၁၅၈ နှိပ်စက်ညှင်းပန်းခြင်းမှတဆင့် ကျွန်ုပ်၏ ဆုံးဖြတ်ချက် အားကောင်းလာသည်
၁
စာတန်သည် အာဏာကို ကိုင်စွဲပြီး ကောင်းကင်ကို ဆန့်ကျင်သည်၊ ယင်းသည် မလျော်ကန်သကဲ့သို့၊ ဥပဒေမဲ့၊ဘုရားမဲ့ဖြစ်လေသည်။
ယင်းက ခရစ်တော်ကို မုန်းပြီး သမ္မာတရားကို ရှုတ်ချသည်၊ လူတို့ကို သွေးထွက်သံယိုဖြစ်အောင် ဖိနှိပ်ကာ မြေတစ်ခုလုံးကို တိမ်မဲများက ဖုံးသည်။
ခရစ်တော်နောက်လိုက်ခြင်းနှင့် အသက်ကို ရှာဖွေလိုက်စားခြင်းသည် အန္တရာယ်များနှင့် ဆင်းရဲဒုက္ခများစွာဖြင့် လိုက်လျှောက်ဖို့ ကြမ်းတမ်းသည့် လမ်းတစ်လမ်းဖြစ်သည်။
ဘုရားနှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုဖို့ ဘယ်အချိန်များမှ ကျွန်ုပ်တို့ အန္တရာယ်ကင်းစွာ စုဝေးနိုင်ပြီး ပုန်းလျှိုးကွယ်လျှိုး မနေတော့မည်နည်း။
သူသျှိုများနှင့် အရပ်ဝတ်ရဲများကို သတိထားစရာမလိုဘဲ ကျွန်ုပ်တို့၏ တာဝန်ကို မည်သည့်အချိန်တွင် ကျွန်ုပ်တို့ ဆောင်ရွက်နိုင်လိမ့်မည်နည်း။
ဖမ်းဆီးခြင်းနှင့် ထောင်ချခြင်းတို့ကို ရင်ဆိုင်စရာမလိုဘဲ မည်သည့်အချိန်တွင် ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံနိုင်လိမ့်မည်နည်း။
လိုက်လံဖမ်းဆီးခံရသည့် ညီအစ်ကို မောင်နှများသည် မည်သည့်အချိန်တွင် ဝရမ်းပြေးများအဖြစ် အသက်ရှင်စရာ မလိုဖြစ်လိမ့်မည်နည်း။
ထိုသို့သော မကျေမချမ်းမှုကို ကြိမ်ဖန်များစွာ ကျွန်ုပ် ခံစားခဲ့ရသည်မှာ ကျွန်ုပ် မအော်ဟစ်ဘဲ မနေနိုင်ပါ ။
ကျွန်ုပ်တို့၏ လွတ်လပ်စွာ ယုံကြည်မှုကို ယင်းက အဘယ်ကြောင့် ပိတ်ပင်ပြီး ခရစ်ယာန်များအားလုံးကို မျိုးဖြုတ်ရသနည်း။
လောကီလူသားတို့ကို လှည့်ဖြားပြီး ကလိမ်ကျဖို့ ယင်းသည် အဘယ်ကြောင့် သမ္မာတရားကို ဖုံးကွယ်ပါသနည်း။
နာကျင်မှုတွင်၊ ယုံကြည်ခြင်းနှင့် ခွန်အားကို တောင်းခံရင်း ဘုရားသခင်ကို ကျွန်ုပ် အသနားခံပြီး၊ အားကိုးသည်။
နှိပ်စက်ညှင်းပန်းခြင်းနှင့် အတိဒုက္ခ မည်မျှ ကြီးမားပါစေ၊ စာတန်ကို ကျွန်ုပ် မည်သည့်အခါတွင်မှ အညံ့ခံမည်မဟုတ်။
၂
အကျဉ်းချခံရခြင်း၊ နှိပ်စက်ခြင်းနှင့် ညှင်းဆဲခြင်းတို့မှတဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို လမ်းပြပြီး၊ ကျွန်ုပ်၏ စိတ်နှလုံး မကြောက်ရွံ့တော့ပေ။
သမ္မာတရားကို ကျွန်ုပ် နားလည်ပြီး နတ်ဆိုး၏ အကျည်းတန်သော စရိုက်ကို ကျွန်ုပ် ထွင်းဖောက်မြင်ကာ၊ အဆင်းနီသော နဂါးကြီးကို သာ၍ပင် ကျွန်ုပ် မုန်းသည်။
နာကျင်မှုကို ကျွန်ုပ်ခံစားရသော်လည်း၊ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အားပြည့်လာသည်။ ချစ်ရမည့်အရာနှင့် မုန်းရမည့်အရာ ကို ကျွန်ုပ်သိပြီး ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို ကျွန်ုပ် ပို၍ပင် ခံစားရသည်။
နှိပ်စက်မှုနှင့် ညှင်းပန်းမှုတို့ကို ကျွန်ုပ် မခံနိုင်တော့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ယုံကြည်ခြင်းကို အားပေးသည်။
ကျွန်ုပ်၏ ဘဝ အန္တရာယ်ကျရောက်ချိန်တွင်၊ အန္တရာယ်မှ ကျွန်ုပ်ကို ဘုရားသခင် တိတ်တဆိတ် ကွယ်ကာသည်။
စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများအားဖြင့် ကျွန်ုပ် ဝိုင်းရံခံရချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သတ္တိနှင့် ဉာဏ်ပညာကို ပေးသည်။
ကျွန်ုပ်ဘေးတွင် ဘုရားသခင်နှင့်အတူ၊ မဆုံးသော ညတစ်လျှောက် ကျွန်ုပ် တစ်ကိုယ်တည်း မခံစားရတော့။
အို ဘုရားသခင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ယခုချိန်ထိ ကျွန်ုပ်ကို လမ်းပြပြီး ကွယ်ကာခဲ့ပေ။
ကြီးမြတ်သော သြဇာအာဏာနှင့် ထူးကဲသာလွန်သော တန်ခိုးတို့ သယ်ဆောင်သည့် ကိုယ်တော့်နှုတ်ကပတ်တော်များကို ကျွန်ုပ် တွေ့ကြုံပြီးလေပြီ။
အတိဒုက္ခထဲတွင်၊ ကိုယ်တော်၏ မျက်မှောက်တော်ကို ကျွန်ုပ်ခံစားရ။ ကျွန်ုပ်၏ ခန္ဓာ ဒုက္ခခံစားရသော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံး အင်မတန် ချိုမြိန်မှုကို ခံစားရသည်။
ဘုရားသခင်နှင့်ယှဉ်လျက် ဒုက္ခခံစားဖို့မှာ မွန်မြတ်ပေသည်၊ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတွင် စာတန်ကို အဆုံးထိ တိုက်ရန် ကျွန်ုပ်၏ ဘဝကို ကျွန်ုပ် ကတိပြုသည်။
ဘုရားသခင်ကို ဘုန်းထင်ရှားစေကာ ဘုရားသခင်ကို သက်သေခံရန်၊ ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး ထူးကဲသော သက်သေကို ကျွန်ုပ် ခံသည်။