ဘုရား၏ဘုန်းအာနုဘော်နေ့ရက်ကို သင်တန်ဖိုးထားသင့်၏ကျူး
၁ လူတို့သည် ငါ၏ကြွလာခြင်းကို တန်ဖိုးမထားကြသကဲ့သို့ ငါ့ဘုန်းအာနုဘော် နေ့ရက်ကိုလည်း အထူးတန်ဖိုး မထားကြ။ သူတို့သည် ငါ၏ ဘုန်းအာနုဘော်ကို ငါ့ထံသို့ ပြန်လည် ပေးအပ်ခြင်းငှာ လိုလားရန် မဆိုထားနှင့် ငါ၏ပြစ်တင်ဆုံးမမှုကို ခံယူဖို့ရန်ပင် ရွှင်ပြခြင်းမရှိကြပေ။ မာရ်နတ်၏ အဆိပ်ကိုလည်း သူတို့သည် မစွန့်ပစ်လိုကြချေ။ လူသားမျိုးနွယ်သည် ငါ့ကို ယခင်နည်းလမ်းဟောင်းအတိုင်း ဆက်လက်လှည့်ဖြားနေဆဲ၊ ယခင်နည်းလမ်းဟောင်းအတိုင်း ပျော်ရွှင်နေသည့် မျက်နှာထားနှင့် တောက်ပသော အပြုံးများ ဆင်ထားဆဲပင် ဖြစ်သည်။ သူတို့သည် ငါ၏ဘုန်းအာနုဘော် သူတို့ကို စွန့်ခွာသွားပြီးနောက်တွင် လူသားမျိုးနွယ်အပေါ် ကျရောက်လာမည့် ဝမ်းနည်းပူဆွေးခြင်း၏ အတိုင်းအဆကို သတိမမူမိကြ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ငါ၏နေ့ရက် ရောက်လာသောအခါ နောဧခေတ်ကလူများ ခံစားခဲ့ရသည်ထက် ပိုပြီးခက်ခဲသည့် အချိန်ကို သူတို့တွေ့ကြုံရမည် ဆိုသည်ကို အထူးသဖြင့် သတိမပြုမိကြပေ။ အကြောင်းမှာ ဣသရေလပြည်မှ ငါ၏ ဘုန်းအာနုဘော် ထွက်ခွာသွားသည့်အခါ ထိုပြည်သည် မည်မျှပင် မှောင်မိုက်သွားခဲ့သနည်းဆိုသည်ကို သူတို့မသိကြသောကြောင့်၊ မိုးသောက်ယံ၌ လူသားသည် ပိန်းပိတ်အောင်မှောင်သော ညမှာ ဖြတ်သန်းရန် မည်မျှပင် ခက်ခဲခဲ့သနည်းဆိုသည်ကို မေ့သွားကြသောကြောင့် ဖြစ်သည်။ နေမင်းသည် ပြန်၍ ပုန်းခိုသွားပြီး လူသားအပေါ် အမိုက်မှောင် ဆင်းသက်လာသည့်အခါ သူသည် တစ်ဖန် ငိုကြွေးမြည်တမ်းပြီး အမှောင်ထုထဲ၌ အံသွားခဲကြိတ်ရလိမ့်မည်။
၂ ဣသရေလပြည်ထံမှ ငါ၏ဘုန်းအာနုဘော် ထွက်ခွာသွားသောအခါ ထိုပြည်၏ ပြည်သူပြည်သားတို့အတွက် ၎င်းတို့၏ဒုက္ခခံရာနေ့များကို ဖြတ်ကျော်ခဲ့ရသည်မှာ မည်မျှပင် ခက်ခဲခဲ့သည် ဆိုခြင်းကို သင်တို့ မေ့လျော့သွားကြပြီလော။ ယခုအချိန်သည် ငါ၏ဘုန်းအာနုဘော်ကို သင်တို့ မြင်ကြရသည့် အချိန်ဖြစ်သကဲ့သို့၊ ငါ၏ ဘုန်းအာနုဘော် နေ့ရက်ကို သင်တို့မျှဝေခံစားကြရသည့် အချိန်လည်း ဖြစ်သည်။ ငါ၏ ဘုန်းအာနုဘော်သည် ညစ်ညူးသောမြေကို စွန့်ခွာသွားသည်နှင့် လူသားသည် အမှောင်ထုအလယ်၌ ငိုကြွေးမြည်တမ်းကြရလိမ့်မည်။ ယခုအချိန်သည် ငါ၏အမှုကို ငါဆောင်ရွက်နေသော ဘုန်းအာနုဘော် နေ့ရက်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ဆင်းရဲဒုက္ခမှ ငါလွတ်ငြိမ်းခွင့်ပေးမည့် နေ့ရက်လည်း ဖြစ်သည်၊ အကြောင်းမှာ ညှဉ်းဆဲခြင်းနှင့် အတိဒုက္ခခံရသည့် အချိန်များကို သူတို့နှင့် ငါမျှဝေမခံစားလိုသည့်အတွက်ကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ရန်နှင့် လူသားမျိုးနွယ်၏ မာရ်နတ်ကို အပြည့်အဝ အနိုင်ယူရန်သာ ငါအလိုရှိသည်။ အကြောင်းမှာ ဣသရေလပြည်မှ ငါ၏ ဘုန်းအာနုဘော် ထွက်ခွာသွားသည့်အခါ ထိုပြည်သည် မည်မျှပင် မှောင်မိုက်သွားခဲ့သနည်းဆိုသည်ကို သူတို့မသိကြသောကြောင့်၊ မိုးသောက်ယံ၌ လူသားသည် ပိန်းပိတ်အောင်မှောင်သော ညမှာ ဖြတ်သန်းရန် မည်မျှပင် ခက်ခဲခဲ့သနည်းဆိုသည်ကို မေ့သွားကြသောကြောင့် ဖြစ်သည်။ နေမင်းသည် ပြန်၍ ပုန်းခိုသွားပြီး လူသားအပေါ် အမိုက်မှောင် ဆင်းသက်လာသည့်အခါ သူသည် တစ်ဖန် ငိုကြွေးမြည်တမ်းပြီး အမှောင်ထုထဲ၌ အံသွားခဲကြိတ်ရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။