၇၄၈ ဘုရားအပေါ် ယောဘ၏ စစ်မှန်သည့် ယုံကြည်ခြင်းနှင့် နာခံခြင်းကျူး

၁ ယခင်ဆယ်စုနှစ်အချို့တစ်လျှောက် ယောဘ၏ အသက်တာကာလအတွင်းတွင်၊ ယောဘသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ပြီးဖြစ်ကာ သူ့အတွက် ယေဟောဝါဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရခဲ့ပြီး ဖြစ်သည်။ သူသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း၊ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်းကို ခံခဲ့ရပြီး မြောက်မြားစွာသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည့်အတွက်၊ ယင်းတို့မှာ သူ့အား အလွန့်အလွန် နေမထိထိုင်မသာ ဖြစ်စေပြီး အကြွေးတင်ရှိကြောင်း ခံစားစေခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့်၊ သူသည် ဘုရားသခင်အား ပြန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်ရင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကြီးမြတ်ခြင်းတို့ကို သက်သေခံဖို့ အခွင့်အရေးရမည်ဟု မျှော်လင့်ရင်း၊ ပြီးလျှင် သူ၏နာခံခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိသည်အထိ ဘုရားသခင်သည် သူ၏နာခံမှုကို အစစ်ဆေးခံစေမည်ဖြစ်သည့်အပြင် သူ၏ ယုံကြည်ခြင်းသည် သန့်စင်ခံရနိုင်မည်ဟု မျှော်လင့်ရင်း၊ သူ၏စိတ်နှလုံးထဲတွင် မကြာခဏ သူ ဆုတောင်းခဲ့သည်။

၂ ထိုသို့ဖြင့်၊ ယောဘအပေါ် စမ်းသပ်မှု ရောက်လာသောအခါ၊ ဘုရားသခင်သည် သူ၏ ဆုတောင်းချက်များကို နားညောင်းခဲ့ပြီဟု သူယုံကြည်ခဲ့သည်။ သူ၏ အကြီးမားဆုံးသော ရာသက်ပန်ဆန္ဒ တကယ်ဖြစ်ပေါ် လာနိုင်မည်ဖြစ်သည့်အတွက်၊ ယောဘသည် ဤအခွင့်အရေးကို အခြားမည်သည့်အရာမဆိုထက် ပို၍ မြတ်နိုးခဲ့သောကြောင့် သူသည် ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ပေ။ ဤအခွင့်အရေး ရောက်ရှိလာခြင်းမှာ ဘုရားသခင်အပေါ် သူ၏နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စမ်းသပ်၍ရနိုင်ပြီး သန့်စင်၍ရနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ ထို့အပြင်၊ ယင်းမှာ ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုကိုရပြီး၊ ထိုသို့ဖြင့် သူ့ကို ဘုရားသခင်ထံ သာ၍ နီးကပ်စေမည့် အခွင့်အရေးတစ်ခု ရှိခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။

၃ စမ်းသပ်မှု အတောအတွင်းတွင်၊ ထိုသို့သော ယုံကြည်ခြင်းနှင့် လိုက်စားခြင်းသည် သူ့အား သာ၍ စုံလင်လာစေခဲ့ပြီး ဘုရားသခင်၏ အလိုနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော သိနားလည်မှုတစ်ခုကို ရရှိစေခဲ့သည်။ ယောဘသည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များအတွက် သာ၍ ကျေးဇူးတင်ရှိခဲ့သည်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် သာ၍ကြီးစွာသော ချီးမွမ်းခြင်းကို သွန်းလောင်းခဲ့ပြီး သူသည် ဘုရားသခင်အား သာ၍ ကြောက်ရွံ့ကာ ကြည်ညိုခဲ့ပြီး၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို သာ၍ တောင့်တခဲ့သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော သူတစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း၊ သူ၏ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ယောဘ၏ ယုံကြည်ခြင်းနှင့် အသိပညာသည် ရုတ်ခြည်းဆိုသလို တိုးတက်သွားခဲ့ပြီးဖြစ်သည်။

၎ သူ၏ ယုံကြည်ခြင်း တိုးပွားခဲ့ပြီး ဖြစ်သည်၊ သူ၏ နာခံခြင်းသည် ခြေကုပ်တစ်ခု ရခဲ့ပြီးဖြစ်ကာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သာ၍ နက်နဲ လာခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘ၏ စိတ်ဝိညာဉ်နှင့် အသက်ကိုအသွင်ပြောင်းလဲစေခဲ့သော်လည်း၊ ထိုသို့သော အသွင်ပြောင်းလဲမှုတစ်ခုသည် ယောဘကို မကျေနပ်စေခဲ့သကဲ့သို့၊ သူ၏ ရှေ့ဆက် တိုးတက်မှုကို နှောင့်နှေးစေခဲ့ခြင်းလည်း မရှိပေ။ ဤစမ်းသပ်မှုမှ သူ ရရှိခဲ့ပြီးသည့်အရာကို တွက်ချက်နေပြီး သူ၏ ကိုယ်ပိုင် မပြည့်စုံမှုများကို ဆင်ခြင်သုံးသပ်နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုအတောအတွင်းတွင် မြှင်တင်ခံရဖို့အတွက် သူ တမ်းတခဲ့သောကြောင့်၊ မိမိအပေါ် ရောက်လာမည့် နောက်ထပ် စမ်းသပ်မှုကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ သူ ဆုတောင်းခဲ့လေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၄၇ ယောဘသည် ဘုရားကို အဘယ်ကြောင့် ရိုသေကြောက်ရွံ့နိုင်ခဲ့သနည်းကျူး

နောက်တစ်ခုသို့- ၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