အခက်အခဲများနှင့် စမ်းသပ်မှုများအားဖြင့်သာ ဘုရားကို သင်ဧကန်ချစ်နိုင်၏ကျူး
၁ ယနေ့ ဘုရားသခင်ကို သင်တကယ်ပဲ မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင် လုပ်ဆောင်ပြီးသောအရာအားလုံးကို သင်တကယ်ပဲ မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ပေးခဲ့ပြီး လူသားကို တွေ့မြင်စေသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိလာနိုင်သည့် အကြောင်းရင်းတစ်ခုမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းတစ်ခုမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ပြီးသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။
၂ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက၊ ပွင့်ပွင့်လင်းလင်းပြောရသော်၊ သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏အမှု ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာ ကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုပြသနိုင်လေဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်မြတ်နိုးရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူသနည်း။ ဒုက္ခဆင်းရဲနှင့် စစ်ဆေးခြင်းများ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာများသာဖြစ်ပါက ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို သင်ရရှိနိုင်မည်လော။
၃ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှုကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသောပတ်ဝန်းကျင်များကို လူသားအတွက် ဖန်တီးပေး၏။ နာကျင်မှုကြီးမားပြီး တစ်ခါတစ်ရံ မကျော်လွှားနိုင်ဘဲ ပြင်းထန်သော ပူဆွေးမှုအဆင့်အထိပင် ရောက်ရှိနိုင်သော်လည်း ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်တွေ့ပြီး၊ ဤအုတ်မြစ်အပေါ်၌သာ လူသားအတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။