လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း (အပိုင်း တစ်)

လတ်တလောတွင် ကိုယ်ကျင့်တရား အပြုအမူနှင့်ဆက်နွှယ်သည့် အဆိုအမိန့်အချို့ကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယ ပြုနေခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုတွင် တင်ပြထားသည့် ကိုယ်ကျင့်တရား အပြုအမူ နှင့်ဆိုင်သော သွင်ပြင်လက္ခဏာတိုင်းနှင့် ပတ်သက်သည့် အဆိုများကို ငါတို့ တစ်ခုချင်း စိစစ်၊ စိတ်ဖြာလေ့လာဆွေးနွေးကာ ဖော်ထုတ်ကြပြီးဖြစ်သည်။ ဤအရာက လူတို့အား ရိုးရာယဉ်ကျေးမှုတွင် အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူထားသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော အဆိုအမိန့်အမျိုးမျိုးအပေါ် ပိုင်းခြားသိမြင်စေပြီး ယင်းတို့၏ အနှစ်သာရကို ရိပ်စားမိစေသည်။ လူတစ်ဦးသည် ဤအဆိုများအပေါ် ရှင်းလင်းသည့် သိနားလည်မှုရှိသည့်အခါ ထိုအရာများကို ၎င်းတို့ စတင်၍ အလွန်အမင်း မနှစ်မြို့ဖြစ်လိမ့်မည်ဖြစ်ပြီး ငြင်းပယ်နိုင်ကြလိမ့်မည်။ ထို့နောက်တွင် လက်တွေ့ဘဝတွင် ဤအရာများကို ၎င်းတို့ တဖြည်းဖြည်း လက်လွှတ်နိုင်ကြလေသည်။ ရိုးရာယဉ်ကျေးမှုကို ၎င်းတို့၏ ထောက်ခံခြင်း၊ မျက်ကန်းယုံကြည်ခြင်းနှင့် လိုက်နာစောင့်ထိန်းခြင်းအား ဘေးဖယ်ထားခြင်းအားဖြင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံနိုင်ကြလိမ့်မည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုကို အစားထိုးနိုင်ရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိမိတို့ စိတ်နှလုံးတွင် ၎င်းတို့ လက်ခံနိုင်ကြလိမ့်မည်။ ဤသို့ဖြင့် ထိုလူသည် လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်။ အချုပ်အားဖြင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုက ထောက်ခံသည့် ကိုယ်ကျင့်တရား အပြုအမူ နှင့်ပတ်သက်သော ပြောဆိုချက်အမျိုးမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်မှန်းချက်မှာ ကိုယ်ကျင့်တရား အပြုအမူ နှင့် ပတ်သက်သည့် ဤပြောဆိုချက်များ၏ နောက်ကွယ်တွင် တည်ရှိသော အနှစ်သာရနှင့် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန်၊ အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ထိုအရာများကို စာတန်အသုံးပြုပုံတို့အပေါ် ရှင်းလင်းသည့် ချင့်ချိန်နိုင်စွမ်းနှင့် အသိပညာတို့ကို လူတို့အား ပေးရန် ဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရားက မည်သည့်အရာဖြစ်ပြီး အပြုသဘောဆောင်သော အရာများက မည်သည့်အရာများဖြစ်သည်ကို လူတို့က အတိအကျ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ တိတိကျကျပြောရလျှင် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤအဆိုအမိန့်များကို ယင်းတို့၏ အနှစ်သာရ၊ စစ်မှန်သော သဘာဝနှင့် စာတန်၏ လှည့်ကွက်အထိ ရှင်းလင်းစွာ သိမြင်ပြီးနောက်တွင် လူတို့သည် သမ္မာတရားက မည်သည့်အရာ အတိအကျဖြစ်သည်ကို သိရှိနိုင်စွမ်း ရှိသင့်ကြပေသည်။ လူတို့ထဲတွင် သွတ်သွင်းထားသည့် ရိုးရာယဉ်ကျေးမှုအပြင် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော အဆိုများကို သမ္မာတရားနှင့် မပေါင်းစည်းလိုက်နှင့်။ ဤအရာများသည် သမ္မာတရား မဟုတ်၊ သမ္မာတရားကို အစားမထိုးနိုင်သကဲ့သို့ ဧကန်မုချ သမ္မာတရားနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ ရိုးရာယဉ်ကျေးမှုကို မည်သည့် အမြင်ရှုထောင့်မှ သင်ရှုမြင်သည်ဖြစ်စေ၊ ယင်း၌ မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အဆိုအမိန့်များ သို့မဟုတ် သတ်မှတ်ချက်များ ရှိသည်ဖြစ်စေ ယင်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ ညွှန်ကြားမှု၊ အယူဝါဒ သွတ်သွင်းမှု၊ အထင်အမြင်မှားစေမှုနှင့် ဦးနှောက်ကျင်းခြင်းကိုသာ ကိုယ်စားပြုသည်။ စာတန်၏ လှည့်ကွက်၊ သဘာဝ အနှစ်သာရတို့ကို ကိုယ်စားပြုသည်။ သမ္မာတရား၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လုံးဝ ဆက်နွှယ်ခြင်းမရှိ။ ထို့ကြောင့် ကိုယ်ကျင့်တရား အပြုအမူအရ၊ သို့မဟုတ် ထိုကိုယ်ကျင့်တရား အပြုအမူကို သင်၏ အကောင်အထည် ဖော်ခြင်းအရ၊ သို့မဟုတ် ထိုအရာအပေါ် သင်၏ သဘောပေါက်မှုအရ သင်၏ လက်တွေ့လုပ်ဆောင်မှု မည်မျှကောင်းမွန်သည်ဖြစ်စေ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြောင်း၊ သို့မဟုတ် သင်သည် လူ့သဘာဝ၊ ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးဖြစ်ကြောင်းကို မဆိုလိုသကဲ့သို့ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေသည်ဟု သေချာပေါက် မဆိုလိုပေ။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် အဆိုအမိန့်၊ သတ်မှတ်ချက်များသည် မည်သည့်လူစားမျိုး၊ သို့မဟုတ် အပြုအမူကို ရည်ရွယ်သည်ဖြစ်စေ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မည်သို့မျှ မပတ်သက်ချေ။ လက်တွေ့လုပ်ဆောင်ရန် လူကို ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား၊ သို့မဟုတ် လူသား လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းများနှင့် ဘာမျှမပတ်သက်ပေ။ ဤမေးခွန်းကို သင်တို့ ချင့်ချိန်စဉ်းစားပြီးပြီလော။ ထိုအရာကို ယခု ရှင်းလင်းစွာ သင်တို့ မြင်ကြပြီလော။ (မြင်ပါသည်။)

