၄၀၁ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန်လေးနက်သည်

၁ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်း၏အဓိပ္ပာယ်ကို အကုန်အစင် နားလည်ခြင်းမရှိသေးချေ။ အမှန်မှာ ဘုရားသခင်ကိုယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန့်အလွန်နက်နဲလွန်းသဖြင့် လူတို့သည် ၎င်းအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် လူတို့အထဲမှ စာတန်နှင့်ဆိုင်သောအရာများနှင့် ၎င်းတို့၏ဗီဇနှင့်ဆိုင်သောအရာများ ပြောင်းလဲ၍ သမ္မာတရား၏သတ်မှတ်ချက်များနှင့် ကိုက်ညီလာရမည်၊ ဤနည်းဖြင့်သာ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်၏။ အကယ်၍ သင်သည် ဘာသာရေးထဲ၌ ရှိခဲ့ဖူးသည့်အချိန်ကကဲ့သို့ သြဝါဒစကားအချို့ ရွတ်ဆိုခြင်းသာ သို့မဟုတ် ဆောင်ပုဒ်အချို့ကို ဟစ်အော်ခြင်းသာ ပြုခြင်း၊ ထို့နောက် ကောင်းသောအကျင့် အနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ကောင်းသောအပြုအမူ အနည်းငယ် ထပ်မံပြသခြင်းနှင့် အပြစ်တစ်ချို့၊ သိသာထင်ရှားသော အပြစ်တစ်ချို့ကို ကျူးလွန်မှုမှ ရှောင်ကြဉ်ပါက၊ သင်သည် ဘုရားသခင်ကိုယုံကြည်သောလမ်းမှန်သို့ ခြေချခဲ့ပြီးဖြစ်ကြောင်း မဆိုလိုသေးပေ။

၂ စည်းကမ်းများကို သင်လိုက်နာနိုင်ခြင်းက သင်သည် မှန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ဆိုလိုသလော။ အကယ်၍ သင်၏ဗီဇအတွင်းမှ အရာများ မပြောင်းလဲသေးဘဲ၊ အဆုံးတွင် သင်သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားနေသေးပါက၊ ဤအရာမှာ ပြဿနာများထဲတွင် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း ဤပြဿနာကို မဖြေရှင်းပါက၊ သင်သည် ကယ်တင်ခြင်းကို ခံရပြီဟု ယူဆနိုင်သလော။ ဤအရာကို ငါပြောနေခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်ကို ယုံကြည်မှုကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်ကြောင်း သင်တို့အားလုံး သင်တို့၏စိတ်နှလုံးများထဲတွင် နားလည်စေရန်ဖြစ်သည်။ သင်သည် သင်၏လမ်းကြောင်းကို ကောင်းစွာရွေးချယ်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လုံ့လစိုက်ထုတ်ရမည်။ မပြည့်စုံသောအသိ သို့မဟုတ် မနည်းမများ နားလည်မှုကိုသာ ရယူပြီး သင့်ကိုယ်သင် လုပ်ဆောင်ပြီးမြောက်ပြီဟု မယူဆလေနှင့်၊ အကယ်၍ သင်သည် မိမိကိုယ်ကိုယ် လှည့်စားပါက သင့်ကိုယ်သာ သင် ထိခိုက်စေလိမ့်မည်။

၃ လူတို့သည် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းမှ မသွေဖည်သင့်ပါ၊ နောက်ဆုံးတွင်၊ သူတို့၏စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိဘဲ၊ စာအုပ်တစ်အုပ်ကို ကိုင်ရုံမျှ ကိုင်ကြပြီး ယင်းကို လျှပ်တစ်ပြက် ကြည့်သော်လည်း၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာမချန်လျှင် သူတို့ အဆုံးသတ်ပြီဖြစ်သည်။ “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဘုရားနှုတ်ကပတ်တော်များမှ သီးခြားခွဲထား၍ မရနိုင်ပါ”ဟူသည့် စကားများ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ သင်တို့ နားလည်သလော။ ၎င်းတို့က “ဘုရားသခင်၌ု ယုံကြည်ခြင်းတစ်ခုကို ဘုရားသခင်ထံမှ သီးခြားခွဲထား၍မရ”ဟူသည့် စကားများနှင့် ကွဲလွဲဆန့်ကျင်သလော။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမရှိဘဲ သင့်စိတ်နှလုံးထဲတွင် သင် ဘုရားသခင်ကို မည်သို့ ထားရှိနိုင်သနည်း။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း သင့် စိတ်နှလုံးက ဘုရားသခင်ကို ဖြစ်စေ သူ၏ နှုတ်ကပတ်တော်များကို ဖြစ်စေ မသိုထား သည်သာမကဘဲ၊ သူ၏ လမ်းပြမှုကိုလည်း မသိုထားလျှင်၊ သင်သည် လုံးဝ အဆုံးသတ်ပြီဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

နောက်တစ်ခုသို့- ၄၀၂ စစ်မှန်သည့် ယုံကြည်ခြင်းရှိသူတို့သာ ဘုရား၏ထောက်ခံမှုကို ရနိုင်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။