သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

သိမ်းပိုက်ခြင်းအလုပ်မှ ရရှိရန်ရလဒ်မှာ အဓိကအားဖြင့် လူ့ဇာတိ၏ပုန်ကန်ခြင်းကို ရပ်တန့်စေရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်အား အသစ်သောနားလည်ခြင်းကို လူ့စိတ်မှ ရရှိရန်၊ သူ၏နှလုံးသားမှ ဘုရားသခင်ကို အပြည့်အဝနာခံရန်နှင့် ၎င်းမှ ဘုရားသခင်အတွက် အသက်ရှင်ရန် ဆုံးဖြတ်ရေး ဖြစ်သည်။ လူသား၏ပင်ကိုစရိုက်၊ သို့မဟုတ် ဇာတိပြောင်းလဲပုံက သူသိမ်းပိုက်ခြင်းခံခဲ့ပြီးမပြီးကို အဆုံးအဖြတ်မပေးပေ။ စင်စစ်အားဖြင့် လူသား၏စဉ်းစားပုံ၊ လူသား၏အသိတရားနှင့် အသိစိတ်တို့ပြောင်းလဲသောအခါ၊ တစ်နည်းအားဖြင့်ဆိုသော် သင်၏စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုလုံး ပြောင်းလဲသည့်အခါ သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သည်။ သင်သည် နာခံရန် စိတ်ပိုင်းဖြတ်ထားပြီး အသစ်သောစိတ်နေစိတ်ထားကို မွေးပြီးသည့်အခါ၊ သင်၏ကိုယ်ပိုင်အယူအဆများနှင့် ရည်ရွယ်ချက်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်သို့ သင်ယူဆောင်မလာတော့သည့်အခါနှင့် သင်၏ဦးနှောက်က သာမန်အတိုင်း စဉ်းစားနိုင်သည့်အခါ၊ တစ်နည်းအားဖြင့် ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ အားထုတ်ကြိုးပမ်းနိုင်သည့် အခါ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အပြည့်အဝ သိမ်းပိုက်ခံရပြီးသည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ဘာသာရေးနယ်ပယ်တွင် များစွာသောလူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခကို မဖြစ်စလောက် ခံစားရ သည်မဟုတ်ဘဲ၊ မိမိတို့၏ခန္ဓာကိုယ်ကို ချိုးနှိမ်၍ သို့မဟုတ် မိမိတို့၏ကားတိုင်ကို ထမ်း၍ နောက်ဆုံးထွက်သက်အထိ ဆင်းရဲဒုက္ခကိုပင် အောင့်ခံသူများ ဖြစ်သည်။ အချို့သောသူများသည် သူတို့၏သေခြင်းမနက်တွင် အစာရှောင်ကြသေးသည်။ သူတို့၏ ဘဝတစ်လျှောက်လုံး ကောင်းသောအစာ၊ ကောင်းသောအဝတ်အစားကို ငြင်းပယ်ပြီး ဆင်းရဲဒုက္ခကိုသာ ဖိခံကြသည်။ ထိုသူတို့သည် ၎င်းတို့၏ကိုယ်ကို ချိုးနှိမ်နိုင်၍ မိမိတို့၏ဇာတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံနိုင်သည့် ထိုသူတို့၏စိတ်သည် ချီးကျူးဖွယ်ကောင်းသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ အယူအဆများ၊ စိတ်နေသဘောထားနှင့် ဇာတိဟောင်းတို့ တစ်ခုမျှ လုံး၀ ကိုင်တွယ်ခြင်း မခံရသေးပေ။ ၎င်းတို့ကို၎င်းတို့ မှန်ကန်စွာ နားမလည်ကြပေ။ ထိုသူတို့သည် ဘုရားသခင်ကို စိတ်ကူးသက်သက်၊ မရေရာသောဘုရားသခင်အဖြစ် စိတ်ကူးပုံဖော်ကြသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံစားရန် ၎င်းတို့၏ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏အကောင်းမြင်တတ်သောသဘာဝများမှ လာသည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြပေ၊ သူ၏အလိုတော်ကိုလည်း မသိကြပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် ဆင်ကန်းတောတိုးအလုပ်လုပ်ပြီး ဆင်ကန်းတောတိုးဆင်းရဲဒုက္ခကို ခံစားကြသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သောအမှုက ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ပြည့်စုံစေရန်အတွက် သေချာမှုရှိစေနည်းကို သိမြင်ရေးကို တန်ဖိုးမထားဘဲ အနည်းငယ်မျှသာဂရုစိုက် သည်။ ဘုရားသခင်အား နားလည်ခြင်း ရရှိရန် သိနိုင်သည့်နည်းကို သာ၍မသိကြပေ။ ထိုသူတို့အစေခံသည့် ဘုရားသခင်သည် သူ၏မူလပုံသဏ္ဌာန်မဟုတ်ဘဲ ထိုသူတို့ကိုယ်တိုင် ဖန်တီးထားသည့်ဘုရားသခင်၊ ကြားဖူးသည့်ဘုရားသခင်၊ စာပေများတွင် တွေ့ရသည့် ဒဏ္ဍာရီလာ ဘုရားသခင် ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန်နှင့် ဘုရားသခင် လုပ်ချင်သည့် အလုပ်ကို လုပ်ရန် ထိုသူတို့သည် ၎င်းတို့၏ ရှင်းလင်းသောစိတ်ကူးများနှင့် ဘုရား၌မွေ့လျော်သော ၎င်းတို့၏နှလုံးသားများကို အသုံးပြုကြသည်။ လက်တွေ့အားဖြင့် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ပြည့်စုံစေသည့်နည်းဖြင့် အစေခံသူ မရှိလောက်အောင် ထိုသူတို့၏ အစေခံခြင်းသည် တိကျမှု မရှိပေ။ ထိုသူတို့တွင် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခံစားလိုသည့်ဆန္ဒ မည်မျှပင် ရှိပါစေ အစေခံခြင်းအပေါ် ထိုသူတို့၏မူလရှုထောင့်နှင့် ဘုရားသခင်အပေါ် ထိုသူတို့၏စိတ်ထင်မြင်ချက်သည် ပြောင်းလဲခြင်း မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်း၊ သူ၏စုံလင်စေခြင်းကို မခံရကြသေးသည့်အပြင် ၎င်းတို့ကို သမ္မာတရားဖြင့် မည်သူမျှ မဦးဆောင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြသော်လည်း ကယ်တင်ရှင်ကို တွေ့ဖူးသောသူ တစ်ယောက်မျှ မရှိပေ။ ဒဏ္ဍာရီပုံပြင်နှင့် တစ်ဆင့်စကားဖြင့်သာ သူ့ကို သိကြသည်။ ထို့ကြောင့် သူတို့၏ အစေခံခြင်းသည် မျက်စိမှိတ်ပြီး ကြုံရာအစေခံခြင်းနှင့်အတူတူပင် ဖြစ်ပြီး မိမိ၏ဖခင်ကို အစေခံသည့် မျက်ကန်းတစ်ယောက်နှင့် မခြားပေ။ ဤကဲ့သို့အစေခံခြင်းဖြင့် နောက်ဆုံးတွင် မည်သည့်အရာကို ပြီးမြောက်နိုင်သနည်း။ ထို့အပြင် ၎င်းကို မည်သူက ထောက်ခံမည်နည်း။ အစမှအဆုံးတိုင်အောင် ထိုသူတို့၏အစေခံခြင်းသည် မည်သည့်အခါမျှ လုံးဝမပြောင်းလဲပေ။ ထိုသူတို့သည် လူသားပြုလုပ်သည့်သင်ခန်းစာများကိုသာ လက်ခံရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝဖြစ်မှုအပေါ်နှင့် ၎င်းတို့ကိုယ်တိုင်နှစ်သက်သည့်အရာများအပေါ်သာ အခြေခံကြသည်။ ဤသည်က မည်သည့်ဆုလာဘ်ကို ရရှိနိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သူ ပေတရုပင် ဘုရားသခင်၏အလိုတော်ကို ပြည့်စုံစေသည့်နည်းဖြင့် အစေခံသည့်နည်းကို မသိခဲ့ပေ။ အဆုံး၌ ၎င်းအသက်ကြီးသည့်အခါမှ နားလည်လာခဲ့သည်။ ဤအရာက ကိုင်တွယ် ခြင်း သို့မဟုတ် ပြုပြင်ခြင်းကို မခံစားဖူးဘဲ ဦးဆောင်လမ်းပြမည့်သူမရှိသော ဤမျက်ကန်းများအကြောင်းကို မည်သို့ ပြောနေသနည်း။ ယနေ့ သင်တို့ကြားမှအစေခံခြင်းများစွာတို့သည် ဤမျက်ကန်းများ၏အစေခံခြင်းနှင့် အတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ် ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသောသူများသည် သိမ်းပိုက်ခြင်းကို ပြည့်ဝစွာ မခံရသောသူများ မဟုတ်ပါလော။ ထိုသူတို့သည် မည်သည့်အသုံးဝင်သနည်း။ သင်၏စဉ်းစားခြင်း၊ ဘဝကိုနားလည်ခြင်းနှင့် ဘုရားသခင်ကို နားလည်ခြင်းသည် အသစ်သောပြောင်းလဲခြင်းကိုလည်း မပြ၊ စစ်မှန်သော အကျိုးအမြတ် အနည်းငယ်ပင် မရှိပါက သင်၏အစေခံခြင်းတွင် မှတ်သားလောက်သော မည်သည့်အောင်မြင်မှုကိုမျှ ရရှိမည် မဟုတ်ပေ။ ဘုရားသခင်၏အမှုတော်အပေါ် ရူပါရုံနှင့် အသစ်သောနားလည်ခြင်းမရှိဘဲ သင်သည် သိမ်းပိုက်ခြင်းခံရသည့်ပုဂ္ဂိုလ် မဖြစ်နိုင်ပေ။ သင်၏ ဘုရားသခင်၏ နောက်တော်သို့ လိုက်လျှောက်ခြင်း နည်းသည် ဆင်းရဲဒုက္ခကိုခံစားပြီး အစာရှောင်ကြသောသူများကဲ့သို့ ဖြစ်လိမ့်မည်၊ တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရခြင်းအကြောင်းအရင်းမှာ သူတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခကို ခံစားကြသည်၊ ထောင်ထဲတွင် အချိန်ကုန်လွန်ကြသည်၊ အချိန်တိုင်း သည်းခံကြကာ ချစ်ခြင်းနှင့် ကရုဏာကို အဓိကထားပြီး ၎င်းတို့၏ကားတိုင်ကို ၎င်းတို့ ထမ်းကြသည်။ ထိုသူတို့သည် လောက၏ ကဲ့ရဲ့ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံကြပြီး ခက်ခဲမှုမှန်သမျှကို ကြုံခဲ့ကြသည်။ ထိုသူတို့သည် အဆုံးတိုင် နာခံကြသော်လည်း သိမ်းပိုက်ခြင်းကို မခံကြသေးဘဲ သိမ်းပိုက်ခြင်းခံသည့် သက်သေခံချက် ကို မပေးနိုင်ကြပေ။ ထိုသူတို့ခံစားခဲ့သည့်အရာသည် သေးငယ်သောအတိုင်းအတာ မဟုတ်ပေ၊ သို့သော် ထိုသူတို့အထဲတွင်မူ ဘုရားသခင်ကို လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေးအလေ့အကျင့်များ၊ လူသားကြံဆသည့်နားလည်ခြင်းများနှင့် လူ့အကြံများသည် ကိုင်တွယ်ခြင်း ခံခဲ့ပြီး ဖြစ်သည်။ ထိုသူတို့တွင် အသစ်သော နားလည်ခြင်း လုံး၀ မရှိပေ။ ဘုရားသခင်အပေါ် ထိုသူတို့၏ နားလည်ခြင်းသည် စိုးစဉ်းမျှ မမှန်ကန်ပေ၊ မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အလွဲနားလည်ခဲ့ကြသည်။ ဤသည် မှာ ဘုရားသခင်ကို အစေခံရန် ဖြစ်နိုင်သလော။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မည်သို့ပင်နားလည်ခဲ့သည်ဖြစ်စေ ထိုနားလည်ခြင်းကို ယနေ့ သင်ထိန်းထားပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ပါစေ သင်၏ဘုရားသခင်အားနားလည်ခြင်းကို သင်၏အယူအဆများနှင့် အကြံများအပေါ် ဆက်လက်အခြေခံသည်ဆိုပါစို့။ ဆိုလိုသည်မှာ၊ ဘုရားသခင်အား စစ်မှန်၍ အသစ်သော နားလည်ခြင်း သင့်တွင် မရှိ၊ ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စစ်မှန်သော စိတ်နေသဘောထားကို သင် သိရန်ပျက်ကွက်သည် ဟုဆိုပါစို့။ သင်၏ ဘုရားသခင်ကို နားလည်ခြင်းသည် ကံကျွေးချစနစ်၊ အယူသည်းသော အတွေးတို့၏ လမ်းပြမှုအောက် ရှိသေး၍ လူ့စိတ်ကူး စိတ်သန်းနှင့် အယူအဆတို့မှ ပေါက်ဖွားလာသည်ဆိုပါစို့။ ဤအရာသာ မှန်ပါလျှင် သင်သည် သိမ်းပိုက်ခြင်းကို မခံရသေးပေ။ ဤနှုတ်ကပတ်တော်များ အားလုံးကို သင့်ထံ ငါပြောရခြင်း၏ ရည်ရွယ်ချက်မှာ သင်နားလည်ခွင့် ရရန်ဖြစ်ပြီး စစ်မှန်၍အသစ်သော နားလည်ခြင်းသို့ လမ်းပြသွားရေး အတွက် ထိုအသိဉာဏ်ကို အသုံးပြုရန် ဖြစ်သည်။ ထို့ပြင်၊ သင်စွဲကိုင်သည့် အယူအဆဟောင်းများ နှင့် အသိဉာဏ်ဟောင်းတို့ကို စွန့်ပယ်ပြီး အသစ်သော နားလည်ခြင်း ရရှိရန်ကိုလည်း ရည်ရွယ်သည်။ ငါ၏နှုတ်ကပတ်တော်များကို အမှန် တကယ် သင်စားသောက်ပါက သင်၏နားလည်ခြင်းသည် အတော် ပြောင်းလဲသွားမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်စားသောက်ပြီး နာခံခြင်း