ရိုးရာယဉ်ကျေးမှု၏ ဤအမျိုးမျိုးသော အဆိုအမိန့်များနှင့်ပတ်သက်၍ အသေးစိတ် မိတ်သဟာယပြုခြင်းနှင့် တစ်ခုချင်းဖော်ပြသည့် စိတ်ဖြာလေ့လာ ဆွေးနွေးမှုမရှိဘဲနှင့် လူတို့သည် ထိုအရာ တင်ပြသည့် အဆိုအမိန့်များက မှားယွင်းကာ လှည့်ဖြားတတ်ပြီး မခိုင်လုံကြောင်းကို မမြင်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းကျကျ နေရာများတွင် လူတို့က ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များကို မိမိတို့ လုပ်ဆောင်၊ ကျင့်ကြံပြုမူပုံတွင် လိုက်နာစောင့်ထိန်းသင့်သည့် အယူဝါဒ၊ သို့မဟုတ် စည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုတွင် ကောင်းမြတ်သည့်အရာအဖြစ် မှတ်ယူထားသည့် အပြုအမူများနှင့် ကိုယ်ကျင့်တရား အပြုအမူ ကို သမ္မာတရားအဖြစ် သဘောထားကြဆဲဖြစ်ကာ ထိုအရာများကို သမ္မာတရားနှင့်ပင် ပေါင်းစပ်လျက် ထိုသို့ လိုက်နာစောင့်ထိန်းကြသည်။ သာ၍ ဆိုးရွားသေးသည်မှာ လူတို့သည် ထိုအရာများကို မှန်ကန်သည့်အလား၊ အပြုသဘောဆောင်သော အရာများဖြစ်သည့်အလား၊ ပြီးလျှင် သမ္မာတရားပင် ဖြစ်သည့်အလား ဟောပြောကာ မြှင့်တင်အားပေးကြခြင်းဖြစ်သည်။ ထိုအရာများက လူတို့ကို အထင်အမြင်မှားစေကြသည်၊ စိတ်အနှောင့်အယှက် ပေးပြီး သမ္မာတရားကို လက်ခံရန် ဘုရားသခင်ရှေ့မှောက်သို့လာခြင်းမှ ၎င်းတို့ကို တားဆီးလေသည်။ ဤသည်မှာ အားလုံးမြင်နိုင်သည့် အစစ်အမှန်ဆုံးသော ပြဿနာတစ်ခု ဖြစ်သည်။ လူတို့က ကောင်းမြတ်ပြီး အပြုသဘောဆောင်သည့်အရာအဖြစ် တွေးဆမိသည့် ကိုယ်ကျင့်တရား အပြုအမူ နှင့်ပတ်သက်သော အဆိုအမိန့်များကို လူတို့က သမ္မာတရားအဖြစ် မကြာခဏ သဘောထားကြသည်။ ၎င်းတို့က စုဝေးပွဲများတွင် ရချိန်၌လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များအကြောင်း ပြောဆိုနေချိန်၌လည်းကောင်း မိတ်သဟာယပြုပြီး ဟောပြောရန် ရိုးရာယဉ်ကျေးမှုမှ အဆိုများနှင့် စကားများကို ကိုးကားပင် ကိုးကားကြလိမ့်မည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ဤကိစ္စမျိုး၊ သို့မဟုတ် အဖြစ်အပျက်မျိုးသည် ဘုရားအိမ်တော်တွင် မဖြစ်ပွားသင့်သော်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိ၏။ အလွန် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ခု ဖြစ်သည်။ ဤအရာက နောက်ထပ် ပြဿနာတစ်ခုကို ထင်ရှားစေသည်။ လူတို့သည် ရိုးရာယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များ၏ အနှစ်သာရမှန်ကို အတိအကျ နားမလည်ကြသည့်အခါ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုမှလာသော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များကို အပြုသဘောဆောင်သည့်အရာများအဖြစ် သဘောထားပြုမူကာ သမ္မာတရားအား အစားထိုးရန်ဖြစ်စေ၊ ယင်း၏နေရာတွင် ဝင်ရောက်နေရာယူရန်ဖြစ်စေ မကြာခဏ အသုံးပြုလေ့ရှိကြသည်။ ဤသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်တစ်ခုလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် “အခြားသူများကို ကြင်နာပါ”၊ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ကဲ့သို့သော ရိုးရာယဉ်ကျေးမှုထဲရှိ အဆိုအမိန့်များနှင့် “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့်အရာနှင့် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ၊ မိန်းမကောင်းတစ်ဦးသည် လင်နှစ်ဦးနှင့် အိမ်ထောင်မပြုပါ” ဆိုသကဲ့သို့သော သာ၍ပင် ရေပန်းစားသည့် အဆိုအမိန့်များသည် လူတို့ ကျင့်ကြံပြုမူသည့် အယူဝါဒများနှင့် လူတစ်ဦး၏ မြင့်မြတ်မှုကို အကဲဖြတ်သည့် စံများနှင့် စံနှုန်းများ ဖြစ်လာနှင့်ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို များစွာ ကြားပြီးနောက်တွင်ပင် လူတို့သည် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များနှင့် သဘောတရားများကို အခြားသူများအား အကဲဖြတ်ကာ အမှုအရာများကို ရှုမြင်ရန် အသုံးပြုသည့် စံနှုန်းများအဖြစ် အသုံးပြုနေကြဆဲ ဖြစ်သည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ဤအရာက အလွန်ဆိုးရွားသော ပြဿနာတစ်ခုကို ထင်ရှားစေသည်၊ ယင်းမှာ ရိုးရာယဉ်ကျေးမှုက လူ၏ စိတ်နှလုံးအတွင်းနက်နက်တွင် အလွန်အရေးကြီးသော နေရာတစ်ခုကို ယူထားခြင်း ဖြစ်သည်။ ထိုအရာက ဤအရာကို ထင်ရှားစေသည် မဟုတ်လော။ (ထင်ရှားစေပါသည်။) လူတို့၌ စာတန် သွတ်သွင်းပြီးဖြစ်သည့် အမျိုးမျိုးသော ပြောဆိုချက်များအားလုံးသည် ၎င်းတို့စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီးဖြစ်သည်။ ထိုအရာများသည် လူသားမျိုးနွယ်အားလုံး၏ ဘဝများ၊ ပတ်ဝန်းကျင်များနှင့် လူမှုအဖွဲ့အစည်းများတွင် လွှမ်းမိုးပြီး ခေတ်ရေစီးကြောင်း ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုသည် လူတို့ စိတ်နှလုံးများ၏ အတွင်းကျကျနေရာများတွင် အရေးကြီးသည့် နေရာတစ်ခုကို ယူထားရုံမက လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်သည့်၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် စည်းမျဉ်းများ၊ သဘောထားများ၊ အမြင်များနှင့် နည်းစနစ်များကိုလည်း နက်ရှိုင်းစွာ လွှမ်းမိုးကာ ထိန်းချုပ်လေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ သိမ်းပိုက်မှုအပြင် ယင်းတို့၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လူတို့ လက်ခံပြီးသည့်နောက်တွင်ပင် ရိုးရာယဉ်ကျေးမှု၏ ဤစိတ်ကူးများသည် ၎င်းတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များနှင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းကျကျရှိ အရေးကြီးသော နေရာတစ်ခုကို ယူထားဆဲဖြစ်သည်။ ဤသည်မှာ ထိုအရာများက လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံ၊ ၎င်းတို့ ပြုမူနေထိုင်ကာ ဆောင်ရွက်ပုံကို အခြေခံသည့် ဦးတည်ချက်၊ ရည်မှန်းချက်များ၊ စည်းမျဉ်းများ၊ သဘောထားများနှင့် ရှုထောင့်အမြင်များကို ထိန်းချုပ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ လူတို့သည် စာတန်၏ ဖမ်းဆီးခြင်းကို လုံးဝ ခံရပြီးဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တရားတစ်ခု ဖြစ်၏။ လူတို့ အသက်ရှင်နေထိုင်ပုံနှင့် ဘဝတွင် မိမိတို့ရည်မှန်းချက်များ၊ အမှုအရာများနှင့် ဖြစ်ရပ်များအားလုံးကို ၎င်းတို့ ချဉ်းကပ်သည့် အမြင်များနှင့် သဘောထားများသည် ၎င်းတို့ထဲတွင် စာတန်က အားပေးတိုက်တွန်းပြီး သွတ်သွင်းထားသည့် ရိုးရာယဉ်ကျေးမှုအပေါ် လုံးဝ အခြေခံထားလေသည်။ ရိုးရာယဉ်ကျေးမှုက လူတို့အသက်များတွင် အဓိကဖြစ်သော နေရာကို ယူသည်။ ဘုရားရှေ့မှောက်သို့ လာကာ သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင်၊ ပြီးလျှင် ဘုရားသခင်ထံမှ မှန်ကန်သော အဆိုများနှင့် အမြင်များအချို့ကို လက်ခံပြီးနောက်တွင်ပင် ရိုးရာယဉ်ကျေးမှုမှ အမျိုးမျိုးသော အတွေးများသည် ၎င်းတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များနှင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများရှိ အဓိကကျသည့်၊ အရေးကြီးသော နေရာတစ်ခုကို ယူထားဆဲ ဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်ပေသည်။ ဤအတွေးများကြောင့် လူတို့သည် ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ရိုးရာယဉ်ကျေးမှု၏ နည်းစနစ်များ၊ အမြင်များနှင့် သဘောထားများကိုအသုံးပြုလျက် မရှုမြင်ဘဲ မနေနိုင်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်၊ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုပင် ထိုအရာများကို အခြေခံ၍ ဝေဖန်၊ စိစစ်ကာ လေ့လာကြလိမ့်မည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ အနှစ်သာရ၊ တန်ခိုးနှင့် ဉာဏ်ပညာတို့၏ သိမ်းပိုက်ခြင်း ခံရသည့်အချိန်တွင်ပင် ရိုးရာယဉ်ကျေးမှုက လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများရှိ အရေးကြီးသည့် နေရာတစ်ခုကို ယူထားဆဲဖြစ်သည်မှာ များပြားလှသဖြင့် ထိုအရာကို မည်သည့်အရာကမျှ အစားထိုး မရသည်အထိ ဖြစ်သည်။ ပင်ကိုအားဖြင့် ယင်းသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ပတ်သက်လျှင်လည်း မှန်ကန်ပေသည်။ လူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရသည့်အချိန်တွင်ပင် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့ စိတ်နှလုံးများတွင် ရိုးရာယဉ်ကျေးမှုကို အစားမထိုးနိုင်ပေ။ ဤသည်မှာ အလွန် ဝမ်းနည်းစရာဖြစ်ပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နောက်လိုက်နေစဉ်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်နေစဉ်၊ သူ့ထံမှ သမ္မာတရားနှင့် အမျိုးမျိုးသော စိတ်ကူးများကို လက်ခံနေစဉ်တွင် ရိုးရာယဉ်ကျေးမှုကို ဖက်တွယ်ထားကြသည်။ အပေါ်ယံအားဖြင့် ဤလူများသည် ဘုရားသခင်နောက်သို့ လိုက်နေပုံရသော်လည်း ရိုးရာယဉ်ကျေးမှုနှင့် စာတန်က ၎င်းတို့ထဲတွင် သွတ်သွင်းပြီးဖြစ်သည့် အမျိုးမျိုးသော စိတ်ကူးများ၊ အမြင်များနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့ စိတ်နှလုံးများတွင် မယိမ်းယိုင်သကဲ့သို့ အစားမထိုးနိုင်သည့် နေရာတစ်ခုကို စွဲကိုင်ထားလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပြီး ထိုနှုတ်ကပတ်တော်များကို မကြာခဏ ဆုတောင်းဖတ်ရှုကာ ချင့်ချိန်စဉ်းစားသော်လည်း လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံအပြင်၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံတို့ကို အခြေခံသည့် အခြေခံကျသော အမြင်များ၊ စည်းမျဉ်းများနှင့် နည်းစနစ်များသည် ရိုးရာယဉ်ကျေးမှုအပေါ် အခြေခံထားဆဲ ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုက လူတို့အား ၎င်း၏ ကြိုးကိုင်ညွှန်ကြားခြင်း၊ စီစဉ်ညွှန်ကြားခြင်းများနှင့် ထိန်းချုပ်မှုတို့ကိုခံရစေခြင်းအားဖြင့် ၎င်းတို့၏နေ့စဉ်ဘဝကို ထိခိုက်လေသည်။ ယင်းမှာ ၎င်းတို့ကိုယ်ပိုင် အရိပ်ကဲ့သို့ မဖယ်ရှားနိုင်၊ မလွတ်ကင်းနိုင်ဖွယ်ရာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ရိုးရာယဉ်ကျေးမှုနှင့် စာတန်က ၎င်းတို့ထဲတွင် သွတ်သွင်းထားပြီးဖြစ်သည့် အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များကို ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ မတူးဆွ၊ မစိတ်ဖြာမလေ့လာနိုင်၊ သို့မဟုတ် မဖော်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သဘောမပေါက်နိုင်၊ ထိုးထွင်းမမြင်နိုင်၊ မပုန်ကန်နိုင်၊ သို့မဟုတ် မစွန့်ပစ်နိုင်ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင် ပြောသည့် နည်းလမ်းဖြင့်၊ သို့မဟုတ် ဘုရားသခင်က သွန်သင်ပြီး ညွှန်ကြားသည့် နည်းလမ်းဖြင့် လူများနှင့် အမှုအရာများကို မမြင်နိုင်၊ မကျင့်ကြံမပြုမူနိုင် သို့မဟုတ် မလုပ်ဆောင်နိုင်ကြချေ။ ဤအရာကြောင့် လူအများစုသည် မည်သည့် အကျပ်အတည်းမျိုးဖြင့် အသက်ရှင်ကြဆဲ ဖြစ်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မဆန့်ကျင်ဘဲ၊ သို့မဟုတ် သမ္မာတရားကို မဆန့်ကျင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူနေထိုင်ပြီး လုပ်ဆောင်ရန် မိမိတို့ စိတ်နှလုံးတွင် ဆန္ဒ နက်နက်တစ်ခု ရှိခြင်းဖြင့် ဖြစ်သည်။ သို့သော် အကာအကွယ်မဲ့စွာနှင့် အလိုအလျောက် ၎င်းတို့သည် စာတန် သွန်သင်သည့် နည်းစနစ်များအတိုင်း လူတို့နှင့် ဆက်လက် ဆက်ဆံကြဆဲဖြစ်သည်၊ ပြုမူနေထိုင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ကြဆဲ ဖြစ်သည်။ စိတ်နှလုံးတွင်၊ လူတို့သည် သမ္မာတရားကို တောင့်တကြပြီး၊ ဘုရားသခင်အတွက် အားကောင်းသော စိတ်ဆန္ဒတစ်ခု ပိုင်ဆိုင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်၊ ကျင့်ကြံပြုမူပြီး၊ လုပ်ဆောင်ရန်နှင့် သမ္မာတရား၏ စည်းမျဉ်းများကို မချိုးဖောက်ရန် ဆန္ဒရှိသည့်တိုင် အမှုအရာများက မိမိတို့ ဆန္ဒများနှင့် ဆန့်ကျင်လျက် အမြဲ အဆုံးသတ်လေသည်။ မိမိတို့၏ အားထုတ်မှုများကို နှစ်ဆဖြစ်စေပြီးသည့်နောက်တွင်ပင် ၎င်းတို့ ရရှိသည့် ရလဒ်သည် မိမိတို့ ဆန္ဒရှိသည့်အရာ မဖြစ်သေးချေ။ လူတို့သည် မည်သို့ ရုန်းကန်သည်ဖြစ်စေ၊ အားထုတ်မှု မည်မျှ ထည့်သည်ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းရရှိဖို့ ၎င်းတို့ မည်မျှ ဆုံးဖြတ်ပြီး ဆန္ဒရှိသည်ဖြစ်စေ အဆုံးတွင် တကယ့်ဘဝတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားနှင့် ၎င်းတို့ စွဲကိုင်နိုင်သည့် သမ္မာတရား စံသတ်မှတ်ချက်များမှာ အခါကျဲ၍ အလာနည်းလေသည်။ ဤသည်မှာ လူတို့ စိတ်နှလုံး နက်နက်တွင် ၎င်းတို့ကို စိတ်သောကအရောက်စေဆုံးသော အရာ ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းတစ်ခုမှာ လူတို့ကို ရိုးရာယဉ်ကျေးမှုက သွန်သင်သည့် အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များက ၎င်းတို့၏ စိတ်နှလုံးကို စိုးမိုးပြီး၊ ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များ၊ စိတ်ကူးများအပြင် ၎င်းတို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် နည်းနိဿယများနှင့် နည်းလမ်းတို့အား ထိန်းချုပ်ထားဆဲ ဖြစ်သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ရိုးရာယဉ်ကျေးမှုကို သဘောပေါက်ရန်၊ ထိုရိုးရာယဉ်ကျေးမှုကို စိတ်ဖြာလေ့လာပြီး ဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ကာ ရိပ်စားမိရန်နှင့် နောက်ဆုံးတွင် ထာဝရ စွန့်ပစ်ရန်အလို့ငှာ ဖြစ်စဉ်တစ်ခုကို ကြုံရမည် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရန် အလွန် အရေးကြီး၏။ ရွေးချယ်၍ရသည့်အရာတစ်ခု မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှုသည် လူတို့ စိတ်နှလုံး အတွင်းနက်နက်တွင် စိုးမိုးနှင့်ပြီးဖြစ်ကာ ၎င်းတို့ကိုယ်တိုင်၏ ဖြစ်တည်မှုတစ်ခုလုံးကိုပင် စိုးမိုးထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မိမိတို့ဘဝများတွင်၊ လူတို့သည် ၎င်းတို့၏ ကျင့်ကြံပြုမူပုံတွင်လည်းကောင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံတွင်လည်းကောင်း သမ္မာတရားကို မချိုးဖောက်ဘဲမနေနိုင်သကဲ့သို့၊ ယခင်က ၎င်းတို့ဖြစ်ခဲ့သည့်အတိုင်း ရိုးရာယဉ်ကျေးမှု၏ ထိန်းချုပ်ခြင်းနှင့် လွှမ်းမိုးခြင်းကို ယနေ့ထက်တိုင် မခံရဘဲ မနေနိုင်ကြခြင်းကို ဆိုလိုပေသည်။

အကြင်သူသည် ဘုရားသခင်ကို မိမိတို့ ယုံကြည်မှုတွင် သမ္မာတရားကို လုံးဝ လက်ခံရန်နှင့် ထိုသမ္မာတရားကို လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ကာ ရရှိရန် ဆန္ဒရှိပါက ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များကို နက်ရှိုင်း၊ တိကျစွာ တူးဖော်ခြင်း၊ စိစစ်ခြင်းနှင့် သိရှိခြင်းအားဖြင့် အစပြုရမည်။ ရိုးရာယဉ်ကျေးမှု၏ ဤစိတ်ကူးများသည် လူတိုင်း၏ စိတ်နှလုံးရှိ အရေးကြီးသော နေရာတစ်ခုကို ယူထားသည့်တိုင် အမျိုးမျိုးသော လူများသည် ထိုအရာ၏ အယူဝါဒ သွတ်သွင်းခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော ရှုထောင့်များကို ဖက်တွယ်ကြသည်မှာ သိသာထင်ရှားလေသည်။ လူအသီးသီးက ထိုအရာ၏ မတူကွဲပြားသော အစိတ်အပိုင်းတစ်ခုကို အာရုံစိုက်သည်။ လူအချို့က၊ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဟူသော အဆိုကို အထူးသဖြင့် ထောက်ခံအားပေးကြသည်။ ၎င်းတို့သည် မိမိတို့ မိတ်ဆွေများကို အလွန် သစ္စာစောင့်သိကြပြီး သစ္စာစောင့်သိခြင်းသည် အခြားမည်သည့်အရာမဆိုထက် ၎င်းတို့အတွက် သာ၍ အရေးကြီးလေသည်။ သစ္စာစောင့်သိခြင်းသည် ၎င်းတို့၏ အသက်ဖြစ်သည်။ ၎င်းတို့ မွေးသည့်နေ့မှစ၍ သစ္စာစောင့်သိခြင်းအတွက် အသက်ရှင်ကြသည်။ လူအချို့သည် ကျေးဇူးကို တကယ် တန်ဖိုးထားကြ၏။ တစ်စုံတစ်ဦးထံမှ ကျေးဇူးတစ်ခုကို ၎င်းတို့ ရရှိပါက ထိုကျေးဇူး ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ၎င်းတို့က နှလုံးသွင်းပြီး ထိုကျေးဇူးကို ပြန်ဆပ်ခြင်းသည် ၎င်းတို့တစ်သက်လုံးတွင် အရေးအကြီးဆုံးသောအရာ ဖြစ်လာသည်။ ထိုအရာက ၎င်းတို့တစ်ဘဝလုံးတွင် ၎င်းတို့၏ အထူးတာဝန်ဖြစ်လာသည်။ လူအချို့က အခြားသူများ၏ အကောင်းမြင်ခံရအောင် လုပ်ခြင်းကို တန်ဖိုးထားကြသည်။ ဂုဏ်သရေရှိကာ မြင့်မြတ်သည့်၊ ရည်မွန်သည့် လူစားမျိုး ဖြစ်လာခြင်းနှင့် အခြားသူများအား မိမိတို့အပေါ် လေးစားပြီး အထင်ကြီးစေခြင်းကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အခြားသူများအား မိမိတို့အပေါ် အကောင်းပြောစေချင်သည်၊ နာမည်ဂုဏ်သတင်းကောင်းတစ်ခု ရှိချင်ကြသည်၊ အချီးမွမ်းခံချင်ကြသည်၊ လူတိုင်းထံမှ အလွန်ထောက်ခံမှုကို ရရှိလိုကြသည်။ လူအသီးသီးသည် ရိုးရာယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား အပြုအမူနှင့်ဆိုင်သော အဆိုအမျိုးမျိုးကို မိမိတို့လိုက်စားရာတွင် မတူညီသည့် အာရုံစိုက်မှုတစ်ခု