အရာခပ်သိမ်း၌ ဘုရားသခင်၏ စီမံဆောင်ရွက်မှုကို ဝန်ခံပါမည်
၁
အို ဘုရားသခင်...သမ္မာတရား ကိုယ်တော် ဖွင့်ပြ
နောက်ဆုံးသောကာလမှာ လူသားကို ကယ်တင်ဖို့
အသံတော်ကို ကြားပြီး
ကိုယ်တော့်ပလ္လင်တော်ရှေ့ ရောက်ရှိခဲ့ပြီ
ကိုယ်တော်ရဲ့စီရင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်စေခြင်း
စစ်မှန်တဲ့ ကိုယ်တော့်အချစ်ကို ရှင်းလင်းစွာ မြင်ရ
ကိုယ်တော် ပြုမူသမျှမှာ သန့်ရှင်းဖို့နှင့် ကယ်တင်ဖို့ပါ
ဆင်းရဲဒုက္ခရောက်လည်း အလိုတော်ကို အောက်မေ့ဆင်ခြင်ပါ၏
ကိုယ်တော်ရဲ့စီရင်ခြင်းက ချစ်ခြင်းမေတ္တာနှင့်ကောင်းကြီးမင်္ဂလာ၊ ကိုယ်တော် စီမံလုပ်ဆောင်သမျှမှာ ကိုယ်တော်ကို ကျွန်ုပ် နာခံလို
အို ဘုရားသခင်…ကိုယ်တော့် အလိုတော်ကို နားလည်ပါ၏
စီရင်ခြင်း၊
ဆုံးမသွန်သင်ခြင်း၊ ကျေးဇူးတော် ဘယ်အရာကိုပေးပါစေ
ကိုယ်တော်လုပ်သမျှသည် လူသားကို ကယ်တင်ဖို့ပါ
အို ဘုရားသခင်...ကိုယ်တော် အလွန် ချစ်မြတ်နိုးဖွယ်ပေ
နောက်တော်သို့ သစ္စာရှိစွာ လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီ
ဘာကိုပဲ ရင်ဆိုင် ရင်ဆိုင်၊ ဘယ်လောက်ပဲ ခံစားရလဲ
သမ္မာတရားနှင့် အသက်ရဖို့သာ ရှင်သန်ရတာ
၂
အို ဘုရားသခင်...နှုတ်ကပတ်တရားတော်ရဲ့ စီရင်ခြင်း ကျွန်ုပ်ကို စင်ကြယ်စေသည်
သန့်စင်ခြင်းခံရသည့်အခါ ချစ်ခြင်းမေတ္တာနှင့် ကောင်းကြီးမင်္ဂလာ များ ကျွန်ုပ်မြင်တွေ့
ကိုယ်တော် စီရင်ဆုံးမ စမ်းသပ်သည့်အခါ
ကိုယ်တော် ကျွန်ုပ်အနား အစဉ်ရှိ
နာကျင်ရချိန် ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိ
နှစ်သိမ့်၍ ဦးဆောင်လမ်းပြ
သမ္မာတရားကို သိရှိနိုင်ရန် လူသားများ၊ အမှုအရာများ၊ ရုပ်ဝတ္ထများနှင့် ကျွန်ုပ်ကို စုံလင်စေမူ
ကိုယ်တော်ရဲ့အပြစ်စီရင်ခြင်းက ချစ်ခြင်းမေတ္တာပါ
ဒီကောင်းကြီးမင်္ဂလာသည် ကိုယ်တော်ရဲ့ အခွင့်အာဏာနှင့်ဉာဏ်ပညာကို ဖော်ပြ
အို ဘုရားသခင်...ကိုယ်တော့် အလိုတော်ကို နားလည်ပါ၏
စီရင်ခြင်း၊
ဆုံးမသွန်သင်ခြင်း၊ ကျေးဇူးတော် ဘယ်အရာကိုပေးပါစေ
ကိုယ်တော်လုပ်သမျှသည် လူသားကို ကယ်တင်ဖို့ပါ
အို ဘုရားသခင်...ကိုယ်တော် အလွန် ချစ်မြတ်နိုးဖွယ်ပေ
နောက်တော်သို့ သစ္စာရှိစွာ လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီ
ဘာကိုပဲ ရင်ဆိုင် ရင်ဆိုင်၊ ဘယ်လောက်ပဲ ခံစားရလဲ
သမ္မာတရားနှင့် အသက်ရဖို့သာ ရှင်သန်ရတာ
၃
စာတန်ရဲ့လက်ထဲသို့ ကျွန်ုပ်ကို လွှဲပြောင်းပေးအပ်
ခိုင်မာစွာ သက်သေခံ၍ ဘုရားသခင်ကို ဘုန်းကြီးစေမည်
ဘုရားသခင် သန့်ရှင်းဖြောင့်မတ်
ကိုယ်တော့်ကို အစဉ်ချီးမွမ်းမည်
အို ဘုရားသခင်...ကိုယ်တော့် အလိုတော်ကို နားလည်ပါ၏
စီရင်ခြင်း၊
ဆုံးမသွန်သင်ခြင်း၊ ကျေးဇူးတော် ဘယ်အရာကိုပေးပါစေ
ကိုယ်တော်လုပ်သမျှမှာ လူသားကို ကယ်တင်ဖို့
အို ဘုရားသခင်...ကိုယ်တော် အလွန် ချစ်မြတ်နိုးဖွယ်ပေ
နောက်တော်သို့ သစ္စာရှိစွာ လိုက်ဖို့ စိတ်ပိုက်ဖြတ်ခဲ့
ဘယ်အရာတွေ ရင်ဆိုင်ရပါစေ၊ ဘယ်လောက်ပဲ ခံစားရလဲ
သမ္မာတရားနှင့် အသက်ရဖို့သာ ရှင်သန်ရတာ
သမ္မာတရားနှင့် အသက်ရဖို့