ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ဦးညွှတ်ရလိမ့်မည်
၁
ပြောင်းလဲမှုအားလုံး ဘုရား၏ အမှုသုံးဆင့်အောက်တွင်ရှိ
လူသားမျိုးနွယ်၊ အချိန်၊ သဘာဝတရားတို့သည်
အလိုအလျောက် ဖွံ့ဖြိုးသည်မဟုတ်။
အရာအားလုံးပြောင်းလဲ သူ့အမှုတော် ကို ဖွင့်ပြသည့်အတိုင်း
ဖန်ဆင်းခံအရားအားလုံး၊ ဘာသာအသီးသီးမှ
လူတို့ ဘုရားအုပ်… စိုးမှုအောက် ဦးညွှတ်ကြလိမ့်မည်
ဤအမှုဘုရားတစ်ပါးကသာ ပြုနိုင်၊
ဘယ်ဘာသာရေးခေါင်းဆောင်မျှ ထိုတန်ခိုးမပိုင်
လူအားလုံး တစ်ဆူတည်း ဘုရားလက်အောက်တွင် ရှိ၍၊
သူသည် ဦးဆောင်လမ်းပြသူ ဖြစ်သည်။
ဘာသာရေးခေါင်းဆောင်များလည်း
လူသာဖြစ်၍ ဘုရားနှင့် ယှဉ်၍ မရနိုင်။
အရာအားလုံးဖန်ဆင်းရှင် လက်ထဲ၌ ရှိ၊
နောက်ဆုံးတွင် ဘုရားလက်သို့ ပြန်ရောက်လာသည်
သင်ဘယ်ဘာသာကိုးကွယ်ပါစေ၊
လူသားတိုင်းသည် ဘုရားရှေ့ တွင် ဦးညွှတ်ရလိမ့်မည်။
ဘုရားသည်ခပ်သိမ်း၌ ကြီးမြတ်ဆုံးဖြစ်သောကြောင့်
ဘုရင်များပင် သူ့ရှေ့ဦးညွှတ်ကြလိမ့်မည်။
ဘယ်သူမှ ပန်းတိုင်သို့လူကို မခေါ်ဆောင်နိုင်၊
အရာအားလုံး အမျိုးအစားအလိုက်မခွဲခြားနိုင်
၂
ဤ လောကကိုမဖန်ဆင်းခဲ့သူသည်
ဤလောကကို ချုပ်ငြိမ်းနိုင်သောတန်ခိုးရှိမည်လော။
ထိုအရာကို ဖန်ဆင်းခဲ့သူသာ ဤခေတ်ကို အဆုံးသတ်စေလိမ့်မည်။
ဤတန်ခိုးမစွဲကိုင်နိုင်သူများသည် ဘုရားမဟုတ်၊
လူသားတို့အရှင်လည်း မဟုတ်
ထိုကြီးမြတ်သောအမှု သူတို့ မပြုနိုင်။
ဘုရားသာ ဤအမှု ပြည့်စုံစေနိုင်
ပြည့်စုံဖို့ ကြိုးစားသူသည် သူ၏ရန်သူပင်
မိစ္ဆာအယူများသည်ဘုရားနှင့်ဆန့်ကျင် ပြီး
ဘုရား၏ရန်သူများ ဧကန်ဖြစ် ကြ သည်။
အရာအားလုံးဖန်ဆင်းရှင် လက်ထဲ၌ ရှိ၊
နောက်ဆုံးတွင် ဘုရားလက်သို့ ပြန်ရောက်လာသည်
သင်ဘယ်ဘာသာကိုးကွယ်ပါစေ၊
လူသားတိုင်းသည်ဘုရားရှေ့ တွင် ဦးညွှတ်ရ လိမ့် မည်။
ဘုရားသည်ခပ်သိမ်း၌ ကြီးမြတ်ဆုံးဖြစ်သောကြောင့်
ဘုရင်များပင် သူ့ရှေ့ဦးညွှတ်ကြလိမ့်မည်။
ဘယ်သူမှ ပန်းတိုင်သို့လူကို မခေါ်ဆောင်နိုင်၊
အရာအားလုံး အမျိုးအစားအလိုက်မခွဲခြားနိုင်
ကမ္ဘာမြေတစ်ခွင်လုံး ခပ်သိမ်းအမှုဘုရားပြု ၏။
သူ့အမှုအားလုံး ဝိညာဉ်တော်၊ လူ့အသွင်ဖြင့် ပြု သည်
သူသည် လူသားတို့၏ဘုရား၊ အကန့်အသန့်မရှိ
လွတ်လပ်စွာ အမှုတော်ဆောင်ရွက်
၃
အရာအားလုံးဖန်ဆင်းရှင် လက်ထဲ၌ ရှိ၊
နောက်ဆုံးတွင် ဘုရားလက်သို့ ပြန်ရောက်လာသည်
သင်ဘယ်ဘာသာကိုးကွယ်ကွယ်၊
လူသားတိုင်းသည်ဘုရားရှေ့တွင် ဦးညွှတ်ရလိမ့်မည်။
ဘုရားသည်ခပ်သိမ်း၌ ကြီးမြတ်ဆုံးဖြစ်သောကြောင့်
ဘုရင်များပင် သူ့ရှေ့ ဦးညွှတ်ကြလိမ့်မည်။
ဘယ်သူမှ ပန်းတိုင်သို့လူကို မခေါ်ဆောင်နိုင်၊
အရာအားလုံး အမျိုးအစားအလိုက်မခွဲခြားနိုင်
လူသားတို့၏ ဖန်ဆင်းရှင်ယေဟောဝေါဘုရားကိုယ်တိုင်မှတစ်ပါး
ဘယ်သူမှ ဤအမှုမပြုနိုင်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။