ရှိသည်။ အချို့က ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို တန်ဖိုးထားသည်။ အခြားသူတို့က တည်ကြည်မှုကို တန်ဖိုးထားသည်။ အချို့က စင်ကြယ်မှုကို တန်ဖိုးထားသည်။ အချို့မှာ ကျေးဇူး ပြန်ဆပ်ခြင်းကို တန်ဖိုးထားကြလေသည်။ အချို့က သစ္စာစောင့်သိခြင်းကို တန်ဖိုးထားသည်၊ အခြားသူတို့က စေတနာသဒ္ဓါတရားကို တန်ဖိုးထားပြီး အချို့မှာ ရည်မွန်မှုကို တန်ဖိုးထားကြသည်။ ၎င်းတို့သည် လူတိုင်းအပေါ် တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ် ကောင်းသော အမူအကျင့်ရှိကြသည်၊ အခြားသူတို့အား အစဉ်သဖြင့် လမ်းဖယ်ပေးပြီး ဦးစားပေးကြသည် စသည်တို့ ဖြစ်သည်။ လူတိုင်းတွင် မတူကွဲပြားသော အာရုံစိုက်မှုတစ်ခု ရှိ၏။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုက သင့်ကို မည်သို့ ထိခိုက်ပြီး ထိန်းချုပ်သည်ကို နားလည်လိုပါက သင်၏ စိတ်နှလုံးတွင် ထိုအရာက မည်မျှ လေးနက်မှု သယ်ဆောင်သည်ကို သိရှိလိုပါက သင်မည်သည့်လူစားမျိုးဖြစ်သည်၊ မည်သည့်အရာကို သင်တန်ဖိုးထားသည်ဆိုသည်တို့ကို သင် စိစစ်ရမည်။ “ရည်မွန်ခြင်း”နှင့် “စေတနာသဒ္ဓါတရား”ကို သင်အရေးစိုက်သလော။ “ယုံကြည်ထိုက်ခြင်း”၊ သို့မဟုတ် “သည်းခံခြင်း”ကို သင် တန်ဖိုးထားသလော။ အမျိုးမျိုးသော အမြင်ရှုထောင့်များမှလည်းကောင်း၊ သင်၏ အမှန်တကယ်ဖြစ်သော အပြုအမူကို အခြေခံ၍လည်းကောင်း ရိုးရာယဉ်ကျေးမှု၏ မည်သည့် သွင်ပြင်လက္ခဏာက သင့်အပေါ် အနက်ရှိုင်းဆုံး လွှမ်းမိုးမှုရှိသည်ဆိုသည်နှင့် ရိုးရာယဉ်ကျေးမှုကို သင်အဘယ်ကြောင့် လိုက်စားနေသည်ဆိုသည်တို့ကို သင် စိစစ်ရမည်။ ရိုးရာယဉ်ကျေးမှု၏ မည်သည့် အနှစ်သာရကို သင်လိုက်စားသည်ဖြစ်စေ သင်သည် ထိုသို့သော လူစားမျိုးပင် ဖြစ်သည်။ သင် မည်သည့်လူစားမျိုး ဖြစ်သည်ဖြစ်စေ ယင်းမှာ သင့်အသက်ကို စိုးမိုးခြယ်လှယ်သည့်အရာ ဖြစ်သည်။ ပြီးလျှင် သင့်အသက်ကို မည်သည့်အရာက စိုးမိုးခြယ်လှယ်သည်ဖြစ်စေ ယင်းမှာ သင် သဘောပေါက်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ရိပ်စားမိရန်၊ ပုန်ကန်ရန်နှင့် စွန့်ပစ်ရန် လိုအပ်သည့် အရာဖြစ်သည်။ ထိုအရာကို သင် တူးဆွပြီး သိနားလည်မှု ရရှိပြီးသည့်နောက်တွင် သင်သည် ရိုးရာယဉ်ကျေးမှုမှ မိမိကိုယ်ကို တဖြည်းဖြည်း အဆက်အသွယ်ဖြတ်နိုင်သည်။ ထိုအရာကို အမှန်တကယ် စွန့်ပစ်နိုင်ပြီး နောက်ဆုံးတွင် ထိုအရာမှ လုံးဝ ထွက်ပြေးလွတ်မြောက်ကာ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ ထိုအရာကို ဖြတ်တောက်နိုင်ပေသည်။ ထို့နောက်တွင် ထိုအရာကို သင် လုံးလုံးလျားလျား ပုန်ကန်ကာ အမြစ်ဖြတ်နိုင်လိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် ရိုးရာယဉ်ကျေးမှုသည် သင့်အသက်တွင် အရေးအကြီးဆုံးသော အခန်းကဏ္ဍကို ဆောင်ရွက်လိမ့်မည် မဟုတ်တော့ပေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက သင့်စိတ်နှလုံး၏ အတွင်းနက်နက်နေရာများတွင် ဦးဆောင်သည့် အခန်းကဏ္ဍကို တဖြည်းဖြည်း ယူလိမ့်မည်ဖြစ်ပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် အရေးကြီးသည့် နေရာတစ်ခုကို တဖြည်းဖြည်း ယူလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်သည် သင့်စိတ်နှလုံး ပလ္လင်ထက်တွင် ထိုင်ကာ သင်၏ ရှင်ဘုရင်အဖြစ် စိုးစံလိမ့်မည်။ သင်၏ အစိတ်အပိုင်းရှိသမျှကို နေရာယူလိမ့်မည်။ ထိုအခါ အသက်ရှင်ခြင်း သောကဖိစီးမှုသည် သာ၍ နည်းပါးသွားလိမ့်မည် မဟုတ်လော။ သင်၏ ဘဝသည် စိတ်သောကဖိစီးမှု လျော့သည်ထက် လျော့နည်းသွားလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်စံအဖြစ် သမ္မာတရားရှိလျက် လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ ရှုမြင်ရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်မှာ သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) များစွာ လွယ်ကူလိမ့်မည်။ သင်တို့အားလုံးသည် နေ့စဉ် မိမိတို့၏ တာဝန်များနှင့် အလွန်အလုပ်များသည်ကို ငါမြင်ရသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပြင် သင်တို့သည် နေ့စဉ် သမ္မာတရားကို မိတ်သဟာယပြုရမည်၊ ဖတ်ရှုရမည်၊ နားထောင်ရမည်၊ အာဂုံဆောင်ကာ ရေးသားရမည်။ သင်သည် အချိန်နှင့် အားအင်များစွာ ကုန်ဆုံးသည်၊ ကြီးမားသည့် အဖိုးအခပေးသည်၊ အလွန်ဆင်းရဲဒုက္ခခံပြီး အယူဝါဒ များစွာ နားလည်ကောင်းနားလည်နိုင်သည်။ သို့ရာတွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ စည်းမျဉ်းများကို သဘောမပေါက်နိုင်သည်မှာ အလွန်ဆိုး၏။ သင်သည် ကြိမ်ဖန်များလှစွာ သမ္မာတရား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးကို နားထောင်ကာ မိတ်သဟာယပြုပြီးဖြစ်သော်လည်း သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ ဘုရားနှုတ်ကပတ်တော်များအား မည်သို့ တွေ့ကြုံရမည်၊ လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် အသုံးပြုရမည်ဆိုသည်ကို သင် မသိ။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်မသိချေ။ ထိုသမ္မာတရားကို သင် ရှာဖွေကာ အခြားသူများနှင့် ဆွေးနွေးရဦးမည် ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များ အမြစ်တွယ်ရန် အတွက် အဘယ်ကြောင့် အချိန်ကြာရသနည်း။ ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများအတိုင်း ပြုမူရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း။ ထိုအရာသည် လူတို့အပေါ် ရိုးရာယဉ်ကျေးမှုက အသုံးပြုသည့် ကြီးမားသော