စစ်ဆေးခြင်းသည် လူသားကို စုံလင်စေရန် ဘုရားသခင်အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်
၁
ဘုရားသခင်၏ စစ်ဆေးမှု ကြီးလေလေ၊
လူတို့၏နှလုံးသားများ ဘုရားသခင်ကို သာ၍ချစ်လေလေ၊
စိတ်နှလုံးအတွင်း ညှဉ်းပန်းမှုဒဏ်က သူတို့ကို အသက်တာ၌ အကျိုး ဖြစ်စေသည်။
ဘုရားသခင်ရှေ့မှာ သူတို့ ငြိမ်းချမ်းပြီး ကိုယ်တော်နှင့် သာ၍နီးလာမည်။
ဘုရားသခင်၏အမြင့်ဆုံးမေတ္တာနှင့် အမြင့်ဆုံးကယ်တင်ခြင်းကို သူတို့မြင်နိုင်သည်။
စစ်ဆေးခြင်းသည် လူသားကိုစုံလင်စေမည့် အကောင်းဆုံးနည်းဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည်သာ လူတို့အား ဘုရားသခင်ကို အမှန်ချစ်စေသည်။
၂
ပေတရု စစ်ဆေးခံရသည်။
အကြိမ်ပေါင်းရာချီဖြစ်သည်။
ယောဘ အမျိုးမျိုး စမ်းသပ်ခံရသည်။
သင်လည်း စစ်ဆေးခံသင့်ပြီ။
စမ်းသပ်မှုရာချီ သင်ကြုံတွေ့ရမည်။
ဘုရားသခင်အလိုတော်ကို ပြည့်စုံစေနိုင်ရန် သင်ဤအဆင့်ကို အားထားရမည်။
ဘုရားသခင်သည်လည်း သင့်ကိုစုံလင်စေမည်။
စစ်ဆေးခြင်းသည် လူသားကိုစုံလင်စေမည့် အကောင်းဆုံးနည်းဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည်သာ လူတို့အား ဘုရားသခင်ကို အမှန်ချစ်စေသည်။
ဟုတ်ပါသည်၊ ဘုရားသခင်ကို အမှန်ချစ်စေသည်။
၃
တစ်ခုသောအချက်ကို စစ်ဆေးစဉ်ခါ၊
သင့်အားနည်းချက်နှင့် ပြဿနာများကို သင်မြင်ရမှာ။
သင်ဘယ်မျှလိုအပ်သည်ကို မြင်ရမည်၊
သင့်ပြဿနာများကို သင်မနိုင်ခြင်းကိုပင်။
သင့်မနာခံမှုကို သင်မြင်ရမည်။
စမ်းသပ်မှုများက သင့်အခြေအနေမှန်ကိုပြမည်။
စမ်းသပ်မှုများက သင့်ကို ပိုကောင်းမွန်စွာ စုံလင်စေနိုင်မည်။
စစ်ဆေးခြင်းသည် လူသားကိုစုံလင်စေမည့် အကောင်းဆုံးနည်းဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည်သာ လူတို့အား ဘုရားသခင်ကို အမှန်ချစ်စေသည်။
၄
လူတို့အခက်အခဲ မကြုံရလျှင်၊
ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့လိမ့်မည်။
သူတို့ အတွင်း၌ အစမ်းသပ်မခံရလျှင်၊ စစ်ဆေးမခံရလျှင်၊
သူတို့နှလုံးသားများ ပြင်ပကမ္ဘာတွင်
အစဉ်မျောပါနေလိမ့်မည်။
စစ်ဆေးခြင်းသည် လူသားကိုစုံလင်စေမည့် အကောင်းဆုံးနည်းဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည်သာ လူတို့အား ဘုရားသခင်ကို အမှန်ချစ်စေသည်။
ဟုတ်ပါသည်၊ ဘုရားသခင်ကို အမှန်ချစ်စေသည်၊ ဘုရားသခင်ကို အမှန်ချစ်စေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။