကြောင်းဖော်ရင် ငါလည်း မင်းအကြောင်းဖော်မှာပဲ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ တစ်ယောက်နှင့် တစ်ယောက် ပစ်မှတ်ထားခြင်းမှာ ကောင်းမွန်သလော။ ဤသည်မှာ လူတို့ ကျင့်ကြံပြုမူသင့်သည့်၊ သူတစ်ပါးတို့ကို ဆက်ဆံသင့်သည့် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) အယူဝါဒနှင့် သက်ဆိုင်သောအရာတစ်ခုအနေဖြင့် ဤသို့ မလုပ်ဆောင်သင့်သည်ကို လူတို့ သိကောင်းသိနိုင်သော်လည်း လူများစွာတို့သည် ဤသို့သော ဆွဲဆောင်မှုနှင့် ထောင်ချောက်များကို မကျော်လွှားနိုင်သေးပေ။ သင်က သင်၏ အားနည်းချက်များကို တစ်စုံတစ်ယောက်က ဖော်ခြင်း၊ သို့မဟုတ် သင့်အား ပစ်မှတ်ထားခြင်း၊ သို့မဟုတ် သင်၏ နောက်ကွယ်တွင် သင့်အား ဝေဖန်အပြစ်တင်ခြင်းကို မကြားရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တစ်စုံတစ်ယောက်က ဤသို့သောအရာများကို ပြောသည်ကို သင် အမှန်တကယ် ကြားသောအခါတွင် သင် သည်းခံနိုင်မည်မဟုတ်။ သင်၏ နှလုံးခုန်နှုန်းက မြန်လာပြီး သင်၏ တဇောက်ကန်းဖြစ်မှုက ထွက်ပေါ်လာမည်။ သင်က “မင်းက ငါ့အကြောင်းကို ဖော်ရဲတယ်ပေါ့။ ဟုတ်လား။ မင်းက ငါ့အပေါ် မကောင်းရင် ငါလည်း မင်းကို မတရားလုပ်မှာပဲ။ ငါ့အားနည်းချက်တွေကို မင်းဖော်ရင် ငါက မင်းရဲ့ အနာတွေကို ဆားနဲ့မပက်ဘူးလို့ မထင်နဲ့” ဟု ပြောလိမ့်မည်။ အခြားလူများက “‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ဒီတော့ မင်းအားနည်းချက်တွေကို ငါ မဖော်ဘူး။ ဒါပေမဲ့ မင်းကို ကိုင်တွယ်ဖို့ တခြားနည်းလမ်းတွေကို ရှာမယ်။ ပြီးရင် မင်းကို သိမ်ငယ်ရအောင်လုပ်မယ်။ ဘယ်သူက မာတယ်ဆိုတာ ကြည့်ရသေးတာပေါ့” ဟု ပြောသည်။ ဤနည်းလမ်းများက ကောင်းသလော၊ မကောင်းသလော။ (မကောင်းပါ။) အားလုံးနီးပါးက ၎င်းတို့အကြောင်းကို တစ်စုံတစ်ယောက်က ဖော်သည်ကိုသော်လည်းကောင်း၊ ဝေဖန်အပြစ်တင်သည်ကိုသော်လည်းကောင်း၊ ၎င်းတို့နောက်ကွယ်တွင် မကောင်းသောအရာတစ်ခုခုကို ပြောဆိုခဲ့သည်ကိုသော်လည်းကောင်း သိရလျှင် ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်ခြင်းဖြစ်လိမ့်မည်။ ၎င်းတို့သည် ဒေါသဖြင့် ပြည့်နှက်နေလိမ့်မည်။ စားနိုင်၊ သောက်နိုင်မည်မဟုတ်။ အိပ်ပျော်နိုင်ခဲ့လျှင်ပင် ၎င်းတို့၏ အိပ်မက်ထဲတွင် ကျိန်ဆဲနေလိမ့်မည်။ ၎င်းတို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ဘောင်မရှိပေ။ ဤသည်မှာ အလွန်ပင် အသေးအဖွဲကိစ္စတစ်ခု ဖြစ်သည့်တိုင် ယင်းကို ပြီးပြီးပျောက်ပျောက် သဘောမထားနိုင်ပေ။ ဤသည်မှာ စိတ်မြန်လက်မြန် ဖြစ်ခြင်းကြောင့် လူတို့အပေါ် သက်ရောက်မှုတစ်ခု၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်လာသော ကောင်းကျိုးမပြုသော ရလဒ်များဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် လူတစ်ယောက်၏ ဘဝဖြစ်လာသောအခါ ယင်းသည် အဓိကအားဖြင့် မည်သည့်နေရာတွင် ပြသသနည်း။ ထိုသူက သူသဘောမတူနိုင်သောအရာတစ်ခုကို ကြုံတွေ့သောအခါ ထိုအရာသည် သူ၏ ခံစားချက်ကို ထိခိုက်ပြီး ထို့နောက်တွင် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ပေါက်ကွဲထွက်လာကြောင်းကို