လွှမ်းမိုးမှုကို ဤအရာ၏ အဓိက အကြောင်းတရားအဖြစ် ထည့်မတွက်ဘဲထား၍ မရပေ။ ထိုအရာက လူတို့စိတ်နှလုံးများတွင် အရေးကြီးသော နေရာတစ်ခုကို အချိန်အတော်ကြာ ယူထားပြီးဖြစ်ကာ လူတို့၏ အတွေးများနှင့် စိတ်များကို ထိန်းချုပ်လေသည်။ ရိုးရာယဉ်ကျေးမှုက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဇက်ကုန်ဖွင့်ပေးသည်။ ၎င်းတို့သည် သားသတ်သမားက ဓားကိုင်သကဲ့သို့၊ ငါးက ရေကိုသဘောထားသကဲ့သို့ ထိုအရာများကို စိတ်အေးလက်အေး ထုတ်ဖော်ပြကြသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ရိုးရာယဉ်ကျေးမှုသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် နီးကပ်စွာ ဆက်နွှယ်သည်။ ထိုအရာများသည် အတူတကွ အလုပ်လုပ်ကာ တစ်ခုနှင့်တစ်ခု အားပေးကြသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရိုးရာယဉ်ကျေးမှုနှင့် ဆုံသောအခါ၊ ငါးနှင့်ရေကဲ့သို့ မိမိတို့၏ အပြည့်အဝ လုပ်နိုင်စွမ်းများကို ပြစားနိုင်ကြသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ရိုးရာယဉ်ကျေးမှုကို နှစ်သက်ပြီး လိုအပ်သည်။ ထို့ကြောင့် နှစ်ထောင်ချီသော ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းမှုအောက်တွင် လူသည် စာတန်အားဖြင့် ယခင်ထက် သာ၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်ကာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သာ၍ သာ၍ ဆိုးရွားပြင်းထန်ကာ ကြီးမားလာပြီးဖြစ်သည်။ ယင်း၏ ဟန်ဆောင်မှုအောက်နှင့် ပြရုပ်တင်ခြင်းအတွင်းတွင် ဤစိတ်သဘောထားများသည် ယခင်ထက် သာ၍ ဆိုးရွားပြင်းထန်လာရုံမက သာ၍ သာ၍လည်း ဖုံးကွယ်ထားလေသည်။ မာနထောင်လွှားမှု၊ လှည့်ဖြားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု၊ စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကဲ့သို့သော စိတ်သဘောထားများသည် တိုး၍ နက်ရှိုင်းစွာ ဖုံးကွယ်ပြီး ဝှက်ထားလေသည်။ ထိုအရာများသည် ထိုးထွင်းသိမြင်ရန် လူတို့အတွက် ခက်ခဲစေလျက် တိုး၍ တိုး၍ ဉာဏ်များသော နည်းလမ်းများဖြင့် ပေါ်လွင်လေသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းခြင်း၊ သွန်သင်ခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုအောက်တွင် လူသားမျိုးနွယ်၏ လောကသည် တဖြည်းဖြည်း မည်သည့်အရာ ဖြစ်လာပြီနည်း။ မကောင်းဆိုးဝါးများ၏ လောကတစ်ခု ဖြစ်လာပြီဖြစ်သည်။ လူတို့သည် လူသားများကဲ့သို့ အသက်မရှင်ကြချေ။ ၎င်းတို့တွင် လူသားပုံသဏ္ဌာန်၊ သို့မဟုတ် လူ့သဘာဝ မရှိကြချေ။ သို့တိုင် ရိုးရာယဉ်ကျေးမှုကို ဖက်တွယ်သောသူများ၊ အချိန်ကြာမြင့်စွာ အယူဝါဒ သွတ်သွင်းခံရပြီးသူများ၊ ထိုအရာ စိမ့်ဝင်ပျံ့နှံ့ပြီး စွဲကပ်ခြင်း ခံရသောသူများသည် မိမိတို့ကိုယ်ပိုင် ကြီးမြတ်မှု၊ မြင့်မြတ်ခြင်း၊ ထူးကဲသာလွန်ခြင်းတို့ကို တိုး၍ တိုး၍ လက်ခံယုံကြည်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန် အတ္တဆန်ကြသည်။ ၎င်းတို့ အရေးမပါကြောင်း၊ တန်ဖိုးမဲ့ကြောင်း၊ သေးနုပ်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်ကြောင်းကို ၎င်းတို့မည်သူမျှ မတွေးကြပေ။ သာမန်လူတစ်ဦးဖြစ်ရန် ၎င်းတို့ မည်သူမျှ မလိုလားကြပေ။ အားလုံးက ကျော်ကြားရန်၊ ကြီးမြတ်ရန်၊ ပညာရှိဂုရုများဖြစ်ရန် ဆန္ဒရှိကြသည်။ ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းမှုအောက်တွင် လူတို့သည် မိမိတို့ကိုယ်ကိုထက် သာလွန်ချင်ရုံမက တစ်လောကလုံးနှင့် လူသားမျိုးနွယ်အားလုံးထက် သာလွန်ချင်ကြလေသည်။ “သာ၍ မြင့်စွာ၊ သာ၍ မြင့်မားစွာ ငါ ပျံသန်းချင်”ဟု ဆိုသည့် ဘာသာတရားမရှိသူများ သီဆိုသော သီချင်းနှင့် “ငါသည် ငှက်ငယ်လေးတစ်ကောင်သာ၊ ပျံချင်သော်လည်း မြင့်မားစွာ မပျံနိုင်”ဟု ဆိုသည့် သီချင်းတစ်ပုဒ်ကို သင် ကြားပြီးဖြစ်သည်။ ဤစကားလုံးများသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး လူ့သဘာဝနှင့် ဆင်ခြင်တုံတရားအားလုံး ကင်းမဲ့သည် မဟုတ်လော။ စာတန်၏ ရိုင်းစိုင်းသော ဟစ်ကြွေးသံ မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ စိတ်မနှံ့သော ဟစ်ကြွေးသံဖြစ်သည်။ ထို့ကြောင့် အကြင်သူက မည်သို့ကြည့်သည်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၏ အဆိပ်သည် လူ၏ စိတ်နှလုံးထဲသို့ အချိန်ကြာမြင့်စွာက စိမ့်ဝင်ပြီးဖြစ်ကာ ညတွင်းချင်း ဖယ်ရှား၍ရနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကိုယ်ရေးကိုယ်တာ အပြစ်အနာအဆာ၊ သို့မဟုတ် မကောင်းသည့် အကျင့်တစ်ခုကို အောင်နိုင်ခြင်းလောက် မလွယ်ကူပေ။ သင်သည် သင်၏ အတွေးများ၊ အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တူးဆွရမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု၏ အဆိပ်ရှိသော အမြစ်ကို သမ္မာတရားနှင့်အညီ သင့်အသက်မှ အမြစ်ဖြတ်ရမည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်လိုအပ်ကာ သူ၏ နှုတ်ကပတ်တော် သမ္မာတရားကို သင်၏ အသက်ဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ့ကို ယုံကြည်ရာတွင် မှန်ကန်သည့် လမ်းကြောင်းကို သင် အမှန်တကယ် လျှောက်လှမ်းနေလိမ့်မည်။

သမ္မာတရားကို လိုက်စားခြင်း၏ အဓိပ္ပာယ်နှင့် အရေးကြီးမှု