နှလုံးသားကို သင်ထိန်းသိမ်းသရွေ့ သင်၏ရှုထောင့်လည်း ပြောင်းလဲ သွားမည် ဖြစ်သည်။ အထပ်ထပ် ဆုံးမပဲ့ပြင်ခြင်းကို သင်ခံနိုင်သရွေ့ သင်၏စိတ်ဓာတ်ဟောင်းသည်လည်း တဖြည်းဖြည်း ပြောင်းလဲ သွားမည် ဖြစ်သည်။ သင်၏ စိတ်ဓာတ်ဟောင်းကို စိတ်ဓာတ်အသစ်နှင့် လုံးလုံးလျားလျား အစားထိုးသရွေ့ သင်၏ အလေ့အကျင့်သည်လည်း လိုက်၍ပြောင်းလဲမည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ပစ်မှတ်ကို တိုး၍ ထိလာပြီး ဘုရားသခင်၏အလိုတော်ကို တိုး၍ ပြည့်စုံစေနိုင်မည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် ပတ်သက်သည့် သင်၏အသိပညာ၊ ဘုရားသခင် အကြောင်းနှင့် ပတ်သက်၍ သင်၏အယူအဆများတို့ကို သင်ပြောင်းလဲ နိုင်ပါက သင်၏သဘာဝဖြစ်ခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ် သွားမည် ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို လူသားခံရပြီးနောက် ရလဒ် ဖြစ်သည်၊ ဤသည်မှာ လူသားတွင် တွေ့နိုင်မည့် အပြောင်းအလဲဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ ယုံကြည်ခြင်းတွင် သင်သိသမျှသည် မိမိကိုယ်မိမိ ချိုးနှိမ်ခြင်း၊ သည်းခံခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် ထိုသို့လုပ်နေသည်ကို မဆိုနှင့် သင်လုပ်နေသည့်အရာ မှန်ခြင်း၊ မှားခြင်းကို သင်မရှင်းသေးပါက ဤကဲ့သို့သော အလေ့အကျင့်က ပြောင်းလဲခြင်းကို မည်သို့ ဖြစ်စေနိုင်မည်နည်း။

သင်တို့နားလည်ရမည့်အရာမှာ ငါတောင်းဆိုသည့်အရာသည် သင်တို့၏ခန္ဓာကိုယ်ကို ချုပ်နှောင်ထားရန် မဟုတ်၊ သင်တို့၏ဦးနှောက်ကိုလည်း ထိန်းချုပ်ရန်၊ ထင်ရာမြင်ရာအတွေးကို စဉ်းစားခြင်းမှ တားဆီးရန်လည်း မဟုတ်ပေ။ ဤအရာသည် အလုပ်၏ရည်ရွယ်ချက်လည်းမဟုတ်၊ ယခုလုပ်ရမည့်အရာလည်း မဟုတ်ပေ။ ယခုတွင် သင်တို့ ကိုယ်သင်တို့ ပြောင်းလဲနိုင်ရေးအတွက်၊ အကောင်းဘက်ရှုထောင့်မှ နားလည်ရန် လိုအပ်သည်။ သင်တို့လုပ်ရန် အလိုအပ်ဆုံးအရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သင်တို့ကိုယ်သင်တို့ အသင့်ပြင်ဆင်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့၏ရှေ့တွင် ရှိသော သမ္မာတရားနှင့် ရူပါရုံဖြင့် မိမိတို့ကိုယ်မိမိတို့ စုံလင်စွာ ပြင်ဆင်ပြီး ၎င်းတို့ကို သွား၍ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းသည် သင်တို့၏တာဝန် ဖြစ်သည်။ ပို၍ကြီးမားသော အလင်းပေးခြင်းကို ရှာပြီးရရန် သင်တို့အား ငါ တောင်းဆိုနေခြင်း မဟုတ်ပေ။ လက်ရှိတွင် ထိုအရာအတွက် သင်တို့တွင် ဝိညာဉ်အသက်တာ မရှိပေ။ သင်တို့ထံမှ လိုအပ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်ရန် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သင်၏သဘာဝ၊ သင်၏ အနှစ်သာရနှင့် သင်၏ဘဝဟောင်းတို့ကို နားလည်ရန် လိုအပ်သည်။ အထူးသဖြင့်၊ အတိတ်က သင်တို့၏မှားယွင်းသော အလေ့အကျင့်များနှင့် သင်တို့၏ လူ၏လုပ်ဆောင်မှုများကို သိရန် လိုအပ်သည်။ ပြောင်းလဲရန် သင်တို့၏အတွေးကို စ၍ပြောင်းလဲရမည်။ ရှေးဦးစွာ သင်တို့၏အတွေးဟောင်းကို အတွေးအသစ်နှင့် အစားထိုးပြီး သင်တို့၏စကားများ၊ အပြုအမူများနှင့် သင်တို့၏ဘဝကို ထိုအသစ်သောအတွေးက စိုးမိုးစေလော့။ ၎င်းသည် ယခု သင်တို့တစ်ယောက်ချင်းစီထံမှ တောင်းဆိုနေသည့်အရာ ဖြစ်သည်။ ဆင်ကန်းတောတိုး မလုပ်ဆောင်လေနှင့်။ ဆင်ကန်းတောတိုး နောက်မလိုက်လေနှင့်။ သင်တို့တွင် အခြေခံနှင့် ပစ်မှတ် ရှိရမည်။ ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်လေနှင့်။ ဘုရားသခင်အပေါ် သင်တို့ထားသည့် ယုံကြည်ခြင်းသည် မည်သည့်အရာအတွက်ဖြစ်၍ ၎င်းမှ သင်တို့ရရှိသင့်သည့်အရာနှင့် ယခုတွင် သင်တို့ဝင်ရောက်ရမည့်အရာကို သင်တို့သိသင့်သည်။ သင်သည် ဤအရာအားလုံးအား သိကိုသိရမည်။

လက်ရှိတွင် သင်တို့ဝင်ရောက်သင့်သည့်အရာမှာ သင်တို့၏ဘဝကို တိုးမြှင့်ခြင်းနှင့် သင်တို့၏ အရည်အချင်းကို မြှင့်တင်ခြင်း ဖြစ်သည်။ ထို့ပြင်၊ သင်တို့၏ အတိတ်မှ ရှုထောင့်အဟောင်းများကို ပြောင်းလဲဖို့၊ သင်တို့၏ အတွေးကို ပြောင်းလဲဖို့နှင့် သင်တို့၏အယူအဆများကို ပြောင်းလဲဖို့ လိုအပ်သည်။ သင်တို့၏ ဘဝတစ်ခုလုံး အသစ်ပြုပြင်ဖို့ လိုအပ်သည်။ ဘုရားသခင်၏လုပ်ဆောင်မှုများနှင့် သက်ဆိုင်သော သင်၏ အသိပညာ ပြောင်းလဲသည့်အခါ၊ ဘုရားသခင်ပြောသည့် အရာရာတိုင်း၏ သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာသစ်တစ်ခု သင်၌ ရှိသည့်အခါ၊ ပြီးလျှင် သင့်အတွင်းရှိ အသိပညာ တိုးမြှင့်ခံရသည့်အခါ၊ သင်၏ဘဝသည် သာ၍ ကောင်းမွန်ဖို့ ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ယခု လူတို့ လုပ်ဆောင်ကာ ပြောဆိုသမျှတိုင်းသည် လက်တွေ့ကျ၏။ ဤအရာတို့သည် အယူဝါဒများ မဟုတ်ဘဲ၊ ယင်းထက် မိမိတို့၏ဘဝအတွက် လူတို့ လိုအပ်သည့်အရာများဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှုအတွင်း