ပြသသည်။ ဤသို့ ဖြစ်သောအခါ အကျိုးဆက်အနေဖြင့် ထိုသူသည် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအတွင်းတွင် အသက်ရှင်ပြီး အမှုကိစ္စကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် မှတ်ယူလိမ့်မည်။ စာတန်၏ အတွေးအခေါ်ဆိုင်ရာ အမြင်များသည် သူ၏ စိတ်နှလုံးတွင် ဖြစ်ပေါ်လာမည်။ ပြီးလျှင် သူသည် လက်စားချေရန်အတွက် သူ အသုံးပြုမည့် နည်းလမ်းပုံစံတို့ကို စတင် စဉ်းစားလိမ့်မည်။ ဤသို့အားဖြင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချပြလိမ့်မည်။ ဤသို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူတို့၏ အယူအဆများ၊ အမြင်များ၊ ၎င်းတို့ အကြံထုတ်လိုက်သော နည်းလမ်းပုံစံများအပြင် ၎င်းတို့၏ ခံစားချက်များနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထံမှ လာခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖြစ်ရပ်တွင် ဖြစ်ပေါ်လာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ပထမတစ်ခုမှာ သေချာပေါက်ပင် မလိုမုန်းထားခြင်းဖြစ်သည်။ ပြီးလျှင် မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ စိတ်နှလုံးခိုင်မာခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်းတို့ ဖြစ်ပေါ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် မာနထောင်လွှားခြင်းသည် လွှမ်းမိုးမှု အနည်းဆုံး ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ခံစားချက်များ၊ အတွေးများကို အုပ်စိုးပြီး အဆုံးတွင် ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်ဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ၎င်းတို့မှာ မလိုမုန်းထားခြင်း၊ ခေါင်းမာခြင်း၊ သမ္မာတရားကို မနှစ်သက်ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတစ်ယောက်အား မြဲမြံစွာ ဆုပ်ကိုင်လျက် ချည်နှောင်လေသည်။ ပြီးလျှင် ထိုသူသည် စာတန်၏ ပိုက်ကွန်အတွင်းတွင် ရှင်သန်နေသည်မှာ သိသာသည်။ စာတန်၏ ပိုက်ကွန်က မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းကို ဖြစ်ပေါ်စေသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အတွက် ဆိုးယုတ်သော ပိုက်ကွန်မျိုးစုံကို ရက်လုပ်ပြီးဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သင့်အား ဝေဖန်အပြစ်တင်ခြင်း၊ ဆဲဆိုခြင်း၊ သို့မဟုတ် သင်၏ အားနည်းချက်များကို သင့်နောက်ကွယ်တွင် ဖော်ခြင်းကဲ့သို့သောအရာတစ်ခုခုကို လုပ်ဆောင်သည်ကို သင် ကြားသောအခါ သင်သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်၏ ဘဝဖြစ်စေပြီး သင်၏ အတွေးများ၊ သင်၏ အမြင်များ၊ သင်၏ ခံစားချက်များကို အုပ်စိုးစေသည်။ ဤသို့အားဖြင့် အစဉ်လိုက် လုပ်ရပ်များကို ဖြစ်ပေါ်လာစေသည်။ ဤဖောက်ပြန်ပျက်စီးသော လုပ်ရပ်များသည် အဓိကအားဖြင့် သင်၏ ဆိုးယုတ်သော သဘာဝနှင့် စိတ်သဘောထားအား ထားရှိခြင်း၏ ရလဒ်ဖြစ်သည်။ သင်၏ အခြေအနေများက မည်သို့ရှိနိုင်သည်ဖြစ်စေ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်း၊ အုပ်စိုးခြင်းကို ခံရသရွေ့ သင် အသက်ရှင်နေထိုင်သမျှ၊ သင် ထုတ်ဖော်သမျှ၊ သင် ပြသသမျှအရာအားလုံးသည်၊ သို့မဟုတ် သင်၏ ခံစားချက်၊ သင်၏ အတွေးအမြင်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် သင်၏ နည်းလမ်းပုံစံများအားလုံးသည် ဆိုးယုတ်လေသည်။ ဤအရာအားလုံးသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ရန်လိုသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတို့မှ ဝေးကွာလေလေ၊ စာတန်၏ ပိုက်ကွန်၏ ထိန်းချုပ်ခြင်း၊ ဖမ်းမိခြင်းကို ခံရလေလေဖြစ်သည်။ ထိုအစား သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များနှင့် ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လျှင်၊ ယင်းတို့ကို ပုန်ကန်ပြီး ဘုရားသခင်ရှေ့သို့ လာနိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်က သင့်အား ပြောသည့် နည်းလမ်းများ၊ စည်းမျဉ်းများဖြင့် လုပ်ဆောင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်လျှင် သင်သည် စာတန်၏ ပိုက်ကွန်မှ တဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည်။ ရုန်းထွက်ပြီးနောက်တွင် သင် အသက်ရှင်နေထိုင်သည့်အရာသည် ယခင်ကကဲ့သို့ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ထိန်းချုပ်ခြင်းကို ခံရသော ဆိုးယုတ်သောသူ၏ ပုံသဏ္ဌာန်အတိုင်း ရှိမည်မဟုတ်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို မိမိ၏ အသက်အဖြစ် မှတ်ယူသော လူသစ်တစ်ယောက် ဖြစ်သွားသည်။ သင်၏ ရှင်သန်နေထိုင်သည့်နည်းလမ်းအားလုံး ပြောင်းလဲသွားသည်။ သို့သော် သင်သည် ဆိုးယုတ်သော စိတ်သဘောထားက ဖြစ်ပေါ်စေသည့် ခံစားချက်များ၊ အတွေးအမြင်များ၊ လက်တွေ့လုပ်ဆောင်မှုများကို အလျှော့ပေးလိုက်လျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ”၊ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်စစ်စစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”၊ “လက်စားချေရန် အားမထုတ်သူသည် လူမဟုတ်” ဆိုသည်တို့ ကဲ့သို့သော ဆိုးယုတ်သော အတွေးအခေါ်များနှင့် အမျိုးမျိုးသော နည်းလမ်း တစ်သီတစ်တန်းကြီးကို သင် လိုက်နာလိမ့်မည်။ ဤအရာတို့သည် သင်၏ စိတ်နှလုံးတွင်ရှိပြီး သင်၏ လုပ်ရပ်များကို အဆုံးအဖြတ်ပေးလိမ့်မည်။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များကို သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ် မှတ်ယူလျှင် သင့်လုပ်ရပ်များ၏ လက္ခဏာက ပြောင်းလဲသွားလိမ့်မည်။ သင်သည် မကောင်းမှုများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အာခံလိမ့်မည်။ သင်သည် ဤအပျက်သဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များကို သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ် မှတ်ယူလျှင် သင်သည် ဘုရားသခင်၏ သွန်သင်မှုများ၊ နှုတ်ကပတ်တော်များမှ သွေဖည်ပြီးဖြစ်ကြောင်း၊ စာတန်၏ ပိုက်ကွန်ထဲသို့ သက်ဆင်းခဲ့ပြီး သင့်ကိုယ်သင် မကယ်ထုတ်နိုင်ကြောင်းမှာ သိသာသည်။ သင်တို့သည် သင်တို့၏ နေ့စဉ်အသက်တာများကို ဆိုးယုတ်သော စိတ်သဘောထားများကြားတွင် လက်တွေ့အသက်ရှင်သည်။ စာတန်၏ ပိုက်ကွန်ထဲတွင် ရှင်သန်သည်။ လူတို့၏ စိတ်ဆင်းရဲခြင်း အရင်းအမြစ်မှာ ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် ထိန်းချုပ်ခံရသည်မှာ မိမိတို့ကိုယ်ကို မကယ်ထုတ်နိုင်သည်အထိ ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားထဲတွင် အသက်ရှင်ပြီး မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဒုက္ခခံရသည်။ သင်သည် သင်၏ ပြိုင်ဘက်ကို အနိုင်ရခဲ့လျှင်ပင် စိတ်ဆင်းရဲမှုကို ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သင်ရင်ဆိုင်ရမည့် နောက်ထပ်ရန်သူသည် မည်သူဖြစ်မည်ကို သင်မသိသကဲ့သို့ ယခင်ကအတိုင်း အနိုင်ရနိုင်မည်ဟုတ်မဟုတ်ကို မသိသောကြောင့်ဖြစ်သည်။ သင်သည် ကြောက်ရွံ့ပြီး စိတ်ဆင်းရဲရသည်။ ရှုံးနိမ့်သောသူက အဘယ်သို့နည်း။ သူသည်လည်း ထို့အတူ စိတ်ဆင်းရဲရသည်မှာ မှန်ပေသည်။ ထိုသူသည် အနိုင်ကျင့်ခံရပြီးနောက်တွင် ဘဝတွင် ဂုဏ်သိက္ခာ၊ သို့မဟုတ် တည်ကြည်မှု မရှိဟု ခံစားရသည်။ အနိုင်ကျင့်ခံရခြင်းသည် ခံယူရန် ခက်ခဲသည်။ ထို့ကြောင့် သူ့ပြိုင်ဘက်သည် ၎င်း၏လုပ်ရပ်နှင့်ပတ်သက်သည့် အကျိုးဆက်များကို နားလည်သဘောပေါက်စေရန် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းဆိုသည့်အတိုင်း တိုက်ခိုက်ဖို့၊ လက်တုံ့ပြန်ရန် အခွင့်အရေးကိုရှာဖို့ သင့်တော်သော အချိန်အခိုက်အတန့်ကို အဆက်မပြတ် စောင့်ဆိုင်းနေသည်။ ဤသို့သော စိတ်နေစိတ်ထားသည်လည်း စိတ်ဆင်းရဲရသည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လက်တုံ့ပြန်သောသူနှင့် လက်တုံ့ပြန်ခြင်း ခံရသောသူတို့ နှစ်ဦးစလုံးသည် စာတန်၏ ပိုက်ကွန်ထဲတွင် နေနေပြီး အဆက်မပြတ် မကောင်းမှုလုပ်ဆောင်နေကြသည်။ ၎င်းတို့၏ မရေရာသော အခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းများကို အဆက်မပြတ်ရှာနေကြသည်။ ဤသို့ လုပ်ဆောင်နေရင်းဖြင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ လုံခြုံစိတ်ချရခြင်းကို အလိုရှိကြသည်။ တစ်ဖက်တွင် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင် အသက်ရှင်နေကြသည်။ ၎င်းတို့အနီးတစ်ဝိုက်တွင် ဖြစ်ပျက်နေသော ပြဿနာများကို ဖြေရှင်းရန် စာတန်က ၎င်းတို့ကို ပေးထားသော အမျိုးမျိုးသော နည်းလမ်းများ၊ အတွေးများ၊ အမြင်ရှုထောင့်များကို ခံယူကြသည်။ တစ်ဖက်တွင်လည်း လူတို့သည် ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကို ရယူရန် မျှော်လင့်ဆဲဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းကို အစဉ်ခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင် ပိတ်မိနေသောကြောင့်၊ သတိရှိစွာဖြင့် ယင်းကို ပုန်ကန်ရန်၊ ယင်းမှ လွတ်မြောက်ရန် မတတ်နိုင်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများမှ ဝေးကွာလာကြသောကြောင့် လူတို့သည် ဘုရားသခင်ထံမှလာသော သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို မည်သည့်အခါမျှ မရယူနိုင်ကြပေ။ အဆုံးတွင် လူတို့သည် မည်သို့သော အခြေအနေတွင် အသက်ရှင်ကြသနည်း။ ၎င်းတို့သည် အလိုရှိသော်လည်း သမ္မာတရားအား လိုက်စားခြင်း အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်လိုသော်လည်း ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ၎င်းတို့ရှိနေသည့်နေရာတွင်ပင် ပိတ်မိနေကြသည်။ ဤသည်မှာ ပြင်းစွာနာကျင်ခံစားရသော ဆင်းရဲမှုဖြစ်သည်။ လူတို့သည် ဆန္ဒမရှိသော်လည်း စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အသက်ရှင်နေကြသည်။ ၎င်းတို့သည် လူဆိုသည်ထက် မိစ္ဆာကောင်များနှင့် ပို၍တူသည်။ မှောင်မိုက်သော ထောင့်တစ်နေရာတို့တွင် မကြာခဏ ရှင်သန်နေကြပြီး ၎င်းတို့ရင်ဆိုင်ရသည့် အခက်အခဲများစွာကို ဖြေရှင်းရန် ရှက်ဖွယ်ကောင်းသော၊ ဆိုးယုတ်သော နည်းလမ်းများကို ရှာကြသည်။ အမှန်မှာ လူတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်အတွင်းထဲတွင် ကောင်းမွန်လိုစိတ်ရှိပြီး အလင်းကို ရရှိရန် မျှော်လင့်လိုကြသည်။ ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် အသက်ရှင်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် အသက်ရှင်ဖို့အတွက် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားနှုတ်ကပတ်တော်အား အမှီပြုရန်နှင့် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်နှင့် လက်တွေ့အရှိတရားဖြစ်စေရန်တို့အတွက်လည်း မျှော်လင့်ကြသည်။ သို့သော် မည်သည့်အခါမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အယူဝါဒများစွာကို ၎င်းတို့ နားလည်သော်လည်း ၎င်းတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ လူတို့သည် ဤအကျပ်အတည်းတွင် ရှေ့တိုးနောက်ငင် ဖြစ်နေကြပြီး အရှေ့သို့ မသွားနိုင်ဘဲ အနောက်သို့လည်း မပြန်လိုကြပေ။ ၎င်းတို့သည် ၎င်းတို့ရှိသည့်နေရာတွင် ပိတ်မိနေကြသည်။ “ပိတ်မိ”သည့် ခံစားချက်သည် သောကဝေဒနာတစ်ခု၊ ကြီးမားသော သောကဝေဒနာတစ်ခုဖြစ်သည်။ လူတို့သည် အလင်းကို ရရှိရန် ပြင်းပြသော ဆန္ဒရှိကြပြီး ဘုရားနှုတ်ကပတ်တော်နှင့် လမ်းမှန်ကို မစွန့်ခွာလိုကြပေ။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ ဘုရားနှုတ်ကပတ်တော်ကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုကို မဖယ်ရှားနိုင်ဘဲ ရှိနေကြသည်။ အဆုံးတွင် ၎င်းတို့သည် မည်သည့် အမှန်တကယ် ပျော်ရွှင်မှုမျှမရှိဘဲ သောကဝေဒနာအတွင်း၌သာ နေထိုင်၍ ရကြသည်။ အမှုအရာများက ဤသို့ ဖြစ်နေသည်မဟုတ်လော။ (ဟုတ်သည်။) မည်သည့်ဖြစ်ရပ်မဆိုတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို ရရှိလိုလျှင် ၎င်းတို့၏ အယူအဆများ၊ အမြင်များအပေါ်၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းအပေါ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ဤဆိုရိုးစကားများက ရှိသော လွှမ်းမိုးမှုကို ပပျောက်စေရန် ဘုရားနှုတ်ကပတ်တော်ကို တစ်ကြိမ် ဖြည်းဖြည်းချင်း ကြုံတွေ့ပြီး သေးငယ်သော အကြောင်းအရာများဖြင့် စတင်ရမည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။