ငါတို့သည် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာကို များစွာ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်နှင့်ပြီးဖြစ်ကာ ထိုအကြောင်း အသေးစိတ် မိတ်သဟာယပြုကြပြီး ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ငါတို့ မည်မျှ မိတ်သဟာယပြုခဲ့သည်ဖြစ်စေ၊ အချိန်မည်မျှကြာကြာ မိတ်သဟာယပြုခဲ့သည်ဖြစ်စေ သမ္မာတရားကို လူတို့ လိုက်စားစဉ် ထွက်ပေါ်သည့် မျိုးစုံသော အခက်အခဲများကို၊ သို့မဟုတ် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် တည်ရှိသည့် အမျိုးမျိုးသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရန် ရည်မှန်းချက်က ရှိနေဆဲဖြစ်သည်။ ရည်မှန်းချက်မှာ အတားအဆီးများ၊ ပိတ်ဆို့မှုများနှင့် အခက်အခဲများအားလုံးကို ဖယ်ရှားရန် ဖြစ်သည်။ ထိုအရာများကြားတွင် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုများ၊ စိတ်ကူးများနှင့် အမြင်များက သမ္မာတရားကို လူတို့ လိုက်စားခြင်းအား တားဆီးသည့် အဓိကကျသော အရာများ ဖြစ်သည်။ ယခုနေ့ရက်အချိန်တွင် ငါတို့သည် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာကို အခြေခံအားဖြင့် ပြီးစီးပြီးဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်သည့် အကြောင်းအရာများအပေါ် ငါတို့ မိတ်သဟာယပြု၍ ပြီးသွားပြီလော။ (မပြီးသေးပါ။) ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးမှုတို့သည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ခဲ့ပါသလော။ (ဆက်နွှယ်ခဲ့ပါသည်။) သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ခဲ့၏။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် လူတို့ ရင်ဆိုင်ရသည့် အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ ယခုတွင် လူ၏ သမ္မာတရား လိုက်စားခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည့် ရိုးရာယဉ်ကျေးမှုအကြောင်း မိတ်သဟာယပြုခြင်းကို ငါတို့ လုပ်ဆောင်ပြီးသွားပြီ ဖြစ်သည့်အတွက် ယနေ့တွင် “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ ဤမေးခွန်းနှင့် ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုပြီးပြီလော။ ထိုအရာနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါတို့ မိတ်သဟာယပြုရမည်နည်း။ ယင်းမှာ အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် အရေးကြီးသနည်း။ သင်တို့၏ အတွေးများကို ဝေမျှကြလော့။ (ကျွန်ုပ်၏ သိနားလည်မှုမှာ သမ္မာတရားကို လိုက်စားခြင်းသည် လူ၏ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိကြပြီး ငယ်ရွယ်စဉ်ကတည်းက အယူဝါဒသွတ်သွင်းခံရကာ ရိုးရာယဉ်ကျေးမှု၏ အလွန်အမင်း အဆိပ်ခတ်ခြင်း ခံရပြီးဖြစ်သောကြောင့် သမ္မာတရားကို ကျွန်ုပ်တို့ လိုက်စားရန် လိုအပ်သည်၊ သို့မဟုတ်ပါက စာတန်ထံမှ လာသည့် ဖောက်ပြန်ပျက်စီးသော အရာများကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ အပြုသဘောဆောင်စွာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်စွာ မည်သို့ ပြုမူရမည်ကို သိနိုင်ကြမည် မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း လုပ်ဆောင်ကာ ကျင့်ကြံပြုမူရန်မှလွဲ၍ ရွေးချယ်စရာ ရှိမည်မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်ပုံဖြစ်ပါက အဆုံးတွင် သူတို့သည် အသက်ရှင်သော စာတန် ဖြစ်နေဦးမည်ဖြစ်သည်။ ဘုရားသခင် ကယ်တင်မည့် တစ်စုံတစ်ဦး ဖြစ်မည် မဟုတ်ပါ။ ထို့ကြောင့် သမ္မာတရား လိုက်စားခြင်းသည် အလွန်အရေးကြီးပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရား လိုက်စားခြင်းမှတစ်ဆင့်သာ သန့်စင်နိုင်ပေသည်။ လူများနှင့် အမှုအရာများကို ကျွန်ုပ်တို့ ရှုမြင်သင့်ပုံနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ မှားယွင်းသည့် အမြင်များကို ပြုပြင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့ ကျင့်ကြံပြုမူပြီး ဆောင်ရွက်ဖို့အတွက်လည်းကောင်း တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်သည့်နောက်တွင်သာ မိမိတို့ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ဦး ဖြစ်လာနိုင်ပါသည်။ သို့မဟုတ်ပါက အသင်းတော်အလုပ်ကို နှောင့်ယှက်၊ တားဆီးမည့် အရာများကို မိမိတို့တာဝန်များတွင် လုပ်ဆောင်မိရန် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနောက် အလိုအလျောက် လိုက်မိလိမ့်မည် ဖြစ်ပါသည်။) သင်တို့သည် အချက်နှစ်ချက်ကို ပြောခဲ့၏။ ငါ၏ မေးခွန်းမှာ အဘယ်နည်း။ (လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း ဖြစ်ပါသည်။) ယင်းသည် ရိုးရှင်းသည့် မေးခွန်း ဖြစ်သလော။ ရိုးရှင်းသည့်၊ အကြောင်းနှင့်အကျိုး မေးခွန်းဖြစ်ပုံရသည်။ သမ္မာတရား လိုက်စားခြင်းသည် လူတစ်ဦး၏ ကယ်တင်ခြင်းနှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်ပြီး နောက်တစ်နည်းအားဖြင့် နှောင့်ယှက်မှု၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများ မဖန်တီးခြင်းနှင့် ဆက်နွှယ်သည်ဆိုသည့် အမြင်ကို သင်တို့အားလုံး ရှိကြသလော။ (ရှိပါသည်။) သင်တို့ ထိုသို့ ပြောသည့်အခါ မေးခွန်းသည် အတော် ရိုးရှင်းပုံရ၏။ အမှန်တကယ် ထိုမျှရိုးရှင်းပါသလော။ သင်တို့၏ အတွေးများကို ဝေမျှပြောပြကြလော့။ (“လူသည် အဘယ်ကြောင့် သမ္မာတရား လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းသည် အယူဝါဒဆိုင်ရာ ရှုထောင့်အမြင်တစ်ခုမှ ဖြေရန် သာ၍ရိုးရှင်းသော်လည်း အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းတို့ ပါဝင်သည့်အခါ မရိုးရှင်းပါဟု ကျွန်ုပ် ထင်ပါသည်။) “လူသည် အဘယ်ကြောင့် သမ္မာတရား လိုက်စားရမည်နည်း” ဤအရာက မေးခွန်းမည်မျှကို