လူတို့၌ဖြစ်ပျက်သည့် ပြောင်းလဲခြင်း၊ လူတို့ တွေ့ကြုံခံစားသင့်သည့် ပြောင်းလဲခြင်းဖြစ်ပြီး၊ ယင်းသည် ၎င်းတို့ သိမ်းပိုက်ခံရပြီးနောက် အကျိုးဆက်ဖြစ်သည်။ သင်သည် သင်၏အတွေးကို ပြောင်းလဲပြီးသည့်အခါ၊ အသစ်သော စိတ်သဘောထားကို မွေးပြီးသည့်အခါ၊ သင်၏အယူအဆများ၊ ရည်ရွယ်ချက်များနှင့် သင်၏ အတိတ်က အကျိုးသင့်အကြောင်းသင့် ဆင်ခြင်မှုများကို ပယ်ဖျက်ပြီးသည့်အခါ၊ သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သည့်အရာများကို စွန့်ပစ်ပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် အသစ်သော အသိပညာကို ရရှိပြီးသည့်အခါတွင်၊ သင်ပေးသည့် သက်သေခံချက်များသည် တိုးမြှင့်ခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ သင်၏ဖြစ်တည်မှုတစ်ခုလုံး အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ဤအရာအားလုံးသည် လက်တွေ့အကျဆုံး ဖြစ်သည်၊ အစစ်မှန်ဆုံး ဖြစ်ပြီး၊ အမှုအရာများထဲမှ အခြေခံအကျဆုံး ဖြစ်သည်- အတိတ်က လူတို့ သဘောပေါက်ရန် ခက်ခဲသောအရာများဖြစ်ပြီး၊ ပါဝင်ပတ်သက်ရန် ၎င်းတို့ တတ်စွမ်းနိုင်ခြင်းမရှိသော အရာများ ဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အစစ်အမှန် ဖြစ်သည်။ သင်သည် အတိတ်က သမ္မာကျမ်းစာကို မည်သို့ အတိအကျ နားလည်ခဲ့ပါသနည်း။ ယနေ့ အလျင်အမြန် နှိုင်းယှဉ်ချက်တစ်ခုက သင့်ကို ပြောပြလိမ့်မည်။ အတိတ်က သင်သည် မောရှေ၊ ပေတရု၊ ပေါလု သို့မဟုတ် ကျမ်းစာဆိုင်ရာ ထွက်ဆိုချက်များနှင့် ရှုထောင့်များကို စိတ်ဖြင့် ချီးမြှောက်ခဲ့ပြီး ၎င်းတို့ကို ဖျာလိုလိပ် ထိပ်ပေါ်တင်ထားခဲ့သည်။ ယခုတွင်၊ ကျမ်းစာကို ဖျာလိုလိပ် ထိပ်ပေါ်တင်ထားဖို့ သင့်ကို တောင်းဆိုပါက၊ သင်ပြုလုပ်မည်လော။ သမ္မာကျမ်းစာသည် လူသားရေးသားသည့် မှတ်တမ်းများစွာနှင့် ပါဝင်လွန်းလှပြီး၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်နှင့်သက်ဆိုင်သည့် လူသား၏ ဖြစ်စဉ် ဖော်ပြချက်သာ ဖြစ်သည်ကို သင် မြင်ရပေမည်။ ယင်းသည် သမိုင်းစာအုပ် တစ်အုပ်ဖြစ်သည်။ ဤသည်မှာ ယင်းနှင့် သက်ဆိုင်သည့် သင်၏အသိပညာ ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသည်မဟုတ်လော။ ယနေ့တွင် မဿဲခရစ်ဝင်ကျမ်းထဲက ပေးထားသည့် ယေရှု၏မျိုးရိုးစဉ်ဆက်ကို ကြည့်ပါက၊ “ယေရှု၏ မျိုးရိုးစဉ်ဆက်လား။ အဓိပ္ပာယ်မရှိပါတကား။ ဤသည်မှာ ယောသပ်၏ မျိုးရိုးစဉ်ဆက်ဖြစ်၏၊ ယေရှု၏ မျိုးရိုးစဉ်ဆက် မဟုတ်ပါ။ ယေရှုနှင့် ယောသပ်ကြားတွင် ဆက်နွှယ်မှုမရှိပါ။” ဟု သင်ပြောပေမည်။ ယခုတွင် သမ္မာကျမ်းစာကို သင်ကြည့်ရှုသည့်အခါ၊ ယင်းနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် မတူညီပေ၊ ဆိုလိုသည်မှာ သင်၏ရှုထောင့်အမြင် ပြောင်းလဲပြီးဖြစ်ကာ၊ သင်သည် ရှေးဘာသာရေး ပညာရှင်များထက် သာ၍မြင့်မားသည့် အသိပညာအဆင့် ရှိပေသည်။ ဤမျိုးရိုးစဉ်ဆက်နှင့်ပတ်သက်၍ အရေးကြီးသည့် အချက်များရှိသည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့မည်ဆိုပါက၊ “ယင်းတွင် မည်သည့်အရာ အရေးကြီးသနည်း။ ဆက်၍ ရှင်းပြပါ။ ယေရှုနှင့် ယောသပ်သည် ဆက်နွှယ်မှု မရှိပါ။ ယင်းကို သင် မသိပါသလား။ ယေရှုသည် မျိုးရိုးစဉ်ဆက် ရှိနိုင်ပါသလား။ ယေရှုသည် အဘယ်သို့ ဘိုးဘေးများ ရှိနိုင်မည်နည်း။ သူသည် အဘယ်သို့ လူသား၏ သားစဉ်မြေးဆက် ဖြစ်နိုင်မည်နည်း။ သူ၏ လူ့ဇာတိသည် မာရိထံမှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်ဖြစ်သည်၊ လူသား၏ ဝိညာဉ် မဟုတ်ပါ။ ယေရှုသည် ဘုရားသခင်၏ ချစ်လှစွာသော သားဖြစ်၏၊ ထို့ကြောင့် သူသည် မျိုးရိုးစဉ်ဆက် ရှိနိုင်ပါသလား။ ကမ္ဘာမြေပေါ် ရှိစဉ်တွင် ယေရှုသည် လူသားမျိုးနွယ်ဝင်တစ်ဦး မဟုတ်ခဲ့ပါ၊ ထို့ကြောင့် သူသည် အဘယ်သို့ မျိုးရိုးစဉ်ဆက် ရှိနိုင်မည်နည်း။” ဟု သင်တုံ့ပြန်ပေမည်။ သင်သည် သင် နားလည်ပြီးဖြစ်သည့် အရာကို ဝေမျှရင်း၊ မျိုးရိုးစဉ်ဆက်ကို စိစစ်ပြီး သမ္မာတရားကို ရှင်းလင်းစွာ ရှင်းပြသည့်အခါ၊ သင် ဤအရာကို ရှင်းပြပေးနေသည့် လူသည် မှင်တက်ရစ်ပေလိမ့်မည်။ အချို့က ကျမ်းစာကို မှီငြမ်းပြီး၊ “ယေရှုတွင် မျိုးရိုးစဉ်ဆက်တစ်ခု ရှိပါသည်။ ယနေ့ သင်၏ ဘုရားသခင်သည် မျိုးရိုးစဉ်ဆက်ရှိပါသလား” ဟု သင့်ကို မေးလိမ့်မည်။ ထိုအခါ၊ သင်သည် အားလုံးထဲမှ အစစ်မှန်ဆုံးသော သင်၏အသိပညာကို ၎င်းတို့အား ပြောပြလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် သင်၏အသိပညာသည် အကျိုးတရားတစ်ခု ရရှိပေလိမ့်မည်။ အမှန်တွင်၊ ယေရှုသည် အာဗြဟံနှင့် ဆက်နွှယ်မှုရှိဖို့မဆိုထားနှင့်၊ ယောသပ်နှင့် ဆက်နွှယ်မှု မရှိပေ။ သူသည် ဣသရေလတွင် မွေးဖွားခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည် ဣသရေလလူမျိုးတစ်ဦး သို့မဟုတ် ဣသရေလ လူမျိုးများမှ ဆင်းသက်လာသူတစ်ဦး မဟုတ်ပေ။ ယေရှုသည် ဣသရေလတွင် မွေးဖွားခဲ့သောကြောင့်သာ၊ ဘုရားသခင်သည် ဣသရေလအမျိုးများ၏ဘုရားသာ ဖြစ်သည်ဟု မဆိုလိုပေ။ လူ့ဇာတိခံခြင်း အမှုကို သူ ဆောင်ရွက်သည်မှာ သူ၏ အမှုအတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် စကြဝဠာတစ်လျှောက်လုံး ဖန်ဆင်းခြင်းအားလုံး၏ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် ပထမဦးစွာ သူ၏ အမှုအဆင့်တစ်ခုကို ဣသရေလတွင်သာ ဆောင်ရွက်ခြင်း ဖြစ်သည်၊ ယင်းနောက်တွင် တစ်ပါးအမျိုးသား နိုင်ငံများအလယ်တွင် ဘုရားသခင် စတင်အမှုပြုခဲ့သည်။ သို့သော်၊ လူတို့သည် ယေရှုကို ဣသရေလ အမျိုး၏ဘုရားသခင်အဖြစ် ယူဆခဲ့ကြပြီး၊ ထို့အပြင် ဣသရေလ အမျိုးများထဲနှင့် ဒါဝိဒ်၏ သားစဉ်မြေးဆက်ထဲတွင် သူ့ကို ထားရှိခဲ့ကြလေသည်။ နောက်ဆုံးသောကာလတွင် ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအလယ် ကြီးမြတ်လိမ့်မည်ဟု ကျမ်းစာက ပြောသည်၊ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင် အမှုပြုမည် ဖြစ်သည်။ ယုဒပြည်တွင် ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ဘုရားသခင်သည် ယုဒလူမျိုးများကိုသာ ချစ်သည်ဟု ရည်ညွှန်းခြင်းမဟုတ်ပေ။ အမှုက လိုအပ်သောကြောင့်သာ ထိုနေရာတွင် သူ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ (ဣသရေလအမျိုးသည် သူ၏ရွေးကောက်ခြင်းခံရသည့် လူမျိုးများ ဖြစ်သောကြောင့်) ဘုရားသခင်သည် ဣသရေလတွင်သာ လူ့ဇာတိ ခံယူနိုင်ခဲ့ခြင်းဖြစ်သည်မှာ မမှန်ပေ။ ဘုရားသခင်၏ ရွေးကောက်ခြင်း ခံရသည့် လူများကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင်လည်း တွေ့ရှိရသည် မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထိ အမှုကို တိုးချဲ့သည်မှာ ယုဒပြည်တွင် အမှုပြုခြင်းကို ယေရှု အပြီးသတ် ပြီးသည့်နောက်တွင် ဖြစ်ခဲ့ပေသည်။ (ဣသရေလလူမျိုးများသည် ဣသရေလမှလွဲ၍ တိုင်းနိုင်ငံအားလုံးကို “တစ်ပါးအမျိုးသားနိုင်ငံများ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။) အမှန်တွင်၊ ထိုတစ်ပါးအမျိုးသားနိုင်ငံများတွင်လည်း ဘုရားသခင်၏ ရွေးကောက်ခြင်းခံရသည့် လူများ နေထိုင်ခဲ့ကြပေသည်။ ထိုအချိန်က ထိုနေရာများတွင် မည်သည့်အမှုမျှ မလုပ်ဆောင်သေးခြင်းသာ ဖြစ်သည်။ လူတို့သည် ဣသရေလအပေါ် ထို့သို့အလေးထားရခြင်းမှာ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင် မည်သည့်အမှုမျှ လုပ်ဆောင်နေခြင်း မရှိစဉ်တွင်၊ ဣသရေလ၌ အမှု၏ ပထမနှစ်ဆင့် ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ပါးအမျိုးသားနိုင်ငံများထဲက အမှုသည် ယနေ့တွင်သာ စတင်နေပေသည်၊ ယင်းမှာ လူတို့အနေဖြင့် လက်ခံရန် အလွန်ခက်ခဲသည့်အကြောင်းရင်း ဖြစ်သည်။ ဤအရာအားလုံးကို ရှင်းလင်းစွာ သင်နားလည်နိုင်ပါက၊ ယင်းကို သင် မှန်ကန်စွာ စိတ်တွင်စွဲမှတ်ပြီး အလေးထားနိုင်ပါက၊ ယနေ့ဘုရားသခင်နှင့် အတိတ်ကာလ၏ ဘုရားသခင်နှင့်သက်ဆိုင်သော မှန်ကန်တိကျသည့် အသိပညာတစ်ခု သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ဤအသစ်သော အသိပညာသည် သမိုင်းတစ်လျှောက် သန့်ရှင်းသူများအားလုံး ပိုင်ဆိုင်ခဲ့ကြသည့် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာထက် သာ၍ မြင့်မားပေလိမ့်မည်။ သင်သည် ယနေ့၏အမှုကို တွေ့ကြုံခံစားပြီး ယနေ့ ဘုရားသခင်၏ကိုယ်ပိုင် မိန့်မြွက်ချက်များကို ကြားရသော်လည်း၊ ဘုရားသခင်၏အလုံးစုံနှင့် သက်ဆိုင်သောအသိပညာ မရှိပါက၊ သင်၏အားထုတ်ခြင်းသည် ရှိမြဲရှိခဲ့သည့်အတိုင်း ဆက်လက်ရှိနေပြီး၊ အသစ်သော အရာတစ်ခုတစ်လေဖြင့် အစားထိုးထားခြင်း မရှိပါက၊ ပြီးလျှင် အထူးသဖြင့် သင်သည် ဤသိမ်းပိုက်ခြင်းအမှု အားလုံးကို တွေ့ကြုံခံစား ရသော်လည်း၊ နောက်ဆုံးတွင် သင့်အထဲ၌ မည်သည့်ပြောင်းလဲမှုကိုမျှ မတွေ့ရှိနိုင်ပါက၊ သင်၏ ယုံကြည်ခြင်းသည် မိမိတို့၏ဆာလောင်မှုကို ဖြည့်ဆည်းဖို့ မုန့်ကိုသာ ရှာကြသောသူတို့၏ ယုံကြည်ခြင်းနှင့် တူညီသည် မဟုတ်လော။ ထိုအခြေအနေတွင်၊ သိမ်းပိုက်ခြင်းအမှုသည် သင်၏ အထဲတွင် မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ ထိုအခါ သင်သည် သုတ်သင်ဖယ်ရှင်းခြင်း ခံရမည့်သူများထဲမှ တစ်ဦး ဖြစ်သွားလိမ့်မည် မဟုတ်လော။

