၉၃၃ ဘုရား၏ဖန်ဆင်းရာများကို လူတို့မြတ်နိုးသင့်၏ကျူး

၁ ဘုရားသခင်က အရာအားလုံးကို စီမံခန့်ခွဲဖို့နှင့် ၎င်းတို့အပေါ် အုပ်စိုးမှုရှိဖို့ လူသားမျိုးနွယ်ကို ခွင့်ပြုထားသော်လည်း၊ လူသားက အလုပ်ကို ကောင်းစွာလုပ်၏လော။ လူသားသည် သူဖျက်ဆီး နိုင်သမျှကို ဖျက်ဆီးတတ်သည်၊ သူသည် ဘုရားသခင်က သူ့အတွက် ပြုလုပ်ခဲ့သည့် အရာတိုင်းကို ၎င်း၏ နဂိုအနေအထားအတိုင်း လုံးဝ မထိန်းသိမ်းနိုင်ပေ၊ သူက ပြောင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ဖျက်ဆီးခဲ့သည်။ လူသားမျိုးနွယ်က တောင်များကို ရွှေ့ခဲ့ကြသည်၊ ပင်လယ်များမှနေ၍ မြေကို ပြန်သိမ်းခဲ့ကြပြီး၊ မြေပြန့်လွင်ပြင်များကို မည်သူမှ မနေနိုင်သည့် ကန္တာရများအဖြစ် ပြောင်းလဲခဲ့ကြသည်။ သို့တိုင် လူက စက်ရုံများ ပြုလုပ်ထားပြီး နျူကလီးယား အခြေစိုက်စခန်းများကို ဆောက်လုပ်ကာ ဖျက်ဆီးခြင်းကို နေရာအနှံ့ စိုက်ပျိုးကြသည်မှာ ကန္တာရထဲ၌ပင် ဖြစ်သည်။ ယခုတွင် မြစ်များမှာ မြစ်နှင့်မတူတော့၊ ပင်လယ်က ပင်လယ်နှင့် မတူတော့ပါ။...

၂ လူသားမျိုးနွယ်က သဘာဝပတ်ဝန်းကျင်၏ ဟန်ချက်ညီမျှမှုနှင့် ယင်း၏ စည်းမျဉ်းများကို ချိုးဖောက်ထားပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ကပ်ဆိုက်မည့်နေ့နှင့် သေခြင်းသည် မဝေးတော့ပါ။ ၎င်းကို ရှောင်လွှဲ၍မရပါ။ လူသားမျိုးနွယ်သည် ဘေးအန္တရာယ် ကျရောက် လာသောအခါ ဘုရားသခင်က သူ့အတွက် ပြုလုပ်ထားသည့် အရာတိုင်း၏ အဖိုးတန်မှုနှင့် ၎င်းက လူသားမျိုးနွယ်အတွက် မည်မျှအရေးပါသည်တို့ကို သိနားလည်လိမ့်မည်။ လူသားအတွက် သူ့အချိန်နှင့်သူ လေနှင့်မိုးတို့လာတတ်သည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်ရခြင်းမှာ ပရဒိသုဘုံ၌ နေထိုင်ရသကဲ့သို့ဖြစ်သည်။ လူတို့က ဤအရာကို ကောင်းချီးတစ်ပါးဖြစ်ကြောင်း သဘောမပေါက်ကြပေ၊ သို့သော် ၎င်းတို့အားလုံးကို သူတို့ဆုံးရှုံးရသည့်အချိန်တွင် ၎င်းသည် အဘယ်မျှ ကြုံတောင့်ကြုံခဲဖြစ်ပြီး အဖိုးတန်သည်ကို သူတို့ သိမြင်လိမ့်မည်။

၃ ထို့ပြင် ယင်းက မရှိတော့သည်နှင့် သူတို့ ယင်းကို မည်သို့ပြန်ရယူမည်နည်း။ ဘုရားသခင်သည် မည်သည့် အရာကိုမျှ မလုပ်ပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ပေးဖို့ ဆန္ဒမရှိတော့ပါက၊ ဆိုလိုသည်မှာ သူက ဤကိစ္စတွင် ကြားဝင်မစွက်ပါက လူသားမျိုးနွယ်အတွက် အကောင်းဆုံး နည်းလမ်းမှာ ဤဖျက်ဆီးမှုအလုံးစုံကို ရပ်တန့်ရန်နှင့် သူတို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ၎င်း၏နဂိုအခြေအနေသို့ ပြန်ရောက် စေခွင့်ပြုရန်ပင် ဖြစ်လိမ့်မည်။ ဤဖျက်ဆီးမှုအလုံးစုံကို အဆုံးသတ်ခြင်းဆိုသည်မှာ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အရာများအား အဓမ္မလုယက်ခြင်းနှင့် အကြီးအကျယ် ဖျက်ဆီးခြင်းအား အဆုံးသတ်လိုက်ခြင်းကို ဆိုလိုသည်။ ထိုသို့ပြုခြင်းက လူသားနေထိုင်သည့် ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ပြန်ကျန်းမာလာခွင့် ပေးမည်ဖြစ်ပြီး၊ ထိုသို့ မလုပ်နိုင်ခြင်းသည် အသက်ရှင်သန်မှုအတွက် ယင်း၏ပျက်စီးခြင်းက အချိန်နှင့်အမျှ မြန်ဆန်သွားမည်ဖြစ်သည့် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသော ပတ်ဝန်းကျင်အဖြစ်သို့ အကျိုးဆက် ပေါ်လာမည်ဖြစ်သည်။ လူသည် ကျန်သည့်ဖန်ဆင်းခြင်းတို့မှ တကွဲတပြားစီ အသက်မရှင်နိုင်ပေ။ ထို့ကြောင့် လူက အရာခပ်သိမ်းအပေါ် ရှိသင့်သည့် သဘောထားမှာ- ၎င်းတို့ကို တန်ဖိုးထားခြင်း၊ ၎င်းတို့ကို ကာကွယ်ပေးခြင်းနှင့် ၎င်းတို့ကို အကျိုးရှိရှိ အသုံးပြုခြင်း ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၃၂ ဘုရားသည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို လူတို့အတွက် ဖန်ဆင်းခဲ့၏ကျူး

နောက်တစ်ခုသို့- ၉၃၄ ဘုရားသည် အရာအားလုံးကို အုပ်စိုးသူပင်တည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။