ဘုရားသခင့်အမျက်ဒေါသ၏ မြင်ကွင်းကျူး
ဘုရားသခင်သည် သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ ရလဒ်အနေဖြင့် လောကတစ်ခုလုံးသည် မီးတောင်ပေါက်ကွဲမှုကဲ့သို့ ကပ်ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ရလိမ့်မည်။ မိုးကောင်းကင်အထက် ရပ်နေသည့်အခါ မြေကြီးပေါ်၌ လူသားမျိုးနွယ်အပေါ် ဘေးဒုက္ခအမျိုးမျိုး တစ်နေ့ပြီးတစ်နေ့ ဝိုင်းရံလာနေသည်ကို တွေ့နိုင်၏။ အထက်မှအောက်သို့ကြည့်သည့်အခါ ကမ္ဘာမြေကြီးသည် ငလျင်မလှုပ်မီ မြင်ကွင်းအမျိုးမျိုးကဲ့သို့ဖြစ်၏။ မီးကဲ့သို့သောရေသည် နေရာတိုင်း တဟုန်ထိုးထွက်နေ၏၊ ချော်ရည်သည် နေရာတကာ စီးဆင်းနေ၏၊ တောင်များသည် ရွေ့လျားနေကြကာ အေးသောအလင်းသည် နေရာတိုင်း လင်းလက်နေ၏။ တစ်ကမ္ဘာလုံး မီးအတွင်း နစ်မြုပ်သွားခဲ့ပြီးဖြစ်၏။ ဤသည်မှာ ဘုရားသခင်မှ သူ၏အမျက်ဒေါသထုတ်လွှတ်သည့် မြင်ကွင်းဖြစ်ကာ ဤသည်မှာ သူ၏တရားစီရင်ချက် အချိန်ဖြစ်၏။ ဇာတိပကတိဖြစ်သူအားလုံးသည် လွတ်မြောက်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးရန် နိုင်ငံများအကြား စစ်မက်များနှင့် လူတို့အကြား ပဋိပက္ခများ လိုအပ်မည် မဟုတ်ဘဲ ကမ္ဘာသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု၏ထွေးပိုက်မှုကို ""သတိရှိစွာဖြင့် ခံစား"" လိမ့်မည်ဖြစ်၏။ မည်သူမျှ ဤသည်မှ လွတ်မြောက်နိုင်ခြင်းရှိမည်မဟုတ်ဘဲ ၎င်းတို့သည် ဤသည်ကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၈ ” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။