သိမ်းပိုက်ခြင်းအလုပ်အဆုံးတွင် ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ ဘုရားသခင်သာ မဟုတ်ဘဲ ဖန်ဆင်းခံအားလုံးတို့၏ ဘုရားသခင်ဖြစ်ကြောင်းကို သင်တို့ နားလည်ကို နားလည်ရမည်။ ဘုရားသခင်သည် ဣသရေလအမျိုးကိုသာမဟုတ် လူသားမျိုးနွယ်အားလုံးကို ဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ဘုရားသာ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဣသရေလမှအပ အခြားနိုင်ငံတွင် ဘုရားသခင် လူ့ဇာတိခံယူရန် မဖြစ်နိုင်ဟူ၍လည်းကောင်း သင်ပြောပါက သင်သည် သိမ်းပိုက်ခြင်းအလုပ် ဖြစ်စဉ် တွင် မည်သည့်နားလည်ခြင်းကိုမျှ မရရှိသေးဘဲ ဘုရားသခင်၏ဖြစ်ခြင်း အားလုံးသည် သင်၏ဘုရားသခင်ဖြစ်ကြောင်းကို သင်ဝန်ခံနေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ဣသရေလမှ တရုတ်ပြည်သို့ ရွှေ့ပြောင်းပြီး သူသည် သင်၏ဘုရားသခင်ဖြစ်ရန် အတင်း ခိုင်းခြင်းခံရသည်ဟုသာ သင်ဝန်ခံနေခြင်းဖြစ်သည်။ သင်၏အမြင်မှာ ဤသို့ဖြစ်နေသေးပါက သင့်အထဲ ငါ၏အလုပ်သည် အချည်းနှီးဖြစ်ပြီး ငါပြောသည့်အရာတစ်ခုကိုမျှ သင်နားမလည်သေးပေ။ နောက်ဆုံးတွင် မဿဲကဲ့သို့ သင်သည် ငါ့အတွက် မျိုးရိုးစဉ်ဆက်ကိုရေးပြီး ငါ့အား သင့်တော်သည့် ဘိုးဘေးတစ်ဦးကို ရှာပေးကာ ဘုရားသခင်တွင် သူ၏လူ့ဇာတိနှစ်ကြိမ်ခံယူခြင်း၌ မျိုးရိုးစဉ်ဆက်နှစ်မျိုး ရှိသကဲ့သို့ မှန်ကန်သောဇစ်မြစ်ကို ငါ့အတွက် ရှာပေးလျှင် ယင်းသည် ကမ္ဘာပေါ်တွင် ရယ်စရာ အကောင်းဆုံးသော ဟာသဖြစ်မည် မဟုတ်လော။ “ရည်ရွယ်ချက်ကောင်းရှိသောပုဂ္ဂိုလ်” ဖြစ်ပြီး ငါ့အတွက် မျိုးရိုးစဉ်ဆက်ကို ရှာပေးသော သင်သည် ဘုရားသခင်ကို ပိုင်းခြားသောသူတစ်ယောက် ဖြစ်သွားပြီ မဟုတ်လော။ ဤအပြစ်၏ဝန်ကို သင်ထမ်းနိုင်ပါသလော။ ဤသိမ်းပိုက်ခြင်းအလုပ် အားလုံးနောက်ပိုင်းတွင် ဘုရားသခင်သည် ဖန်ဆင်းခံအားလုံးတို့၏ဘုရားသခင်ဖြစ်သည်ဟု သင်မယုံကြည်သေးဘဲ ဣသရေလအမျိုး တို့၏ ဘုရားသခင်သာဖြစ်သည်ဟု ထင်သေးပါက သင်သည် ဘုရားသခင်ကို ပွင့်လင်းစွာ ပုန်ကန်သောသူ မဟုတ်လော။ ယနေ့ သင့်ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်း၊ သူတပါး၏ဘုရားသခင် ဖြစ်ကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့် သူ့ကိုချစ်သောသူများ၏ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဖန်ဆင်းခံအားလုံးတို့၏ဘုရားသခင် ဖြစ်ကြောင်းကို သင့်အား ဝန်ခံစေရန်ဖြစ်သည်။ သူသည် ဣသရေလအမျိုးများ၏ ဘုရားသခင်ဖြစ်ပြီး အဲဂုတ္တုလူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် ဗြိတိသျှလူမျိုးတို့၏ ဘုရားသခင်ဖြစ်ပြီး အမေရိကန်လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် အာဒံနှင့်ဧဝတို့၏ ဘုရားသခင်သာမက အာဒံနှင့် ဧဝတို့၏ သားစဉ်မြေးဆက်များ အားလုံး၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာအားလုံးတို့၏ ဘုရားသခင် ဖြစ်သည်။ ဣသရေလအမျိုးမိသားစုနှင့် တပါးအမျိုးသားမိသားစုများသည် တစ်ဆူတည်းသော ဘုရားသခင်၏ လက်ထဲတွင် အတူတူ ရှိကြသည်။ သူသည် ဣသရေလတွင် နှစ်ထောင် ပေါင်းအချို့ အလုပ်လုပ်၍ ယုဒပြည်တွင် တစ်ချိန်ကမွေးဖွားခဲ့သည်သာမက ယနေ့တွင် သူသည် အဆင်းနီသော နဂါးကြီး ခွေပတ်၍နေသည့်နေရာ တရုတ်ပြည်တွင် ဆင်းသက်နေသည်။ ယုဒပြည်တွင် မွေးဖွားခြင်းက သူ့ကို ယုဒလူမျိုးတို့၏ဘုရင် ဖြစ်စေပါက သင်တို့အားလုံးအကြားထဲတွင် ယနေ့မွေးဖွားခြင်းသည် သင်တို့၏ ဘုရားသခင် ဖြစ်စေသည် မဟုတ်ပါလော။ ဣသရေလအမျိုးများကို သူလမ်းပြခဲ့ပြီး ယုဒပြည်တွင် မွေးဖွားခဲ့သည့်အပြင် သူသည် တပါးအမျိုးသားပြည်တွင်လည်း မွေးဖွားခဲ့သည်။ သူ၏အလုပ်အားလုံးသည် သူဖန်ဆင်းသည့်လူသားမျိုးနွယ်အားလုံးအတွက် မဟုတ်လော။ သူသည် ဣသရေလအမျိုးတို့ကို အဆတစ်ရာချစ်ပြီး တပါးအမျိုးသားတို့ကို အဆတစ်ထောင် ရွံရှာပါသလော။ ၎င်းသည် သင်တို့၏အယူဆ မဟုတ်လော။ ဘုရားသခင်ကို အသိအမှတ် မပြုသူသည် သင်တို့ မဟုတ်လော။ ဘုရားသခင်သည် မည်သည့်အခါကမျှ သင်တို့၏ ဘုရားသခင် မဖြစ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်ကို ငြင်းပယ်ခဲ့သူသည် သင်တို့ဖြစ်သည်။ ဘုရားသခင်သည် သင်တို့၏ ဘုရားဖြစ်ရန် လိုလိုလားလားမရှိခြင်း မဟုတ်ပေ။ ဖန်ဆင်းခြင်းခံသည့် သူထဲတွင် မည်သူသည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင် မရှိသနည်း။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်သည် အခြားမဟုတ်၊ သင်တို့၏ဘုရားသခင် ဖြစ်သည်ဟု သင်တို့ဝန်ခံရန် မဟုတ်လော။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ ဘုရားသခင်သာ ဖြစ်သည်ဟု သင်တို့ ခံယူသေးပါက၊ ဣသရေလရှိ ဒါဝိဒ်၏အိမ်တော်သည် ဘုရားသခင်မွေးဖွားရာ မူလနေရာဖြစ်သည်ဟု ခံယူသေးပါက၊ ဣသရေလမှအပ မည်သည့်နိုင်ငံမျှ ဘုရားသခင်ကို “ထုတ်လုပ်ရန်” အဆင့်အတန်းမမီဟု ခံယူသေးပါက၊ ထိုထက်ပင်နည်း၍ မည်သည့် တပါးအမျိုးသားမိသားစုကမျှ ယေဟောဝါ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လက်မခံနိုင်ဟု ခံယူသေးပါက၊ ဤအတိုင်းစဉ်းစားသေးပါက၊ ဤသည်က သင်တို့အား ခေါင်းမာ သော ခုခံသူများဖြစ်စေသည် မဟုတ်လော။ ဣသရေလအမျိုးများကို အစဉ် ဥပဒါန် ပြုမနေလေနှင့်။ ဘုရားသခင်သည် သင်တို့ကြားထဲတွင် ယနေ့ရှိနေသည်။ ကောင်းကင်ဘက်သို့သာလည်း ကြည့်မနေကြလေနှင့်။ ကောင်းကင်ရှိ သင်တို့၏ဘုရားသခင်အား တနေခြင်းကို ရပ်လော့။ ဘုရားသခင်သည် သင်တို့ကြားထဲတွင် ဆင်းသက်ပြီးဖြစ်လျှင် ကောင်းကင်တွင် မည်သို့ ရှိနိုင်မည်နည်း။ ဘုရားသခင်ကို သင်တို့ယုံကြည် သည်မှာ မကြာသေးသော်လည်း