သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈) အပိုင်း သုံး

လူတို့သည် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရယူလိုလျှင် စိတ်ဓာတ်ခိုင်မာမှုရှိရမည်သာမက အနိုင်မခံအရှုံးမပေးသော စိတ်နေစိတ်ထားလည်းရှိရမည်။ ၎င်းတို့၏ ကျရှုံးမှုများမှ အတွေ့အကြုံယူရမည်ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံမှတစ်ဆင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ရယူရမည်။ ကျရှုံးသောအခါတွင် အပျက်သဘောဆောင်ပြီး စိတ်ဓာတ်မကျနှင့်။ လက်လျှော့ခြင်းကို သေချာပေါက် မပြုလုပ်နှင့်။ သို့သော် အကျိုးအမြတ် အသင့်အတင့်ရသောအခါ မိမိဘာသာ အားရကျေနပ်ခြင်းလည်း မဖြစ်သင့်ပေ။ လုပ်ဆောင်ရာတွင် သင်သည် ကျရှုံးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ သင်သည် အနာဂတ်ကာလတွင် ကယ်တင်ခြင်းမခံရနိုင်ဖြစ်မည်ဟု အဆုံးအဖြတ်မပေးပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်ရမည်။ ပြန်၍ ထရပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို လိုက်နာရမည်။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားများကို ဆက်လက်၍ တွန်းလှန်တိုက်ခိုက်ရမည်။ စာတန်ဆီမှလာသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် အမျိုးမျိုးသော သတ်မှတ်ချက်များနှင့် ဆိုရိုးစကားများသည် လူတို့၏ သမ္မာတရားလိုက်စားခြင်းအား ဖြစ်စေသည့် ထိခိုက်မှုနှင့် အဟန့်အတားကို ရှင်းလင်းစွာ မြင်ခြင်းအားဖြင့် စတင်ရမည်။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤဆိုရိုးစကားများသည် လူတို့၏ စိတ်များကို အဆက်မပြတ် ချည်နှောင်၊ ကန့်သတ်ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အားပေးနေခြင်းလည်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အား လူတို့ လက်ခံခြင်းကို အမျိုးမျိုးသော အဆင့်များအထိ နိမ့်ကျအောင် ပြုလုပ်ကာ သမ္မာတရားကို လူတို့ သံသယဝင်ပြီး အတိုက်အခံပြုရန်လည်း လုပ်ဆောင်သည်မှာ မှန်သည်။ ဤသို့သော ဆိုရိုးစကားတစ်ခုမှာ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူ၍ ဖြစ်သည်။ ဤလောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်သည် လူတို့၏ ငယ်ရွယ်သော စိတ်ဝိညာဉ်များတွင် အမြစ်တွယ်နေသည်၊ ပြီးလျှင် အခြားလူများအပေါ် ၎င်းတို့၏ သဘောထားမှုနှင့် ၎င်းတို့အနီးတွင် ဖြစ်ပေါ်သည့်အရာကို ကိုင်တွယ်သည့် ၎င်းတို့၏ ပုံစံများတွင် ဤသို့သော အယူအဆနှင့် အမြင်များက မသိမသာ လွှမ်းမိုးနေခြင်းကို ခံရသည်။ ဤအယူအဆများနှင့် အမြင်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ ကောက်ကျစ်ဆိုးယုတ်သော၊ လှည့်စားသော၊ မလိုမုန်းထားသော စိတ်သဘောထားများကို မသိမသာဖြင့် ဖုံးဖိဖာထေးပြီး ဖုံးကွယ်ထားသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာကို မဖြေရှင်းနိုင်ရုံမကဘဲ လူတို့ကို ပို၍ ကောက်ကျစ်ပြီး လှည့်စားစေကာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ ဆိုးဝါးစေသည်။ အချုပ်အားဖြင့် ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရားဆိုင်ရာ ဤဆိုရိုးစကားများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များသည် လူတို့၏ အတွေးအမြင်များကို လွှမ်းမိုးရုံမကဘဲ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်သို့လည်း အလွန်အမင်း သက်ရောက်မှုရှိသည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များက လူတို့အပေါ် သက်ရောက်စေသည့် လွှမ်းမိုးမှုကို နားလည်ဖို့ လိုအပ်သည်။ လျစ်လျူမရှုရပေ။

