အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

လူသားတို့ ချို့ယွင်းသည့်အရာမှာ ဝိညာဉ်ရေးရာ အသက်တာ၏ ထောက်မခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အတွေ့အကြုံသာ မကဘဲ ထို့ထက်ပိုအရေးကြီးသည်မှာ ၎င်းတို့၏ စိတ်သဘောထား အတွင်း ပြောင်းလဲမှုများပင် ဖြစ်ကြောင်းကို နားလည် သဘောပေါက်ရန် လူသားသည် ယနေ့ထိတိုင် အချိန်ယူခဲ့ရသည်။ လူသားမျိုးနွယ်၏ သမိုင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ကို လူသား၏ လုံးဝ မသိနားမလည်မှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ အသိပညာ စိုးစဉ်းမျှ မရှိကြ။ လူသားသည် ဘုရားသခင်နှင့် ဆက်သွယ်မှု ရှိနိုင်ရန် သူ၏စိတ်နှလုံးသား နက်ရှိုင်းရာ၌ မျှော်လင့်သော်လည်း လူ့ဇာတိပကတိ၏ လွန်ကဲသော ယိုယွင်းပျက်စီးမှု၊ ထုံထိုင်းမှုနှင့် အကင်းမပါးမှုတို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသည့် အဖြစ်သို့ ယုတ်လျော့သွားသည်။ လူသားတို့၏ အတွေးများနှင့် ဝိညာဉ်များ အပါအဝင် ၎င်းတို့ နှလုံးသားများထဲ၌ နှစ်ပေါင်းထောင်ချီ ရှိနေခဲ့သည့် ဘုရားသခင်၏ ပုံရိပ်ကိုပါ ပုံသဏ္ဌာန် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် လူသားအကြား ယနေ့ဆင်းကြွလာသည်။ ဤအခွင့်အရေးမှ တစ်ဆင့် ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းငှာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူသား၏ အသိပညာမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ သူ့ကို သိကျွမ်းလာသည့် နည်းလမ်းနှင့် ၎င်းတို့ သူ့အပေါ် ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် စင်ကြယ်သော အနေအထားမှ စတင်နိုင်ရန်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများသည် ဤနည်းနှင့် အသစ်ပြုပြင်ခြင်း ခံရ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ရန်ဖြစ်သည်။ ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်ပြီး သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့မှာ ပန်းတိုင်များ ဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းမှာ ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီ အချိန်ကပင် သူ့အတွက် ထိုရည်ရွယ်ချက်သည် အလောသုံးဆယ် ကိစ္စဖြစ်လာခဲ့သည်။ လူတိုင်းသည် ဤကိစ္စကို ဆင်ခြင်ကြရာတွင် ရေရှည်အမြင် ရှိနိုင်ပါမည်လော။ ဘုရားသခင်၏ ဤအရေးတကြီး ရည်ရွယ်ချက်သည် မကြာမီ ပြီးစီးနိုင်ရန်နှင့် ကမ္ဘာမြေကြီး ပေါ်ရှိ ဘုရားသခင် အမှု၏ နောက်ဆုံးအဆင့်သည် အသီးအပွင့်ဖြစ်ထွန်းသော နိဂုံးသို့ ရောက်ရှိနိုင်ရန် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တွေ့ကြုံခံစားပုံကို ပြောင်းလဲပါ။ သင်တို့ပြုသင့်သည့်အတိုင်း သင်တို့၏ သစ္စာ စောင့်သိခြင်းကို ပြပြီး နောက်ဆုံးအကြိမ်အနေနှင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ပါ။ ညီအစ်ကို မောင်နှမများထဲမှ မည်သူကမျှ ဤဝတ္တရားကို ခေါင်းရှောင်မည် မဟုတ် သို့မဟုတ် စိတ်မပါဘဲနှင့် လုပ်မည် မဟုတ်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် ဤအကြိမ်တွင် ဖိတ်ခေါ်ချက်အရနှင့် လူသား၏အခြေအနေကို ထောက်ရှု၍ လူ့ဇာတိထဲသို့ ဆင်းကြွလာသည်။ တစ်နည်းအားဖြင့် ဆိုလျှင် သူသည် လူသားကို လိုအပ်သော အရာနှင့် ဖြည့်စွမ်းပေးရန် ကြွလာခြင်း ဖြစ်သည်။ သူသည် လူသားတိုင်းကို မည်သို့သော အရည်အသွေး သို့မဟုတ် မျိုးရိုးဖြစ်သည် ဖြစ်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြင်နိုင်စေမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ တည်ရှိမှုနှင့် ထင်ရှားမှုကို မြင်ပြီး ၎င်းတို့အတွက် ဘုရားသခင်၏ စုံလင်စေမှုကို လက်ခံနိုင်စေမည်။ သူ၏ နှုတ်ကပတ်တော်သည် လူသား၏ အတွေးများနှင့် အယူအဆ များကို ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်သည် လူ့နှလုံး၏ နက်ရှိုင်းရာ အရပ်များထဲ၌ ခိုင်မြဲစွာ အမြစ်တွယ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အလို ဖြစ်သည်။ လူသား၏ စရိုက်သဘာဝသည် မည်မျှပင် ကြီးမြတ်နေပါစေ၊ လူသား၏ အနှစ်သာရသည် မည်မျှပင် ညံ့ဖျင်းနေပါစေ သို့မဟုတ် လူသားသည် အတိတ်တွင် မည်ကဲ့သို့ပင် လုပ်ဆောင်ခဲ့ပါစေ ဘုရားသခင်သည် ထိုအရာများကို အလေးမထား။ လူသားကို ၎င်းတို့၏ နှလုံးသားများထဲရှိ ဘုရားသခင်၏ ပုံရိပ်ကို လုံးလုံးလျားလျား အသစ်ပြုပြင်စေရန်နှင့် လူသားမျိုးနွယ်၏ အနှစ်သာရကို သိကျွမ်း လာစေရန်သာ သူမျှော်လင့်သည်၊ ထိုသို့ဖြင့် လူသား၏ အတွေးအမြင် သဘောတရားဆိုင်ရာ အမြင်သည် ပြောင်းလဲသွားမည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို နက်ရှိုင်းစွာ တောင့်တနိုင်ရန် သူမျှော်လင့်ပြီး သူနှင့် ထာဝရ တည်သော သံယောဇဉ် ရှိနိုင်ရန်သာ သူမျှော်လင့်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသော အရာအားလုံးပင် ဖြစ်သည်။

နှစ်ထောင်ပေါင်း အချို့၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့် ပတ်သက်သည့် အသိပညာသည် သူ၏အတွေးအခေါ်၊ အယူအဆများနှင့် စိတ်နေစိတ်ထားတို့ကို သြဇာမသက်ရောက် နိုင်အောင်နှင့် ဘက်တီးရီးယားပိုးဖြင့် မဆွေးမြည့်မပျက်စီးစေနိုင်အောင် တင်းကျပ်စွာ ပိတ်ဆီးထား ခဲ့သည်။ နောက်တစ်ဖန် အလင်းကို မမြင်တွေ့စိမ့်သောငှာ မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ၎င်းတို့သည် ခံခဲ့ရသည့်အလား လူများသည် ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ နေထိုင်သည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူသားကို အသက် မနည်းရှူနေရပြီး မွန်းကျပ်စေသည်အထိ ဖိနှိပ်ထားသည်။ ၎င်းတို့တွင် ခုခံခြင်းငှာ ခွန်အား စိုးစဉ်းမျှပင် မရှိဘဲ ဆိတ်ငြိမ်စွာပင် သည်းခံပြီးရင်း သည်းခံနေရသည်။...မည်သူကမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုအတွက် ရပ်တည်ရန် သို့မဟုတ် တိုက်ခိုက်ရန် လုံးဝမဝံ့ရဲကြ၊ ၎င်းတို့သည် ကံကျွေးချစနစ်ဆိုင်ရာ အရှင်သခင်များ ၏ မတရားဖိနှိပ်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့အောက်၌ တိရစ္ဆာန်တစ်ကောင်ထက်ပင် မသာသော အသက်တာကို တစ်နှစ်ပြီးတစ်နှစ်၊ တစ်နေ့ပြီးတစ်နေ့ ရှင်သန်နေကြသည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်မှုကို ခံစားနိုင်ရန် ဘုရားသခင်ကို ရှာဖွေခြင်းငှာ မည်သည့်အခါမှ မတွေးတောခဲ့ပေ။ လူသားသည် ညှိုးခြောက်ကာ ညိုတူးနေသော ဆောင်းဦး ရွက်ကြွေများကဲ့သို့ နေခြစ်ခြစ်တောက်ပူသည့်ဒဏ်ကို ခံခဲ့ရသည့် အလားပင်ဖြစ်သည်။ ကြာမြင့်စွာကတည်းက လူသားသည် ၎င်းတို့၏မှတ်ဉာဏ်ကို ဆုံးရှုံးသွားပြီး ငရဲနှင့်အတူ ပျက်စီးသွား စိမ့်သောငှာ နောက်ဆုံးသောကာလ၏ ကြွလာခြင်းကိုစောင့်ရင်းနှင့် လူ့လောကဟူသော အမည်နှင့် ငရဲထဲတွင် ခိုကိုးရာမဲ့စွာ နေထိုင်သည်မှာ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသောကာလ သည် အေးလူသော ငြိမ်သက်ခြင်းကို ၎င်းတို့ခံစားရမည့် နေ့ဖြစ်လေသည့်အလား ဖြစ်တော့သည်။ လူသားသည် ခုခံရန် သာ၍ပင် မစွမ်းနိုင် ဖြစ်စေရန် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ အသက်တာကို “မရဏာနိုင်ငံ” သို့ ယူဆောင်သွားခဲ့သည်။ အမျိုးမျိုးသော