သူနှင့်ပတ်သက်၍ သင်တို့တွင် အယူအဆများစွာ ရှိသည်မှာ ဣသရေလအမျိုးများ၏ ဘုရားသခင်သည် သင်တို့ကို သူ၏ အတူပါရှိခြင်းဖြင့် ကျေးဇူးပြုမည်ဟု တစ်ချက်မျှ မထင်ရဲသည့်အထိ ဖြစ်သည်။ သင်တို့သည် မခံနိုင်လောက်အောင် ညစ်ပေကြသောကြောင့် ဘုရားသခင်သည် ကိုယ်တိုင်ပေါ်ထွန်းမှု ပြုသည်ကို ထိုထက်ပင်နည်း၍ သင်တို့မတွေးဝံ့ပေ။ ဘုရားသခင်သည် တပါးအမျိုးသားမြေတွင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ဆင်းသက်နိုင်သည်ကိုလည်း သင်တို့ မတွေးဖူးပေ။ သူသည် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် ဆင်းသက်ပြီး ဣသရေလအမျိုးများထံ ပေါ်ထွန်းသင့်သည်။ တပါးအမျိုးသားများ (ဆိုလိုသည်မှာ ဣသရေလအမျိုး ပြင်ပမှ လူမျိုးများ) ကို ဘုရားသခင် ရွံမုန်းသည် မဟုတ်လော။ သူတို့ကြားထဲတွင် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ အလုပ်လုပ်နိုင်မည်နည်း။ ဤအရာတို့အားလုံးသည် နှစ်ပေါင်းများစွာကြာ သင်တို့ တည်ဆောက်ထားသော အမြစ်တွယ်နေသည့် အယူအဆများ ဖြစ်သည်။ ယနေ့ သင်တို့ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ဤအယူအဆများကို ရိုက်ခွဲရန် ဖြစ်သည်။ ထိုသို့ဖြင့် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် မဟုတ်ဘဲ အတိတ်တွင် သူဦးဆောင်ခဲ့ဖူးခြင်း မရှိသည့် လူများဖြစ်သော သင်တို့ကြားတွင် ဘုရားသခင်ကိုယ်တိုင် ပေါ်ထွန်းနေသည်ကို သင်တို့မြင်ရခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် ဣသရေလတွင် သူ၏အလုပ်နှစ်ပိုင်းကို လုပ်ဆောင်ပြီးနောက် ဣသရေလအမျိုးများနှင့် တပါးအမျိုးသားများ စွဲကိုင်ကြသောအယူအဆမှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသည် မှန်သော်လည်း တပါးအမျိုးသားများ၏ ဘုရားမဟုတ် ဣသရေလအမျိုးများ၏ ဘုရားသာ ဖြစ်ရန် လိုလိုလားလားရှိသည်ဟူသည့် အချက် ဖြစ်သည်။ ဣသရေလအမျိုးများက ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရားသခင်သာ ဖြစ်နိုင်သည်၊ တပါးအမျိုးသားများ ဖြစ်သော သင်တို့၏ ဘုရားသခင် မဖြစ်နိုင်ပေ။ ထို့အပြင် သင်တို့သည် ယေဟောဝါကို မရိုသေကြသောကြောင့် ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သော ယေဟော၀ါသည် သင်တို့ကို ရွံမုန်းသည်ဟု ယုံကြည်ကြသည်။ ယုဒလူမျိုးတို့သည် ထပ်မံ၍ ယုံကြည်ကြသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးတို့၏ အသွင်ဆောင် ပြီး ယုဒလူမျိုးတို့၏ အမှတ်အသားကို ဆောင်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်သည်မှာ ကျွန်ုပ်တို့ကြားထဲတွင် ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ကျွန်ုပ်တို့၏ပုံသဏ္ဌာန်သည် ဆင်တူသည်။ ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် နီးစပ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးတို့၏ ဘုရင်ဖြစ်ပြီး တပါးအမျိုးသားတို့သည် ထိုကြီးမားသောကယ်တင်ခြင်းကို ရရှိရန် အရည်အချင်း မပြည့်မီကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ဤအလုပ်နှစ်ပိုင်းကိုသာ အခြေခံပြီး ဣသရေလအမျိုးများနှင့် ယုဒလူမျိုးများက ဤအယူအဆများကို ပုံဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ထိုသူတို့သည် ကြီးစိုး၍ ဘုရားသခင်ကို ၎င်းတို့အတွက်သာ ထိုက်သင့်သည်ဟုပြောဆိုကြကာ ဘုရားသခင်ကို တပါးအမျိုးသားများ၏ ဘုရားသခင်ဖြစ်ရန် ခွင့်မပြုကြပေ။ ဤနည်းဖြင့်၊ ဘုရားသခင်သည် တပါးအမျိုးသားများ၏ နှလုံးသားများတွင် ကွက်လပ်တစ်ခု ဖြစ်သွားခဲ့သည်။ ဤသို့ဖြစ်ရခြင်း အကြောင်းမှာ ဘုရားသခင်သည် တပါးအမျိုးသားများ၏ ဘုရားဖြစ်ရန် လိုလိုလားလားမရှိဟူ၍လည်းကောင်း၊ သူ၏ ရွေးကောက်ခံဖြစ်သည့် ဣသရေလအမျိုးများကိုသာ သဘောကျသည်ဟူ၍လည်းကောင်း၊ ထို့အပြင် သူသည် ယုဒလူမျိုးများ၊ အထူးသဖြင့် သူ့နောက်လိုက်ခဲ့သည့် တပည့်တော်များကို သဘောကျသည်ဟု အားလုံးက ယုံကြည်သွားခဲ့ကြသောကြောင့် ဖြစ်သည်။ ယေဟောဝါနှင့် ယေရှု ပြုခဲ့သည့်အမှုမှာ လူသားအားလုံး အသက်ရှင်ရန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်သည် ဣသရေလအပြင်ဘက်တွင် မွေးဖွားသော သင်တို့အားလုံး၏ ဘုရားသခင်ဖြစ်ကြောင်းကို ယခု သင်ဝန်ခံပါသလော။ ယနေ့တွင် ဘုရားသခင်သည် သင်တို့ကြားထဲ ဤနေရာ၌ မရှိသလော။ ဤအရာသည် အိပ်မက်မဖြစ်နိုင် မဟုတ်လော။ ဤအစစ်အမှန်တရားကို သင်တို့လက်မခံသလော။ သင်တို့သည် ဤအရာကို မယုံကြည်ရဲကြပေ။ မစဉ်းစားရဲကြပေ။ ဤအရာကို သင်တို့ မည်သို့ပင် မြင်ကြပါစေ၊ ဘုရားသခင်သည် သင်တို့ကြားထဲ ဤနေရာတွင် မရှိသလော။ ဤစကားတို့ကို ယုံကြည်ရန် သင်တို့ ကြောက်ရွံ့နေသေးသလော။ ယနေ့မှစ၍ သိမ်းပိုက်ခြင်းခံသောလူများနှင့် ဘုရားသခင်၏ နောက်လိုက်တော်များ ဖြစ်ချင်သူ အားလုံးသည် ဘုရားသခင် ရွေးကောက်သည့်လူမျိုးများ မဟုတ်ကြသလော။ ယနေ့ နောက်လိုက်တော်များဖြစ်သော သင်တို့ အားလုံးသည် ဣသရေလံအပြင်ဘက်ရှိ ရွေးကောက်ခံသောသူများ မဟုတ်ကြသလော။ သင်တို့၏ ၀ိညာဉ်အသက်တာသည် ဣသရေလအမျိုးတို့၏ ၀ိညာဉ်အသက်တာနှင့် မတူညီသလော။ ဤအရာအားလုံးသည် သင်တို့သိထားရမည့်အရာ မဟုတ်လော။ ဤအရာသည် သင်တို့ကို သိမ်းပိုက်ခြင်းအလုပ်၏ ရည်ရွယ်ချက် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ကြသောကြောင့် သူသည် အစအဦးမှ အနာဂတ်တိုင်အောင် သင်တို့၏ဘုရားသခင် ထာဝရဖြစ်မည်။ သင်တို့အားလုံးသည် သူ၏နောက်တော်သို့ လိုက်ရန်နှင့် သူ၏သစ္စာ စောင့်၍ နာခံသောဖန်ဆင်းခံ ဖြစ်ရန် လိုလိုလားလားရှိနေသရွေ့ သူသည် သင်တို့ကို စွန့်ပစ်မည် မဟုတ်ပေ။

