၂၈၆ မေတ္တာရှင် ၏ လမ်း၌ မကြောက်ရွံ့နှင့်ကျူး
၁ ကြမ်းသောလမ်းသည် သခင့်ကို ချစ်သောငါ့ မေတ္တာ ကို ပို၍ သန့်စင်စေ စီရင်ရာ သခင့် နှုတ်ကပတ်တော်သည် ငါနှင့် အစဉ် ရှိပေ သခင့်၏ ဖြောင့်မတ်ခြင်းသည် မီးသဖွယ် အကျွန်ုပ် ကို လောင်ကျွမ်းလေသည်။ နာကျင်ဖွယ် စစ်ဆေးခြင်းမှတစ်ဆင့်၊ နောက်ဆုံး၌ မိမိကိုယ်ကိုယ် ကျွန်ုပ် သိလာပြီ။ ယခု အကျွန်ုပ် မည်မျှ ပျက်စီးသည်ကို မြင်လေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကို သန့်စင်ပေ။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့်၊ ကျွန်ုပ်သည် ကြီးစွာ အကျိုးရရှိပြီး ကျိုးနွံနာခံတတ်ပြီ။
၂ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို မြင်ခြင်းက ကျွန်ုပ်အား သူ့ကို သာ၍ပင် တွယ်တာစေ။ ကျွနုပ်၏ ဆန္ဒမှာ သခင့်ကို သက်သေခံဖို့ဖြစ်ပေ စီရင်တော်မူခြင်းသည် ကိုယ်တော်၏ ကောင်းချီး ဖြစ်သည်ကို ယခု ငါမြင်ပြီ။ သမ္မာတရားနှင့် ကိုယ်တော်ထံပါးမှ ပြီးပြည့်စုံခြင်း ရရန် ငါတို့သည် စမ်းသပ်မှုများစွာ ကို ခံစားကြ ရမည်။ ပျင်းရိ သောသူတို့၊ ကြောက်ရွံ့သောသူတို့ နှင့် သတ္တိ နည်းသူတို့ သခင့် အတွက် ဘယ်အခါမျှ သက်သေမခံ နိုင် ငါသည် ဘုရားသခင်၏ အသုံးတော် အတွက် သင့်တော်ရန် ပို၍ပင် ဒုက္ခခံ လိုသည်။ ညှဉ်းပန်းခံရခြင်းသည် သခင့်အ ပေါ် ချစ်ခြင်း မေတ္တာ ကို အားသန်စေလေ
၃ နောက်ဆုံးသောကာလ၏ခရစ်တော်သည် ထာဝရအသက်လမ်းခရီးကို ဆောင်ကြဉ်းလာ။ ဘုရားသခင်၏ စီရင်ခြင်း နှင့် ပြစ်တင် ဆုံးမ ခြင်းသည် စစ်မှန်သော ချစ်ခြင်းမေတ္တာပေ စီရင်ခြင်းကို ကြုံရခြင်းဖြင့် ငါသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းခြင်းကို နောက်ဆုံး၌ သိရလေပြီ။ ဘုရားသခင် ကို ကြည်ညိုခြင်း နှင့် နာခံခြင်း ငါ့မှာ ရှိပေ ဘုရားသခင်၏ စစ်မှန်သောချစ်ခြင်း မေတ္တာ ကို ငါခံစားရပြီ။ သာ၍ ပြင်းထန်သော တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့က ငါ့ကို ပို၍ အကျိုးရှိ စေသည်။ ကြီးမားသော နာကျင်မှုကို ခံစားရရင်းငါသည် သမ္မာတရားကို ရရှိပြီး စစ်မှန်သော လူသား တစ်ယောက် ကဲ့သို့ အသက်ရှင်လေသည်။ ငါသည် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ငါ့ကိုယ်ကို ပေးအပ် ကာ ကိုယ်တော့်ကို သစ္စာရှိမည်။
ဘုရားသခင်အတွက် ကျွန်ုပ်၏အရာအားလုံးကို ပေးလျက်၊ သူ့ကို ကျွန်ုပ် စိတ်ထက်သန်စွာ ချစ်သည်။ ဘုရားသခင်၏အလိုတော်ကို ပြည့်ဝစေဖို့ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းသည်။ သမ္မာတရားနှင့်အသက်တို့ကို ရရှိဖို့ ကျွန်ုပ် အစွမ်းကုန် လုပ်ဆောင်သည်။ ယုံကြည်မှုဖြင့် ပြည့်နှက်လျက်၊ စစ်မှန်သော အသက်တာကို ကျွန်ုပ် ရှေ့ဆက်လှမ်းသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ လူသားပုံသဏ္ဌာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်ပေ။