၈၉ ဘုရား၏အမှုသည် နှုတ်ကပတ်တော်အားဖြင့်ပြီးမြောက်သည်
၁
အချိန်တစ်ခုကြာ သင်အတွေ့အကြုံရပြီး
ဘုရားရဲ့အလုပ်၊ သူ့ခြေလှမ်းတိုင်း၊
သူ့စကားသည် ဘာကိုပြီးမြောက်စေပြီး
ဘာကြောင့် များစွာ မပြည့်စုံသေးလဲ ဆိုတာ
သင်သိပြီး သင့်မှာရှင်းလင်းတဲ့အမြင်၊
ဒါတွေအားလုံးကို မခြွင်းမချန်သိရင်
ရှေ့ လမ်းခရီး အား စိုးရိမ်ခြင်းမရှိပဲ
ရဲရင့်စွာ သင်လျှောက်နိုင်မှာ...
ဘုရားရဲ့အမှု ဘယ်လောက် ပြီးမြောက်ခဲ့သလဲ
ဒါဟာနှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်သည်
နှုတ်ကပတ်တော်ဖြင့် လူတို့ကို စစ်ကြော၊
သူတို့အယူအဆအားလုံး သူပြောင်းလဲစေသည်
၂
ဒုက္ခဝေဒနာနှင့် စစ်ကြောခြင်းအားလုံး၊
ခံစားရတဲ့ ဉာဏ်အလင်းရမှုအားလုံး
အတွင်းမှာဖြစ်တဲ့ ဆုံးမခြင်းအားလုံးဟာ
သူ့ပြောတဲ့ စကားအားဖြင့် ဖြစ်မြောက်တာ
လူဟာ ဘာကြောင့် ဘုရားနောက်လိုက်သလဲ။
သူမြွက်ဆိုတဲ့ စကားတော်ကြောင့်ပါ
သူ့စကားများဟာ အံ့ဖွယ်မှုပြည့်ကာ လူ့နှလုံးသားကို ထိတွေ့နိုင်သည်
ဘုရားရဲ့စကားများသည် လူရဲ့အတွင်းလျှို့ဝှက်ချက်များကို ထုတ်ဖော်
အတိတ်နှင့်အနာဂတ်နှစ်ခု လုံးအား လူတွေကို မြင်တွေ့စေသည်
ဘုရားရဲ့အမှု ဘယ်လောက် ပြီးမြောက်ခဲ့သလဲ
ဒါဟာနှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်သည်
နှုတ်ကပတ်တော်ဖြင့် လူတို့ကို စစ်ကြော၊
သူတို့အယူအဆအားလုံး သူပြောင်းလဲစေသည်
သူတို့အယူအဆ အားလုံး သူပြောင်းလဲစေ
၃
ဘုရားရဲ့စကားကြောင့် လူဟာ ဒုက္ခဝေဒနာနာကျင်မှုခံစား
လူသည် သူ့စကားဖြင့် စုံလင်ခြင်းရပြီး သူ့နောက်တော်သို့ စလိုက်သည်
ဘုရားစကားကို လူသားလက်ခံသင့်
စုံလင်ဖို့ဖြစ်စေ၊ စစ်ကြောခြင်းခံဖို့ဖြစ်စေ
ဘုရားရဲ့စကားဟာ သော့ချက်တစ်ခုပါ
ဒါဟာ ဘုရားရဲ့အမှုနှင့် လူသိသင့်တဲ့ အမြင်
ဘုရားရဲ့အမှု ဘယ်လောက် ပြီးမြောက်ခဲ့သလဲ
ဒါဟာနှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်သည်
နှုတ်ကပတ်တော်ဖြင့် လူတို့ကို စစ်ကြော၊
သူတို့အယူအဆအားလုံး သူပြောင်းလဲစေသည်
သူတို့အယူအဆအားလုံး သူပြောင်းလဲစေ...
အိုး...သူတို့အယူအဆအားလုံး သူပြောင်းလဲစေ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်