လူတို့သည် ဘုရားသခင်ကို ချစ်ရန် မည်မျှ စိတ်ပြင်းပြကြသည် ဖြစ်စေ မပြင်းပြသည်ဖြစ်စေ၊ ယနေ့ထိ သူ့နောက်လိုက်ရာတွင်မူ ၎င်းတို့သည် ယေဘုယျအားဖြင့် နာခံကြပြီးဖြစ်သည်။ ဤအမှု၏အဆင့် ပြီးဆုံးသည့်အခါ၊ နောက်ဆုံးမှသာ ၎င်းတို့သည် လုံးလုံးလျားလျား နောင်တရကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့ အမှန်တကယ် သိမ်းပိုက်ခြင်း ခံသည့်အချိန် ဖြစ်သည်။ ယခု၊ ၎င်းတို့သည် သိမ်းပိုက်ခြင်းခံရသည့် ဖြစ်စဉ်တွင်သာ ရှိကြသည်။ အမှု အဆုံးသတ်သည်နှင့် ၎င်းတို့သည် စုံလင်စွာ သိမ်းပိုက်ခြင်း ခံရကြမည် ဖြစ်သော်လည်း၊ ယခု ဤသို့မဟုတ်ပေ။ အယောက်တိုင်း ယုံကြည်လက်ခံကြလျှင်ပင်၊ ယင်းသည် ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား သိမ်းပိုက်ခံရပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ လက်ရှိ၌၊ လူတို့သည် နှုတ်ကပတ်တော်များကိုသာ မြင်ကြပြီးဖြစ်ကာ တကယ့် အဖြစ်အပျက်များကို မမြင်ကြသေးသကဲ့သို့၊ မည်မျှပင် ၎င်းတို့ နက်ရှိုင်းစွာ ယုံကြည်ကြပါစေ၊ မသေမချာ ဖြစ်မြဲဖြစ်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် နှုတ်ကပတ်တော်များ လက်တွေ့အရှိတရား ဖြစ်လာခြင်းတည်းဟူသော နောက်ဆုံး တကယ့်အဖြစ်အပျက်များဖြင့်သာ လုံးလုံးလျားလျား သိမ်းပိုက်ခံကြရမည် ဖြစ်သည်။ ယခု၊ ဤလူတို့သည် ယခင်က ၎င်းတို့ မကြားဖူးသည့် နက်နဲမှုများစွာကို ကြားကြရသောကြောင့် သိမ်းပိုက်ခံရကြပေသည်။ သို့သော်၊ ၎င်းတို့တစ်ဦးချင်းစီ၏ အတွင်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း အမှန်ဖြစ်လာခြင်းကို ၎င်းတို့အား မြင်ခွင့်ပေးသည့် တကယ့်အဖြစ်အပျက်အချို့ကို ရှာဖွေနေကြဆဲ၊ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် လုံးဝ ယုံကြည်လက်ခံကြမည် ဖြစ်သည်။ နောက်ဆုံးတွင် အမှန်ဖြစ်လာသည့် ဤတကယ့်အဖြစ်အပျက်များကို အားလုံး မြင်ကြပြီးဖြစ်ကာ၊ ဤလက်တွေ့အရှိတရားများက ၎င်းတို့ကို စိတ်ချစေနိုင်သည့် အခါမှသာ၊ ၎င်းတို့သည် ၎င်းတို့၏နှလုံးသားများ၊ ၎င်းတို့၏စကားနှင့် ၎င်းတို့၏အမြင်များတွင် လက်ခံယုံကြည်မှုကို ပြသကြလိမ့်မည် ဖြစ်ပြီး၊ လှိုက်လှိုက်လှဲလှဲ လုံးလုံးလျားလျား လက်ခံယုံကြည်ကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူ၏သဘာဝဗီဇ ဖြစ်သည်။ နှုတ်ကပတ်တော်များအားလုံး အမှန်တကယ် ဖြစ်လာသည်ကို သင်တို့ မြင်ရန် လိုအပ်သည်၊ တကယ့်အဖြစ်အပျက်အချို့ ဖြစ်ပျက်နေသည်ကို သင်တို့မြင်ရန်လိုအပ်ပြီး၊ အချို့သောလူများအပေါ် ဘေးဒုက္ခ ကျရောက်နေသည်ကို သင်တို့မြင်ရန် လိုအပ်သည်၊ ထို့နောက် သင်တို့သည် အတွင်းစိတ်ထဲက လုံးဝ လက်ခံယုံကြည်ကြလိမ့်မည် ဖြစ်သည်။ ယုဒလူမျိုးများကဲ့သို့၊ သင်တို့သည် နိမိတ်များနှင့် အံ့သြဖွယ်ရာများ မြင်ခြင်းတွင် အာရုံရောက်နေကြ၏။ သို့သော်၊ သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများရှိသည်ကို စဉ်ဆက်မပြတ် မမြင်သကဲ့သို့၊ သင်တို့၏အမြင်များကို ကြီးမားစွာ ပွင့်စေရန် ရည်ရွယ်သည့် လက်တွေ့အရှိတရားများ ဖြစ်ပျက်နေသည်ကိုလည်း မမြင်နိုင်ကြပေ။ တစ်စုံတစ်ဦး ကောင်းကင်မှ ဆင်းသက်နေသည်ဖြစ်စေ၊ မိုးတိမ်တိုက်တစ်ခုက သင်တို့ကို စကားပြောနေသည်ဖြစ်စေ၊ သင်တို့အထဲမှ တစ်ဦးအပေါ် မကောင်းဆိုးဝါး နှင်ခြင်းကို ငါဆောင်ရွက်နေသည်ဖြစ်စေ၊ သင်တို့အလယ်တွင် မိုးခြိမ်းသံကဲ့သို့ ငါအသံမြည်ဟိန်းနေသည်ဖြစ်စေ ဤအဖြစ်အပျက်မျိုးကို သင်တို့ အမြဲ မြင်ချင်ကြခဲ့ပြီး အမြဲ မြင်ချင်ကြလိမ့်ဦးမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ သင်တို့၏အကြီးမားဆုံး ဆန္ဒမှာ သင်တို့ထံ ဘုရားသခင်ကိုယ်တိုင် ကြွလာပြီး နိမိတ်လက္ခဏာတစ်ခုပြရန် ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုအခါ သင်တို့ စိတ်ကျေနပ်ကြလိမ့်မည်။ အသင်လူတို့ကို သိမ်းပိုက်ရန်၊ ကမ္ဘာလောက၏ဖန်ဆင်းခြင်းနှင့် ဆင်တူသော အမှုကို ငါ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထို့အပြင် နိမိတ်လက္ခဏာတစ်မျိုးမျိုးကို ပြရပေမည်။ ထိုအခါ၊ သင်တို့၏နှလုံးသားများသည် လုံးဝ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။