ခြုံငုံမိပါသနည်း။ သမ္မာတရား လိုက်စားခြင်း၏ အရေးပါမှုမှာ အဘယ်အရာဖြစ်သည်၊ ယင်းအတွက် အကြောင်းရင်းများမှာ အဘယ်အရာများ ဖြစ်သည်ဟူသကဲ့သို့သော မေးခွန်းများကို ခြုံငုံမိပါသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရား လိုက်စားခြင်း၏ အရေးကြီးမှုဖြစ်သည်။) မှန်ပေ၏။ သမ္မာတရား လိုက်စားခြင်း၏ အရေးကြီးမှုကိုလည်း ခြုံငုံသည်။ ထိုအရာတွင် ဤမေးခွန်းများ ပါဝင်သည်။ ဤအရာများကို ထည့်သွင်းစဉ်းစားသည့်အခါ “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းသည် ရိုးရှင်းပါသလော။ (မရိုးရှင်းပါ။) ထိုအရာများအရ “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းကို တစ်ဖန် တွေးဆလော့။ ပထမဦးစွာ ပြန်ကြည့်လော့။ သမ္မာတရား လိုက်စားခြင်းဟူသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုရမည်နည်း။ (သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ဖြစ်ပါသည်။) ယင်းသည် မှန်ကန်ပါသလော။ “အပြည့်အဝ”ဟူသည့် စကားလုံးကို သင်တို့ လွတ်သွားသည်။ တစ်ဖန် ဖတ်ကြလော့။ (သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်ဖြစ်ပါသည်။) “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းသည် လူများနှင့် အမှုအရာများအပေါ် လူတို့၏ အမြင်များနှင့် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ချက်များနှင့် ဆက်နွှယ်ပေသည်။ ထိုအရာမှာ လူများနှင့် အမှုအရာများကို လူတို့က မည်သို့ ရှုမြင်သင့်သည်၊ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို မိမိတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး အဘယ်ကြောင့် လုပ်ဆောင်သင့်သည်ဆိုသည့် အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ဤသို့ အမှုအရာများကို လိုက်စားရသည့် အကြောင်းအရင်း ဟူသည်မှာ ဤမေးခွန်း၏ ရင်းမြစ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အခြေခံကျသော မေးခွန်း မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သင်တို့သည် မေးခွန်း၏ အခြေခံကျသော ဆိုလိုရင်းကို နားလည်ကြပြီ ဖြစ်သည်။ “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းအကြောင်း ပြန်ဆွေးနွေးကြစို့။ ဤမေးခွန်းသည် မရိုးရှင်းပေ။ ယင်းက သမ္မာတရား လိုက်စားခြင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ခြုံငုံပြီး ယင်းနှင့်ပတ်သက်၍ အရေးအကြီးဆုံးဖြစ်သည့် အခြားအရာတစ်ခု ရှိသည်။ လူ၏ အနှစ်သာရနှင့် ဗီဇများအရ ၎င်းတို့သည် သမ္မာတရားကို မိမိတို့ အသက်အဖြစ် လိုအပ်ကြသောကြောင့် သမ္မာတရားကို လိုက်စားရမည်ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအရာသည်လည်း လူသားမျိုးနွယ်၏ အနာဂတ်နှင့် ရှင်သန်ရေးတို့နှင့် ဆက်နွှယ်ပေသည်။ ရိုးရှင်းစွာ ပြောရလျှင် သမ္မာတရားကို လိုက်စားခြင်းသည် လူတို့၏ ကယ်တင်ခြင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲခြင်းတို့နှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့၏ နေ့စဉ် အသက်တာများ၌ လူတို့ အသက်ရှင်နေထိုင်ကြသည့် မတူကွဲပြားသော အရာများ၊ ၎င်းတို့၏ ထုတ်ဖော်ခြင်းများ၊ ၎င်းတို့၏ အပြုအမူများနှင့်လည်း ပင်ကိုအားဖြင့် ဆက်နွှယ်ပေသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားပါက ၎င်းတို့ ကယ်တင်ခံရမည့် အခွင့်အရေးသည် သုညဖြစ်သည်ဟု မှန်ကန်တိကျစွာ ဆိုနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားပါက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အတိုက်အခံ လုပ်နေမည့်၊ သစ္စာဖောက်ပြီး ငြင်းပယ်နိုင်ချေ တစ်ရာရာခိုင်နှုန်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး အတိုက်အခံ လုပ်ကာ သစ္စာဖောက်နေနိုင်ပြီး အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်အလုပ်ကို အဖျက်အမှောင့်လုပ်နေနိုင်သည်မှာ၊ သို့မဟုတ် အချိန်မရွေး နေရာမရွေး အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်မှုများ ဖြစ်စေသည့် တစ်စုံတစ်ရာကို လုပ်ဆောင်နေနိုင်သည်မှာလည်း သဘာဝ အလျောက်သာ ဖြစ်၏။ ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် မြင်တွေ့ကာ နားလည်နိုင်သည့် သမ္မာတရားကို လူတို့ လိုက်စားရမည့် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံး အကြောင်းရင်းအချို့ ရှိ၏။ သို့ရာတွင် ယနေ့တွင် “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်း၏ အရေးပါလှသည့် အပိုင်းအချို့ကိုသာ ငါတို့ မိတ်သဟာယပြုမည်ဖြစ်သည်။ လူတို့က အယူဝါဒနှင့် ပတ်သက်သည့်အရာတစ်ခုအဖြစ် နားလည်ကာ အသိအမှတ်ပြုထားသော ဤမေးခွန်း၏ အခြေခံအကျဆုံး သွင်ပြင်လက္ခဏာများကို ငါတို့ မိတ်သဟာယပြုနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ထိုအခြေခံကျပြီး ရိုးရှင်းသော မေးခွန်းများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်မဟုတ်။ အဓိကကျသည့် အရိပ်လက္ခဏာအချို့ကို မိတ်သဟာယပြုရန်မှာ ကျွန်ုပ်တို့အတွက် လုံလောက်လိမ့်မည်။ သမ္မာတရား လိုက်စားခြင်းဟူသော အကြောင်းအရာကို ငါတို့ အဘယ်ကြောင့် မိတ်သဟာယပြုနေကြပါသနည်း။ ထိုအကြောင်းအရာအတွင်း၌ သာ၍ အရေးကြီးသော မေးခွန်းအချို့၊ လူတို့ မရိပ်စားမိသကဲ့သို့ မသိရှိကြသည့်၊ သဘောမပေါက်ကြသော်လည်း ၎င်းတို့၏ သဘောပေါက်ခြင်းနှင့် သိနားလည်မှုတို့ လိုအပ်သည့် မေးခွန်းများ ရှိသည်မှာ သိသာထင်ရှားပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။