၂၆၄ အနန္တတန်ခိုးရှင်၏ သာလွန်ခြင်းနှင့် ကြီးမြတ်ခြင်းကျူး

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏ အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာ ပြောင်းလဲ လေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာ ပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက် နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သတိမမူမိသောအရာကို မြင်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနှုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင့် ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ် အဖို့အလို့ငှာ ဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၆၃ သင့်စိတ်နှလုံးထဲရှိ လျှို့ဝှက်ချက်ကျူး

နောက်တစ်ခုသို့- ၂၆၅ ဘုရား၏ဦးဆောင်လမ်းပြမှုကို လူသားမျိုးနွယ်ဆုံးရှုံးခြင်း၏ အကျိုးဆက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။