သင့်စိတ်သဘောထား ပြောင်းလဲခြင်းမှာ သင့်သဘာဝကို နားလည်ခြင်းနှင့်အတူ စတင်သည်
၁ သင့်စိတ်သဘောထားကို ပြောင်းလဲရန် ပထမအဆင့်မှာ အဘယ်နည်း။ သင်တို့သိကြသလော။ သင့်ကိုယ်တိုင်၏ သဘာဝကို နားလည်ခြင်းအားဖြင့် သင်စတင်ရသည်၊ ဤသည်မှာ သော့ချက်ပင်။ လူသားသဘာဝကို သင် မည်သို့ နားလည်ပါသနည်း။ သင်၏ သဘာဝကို နားလည်ခြင်းသည် အမှန်တကယ်တွင် သင့်ဝိညာဉ်၏ အတိမ်အနက်ကို စိစစ်ခြင်းဟု အဓိပ္ပါယ်ရ၏၊ ယင်းသည် သင့်ဘဝ၌ ရှိသည့်အရာ နှင့် ပတ်သက်သည်။ ယင်းသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်ပြီး သင် အမြဲ အသက်ရှင်နေခဲ့သည့် စာတန်၏ ရှုထောင့်အမြင်များစွာ ဖြစ်လေသည်၊ ဆိုလိုသည်မှာ ယင်းသည် သင် အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်တာ ဖြစ်၏။ သင့်ဝိညာဉ်၏ နက်ရှိုင်းသော အတွင်းနေရာက အစိတ်အပိုင်းများကို ဖော်ထုတ်ခြင်းအားဖြင့်သာ၊ သင်၏ သဘာဝကို သင် နားလည်နိုင်သည်။ ဤဥပမာများမှာ အကြောင်းအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲ၌ သူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များ၊ သူတို့၏ ဘဝတန်ဖိုးများနှင့် အမြင်တို့အပြင် သမ္မာတရားနှင့်စပ်လျဉ်း၍ အရာခပ်သိမ်းအပေါ် သူတို့၏ ရှုမြင်ချက်များပင် ဖြစ်ကြသည်။ ဤအရာများအားလုံးမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိပြီး သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်စက်နေသည်။
၂ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဘဝအပေါ် မည်သည့်အမြင်ရှိသနည်း။ ယင်းမှာ- “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏။” ပင် ဖြစ်သည်။ လူတို့အားလုံးသည် သူတို့အတွက်ချည်းသာ အသက်ရှင်ကြကာ၊ ရှင်းရှင်း ပြောရလျှင် သူတို့၏ ကိုယ်ခန္ဓာများကို အစာကျွေးရန်နှင့် အဝတ်ဆင်ပေးရန်ကိုသာ အရေးစိုက်ကြသည်။ သူတို့၏ အသက်တာများ၌ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး စိုးစဉ်းမျှသော အတိုင်းအတာပင် မရှိပါ။ ဘဝအပေါ် သင့်အမြင်၌ လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ ပါဝင်သည်၊ ၎င်းမှာ သင် အသက်ရှင်ရသည့်အရာဖြစ်ပြီး သင် အဘယ်သို့ အသက်ရှင်သည်ကို ပြဋ္ဌာန်းပေးသည့်အရာ ဖြစ်သည်။ ဤအရာများအားလုံးမှာ လူသားသဘာဝ၏ အနှစ်သာရဖြစ်သည်။ လူတို့အားလုံးက ဘုရားသခင်ကို ခုခံနေကြကြောင်း၊ သူတို့မှာ မကောင်းဆိုးဝါးများသာ ဖြစ်ကြကြောင်းနှင့် အမှန်တကယ် ကောင်းသောလူ ဟူ၍မရှိကြောင်းကို ဤသဘာဝကို ပိုင်းခြားစိပ်ဖြာခြင်းအားဖြင့် တွေ့မြင်ရလိမ့်မည်။ လူတို့၏ သဘာဝများကို ပိုင်းခြားစိပ်ဖြာခြင်းအားဖြင့်သာလျှင် သင်သည် လူသားမျိုးနွယ်၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးခြင်းအပြင်၊ လူတို့နှင့် အမှန်တကယ် စပ်ဆိုင်သည့်အရာ၊ သူတို့ အမှန်တကယ် ချို့တဲ့သည့်အရာနှင့် လူသားအသွင် အသက်ရှင်နေထိုင်ဖို့အတွက် သမ္မာတရားအား သူတို့ အဘယ်သို့ လိုက်စားသင့်ပုံတို့ကိုလည်း အမှန်တကယ် သိနားလည်နိုင်မည်ဖြစ်သည်။ ဤသည်မှာ သင် နားလည်ရမည့် သမ္မာတရားပင်ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။