သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကြောင့် ဒုက္ခဆင်းရဲခံရခြင်းမှာ အဓိပ္ပာယ်အရှိဆုံးဖြစ်၏
ဘုရားသခင်သည် သင့်ထံ သူ၏နှုတ်ကပတ်တော်များကို ထုတ်ဖော်ခဲ့ပြီး
သင်၏နောက်ထပ်ခြေလှမ်းမှာ ၎င်းတို့ကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ရန် ဖြစ်၏၊
ဤနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ခြင်းကြောင့်
ဘုရားသခင်သည် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်းအမှုကို ပြုလေမည်။ ထိုအရာမှာ ဤကဲ့သို့ဖြစ်ပေ၏။
၁
သင်၏ပန်းတိုင်မှာ
သင့်အထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များ အကျိုးသက်ရောက်စေရန် ဆိုသည်ကို သိ၍
လက်တွေ့လုပ်ဆောင်ရာ၌ ၎င်းတို့ကို အမှန်တကယ် သိလေ။
ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ရန် သင် ကြိုးပမ်းကောင်းကြိုးပမ်းမည်၊
သို့သော်လည်း လက်တွေ့လုပ်ဆောင်ခြင်းသည် ဤချို့ယွင်းချက်ကို ကောင်းစေ၏။
သမ္မာတရားများစွာကို သင် သိရမည်၊
ထို့ပြင် သိရုံသာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရမည်။
ဤအရာမှာ သင်၏အာရုံစူးစိုက်ရာ ဖြစ်ရမည်။
သင် သိသင့်ပြီး လုပ်ဆောင်သင့်သောသမ္မာတရားများစွာ ရှိပေသည်။
ဤအရာမှာ သင်၏အာရုံစူးစိုက်ရာ ဖြစ်ရမည်။
၂
ယေရှုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်စဉ်
သူ၏သုံးဆယ်သုံးနှစ်ခွဲ သက်တော်တွင် မြောက်မြားစွာ ဒုက္ခဆင်းရဲခံခဲ့ရ၏။
သူသည် ဘုရားသခင်၏အလိုတော်ကို ဆောင်ခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့သည်၊
ဤအကြောင်းကြောင့် ဒုက္ခဆင်းရဲကို သူ ခံစားခဲ့ရသည်။
အကယ်၍ သူ သမ္မာတရားကို သိခဲ့သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့လျှင်၊
သူ ထိုကဲ့သို့ ဒုက္ခဆင်းရဲခံခဲ့ရလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူသည် ဖာရိရှဲများနှင့်
ယုဒလူတို့၏ သွန်သင်ချက်နောက်သို့ လိုက်ခဲ့သော်၊
သူ မြောက်မြားစွာ ဒုက္ခဆင်းရဲခံခဲ့ရလိမ့်မည် မဟုတ်ပေ၊
မဟုတ်ပါ၊ သူ မြောက်မြားစွာ ဒုက္ခဆင်းရဲခံခဲ့ရလိမ့်မည် မဟုတ်ပေ။
၃
သင် သိသင့်သော အရာတစ်စုံတစ်ခုကို ယေရှု၏လက်တွေ့လုပ်ဆောင်ခြင်းက ပြသနိုင်ပေသည်။
ဘုရားသခင်၏အလုပ် အကျိုးရလဒ်များ ရရှိစေရန်အလို့ငှါ၊
လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သည်။
ဤသည်မှာ သင် နားလည်ရမည့် အရာတစ်ခုပင် ဖြစ်၏၊
သင် နားလည်ရမည်၊ သင် နားလည်ရမည်။
အကယ်၍ ယေရှုသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော်၊
သူသည် လက်ဝါးကားတိုင်ပေါ်တွင် ဒုက္ခဆင်းရဲခံခဲ့ရလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူသည် ဘုရားသခင်၏အလိုတော်အတိုင်း ပြုမူလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့သော်၊
ယင်းမျှလောက် ဝမ်းနည်းဖွယ်ဆုတောင်းချက်ကို သူ ဆိုနိုင်ခဲ့မည်လော။
ထို့ကြောင့် ဤသည်မှာ လူတစ်ဦးကြံ့ကြံ့ခံသင့်သော နာကျင်မှုမျိုး ဖြစ်၏၊
လူတစ်ဦးကြံ့ကြံ့ခံသင့်၏။
အကယ်၍ ယေရှုသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော်၊
သူသည် လက်ဝါးကားတိုင်ပေါ်တွင် ဒုက္ခဆင်းရဲခံခဲ့ရလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူသည် ဘုရားသခင်၏အလိုတော်အတိုင်း ပြုမူလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့သော်၊
ယင်းမျှလောက် ဝမ်းနည်းဖွယ်ဆုတောင်းချက်ကို သူ ဆိုနိုင်ခဲ့မည်လော။
ထို့ကြောင့် ဤသည်မှာ လူတစ်ဦးကြံ့ကြံ့ခံသင့်သော နာကျင်မှုမျိုး ဖြစ်၏၊
လူတစ်ဦးကြံ့ကြံ့ခံသင့်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။