ဖိနှိပ်မှုများသည် လူသားကို မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တဖြည်းဖြည်းနှင့် ကျဆင်းသွား စေပြီး ဘုရားသခင်ထံမှ ဝေးကွာသွားစေသည်။ ယခုတွင်မူ ဘုရားသခင်သည် လူသားနှင့် သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီး သူတို့ဆုံတွေ့ကြသောအခါ လူသားသည် သူ့ကို လျင်မြန်စွာ ရှောင်ရှား၏။ လူသားသည် ဘုရားသခင်ကို တစ်ခါမှ မသိဖူး သို့မဟုတ် မတွေ့ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ ပယ်ထားသည်။ သို့သော်လည်း ဘုရားသခင်သည် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်း တစ်လျှောက်လုံးတွင် လူသားအတွက် စောင့်ဆိုင်းနေခဲ့ပြီး၊ သူ၏မချုပ်တည်းနိုင်သော အမျက်ဒေါသကို ၎င်းထံ ကျရောက်စေခဲ့ခြင်း လုံးဝမရှိခဲ့။ လူသားသည် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန်သာ သူသည် စကားတစ်လုံးမျှ မဟဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ရှေးကာလ၌ ဘုရားသခင်သည် လူ့လောကသို့ ကြွလာခဲ့ပြီး လူသားကဲ့သို့ တူညီသောဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့သည်။ လူသားနှင့်အတူ နှစ်ပေါင်းများစွာတိုင် သူနေထိုင်ခဲ့ပြီး မည်သူကမျှ သူ၏ တည်ရှိမှုကို မသိရှိခဲ့ကြ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အလုပ်ကို လုပ်ဆောင်နေရင်းနှင့် လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို ဆိတ်ငြိမ်စွာ ကြံ့ကြံ့ခံနေခဲ့သည်။ ခမည်းတော် ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် သူသည် လူသားတို့ ယခင်တစ်ခါမျှ မကြုံတွေ့ မခံစားဖူးသည့် ဆင်းရဲဒုက္ခများကို ခံစားရင်း ဆက်လက် ကြံ့ကြံ့ခံခဲ့သည်။ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် သူသည် လူသားရှေ့မှောက်တွင် တိတ်ဆိတ်စွာနှင့် လူသားတို့ကို အစေခံခဲ့ပြီး မိမိကိုယ်မိမိ နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးယူသွားခဲ့ပြီး လူသားကို မာရ်နတ်တို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်ခဲ့သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီး ထိုစာအုပ်များနှင့် ဂန္တဝင်ကျမ်းတို့ကို ရေးခဲ့သော သူများကို တိုး၍ကိုးကွယ်စေကာ ဘုရားသခင်နှင့် ပတ်သက်သည့် လူသားတို့၏ အယူအဆများကို တိုးစေခဲ့သည်။ မာရ်နတ်တို့၏ ရှင်ဘုရင်သည် လူသား၏ နှလုံးသားကို အားရဝမ်းသာ သိမ်းပိုက်နေစဉ် ၎င်းသည် အကြင်နာမဲ့စွာဖြင့် ဘုရားသခင်ကို လူသား၏ နှလုံးသားထဲမှ လူသားတို့ သတိပြုမိခြင်း မရှိဘဲနှင့် ပထုတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ လူသားသည် မာရ်နတ်တို့ ရှင်ဘုရင်၏ မျက်နှာရှိသည့် အကျည်းတန်ကာ ကောက်ကျစ်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်းတို့၏ ရင်ဘတ်များကို ဖြည့်လေပြီး မာရ်နတ်တို့ ရှင်ဘုရင်၏ မလိုမုန်းထားမှုသည် လူသားအထဲ၌ တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့သည်မှာ လူသားသည် လုံးဝဥဿုံ ဝါးမြိုခံခဲ့ရသည်အထိ ဖြစ်သည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့ဘဲ မာရ်နတ်တို့၏ ရှင်ဘုရင်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိတော့။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် ဆက်ကပ်အပ်နှံခြင်းဖြင့် ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ကြာမြင့်စွာသောအချိန်က လူသား၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့သည် မွေးကင်းစအနေအထားတွင်သာ ရှိဆဲဖြစ်ကာ၊ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ထိုအတွင်းထဲ၌ ဘုရားမဲ့ဝါဒီဟူသော အကျိတ်၏ အစေ့ကို ပျိုးချခဲ့ပြီး လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူခြင်း၊ ခေတ်မီရေးလေးချက်ကို အကောင်အထည်ဖော်ခြင်း၊ လောကကြီး၌ ဘုရားသခင်ဟူသည် မရှိ” စသည်ကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်သည်။ ထိုမျှ သာမကဘဲ အားလုံးကို မိမိနိုင်ငံအတွက် အမှုထမ်းရန် ကလေးဘဝတည်းမှ အသင့်ရှိနေရန် တောင်းဆိုလျက် ၎င်းသည် “ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှု မှတစ်ဆင့် လှပသော ဇာတိမြေကို တည်ဆောက်ကြပါစို့” ဟုလည်း ထပ်ဖန်တလဲလဲ ကြွေးကြော်ခဲ့သည်။ လူသားသည် မရည်ရွယ်ပါဘဲနှင့် ၎င်း၏ရှေ့မှောက်သို့ ယူဆောင်ခြင်း ခံရပြီး (ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်တော်ထဲ၌ ကိုင်ထားခြင်းကို ရည်ညွှန်းလျက်) ၎င်းသည် မဆိုင်းမတွပင် မိမိကိုယ်ကိုယ် ဂုဏ်တင်ခဲ့လေသည်။ ၎င်းသည် တစ်ကြိမ်တစ်ခါမျှပင် မရှက်ခဲ့ဖူး သို့မဟုတ် အရှက်တရား မရှိခဲ့ပေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ လူတို့ကို ၎င်း၏အိမ်ထဲသို့ အရှက်မရှိ ဖမ်းသွားချုပ်ထားပြီး မိမိမှာမူ စားပွဲပေါ်သို့ ကြွက်တစ်ကောင် လေအလား ခုန်တက်ကာ မိမိအား ဘုရားသခင်အဖြစ် လူသားကို ကိုးကွယ် စေလေသည်။ ၎င်းသည် ထင်ရာစိုင်း ရမ်းကားသူပင် ဖြစ်တော့သည်။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများကြောင့် ဖြစ်သည်၊ မိုးသည် ရေငွေ့ဖွဲ့၍ မိုးစက်များအဖြစ် ကမ္ဘာမြေကြီးသို့ ကျလာသော အစက်များပင် ဖြစ်သည်၊ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများ ကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်း ဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်၌ အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ထိုအရာများမှာ သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ အဘယ်အပိုင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သနည်း၊” ဟူသည့် တုန်လှုပ်ဖွယ် မကောင်းသတင်းများကို ဟစ်ကြော်လေသည်။ ၎င်းသည် “လူသားမှာ ရှေးမျောက်ဝံများမှ ဆင်းသက်လာပြီး ယနေ့ လောကကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ကုဋေတစ်ရာခန့်က ရှေးကျသော လူ့အဖွဲ့အစည်းတစ်ခုမှ အဆင့်ဆင့် ပြောင်းလဲ လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားသည် သို့မဟုတ် ကျရှုံးသည် ဆိုခြင်းမှာ ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် မူတည်သည်၊” ဟူသော အရှက်မဲ့သည့် ထုတ်ပြန်ချက်များကိုပင် ကြွေးကြော်သည်။ နောက်ဘက်တွင် ၎င်းသည် လူသားကို ၎င်းအား နံရံများပေါ်၌ ဇောက်ထိုး ချိတ်ဆွဲစေပြီး ဌာပနာထားရန်နှင့် ကိုးကွယ်ခြင်းခံရရန် စားပွဲများပေါ် တင်စေသည်။ “ဘုရားသခင် မရှိ” ဟု ၎င်းက ဟစ်အော် နေစဉ်၊ ၎င်းသည် ၎င်းကိုယ်၎င်း ဘုရားအဖြစ် မှတ်ယူပြီး ဘုရားသခင်ကို ကမ္ဘာ၏ ပြင်ပသို့ မဆုတ်မနစ် တွန်းထုတ်နေသည်။ ၎င်းသည် ဘုရားသခင်၏ နေရာ၌ အစားဝင်ပြီး မာရ်နတ်တို့၏ ရှင်ဘုရင်အဖြစ် ပြုမူသည်။ လုံးဝ ရယ်ဖွယ်ရာပင် ကောင်းတော့သည်။ ၎င်းသည် လူတစ်ယောက်ကို အဆိပ်ရှိသော အမုန်းတရား၏ ဝါးမျိုခြင်းကို ခံရစေသည်။ ဘုရားသခင်သည် ၎င်း၏ ထာ၀ရရန်သူဖြစ်ပြီး ဘုရားသခင်သည် ၎င်းနှင့် ကျေအေး၍မရနိုင်သည့် ပုံပေါ်သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိစဉ် ၎င်းသည် ဘုရားသခင်ကို နှင်ထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ ထိုသို့သော မာရ်နတ်တို့၏ ရှင်ဘုရင်ပင် ဖြစ်တော့သည်။ ငါတို့သည် ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး ထိုအလုပ်ကို ပျက်စီး၍ လုံးလုံး ဖရိုဖရဲ မဖြစ်မချင်း ၎င်းသည် အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်လိုသည့် အလားဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် ချဉ်းကပ်သည်။ ၎င်း၏ မသတီစရာ မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်း ခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက် ရှိပြီး ဆိုးရွားသည့် အတိဒုက္ခထဲ၌ ရှိနေသော်လည်း ၎င်းသည် ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကိုမူ စိတ်လျှော့ခြင်းမရှိသည်မှာ ၎င်းသည် မိမိ၏ နှလုံးသားထဲမှ မုန်းတီးခြင်းကို ဖြေလျှော့နိုင်ရန် ဘုရားသခင်ကို တစ်ကိုက်တည်းနှင့် လုံးလုံးလျားလျား ဝါးမျိုနိုင်ရန် အလိုရှိသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ ဤမုန်းတီးဖွယ် ရန်သူဖြစ်သည့် ၎င်းကို ငါတို့သည် မည်သို့လျှင် သည်းခံနိုင် မည်နည်း။ ၎င်းကို အမြစ်ဖြတ် ချေမှုန်းခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခြင်းသာလျှင် ငါတို့အသက်တာ၏ လိုအင်ကို အကောင်အထည်ပေါ်စေလိမ့်မည်။ ၎င်းသည် မည်သို့လျှင် သောင်းကျန်းပြေးလွှားနေခွင့်ကို ရနေသနည်း။ လူသားမှာ ကောင်းကင်နေမင်းကိုပင် မသိတော့ဘဲ ထုံတေထိုင်းမှိုင်းလာသည့် အတိုင်းအတာအထိ ၎င်းသည် လူသားကို ယိုယွင်းဖျက်ဆီးခဲ့သည်။ လူသားသည် ပုံမှန် လူ့ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားလေပြီ။ ကျန်ရှိနေသော အန္တရာယ်ကို ကြောက်ရွံ့မှုအား ရှင်းရှင်းသုတ်သင်ရန်နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ သာ၍စောလျင်စွာ ရောက်ရှိစေခွင့်ပြုရန် အတွက် ၎င်းကို ဖျက်ဆီးရန်နှင့် မီးရှို့ရန် ငါတို့သည် ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် မပူဇော်မဆက်ကပ်ကြ သနည်း။ ဤလူယုတ်မာ အုပ်စုသည် လူသားတို့ အကြား ရောက်လာပြီး အကြွင်းမဲ့ ဆူပူမှုနှင့် ဝရုန်းသုန်းကား အခြေအနေကို ဖြစ်ပေါ်စေ ခဲ့သည်။ ၎င်းတို့သည် လူသားအားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်လာခဲ့ပြီး လူသားတို့ကို အစိတ်စိတ် အမွှာမွှာကွဲသွား စိမ့်သောငှာ တွန်းချရန်နှင့် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုရန် တိတ်တဆိတ် ကြံစည်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် နိုင်ချေမရှိသည့် လောင်းကစားကိုဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အယုတ်မာဆုံးသော ပြစ်မှုများကို ကျူးလွန်သည့် မာရ်နတ်တို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် စင်စစ်ပင် ပြင်ဆင်ထားပြီး လေပြီ။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ဘဲ ထိုကားတိုင်ကို မာရ်နတ်အတွက် ချန်ထားခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက အောင်ပွဲခံလျက် ထွက်ပေါ်ခဲ့ပြီး လူသားမျိုးနွယ်၏ အပြစ်များအတွက် ပူဆွေးခြင်းကို ခံစားခြင်း မရှိတော့။ သူသည် လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ နိဂုံးအဆုံးအထိ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်နေခဲ့ပြီး ဘုရားသခင်နှင့် စိတ်သဘောထား ကွဲလွဲစွာ ပြုမူနေခဲ့သည်။ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နှင့် ပတ်သက်သည့် ပြောဆိုဆွေးနွေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု၏ အဖိုးထိုက်သော အသိပညာ၊ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ အဆုံးအမများနှင့် ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချ စနစ်ဆန်သော ထုံးတမ်းများ အားလုံးတို့သည် လူသားကို ငရဲထဲသို့ ဆွဲယူသွားသည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့သည်လည်း မည်သည့်နေရာမှာမှ ရှာမတွေ့နိုင်။ ယင်းအစား ဘုရားသခင်၏ အလုပ်ကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖျက်ဆီးရန်အလို့ငှာ ရှေး “မျောက်ဝံများ” မှ ပြန့်ပွားစေခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများ သက်သက်ကိုသာ အသားပေး သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် နှိပ်စက်ခဲ့သည်သာမကဘဲ ၎င်းသည် လူသားကို လုံးလုံးလျားလျား ဝါးမျိုခြင်းငှာ ဆန္ဒရှိသည်။ ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို ကြာရှည်စွာ ကူးစက်စွဲကပ် နေခဲ့ပြီး လူသားကို မာရ်နတ် အကြီးနှင့် အသေးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဘုရားသခင်ကို မဆိုင်းမတွ လက်ခံပြီး ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရရွှင်လန်းစွာနှင့် ကြိုဆိုကြမည့် လူအနည်းငယ်သာ ရှိသည်။ လူသား၏ မျက်နှာသည် လူသတ်မှုနှင့် ပြည့်နှက်နေပြီး အရပ်ခပ်သိမ်း၌ မရဏ တရားသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤကုန်းမြေမှ နှင်ထုတ်ရန် ကြိုးစား ကြသည်၊ လက်ထဲတွင် ဓားမြောင်များနှင့် ဓားရှည်များနှင့်အတူ ၎င်းတို့သည် ဘုရားသခင်ကို သုတ်သင် ပယ်ရှင်းရန်အလို့ငှာ မိမိတို့ကိုယ်မိမိ စစ်ခင်းကျင်းရန် စီစဉ်လေသည်။ ဘုရားသခင်မရှိဟု အစဉ်တစိုက်ပင် သွန်သင်ခြင်းခံရသော လူသားတို့နေရာ အရပ်ဖြစ်သည့် မာရ်နတ်၏ ကုန်းမြေတစ်လျှောက်တွင် ရုပ်တု ဆင်းတုများ ပျံ့နှံ့နေသည်။ ဤကုန်းမြေ၏ အထက်တွင် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့သည် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အလွန်ပင် ထူထဲလှသည့်အတွက် မွန်းကျပ်စေ၏။ မြွေသည် ရစ်လိမ်လျက် ခွေခေါက်သည့်အခါ ထောင်းခနဲထွက်လာသော အနည်အနှစ်တို့၏ အနံ့ဖြစ်ပုံရပြီး ၎င်းအနံ့သည် လူသားမှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ပြင်းထန်လှသည်။ ၎င်းအပြင် ဆိုးညစ်သော နတ်ဆိုးများသည် ကျမ်းစာများကို သံပြိုင်ရွတ်ဆို နေကြသည်ကို သဲ့သဲ့မျှကြားနိုင်ပေသည်။ ထိုအသံသည် ဝေးကွာ လှသော ငရဲမှ လာသည့်ပုံရပြီး လူသားသည် ကျောရိုးတစ်လျှောက် မအေးစိမ့်သွားဘဲ မနေနိုင်ပါ။ ဤကုန်းမြေတစ်လျှောက်၌ သက်တံ ရောင်စုံနှင့် ရုပ်တုဆင်းတုများသည် ပြန့်ကျဲနေပြီး၊ ယင်းသည် ကုန်းမြေတစ်ခုလုံးကို ကာမဂုဏ်ဖြင့် သာယာကြည်နူးဖွယ်ရာ လောကကြီးအဖြစ် ပြောင်းလဲ သွားစေကာ၊ ၎င်း၏ ဆိုးညစ်သော အကြံအစည်သည် အောင်မြင် သွားသည့် အလား မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဆက်လက် ကောက်ကျစ်စွာ ရယ်မောနေလေသည်။ ထိုအချိန် အတောအတွင်း လူသားသည် ထိုအရာကို လုံးဝ သတိမထား မိသကဲ့သို့၊ မာရ်နတ်သည် လူသားကို အသိတရားမဲ့ပြီး အရေးနိမ့် လာသည့် အတိုင်းအတာထိတိုင် ယိုယွင်းဖျက်ဆီးခဲ့ပြီး ဖြစ်သည် ကိုလည်း မသိချေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာခပ်သိမ်းကို တစ်ချက်တည်းနှင့် ရှင်းလင်းသုတ်သင်ရန်၊ ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားရန်နှင့် လုပ်ကြံသတ်ဖြတ်ရန် အလိုရှိပြီး၊ ဘုရားသခင်၏ အလုပ်ကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြိုးပမ်း၏။ ၎င်းသည် ဘုရားသခင်အား အဆင့်အတန်း တစ်တန်းတည်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်ခဲ့သနည်း။ လူသားတို့အကြား အလုပ်ကို ဘုရားသခင်၏ “ကြားဝင်ဖက်ခြင်း” အား ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏မသတီစရာမျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်ရသနည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က နှောင့်ယှက်ရန် ၎င်းသည် အဘယ်သို့ နှင့် ခွင့်ပြုရသနည်း။ ဒေါသဖြင့် ယမ်းပုံမီးကျ ဖြစ်နေသော ဤမာရ်နတ်သည် ကမ္ဘာမြေကြီး ပေါ်ရှိ ၎င်း၏ အင်ပါယာ နန်းတော်ကို ဘုရားသခင်က ထိန်းချုပ်မှုရသွားစေရန် အဘယ်သို့နှင့် ခွင့်ပြုရသနည်း။ အဘယ်သို့နှင့် ၎င်းသည် အရှုံးကို လိုလိုလားလား ဝန်ခံသနည်း။ ၎င်း၏ မသတီစရာ အသွင်အပြင်သည် အဘယ်ရာဖြစ်သည်ကို ဖော်ထုတ်ခြင်းခံ ခဲ့ရသောကြောင့် ငိုရမလို ရယ်ရမလို ဖြစ်နေကာ ပြောဆိုဖို့ရန် ဧကန်ပင် အခက်တွေ့လှ၏။ ဤသည်မှာ ၎င်း၏ အနှစ်သာရပင် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ရှိသော်လည်း ၎င်းသည် မယုံနိုင်လောက်အောင်ပင် ချောမောလှပသည်ဟု ၎င်းယုံကြည် နေဆဲရှိ၏။ ကြံရာပါများ၏ ထိုအုပ်စုတို့။ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ကစဉ့်ကလျားဖြစ်စေရန် သေမျိုးဖြစ်သော လူသား အကြား ဆင်းသက်လာသည်။ ၎င်းတို့၏ နှောင့်ယှက်မှုသည် လောကကြီးထဲ၌ ပြောင်းလဲလွယ်မှုကို ဖြစ်ပေါ်စေပြီး လူသား၏ နှလုံးသားထဲသို့ အကြောက်တရားကို ယူဆောင်လာကာ လူသားသည် မူလက သန့်ရှင်းသော လူသား၏ နောက်ဆုံးလက္ခဏာ အစအန ပျောက်ဆုံးသွားပြီး စားကျက်ကွင်း၏ အလွန်အမင်း အကျည်းတန်သော လူမဆန်သည့် သားရဲနှင့် သဏ္ဌာန်တူ သွားသည်အထိ ၎င်းတို့သည် လူသားကို လှည့်ဖြားခဲ့လေသည်။ ၎င်းတို့ သည် ကမ္ဘာမြေကြီးပေါ်၌ မင်းဆိုးမင်းညစ်များအဖြစ် အာဏာယူ ကြရန်ပင် ဆန္ဒရှိကြ၏။ ဘုရားသခင် ၏ အလုပ်သည် အရှေ့သို့တိုးရန် အနိုင်နိုင် ဖြစ်သွားစေရန် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဟန့်တားပြီး ကြေးနီနှင့် သံမဏိတံတိုင်းများဖြင့် တင်းကျပ်စွာ ပိတ်ဆို့ထားသည့်အလား လူသားကို ပိတ်ထား၏။ များစွာသော အပြစ်များကို ကျူးလွန်ခဲ့ပြီး များပြားလှသော ဒုက္ခ ဖြစ်ပွားစေခဲ့ပြီးနောက် ၎င်းတို့သည် ပြစ်တင် ဆုံးမခြင်းကို စောင့်မျှော်ရုံမှလွဲ၍ အခြားအဘယ်အရာကို မည်သို့လျှင် မျှော်လင့်နိုင်ပါမည်နည်း။ မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ကမ္ဘာမြေကြီးပေါ်၌ ဒေါသတကြီး လျှောက်ရမ်း နေခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်းနိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါ တကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင် ၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ် စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။ ထိုမာရ်နတ် အကြီးအငယ်တို့သည်ပင် သာ၍တန်ခိုးကြီးသော မာရ်နတ်၏ ခွန်အားကို မှီ၍ မောက်မာလာကြပြီး ခလောက်ဆန်ရန် စတင်တော့သည်။ ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်သော်လည်း တမင်တကာ ခုခံကြ၏။ ပုန်ကန်ခြင်း၏ သားများပါတကား။ ၎င်းတို့၏ ငရဲဘုရင်သည် ယခု၌ မင်းမြောက်ပလ္လင်သို့ တက်ခဲ့ ပြီးဖြစ် သည့်အတွက် ၎င်းတို့သည် မာန်ဝင့်လာကြပြီး အခြားသူများ အားလုံးကို အထင်အမြင်သေးစွာ ဆက်ဆံသည့်အလား ဖြစ်သည်။ မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန် နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့ကိုယ်တိုင်သည် နံစော်နေသော ယင်ကောင်ထက် မပိုသည်ကို မသိဘဲ၊ ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ထိုယင်ကောင်သည် ၎င်း၏ မိဘများကို သွားရှိသော ဝေလငါးသမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ထို့ကြောင့် ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်ဖို့ သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြသည်။ (ဤသည်မှာ ဘာသာရေးလောက၏ အတွင်း ဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူးခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်သုတ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။ နှစ်ထောင်ပေါင်းအချို့အကြာတွင် မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားလာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လျှို့ဝှက်စွာ ယုတ်လျော့အောင်ပြုရန် နည်းလမ်းများကို အစဉ်တစိုက်ပင် တွေးတော သည်။ ၎င်းတို့သည် စဉ်းလဲပြီး ကလိမ်ကျတတ်ကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်တစ်ဖန် ဖြစ်လာစေရန် ဆန္ဒရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ကျယ်လောင်စွာ အော်ဟစ်ရန် စေ့ဆော်လုနီးပါး ဖြစ်ပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ တတိယ ကောင်းကင်ဘုံသို့ ပြန်ကြွသွားလိုခြင်းကို ဘုရားသခင်သည် မနည်းထိန်းနေရ၏။ လူသားက ဘုရားသခင်ကို ချစ်ရန်အလို့ငှာ သူသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို နားလည်ရမည်ဖြစ်သည့်အပြင် ဘုရားသခင် အဘယ်အရာကို စက်ဆုပ်သည်ဆိုခြင်းကိုလည်း နားလည်ရမည်။ ဤသည်မှာ လူသား၏ ရှေ့တိုး ဝင်ရောက်ခြင်းကို သာ၍ ကောင်းမွန်စေလိမ့်မည်။ လူသား၏ ဝင်ရောက်မှုသည် သာ၍ မြန်လေလေ၊ ဘုရားသခင်၏ စိတ်နှလုံးသည် သာ၍ ကျေနပ်လေလေ ဖြစ်သည်၊ မာရ်နတ်တို့၏ ရှင်ဘုရင်ကို လူသားတို့၏ ထိုးထွင်း သိမြင်မှုသည် သာ၍ရှင်းလင်းလေလေ၊ လူသားသည် ဘုရားသခင်၏ အလိုဆန္ဒသည် ပြည့်စုံနိုင်ရန် ဘုရားသခင် အနီး သာ၍ ချဉ်းကပ်လေလေ ဖြစ်သည်၊ ထိုသို့အားဖြင့် ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

၁။ “ဘက်တီးရီးယားပိုးဖြင့် မဆွေးမြည့်မပျက်စီးစေနိုင်အောင်” ကို ဤနေရာတွင် သရော်သည့်စကား ရည်ရွယ်သည်။ လူတို့သည် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုသည်။

၂။ “အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိ” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် သည်းမခံနိုင်လောက်အောင်ပင် ဖြစ်ပုံကို ရည်ညွှန်းသည်။

၄။ “ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက်” ဆိုသည်မှာ မာရ်နတ်တို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၅။ “နိုင်ချေမရှိသည့် လောင်းကစား” ဆိုသည်မှာ မာရ်နတ်၏ စဉ်းလဲ၍ မကောင်းသော အကြံ အစည်များကို တင်စားပြောဆိုခြင်း ဖြစ်သည်။ ဤစကားစုကို သရော်သည့်သဘောနှင့် သုံးထားသည်။

၆။ “ဝါးမျိုခြင်း” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မလုယူသော မာရ်နတ်တို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၇။ “ကြံရာပါများ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

၈။ “ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် မည်သို့ သောင်းကျန်းကြမ်းတမ်းပုံ၊ ဘုရားသခင်၏ အမှုကို ဟန့်တား၍ ဆန့်ကျင်ကြပုံကို ရည်ညွှန်းသည်။

၉။ “သွားရှိသော ဝေလငါး” ဆိုသည်မှာ သရော်သည့် သဘောနှင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှပုံမှာ ဝက်များနှင့် ခွေးများပင် ၎င်းတို့အတွက် သွားရှိသော ဝေလငါးတမျှ ကြီးသည်ဟု မြင်ရပုံကို တင်စားဆိုထားခြင်း ဖြစ်သည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် ကွန်ဖြူးရှပ်ဝါဒ၏ ခိုင်လုံသော စာအုပ်များဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။