လူတို့ကြား၌ အငြင်းပွားမှုများ ဖြစ်ပေါ်သောအခါ ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားများနှင့် အမြင်များ၏ နည်းလမ်းဖြင့် ၎င်းတို့ကို ချဉ်းကပ်ရမည်လော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ချဉ်းကပ်ရမည်လော၊ ပြဿနာများကို ဖြေရှင်းနိုင်သည်မှာ ရိုးရာယဉ်ကျေးမှု၏ အမြင်များဖြစ်သလော၊ လူ၏ ပြဿနာများကို ဖြေရှင်းနိုင်သည်မှာ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားဖြစ်သလော ဆိုသည်ကို ယခုလေးတွင်ပင် ငါတို့ အဓိက မိတ်သဟာယပြုခဲ့ကြသည်။ လူတို့သည် ဤအရာများကို ရှင်းလင်းစွာ မြင်ပြီးသောအခါတွင် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားနှင့်အညီ အခြားလူများနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် ပို၍ လွယ်ကူလိမ့်မည်။ ဤသို့သော ပြဿနာများ ပြေလည်သွားသောအခါ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဆိုရိုးစကား၏ လွှမ်းမိုးမှု၊ ချုပ်နှောင်မှုကို ခံရသည့် လူတို့၏ အတွေးပြဿနာအားလုံးသည်လည်း အခြေခံအားဖြင့် ပြေလည်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် လူတို့၏ အပြုအမူများသည် ဤသို့သောအယူအဆများ၊ အမြင်များ၏ သက်ရောက်ခြင်းကို ခံရမည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်း ပိုက်ကွန်မှ ရုန်းထွက်နိုင်မည်။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် သမ္မာတရားကို ရရှိနိုင်မည်။ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်းအတွက် သမ္မာတရားစည်းမျဉ်းများကို ရှာတွေ့နိုင်မည်။ ဘုရားနှုတ်ကပတ်တော်အား ၎င်းတို့၏ အသက်တာဖြစ်စေနိုင်မည်။ ရိုးရာယဉ်ကျေးမှု၏ မှားယွင်းသော အမြင်များနှင့် စာတန်ဆန်သော အတွေးအခေါ်များ၏ အချုပ်အနှောင်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ စိစစ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းသက်သက်ဖြင့် သမ္မာတရားကို နားလည်စေနိုင်ပြီး ပိုင်းခြားသိမြင်မှု ဖြစ်ပေါ်စေနိုင်သည်။ စာတန်၏ စွမ်းအားကို ဖယ်ရှားပြီး အပြစ်၏ ချည်နှောင်မှုမှ လွတ်မြောက်စေသည်။ ဤနည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏ အသက်ဖြစ်လာပြီး အနှစ်သာရက စာတန်ဆန်သော အတွေးအခေါ်များနှင့် စိတ်သဘောထားများဖြစ်သော သင်၏ ယခင်အသက်တာကို အစားထိုးသည်။ ထို့နောက်တွင် သင်သည် ယခင်နှင့် မတူသောသူတစ်ယောက် ဖြစ်လာလိမ့်မည်။ ဤသူသည် သင်ဖြစ်နေဆဲဖြစ်သော်လည်း လွတ်မြောက်လာခဲ့သော လူသစ်တစ်ယောက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိမိ၏ အသက်အဖြစ် မှတ်ယူသောသူဖြစ်သည်။ သင်တို့သည် ဤသို့သောသူဖြစ်လိုသလော။ (ဖြစ်လိုပါသည်။) ဤသို့သောသူဖြစ်ရခြင်းက ပို၍ကောင်းသည်။ အနည်းဆုံးအနေဖြင့် ပျော်ရွှင်ရလိမ့်မည်။ သင်သည် ရှေးဦးစွာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ အခက်အခဲများ၊ အတားအဆီးများ၊ နာကျင်မှုများ ရှိလိမ့်မည်။ သို့သော် သင်သည် ဘုရားနှုတ်ကပတ်တော်တွင် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပြီးသည်အထိ သင်၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင် နာကျင်မှုက ရပ်တန့်သွားမည်။ ပြီးလျှင် သင်၏ အသက်တာ ရှေ့ဆက်သည်နှင့်အမျှ သင်သည် ပို၍ ပျော်ရွှင်လာပြီး ပို၍ ငြိမ်းအေးလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင့်အတွင်းတွင်ရှိသော ထိုအပျက်သဘောဆောင်သောအရာများ၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုသည် တဖြည်းဖြည်းချင်း လျော့ကျသွားမည်။ လျော့ကျသွားသည်နှင့်အမျှ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင့်အတွင်းသို့ ပို၍ ဝင်ရောက်လိမ့်မည်။ ပြီးလျှင် သင်၏ စိတ်နှလုံးအတွင်းရှိ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားများအပေါ် သဘောထားသည် ပို၍ လေးနက်လာလိမ့်မည်။ သမ္မာတရားကို ရှာဖွေရာတွင် သင်၏ နားလည်သဘောပေါက်မှုသည် ပို၍ အားကောင်းလာပြီး ပို၍ စိတ်ထက်သန်လာမည်။ ပြီးလျှင် သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သင်၏ စိတ်အတွင်းရှိ လမ်းကြောင်း၊ လက်တွေ့လုပ်ဆောင်မှု၏ ဦးတည်ချက်နှင့် ပန်းတိုင်တို့သည် ပိုပို၍ ရှင်းလင်းလာမည်။ ပြီးလျှင် သင်သည် စိတ်အတွင်းတွင် တွန်းလှန်တိုက်ခိုက်သောအခါ အပြုသဘောဆောင်သောအရာများသည် အစဉ်ပို၍ အသာစီးရလိမ့်မည်။ ဤသို့ဆိုလျှင် သင့်အသက်တာ၏ ပျော်ရွှင်မှုသည် တိုးပွားလာမည်မဟုတ်လော။ ဤသို့ဆိုလျှင် ဘုရားသခင်ထံမှ သင်လက်ခံရရှိသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် တိုးပွားလာမည်မဟုတ်လော။ (တိုးပွားလာမည်။) အခြားသော အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သင့်အား ဒုက္ခရောက်စေသော၊ ဝေဒနာပြင်းပြမှုကို ဖော်ဆောင်သော၊ စိတ်ဓာတ်ကျစေသော၊ စိတ်မကျေမနပ်ဖြစ်စေသောအရာများ သင်၏ အသက်တာတွင် နည်းသွားလိမ့်မည်။ ဤအရာများအစား ဘုရားနှုတ်ကပတ်တော်က သင်၏ အသက်ဖြစ်လာပြီး သင်အား မျှော်လင့်ချက်၊ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှု၊ လွတ်လပ်မှု၊ လွတ်မြောက်မှုနှင့် ဂုဏ်တို့ကို ယူဆောင်ပေးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ တိုးပွားလာသောအခါ လူတို့သည် အလုံးစုံ ပြောင်းလဲသွားလိမ့်မည်။ ထိုသို့သော အချိန်ရောက်သောအခါ သင်မည်သို့ ခံစားရသည်ကို စစ်ဆေးပြီး ယခင်ကအရာများနှင့် နှိုင်းယှဉ်ကြည့်လော့။ ဤအရာတို့သည် ယခင်က သင်၏ ဘဝနေနည်းဖြင့် လုံးဝ ကွဲပြားသည်မဟုတ်လော။ စာတန်၏ ပိုက်ကွန်နှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ စာတန်၏ အတွေးအမြင်များအပြင် လူများနှင့် အမှုအရာများကို ရှုမြင်ဖို့အတွက်လည်းကောင်း၊ လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူဖို့အတွက်လည်းကောင်း စာတန်၏ အမျိုးမျိုးသော နည်းလမ်းများ၊ အမြင်များနှင့် အတွေးအခေါ်ဆိုင်ရာ သက်ဝင်ယုံကြည်မှုများကို ဖယ်ရှားပြီး ဖြစ်သည့်အခါမှသာ ဤအရာများကို အလုံးစုံ ဖယ်ရှားပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လူများ၊ အမှုအရာများကို ရှုမြင်နိုင်ခြင်း၊ အခြားလူများကို ဆက်ဆံပြီး ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံနိုင်ခြင်း၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတို့ကို ဆက်ဆံရသည်မှာ မည်မျှ အမှန်တကယ်ကောင်းသည်ဆိုသည်ကို ဘုရားနှုတ်ကပတ်တော်တွင် ကြုံတွေ့နိုင်ခြင်း၊ ငြိမ်းအေးပြီး ဝမ်းမြောက်သည့် အသက်တာကို ရှင်သန်နိုင်ခြင်းတို့ရှိသောအခါမှသာ စစ်မှန်သော ပျော်ရွှင်မှုကို သင်သည် ထိုအချိန်တွင် ရရှိပြီးဖြစ်လိမ့်မည်။

ယနေ့တွင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဆိုရိုးစကားကို ငါတို့ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည်။ ထိုစကားကိုယ်၌တွင်ရှိသော ပြဿနာများကို သင်တို့ နားလည်သလော။ (နားလည်သည်။) ဤသို့ဆိုလျှင် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ မည်သည့်အရာဖြစ်သည်ကိုလည်း သင်တို့ နားလည်သလော။ (နားလည်သည်။) နားလည်ပြီးနောက်တွင် သင်တို့သည် အဆုံးတွင် ကိုယ့်အတွက် မည်သို့ လက်တွေ့အကောင်အထည်ဖော်မည်နည်း။ သင်တို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ စိတ်လိုက်မာန်ပါမပြုလုပ်ခြင်း၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှုတွင် အခြေပြုချက်ကို မရှာဖွေခြင်း၊ သို့မဟုတ် လူမှုဆိုင်ရာ ရေပန်းစားသောအရာများတွင် အခြေပြုချက် မရှာဖွေခြင်း၊ သို့မဟုတ် အများ၏ ထင်မြင်ချက်တွင် အခြေပြုချက် မရှာဖွေခြင်း၊ သို့မဟုတ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် အခြေပြုချက် မရှာဖွေခြင်းအားဖြင့် ဖြစ်သည်။ ထိုအစား ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ရှာလော့။ သမ္မာတရားအပေါ် သင်၏ နားလည်မှုသည် မည်မျှလေးနက်သည်၊ သို့မဟုတ် အပေါ်ယံဆန်သည်မှာ အရေးမပါပေ။ ပြဿနာကို ဖြေရှင်းနိုင်ခြင်းက လုံလောက်သည်။ သင်တို့သည် ဆိုးယုတ်ပြီး အန္တရာယ်ရှိသော ကမ္ဘာတွင် နေထိုင်သည်ကို ရှင်းလင်းစွာမြင်ရမည်။ သင်တို့သည် သမ္မာတရားကို နားမလည်လျှင် လူ့အဖွဲ့အစည်း၏ ရေပန်းစားသောအရာများနောက်သို့သာလိုက်ပြီး ဆိုးယုတ်သည့် ဝဲဂယက်အတွင်းသို့ တွန်းပို့ခြင်းကိုသာ ခံရနိုင်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ခုက သင့်အပေါ်သို့ ကျရောက်သောအခါ ယင်းသည် မည်သည့်အရာဖြစ်နိုင်သည်ဖြစ်စေ မည်သည့်အရာကို ဦးစွာလုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ စိတ်တည်ငြိမ်စွာထားပြီး ဘုရားရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်ခြင်းရှိစေရမည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရမည်။ ဤသို့ဖြင့် သင်သည် အတွေး၊ အမြင်ရှင်းလင်းနိုင်လိမ့်မည်။ စာတန်က ဤလူသားမျိုးနွယ်ကို အထင်အမြင်မှားစေပြီး ဖျက်ဆီးနေကြောင်း၊ ဘုရားသခင်သည် ဤလူသားမျိုးနွယ်အား စာတန်၏ စွမ်းအားမှ ကယ်တင်ရန် ကြွလာခဲ့ကြောင်းတို့ကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ဤသည်မှာ သင် သင်ယူသင့်သည့် အခြေခံအကျဆုံး သင်ခန်းစာဖြစ်သည်မှာ မှန်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သင့်ကို လမ်းပြရန်၊ ဘုရားသခင်၏ ဆက်စပ်မှုရှိသော နှုတ်ကပတ်တော်များကို ဖတ်ဖို့အတွက် သင့်အား လမ်းပြရန်၊ ဆက်စပ်မှုရှိသော ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ရရှိဖို့အတွက် သင့်အား လမ်းပြရန် ဘုရားသခင်အား တောင်းခံရမည်။ ဤသို့အားဖြင့် သင့်ရှေ့တွင် ဖြစ်ပျက်နေသောအရာ၏ အနှစ်သာရနှင့် ယင်းကို မည်သို့ ကြည့်ရှုသင့်ပြီး ကိုင်တွယ်ဖြေရှင်းသင့်သည်ကို သင် နားလည်ဖို့အတွက်ဖြစ်သည်။ ထို့နောက်တွင် ထိုအမှုအရာကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် ဘုရားသခင်က သင့်အား သွန်သင်ပြီး ပြောပြခဲ့သော နည်းလမ်းကို အသုံးပြုလော့။ သင်သည် ဘုရားသခင်အပေါ် အလုံးစုံ၊ အပြည့်အဝ အမှီပြုသင့်သည်။ ဘုရားသခင်အား အုပ်စိုးခွင့်ပြုလော့။ ဘုရားသခင်အား အရှင်သခင်ဖြစ်စေလော့။ သင် ငြိမ်သက်ခြင်းရှိပြီဆိုသည်နှင့် ဤသည်မှာ မည်သည့်နည်းပညာ၊ သို့မဟုတ် နည်းလမ်းကို အသုံးပြုရမည်ကို စဉ်းစားဖို့ သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုရမည့် ကိစ္စမဟုတ်သကဲ့သို့ သင်၏ ကိုယ်ပိုင်အတွေ့အကြုံ၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များ၊ လှည့်ကွက်များဖြင့် လုပ်ဆောင်ရမည့် ကိစ္စလည်းမဟုတ်ပေ။ ထိုထက် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် ဘုရားနှုတ်ကပတ်တော်၏ လမ်းပြခြင်းကို စောင့်ဆိုင်းခြင်းနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်ရမည့်အရာမှာ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒကို လက်လွှတ်ရမည်။ သင်၏ အတွေးအမြင်များကို ဘေးဖယ်ထားရမည်။ ဘုရားသခင်ရှေ့သို့ ကြည်ညိုလေးစားစွာ လာရမည်။ ဘုရားသခင်က သင့်အား ပြောသည့် စကားများနှင့် သမ္မာတရားများ၊ ဘုရားသခင်က သင့်အား ပြသသည့် သွန်သင်မှုများကို နားထောင်ရမည်။ ထို့နောက် သင်သည် ဘုရားသခင်က သင့်အား မည်သည့်အရာကို လုပ်ဆောင်စေလိုသည်နှင့် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သည်ကို အတိအကျ နားလည်ရန်အတွက် သင့်ကိုယ်သင် ငြိမ်သက်ခြင်းရှိစေရန် ပြုလုပ်ပြီး အသေးစိတ် ချင့်ချိန်စဉ်းစားကာ ဘုရားသခင်က သင့်အား သင်ကြားပေးခဲ့သည့် စကားများကို ထပ်ခါထပ်ခါ ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုရမည်။ ဘုရားသခင်က အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်၊ ဘုရားသခင်၏ သွန်သင်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သင် ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်လျှင် သင်သည် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်ကြောင်း အတည်ပြုရန် အခွင့်အလမ်းအား သင့်ကို ပေးသည့်အတွက် ဘုရားသခင်ကို ဦးစွာ ကျေးဇူးတင်သင့်သည်။ ထိုနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် သင်၏အသက်ဖြစ်လာဖို့အတွက်၊ သင် အသက်ရှင်နေထိုင်သည့်အရာက ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို သက်သေခံနိုင်ဖို့အတွက် ယင်းတို့ကို လက်တွေ့အရှိတရားဖြစ်စေပြီး အသက်ရှင်နေထိုင်သင့်သည်။ ပင်ကိုအားဖြင့် ဤပြဿနာများကို သင်ကိုင်တွယ်သောအခါတွင် အတက်၊ အကျများရှိနိုင်သည်။ အခက်အခဲများ၊ ဆင်းရဲဒုက္ခများအပြင် တွန်းလှန်တိုက်ခိုက်မှုအချို့နှင့် လူအမျိုးမျိုးထံမှ အချို့သော စောဒကတက်ခြင်းများ၊ မှတ်ချက်များလည်း ရှိနိုင်သည်။ သို့သော် ဤသို့သောပြဿနာများနှင့်ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်က အလွန်ရှင်းကြောင်း၊ သင်နားလည်ပြီး လိုက်နာသည့်အရာသည် ဘုရားသခင်၏ သွန်သင်မှုများဖြစ်ကြောင်းတို့ကို သင် သေချာသရွေ့ တွန့်ဆုတ်ခြင်းမရှိဘဲ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ သင်၏ ပတ်ဝန်းကျင်၊ သို့မဟုတ် မည်သည့်လူ၊ ဖြစ်ရပ်၊ သို့မဟုတ် အမှုအရာတို့အားဖြင့် နှောင့်နှေးခြင်း မဖြစ်သင့်ပေ။ သင်၏ ရပ်တည်မှုတွင် မြဲမြံစွာရှိနေသင့်သည်။ သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းသည် မာနထောင်လွှားခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်ကို သင် နားလည်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူသည်နှင့်၊ လုံးဝ မပြောင်းလဲဘဲ စည်းမျဉ်းများကို လိုက်နာနိုင်သည်နှင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လိုက်စားသည့်သူများ ပိုင်ဆိုင်သင့်သည့် သဘောထားနှင့် စိတ်ဓာတ်ခိုင်မာမှုမျိုးဖြစ်သည်။

“သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် စကားနှင့်ပတ်သက်သည့် ပြဿနာများကို ငါတို့ လုံလောက်စွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤသို့သော ပြဿနာများကို နားလည်ခြင်းတွင် သင်တို့၌ အခက်အခဲရှိသေးသလော။ ယနေ့ မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ဤဆိုရိုးစကားအပေါ် အလုံးစုံသော နားလည်မှုအသစ်တစ်ခုကို သင်တို့ ရရှိပြီးဖြစ်သလော။ (ရရှိပါသည်။) သင်တို့တွင်ရှိသည့် ဤအလုံးစုံသော နားလည်မှုအသစ်ကို အခြေခံလျှင် ဤဆိုရိုးစကားကို သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာဖြစ်သည်ဟု မှတ်ယူဦးမည်လော။ (မမှတ်ယူပါ။) လူတို့အပေါ် ဤဆိုရိုးစကား၏ လွှမ်းမိုးမှုသည် ၎င်းတို့၏ စိတ်အတွင်းထဲတွင်၊ ၎င်းတို့၏ မသိစိတ်တွင် တည်ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယနေ့ မိတ်သဟာယမှတစ်ဆင့် လူတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤဆိုရိုးစကားကို ၎င်းတို့၏ အတွေးနှင့် အသိစိတ်မှ စွန့်ပစ်ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် ဤအရာကို လိုက်နာဦးမည်လော။ အငြင်းပွားမှုတစ်ခုကို ရင်ဆိုင်ရသောအခါ သင်လုပ်ဆောင်သင့်သည့်အရာမှာ အဘယ်နည်း။ (ရှေးဦးစွာ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် စာတန်ဆန်သော အတွေးအခေါ်ကို စွန့်ပစ်သင့်သည်။ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန်၊ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်တွင် ရှာဖွေရန် ဘုရားသခင်ရှေ့သို့ တိတ်ဆိတ်စွာ လာရောက်သင့်သည်။) ဤအရာများကို ငါတို့ မိတ်သဟာယမဖွဲ့ခဲ့လျှင် သင်တို့သည် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ကိုယ်ကျင့်တရား စံသတ်မှတ်ချက်နှင့်အညီ လူများ၊ အမှုအရာများကို မည်သည့်အခါမျှ မရှုမြင်ခဲ့၊ သို့မဟုတ် မည်သည့်အခါမှ ကျင့်ကြံပြုမူခြင်းမရှိခဲ့ဟု ခံစားရမည်။ ယခုအခါ ဤပြဿနာကို ဖော်ထုတ်ပြီးသွားသောအခါတွင် သင့်အပေါ် နောက်ထပ် အလားတူ အရာတစ်ခုက ဖြစ်ပျက်သောအခါ ဤသို့သော အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်းကို သင်ခံရခြင်းရှိမရှိ၊ ဆိုလိုသည်မှာ ဤအရာများသည် သင်၏ အယူအဆများနှင့် အမြင်များတွင် တည်ရှိခြင်းရှိမရှိကို သင့်ဘာသာ ကြည့်လော့။ ထိုအချိန်တွင် သင်က ဤသို့သောအယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသည့် အကြောင်းအရာများစွာရှိသည်ကို အလိုအလျောက် တွေ့ရှိလိမ့်မည်။ ဆိုလိုသည်မှာ များစွာသော ပတ်ဝန်းကျင်တို့တွင်၊ အမှုအရာများစွာ ဖြစ်ပျက်သောအခါတွင် သင်သည် ဤသို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရဆဲဖြစ်ပြီး ၎င်းတို့သည် သင်၏ ဝိညာဉ်အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်ကာ ၎င်းတို့သည် သင်၏ စကားများ၊ လုပ်ဆောင်မှုများကိုလည်းကောင်း၊ သင်၏အတွေးများကို လည်းကောင်း ဆက်လက်၍ အဆုံးအဖြတ်ပေးသည်။ သင်သည် ဤသို့ နားလည်သဘောပေါက်ခြင်းမရှိလျှင်၊ ဤပြဿနာကို အရေးမစိုက်လျှင်၊ သို့မဟုတ် မလိုက်စားလျှင် သင်သည် သေချာပေါက် သတိပြုမိမည်မဟုတ်ပေ။ ပြီးလျှင် ဤသို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးမှု ခံရခြင်းရှိမရှိကို သိမည်မဟုတ်ပေ။ သင်သည် ပြဿနာကို အမှန်တကယ် လိုက်စားပြီး အသေးစိတ်လိုက်လျှင် ရိုးရာယဉ်ကျေးမှု၏ အဆိပ်များသည် သင်၏ စိတ်တွင် မကြာခဏ ဖွင့်ပြသည်ကို တွေ့ရှိလိမ့်မည်။ သင့်တွင် ထိုအရာများ မရှိခြင်းမဟုတ်ပေ။ ယခင်က ထိုအရာများကို သင် အလေးအနက်မထားခြင်းသာဖြစ်သည်၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှု၏ ဤဆိုရိုးစကားများ၏ အနှစ်သာရသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို သင် တကယ့်ကို သဘောမပေါက်နိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင့်စိတ်၏ အတွင်းပိုင်းတွင် ဤသို့သောပြဿနာများကို သတိပြုမိလာရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်တို့သည် ချင့်ချိန်တတ်ရန်၊ စဉ်းစားတတ်ရန် သင်ယူရမည်။ မည်သို့ ချင့်ချိန်ပြီး စဉ်းစားသင့်သနည်း။ ဤဝေါဟာရနှစ်ခုသည် အလွန်ရိုးရှင်းသည့် ပုံစံရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ နားလည်သဘောပေါက်သင့်သနည်း။ ဥပမာအားဖြင့် သင်သည် လမ်းမှန်ကို စူးစမ်းရှာဖွေနေသော လူအချို့ကို ဧဝံဂေလိဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံနေသည်ဆိုပါစို့။ အစပိုင်းတွင် ၎င်းတို့က နားထောင်လိုစိတ်ရှိနိုင်သည်။ သို့သော် အချိန်တစ်ခုအထိ မိတ်သဟာယပြုပြီးနောက်တွင် အချို့က နားမထောင်ချင်တော့ပေ။ ဤအချိန်တွင် သင်က “ဤတွင် မည်သို့ဖြစ်နေသနည်း။ ငါ၏ မိတ်သဟာယသည် ၎င်းတို့၏ အယူအဆများ၊ ပြဿနာများနှင့် အတော်အတန်ကို အံဝင်ခွင်ကျမဖြစ်သလော။ သို့မဟုတ် ငါက သမ္မာတရားကို ရှင်းလင်းစွာ၊ နားလည်နိုင်စွာ မိတ်သဟာယမဖွဲ့ခြင်းဖြစ်သလော။ သို့မဟုတ် ၎င်းတို့ ကြားဖူးခဲ့သည့် ကောလာဟလ၊ သို့မဟုတ် အတွေးမှားအချို့၏ နှောင့်ယှက်ခြင်းကို ခံထားရသလော။ ၎င်းတို့ထဲမှ အချို့က အဘယ်ကြောင့်ဆက်၍ စူးစမ်းရှာဖွေခြင်းမပြုသနည်း။ ပြဿနာမှာ အတိအကျ အဘယ်သို့ရှိသနည်း” ဟူ၍ စဉ်းစားနေမည်ဖြစ်သည်။ ဤသည်မှာ ချင့်ချိန်ခြင်း မဟုတ်လော။ အသေးစိတ်အချက်တစ်ချက်မျှ မကျန်စေဘဲ ရှုထောင့်တိုင်းကို ထည့်သွင်းစဉ်းစားပြီး အကြောင်းအရာကို စဉ်းစားခြင်းဖြစ်သည်။ ဤအရာများကို စဉ်းစားရာတွင် သင်၏ ပန်းတိုင်က အဘယ်နည်း။ ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရကို ရှာဖွေရန်၊ ထို့နောက် ဖြေရှင်းရန်ဖြစ်သည်။ ဤပြဿနာများကို သင်မည်မျှ စဉ်းစားပါစေ ဤပြဿနာများအတွက် အဖြေကို မရှာနိုင်လျှင် သမ္မာတရားကို နားလည်သူတစ်ယောက်အား ရှာပြီး ထိုသူ့ထံမှ ရှာဖွေသင့်သည်။ ထိုသူက ဧဝံဂေလိကို မည်သို့ ဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ စူးစမ်းရှာဖွေနေသည့်သူများ၏ အဓိကအယူအဆများကို ထိုသူက မည်သို့ အတိအကျခံစားသိရှိသည်ကိုလည်းကောင်း၊ ထို့နောက်တွင် ထိုသူက ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မည်သို့ ဖြေရှင်းသည်ကိုလည်းကောင်း ကြည့်လော့။ ဤနည်းအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်၍ မရသလော။ စဉ်းစားခြင်းသည် ပထမအဆင့်ဖြစ်သည်။ ဆောင်ရွက်ခြင်းသည် ဒုတိယအဆင့်ဖြစ်သည်။ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်သည် သင်စဉ်းစားနေသည့် ပြဿနာက မှန်ကန်သောအရာဟုတ်မဟုတ်၊ သင် လမ်းလွဲသွားခြင်းရှိမရှိကို အတည်ပြုရန်ဖြစ်သည်။ ပြဿနာက မည်သည့်နေရာတွင် စတင်ဖြစ်ပေါ်သည်ကို သင် တွေ့ရှိသောအခါ သင်စဉ်းစားနေသည့် ပြဿနာသည် မှန်ကန်သောအရာ၊ သို့မဟုတ် မှားယွင်းသောအရာဟုတ်မဟုတ်ကို စတင်အတည်ပြုလိမ့်မည်။ ထို့နောက် မှန်ကန်သောအရာဖြစ်သည်ဟု သင် အတည်ပြုပြီးဖြစ်သော ပြဿနာကို စတင်ဖြေရှင်းပါ။ ဥပမာအားဖြင့် လမ်းမှန်ကို စူးစမ်းရှာဖွေနေသောသူများသည် ကောလာဟလများနှင့် အတွေးမှားများကို ကြားပြီး အယူအဆများ ဖြစ်ပေါ်လာသောအခါ ၎င်းတို့၏ အယူအဆများကို ပစ်မှတ်ထားသည့်နည်းဖြင့် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြလော့။ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့လျက် ၎င်းတို့၏ အယူအဆများကို နှံ့စပ်စွာ ပိုင်းခြားစိစစ်ပြီး ဖြေရှင်းပါ။ ၎င်းတို့စိတ်နှလုံးထဲရှိ အဟန့်အတားများကို ရှင်းပစ်ပါ။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဆက်လက်၍ စူးစမ်းရှာဖွေလိုစိတ်ရှိလိမ့်မည်။ ဤသည်မှာ ပြဿနာကို စတင်ဖြေရှင်းခြင်းမဟုတ်လော။ ပြဿနာကို ဖြေရှင်းရာတွင် ပထမအဆင့်မှာ ထိုပြဿနာကို စဉ်းစားဖို့၊ ချင့်ချိန်ဖို့ဖြစ်ပြီး သင်၏စိတ်ထဲတွင် ထိုပြဿနာ၏ အနှစ်သာရနှင့် အကြောင်းရင်း အရင်းအမြစ်ကို နှံ့စပ်စွာ အဖြေရှာပါ။ မည်သည့်အရာဖြစ်သည်ကို သင် အတည်ပြုပြီးသည်နှင့် ပြဿနာကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ စတင် ဖြေရှင်းပါ။ အဆုံးတွင် ပြဿနာက ပြေလည်သွားသောအခါ ပန်းတိုင်ကို ရရှိလိမ့်မည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော အဆိုအမိန့်များသည် သင်၏ အတွေးအမြင်များတွင် တည်ရှိနေဆဲဖြစ်သလော၊ သို့မဟုတ် မတည်ရှိသလော။ (တည်ရှိနေဆဲဖြစ်သည်။) ဤသို့သောပြဿနာများကို မည်သို့ ဖြေရှင်းရမည်နည်း။ သာမန်အားဖြင့် သင့်ထံတွင် ဖြစ်ပျက်သော အရာရာတိုင်းကို ထည့်သွင်းစဉ်းစားရမည်။ ဤသည်မှာ အလွန်အရေးပါသော အဆင့်ဖြစ်သည်။ ရှေးဦးစွာ ယခင်က ဤသို့သောအရာများ သင့်ထံ ဖြစ်ပျက်သောအခါ သင် မည်သို့ပြုမူခဲ့သည်ကို ပြန်လည်စဉ်းစားလော့။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ဆိုရိုးစကားများ၏ အုပ်စိုးခြင်းကို သင်ခံခဲ့ရသလော။ ခံခဲ့ရလျှင် သင့်၌ မည်သည့်ရည်ရွယ်ချက်များရှိခဲ့သနည်း။ မည်သည့်အရာကို သင်ပြောခဲ့သနည်း။ မည်သည့်အရာကို သင် လုပ်ဆောင်ခဲ့သနည်း။ မည်သို့ လုပ်ဆောင်ခဲ့သနည်း။ မည်သို့ပြုမူခဲ့သနည်း။ သင်သည် စိတ်တည်ငြိမ်စွာထားပြီး ဤအရာများကို စဉ်းစားသည်နှင့် သင်ကိုယ်တိုင်ပင် သတိမထားမိဘဲ အချို့ပြဿနာများကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ဤအချိန်တွင် သင်သည် သမ္မာတရားကို ရှာဖွေပြီး အခြားလူများနှင့် မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤပြဿနာများကို ဖြေရှင်းလော့။ ရိုးရာယဉ်ကျေးမှုက ထောက်ခံသော ထိုမှားယွင်းသောအမြင်များကို အလုံးစုံ စွန့်လွှတ်ရန် သင်၏ လက်တွေ့ဘဝတွင် ကြိုးပမ်းလော့။ ထို့နောက် ဘုရားနှုတ်ကပတ်တော်နှင့်သမ္မာတရားကို လူတို့နှင့် ဆက်ဆံခြင်းအတွက် စည်းမျဉ်းများအဖြစ် ခံယူပြီး လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို သမ္မာတရားစည်းမျဉ်းနှင့်အညီ ဆက်ဆံလော့။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသောအယူအဆများ၊ အမြင်များ၊ ဆိုရိုးစကားများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ပိုင်းခြားစိစစ်ပြီး ဤမှားယွင်းသော အမြင်များအား လူသားမျိုးနွယ်က လိုက်နာခြင်း၏ အကျိုးဆက်များကို အခြေခံကာ ရိုးရာယဉ်ကျေးမှုသည် အမှန်တကယ်ပင် အပြုသဘောဆောင်ပြီး မှန်ကန်ခြင်းရှိမရှိကို လုံးဝ ရှင်းလင်းစွာ မြင်ခြင်းအားဖြင့် ဖြစ်သည်။ ထို့နောက်တွင် သင်သည် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည်မှာ လူတို့သည် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံရေးများကို ထိန်းသိမ်းရန်အတွက် ခံယူသော တိမ်းရှောင်သည့် အပြုအမူဆိုင်ရာ နည်းလမ်းတစ်ခုသာဖြစ်သည်ကို ရှင်းလင်းစွာ မြင်လိမ့်မည်။ သို့သော် လူတို့၏ သဘာဝအနှစ်သာရက မပြောင်းလဲလျှင် လူတို့သည် ရေရှည်တွင် အတူတကွ ဆက်ဆံရေး အဆင်ပြေနိုင်သလော။ အနှေးနှင့် အမြန် ပြဿနာများ ဖြစ်လိမ့်မည်။ ထို့ကြောင့် လူ့လောကတွင် စစ်မှန်သော မိတ်ဆွေသူငယ်ချင်းမရှိပေ။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းမျှသည် အလွန်ကောင်းနေပြီ ဖြစ်သည်။ လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင်၊ ကြင်နာတတ်လျှင် အခြားလူများနှင့် အပေါ်ယံ ဆက်ဆံရေးကို ပျက်စီးခြင်းမရှိဘဲ ထိန်းသိမ်းနိုင်သည်။ လူတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ကောက်ကျစ်ဆိုးယုတ်လျှင်၊ ဒုက္ခပေးလျှင်၊ ကြမ်းတမ်းလျှင် ၎င်းတို့သည် အခြားလူများနှင့် ပေါင်းသင်းရန် မဖြစ်နိုင်ပေ။ အချင်းချင်းအပေါ် အခွင့်အရေးယူခြင်းသာ ဖြစ်နိုင်သည်။ ဤအရာများကို ရှင်းလင်းစွာ မြင်ပြီးနောက်တွင်၊ ဆိုလိုသည်မှာ လူတို့၏ သဘာဝအနှစ်သာရကို ရှင်းလင်းစွာ မြင်ပြီးနောက်တွင် လူတို့၏ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးများတွင် လူတို့ ခံယူသင့်သောနည်းလမ်းကို အခြေခံအားဖြင့် သတ်မှတ်ဆုံးဖြတ်နိုင်သည်။ ယင်းသည် မှန်ကန်နိုင်သည်။ အမှားကင်းနိုင်သည်။ သမ္မာတရားနှင့် ကိုက်ညီနိုင်သည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရသဖြင့် ယခုတွင် လူ့သဘာဝ၏ အနှစ်သာရအနည်းငယ်ကို မြင်နိုင်ကြသည်။ ထို့ကြောင့် လူတို့ကြား ဆက်ဆံရေးများတွင်၊ ဆိုလိုသည်မှာ သာမန် အပြန်အလှန်ဆက်ဆံရေးများတွင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အရေးကြီးပုံကို မြင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့်အညီ လူတို့ကို ဆက်ဆံခြင်းသည် အမြင့်ဆုံးစည်းမျဉ်းနှင့် အမြော်အမြင်အရှိဆုံး နည်းဖြစ်သည်ကို မြင်နိုင်သည်။ ယင်းသည် လူတို့အပေါ် စိုးရိမ်သောက၊ သို့မဟုတ် မချိတင်ကဲဝေဒနာကို မည်သည့်အခါမျှ မဖြစ်စေနိုင်ပေ။ သို့ရာတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ၎င်းတို့၏ စိတ်ဝိညာဉ်တွင် မလွှဲမရှောင်သာဖြင့် ပဋိပက္ခအချို့ရှိလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့ကို နှောင့်ယှက်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးရန် မကြာခဏ ထွက်ပေါ်လာလိမ့်မည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်သော ထိုရှုထောင့်များစွာရှိသည့် အယူအဆများ၊ ခံစားချက်များ၊ အမြင်များသည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်ရာ၌ အမျိုးမျိုးသော ပုံစံများဖြင့် အစဉ်နှောင့်ယှက်လိမ့်မည်။ ထိုသို့ နှောင့်ယှက်သောအခါ သင်ကိုယ်တိုင် သတိမထားမိဘဲ သမ္မာတရားအား လိုက်စားခြင်းကို ဝင်ရောက်စွက်ဖက်ပြီး အဟန့်အတားဖြစ်စေသောအရာများစွာကို ရင်ဆိုင်ရမည်။ ထိုအဟန့်အတားများ ပေါ်လာသောအခါ သင်သည် ယခုကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လွယ်ကူသည်ဟု ဆိုမည်မဟုတ်တော့ပေ။ သင်သည် အလွန်ပင် အလွယ်တကူ ပြောမည်မဟုတ်ပေ။ ထိုအချိန်တွင် သင်သည် ဒုက္ခခံစားနေရပြီး ဝမ်းနည်းနေလိမ့်မည်။ အစာမစားနိုင်ဘဲ ကောင်းစွာအိပ်နိုင်မည်မဟုတ်ပေ။ လူအချို့သည် ဘုရားသခင်အား ယုံကြည်ခြင်းသည် ခက်ခဲလွန်းသည်မြင်ပြီး လက်လျှော့ချင်စိတ် ရှိကောင်းရှိနိုင်သည်။ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုသို့ ဝင်ရောက်ရန် ကြီးစွာ ဒုက္ခခံခဲ့ကြသည်၊ မရေမတွက်နိုင်အောင် ပြုပြင်ခြင်းကို ခံရသည်၊ ၎င်းတို့၏ စိတ်နှလုံးတွင် မရေမတွက်နိုင်သော တွန်းလှန်တိုက်ခိုက်မှုများ ရှိခဲ့ကြသည်၊ မရေမတွက်နိုင်သော မျက်ရည်များ ကျခဲ့ကြသည်ဟု ငါ လက်ခံယုံကြည်သည်။ ဤသို့မဟုတ်လော။ (ဟုတ်သည်။) ဤညှဉ်းပန်းမှုကို ကြုံရခြင်းသည် လိုအပ်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ခြွင်းချက်မရှိဘဲ လူတိုင်း ဖြတ်သန်းရမည်။ ပညတ်တော်ခေတ်တွင် ဒါဝိဒ်က အမှားတစ်ခုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် နောင်တရပြီး ဘုရားသခင်ထံ ဝန်ချခဲ့သည်။ သူသည် မည်မျှ ငိုကြွေးခဲ့သနည်း။ မူရင်းစာသားတွင် မည်သို့ ဖော်ပြသနည်း။ (“အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။” (ဆာလံကျမ်း ၆:၆) ဟူ၍ဖြစ်သည်။) သူ၏ အိပ်ရာကို မွန်းစေရန်အတွက် မျက်ရည် မည်မျှကျခဲ့သနည်း။ ဤသည်မှာ ထိုစဉ်က သူခံစားခဲ့ရသော နောင်တနှင့် စိတ်ဆင်းရဲမှု၏ ပြင်းထန်မှု၊ လေးနက်မှုကို ထင်ရှားစေသည်။ သင်တို့သည် ထိုမျှ မျက်ရည်ကျခဲ့ဖူးသလော။ သင်တို့ ကျခဲ့သည့် မျက်ရည်အရေအတွက်သည် သူ၏ တစ်ရာပုံတစ်ပုံပင်မရှိပေ။ ဤသည်မှာ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဇာတိပကတိနှင့် ပြစ်မှားမှုများကို သင်တို့ မုန်းတီးသည့် အတိုင်းအတာသည် လုံလောက်ဖို့ အလွန်အလှမ်းဝေးကြောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲလုံ့လသည် လုံလောက်ဖို့ အလွန်အလှမ်းဝေးကြောင်းတို့ကို ပြသည်။ သင်တို့သည် စံနှုန်း မပြည့်မီသေးပေ။ သင်တို့သည် ပေတရုနှင့် ဒါဝိဒ်၏ အဆင့်သို့ရောက်ရန် အလွန်အလှမ်းဝေးသည်။ ဤသို့ဆိုလျှင် ယနေ့မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။

၂၀၂၂ခုနှစ်၊ ဧပြီလ ၁၆ရက်နေ့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။