၆၁၈ ဣသရေလလူများ အစေခံခဲ့သကဲ့သို့ အစေခံကြလော့ကျူး

၁ ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက သင်တို့၏ အစေခံခြင်းမှာ ရပ်စဲလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။ အထူးသဖြင့် အသင်းတော်၌ အလုပ်လုပ်နေကြသော သင်တို့အတွက်၊ သင်တို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများ တစ်ဦးဦးက သင်တို့ကို ကိုင်တွယ် ဖြေရှင်းဝံ့မည်လော။ သင်တို့၏ အမှားများကို သင်တို့ရှေ့၌ တစ်စုံတစ်ဦးက ဗြောင်ကျကျ ပြောဝံ့မည်လော။ သင်တို့သည် အခြားသူများအထက်၌ မြင့်မြင့်မားမား ရပ်တည်ကြ၏၊ ဘုရင်များကဲ့သို့ ကြီးစိုးကြလေတကား။ သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။

၂ လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။

၃ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အမြဲတမ်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၁၇ လူသားကို ဘုရားသတိပေးခြင်း

နောက်တစ်ခုသို့- ၆၁၉ သမ္မာတရားအတွက် ကောင်းသည့် တိုက်ပွဲကို ဝင်လော့ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။