Myanmar Praise Song (နောင်တမရှိသည့် ရွေးချယ်မှုတစ်ခု) Chinese Christian Song

25.04.2020

ခရစ်ယာန်များအပေါ်စာတန်၏ ဖမ်းဆီးမှုများနှင့်နှိပ်စက်ညှင်းပန်းမှုများက

တိုး၍ ရက်စက်လာသည့်အချိန်တွင်၊

မြို့ကြီးသည် မှောင်မိုက်သည့်ကြောက်ရွံ့ထိတ်လန့်မှုနှင့် ပြည့်ပြီး၊

ပြေးနိုင်သမျှ ဘယ်နေရာမဆို ကျွန်ုပ် ထွက်ပြေးရချိန်၊

လွတ်လပ်မှုက စိတ်ပျက်စရာအကျဉ်းထောင်တစ်ခုတွင် အကျဉ်းချခံရချိန်၊

ကျွန်ုပ်၏ တစ်ခုတည်းသော အဖော်ကနာကျင်ရှည်လျားသည့် ညတစ်ည ဖြစ်သည့်အချိန်၊

ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်ခြင်းယိမ်းယိုင်မည်မဟုတ်ပါ၊

ကျွန်ုပ်၏ ဘုရားသခင်၊ ကျွန်ုပ်၏ သခင်ကို ဘယ်သောအခါမျှကျွန်ုပ် သစ္စာဖောက်မည်မဟုတ်ပါ။

အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊

ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်နှင့် သက်ဆိုင်ပါ၏။

အကျဉ်းချခြင်းက ကျွန်ုပ် ခန္ဓာကိုသာ ထိန်းချုပ်နိုင်။

ထိုအရာက ကိုယ်တော့်နောက်လိုက်ရာတွင်ကျွန်ုပ်၏ ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။

ထိုအရာက ကိုယ်တော့်နောက်လိုက်ရာတွင်ကျွန်ုပ်၏ ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။

နာကျင်သော ဆင်းရဲဒုက္ခ၊ လမ်းကြမ်းတစ်ခု

ကိုယ်တော့် နှုတ်ကပတ်တော်များ၏ လမ်းပြမှုဖြင့်၊

ကျွန်ုပ်၏ စိတ်နှလုံးသည် ကြောက်ရွံ့မှုမရှိပေ၊

ကိုယ်တော့် ချစ်ခြင်းမေတ္တာ၏ အဖော်ပြုခြင်းဖြင့်၊

ကျွန်ုပ်၏ စိတ်နှလုံး ဆန္ဒပြည့်သည်။

ကိုယ်တော့် ချစ်ခြင်းမေတ္တာ၏ အဖော်ပြုခြင်းဖြင့်၊

ကျွန်ုပ်၏ စိတ်နှလုံး ဆန္ဒပြည့်သည်။

ဆိုးယုတ်သော နတ်ဆိုးများ၏ ဖျက်ဆီးတတ်သော ညှင်းဆဲမှုကယခင်ထက် ပိုမိုပြင်းထန်လာသည့်အချိန်၊

ပူလောင်သော နာကျင်မှုကို ကျွန်ုပ်ကိုအဖန်ဖန် ထိုးနှက်သည့်အချိန်၊

ခန္ဓာ၏ အားနည်းချက်နှင့် မချိမဆံ့ဝေဒနာကအထွတ်အထိပ်သို့ ရောက်ရှိချိန်၊

နောက်ဆုံး အခိုက်အတန့်တွင်၊ကျွန်ုပ်၏ အသက် ယူဆောင်သွားခံရနီးချိန်၊

အဆင်းနီသော နဂါးကြီးကို ကျွန်ုပ်ဘယ်သောအခါမျှ အလျော့ပေးမည်မဟုတ်၊

ကျွန်ုပ် ယုဒတစ်ဦး၊ ဘုရားအပေါ် အရှက်ရစေသည့်အမည်းစက်တစ်ခု ဘယ်သောအခါမျှ ဖြစ်လိမ်မ့ည်မဟုတ်ပေ။

အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊

ကိုယ်တော့်ကို သေသည်အထိ ကျွန်ုပ် သစ္စာရှိပါမည်။

စာတန်သည် ကျွန်ုပ်၏ ကိုယ်ခန္ဓာကိုသာညှင်းပန်းပြီး နှိပ်စက်နိုင်သော်လည်း

၎င်းသည် ကိုယ်တော့်အဖို့ကျွန်ုပ်၏ချစ်ခြင်းနှင့်ယုံကြည်ခြင်းကိုမူ မထိခိုက်နိုင်ပေ။

၎င်းသည် ကိုယ်တော့်အဖို့ကျွန်ုပ်၏ချစ်ခြင်းနှင့်ယုံကြည်ခြင်းကိုမူ မထိခိုက်နိုင်ပေ။

အသက်နှင့် သေခြင်းတရားသည် ထာဝရကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် ရှိပေမည်။

ကိုယ်တော့်ကို သက်သေခံဖို့ အရာရာကို ကျွန်ုပ် စွန့်လွှတ်မည်။

ကိုယ်တော့်ကို သက်သေခံဖို့နှင့် စာတန်ကိုအရှက်ရစေဖို့

မညည်းညူဘဲ ကျွန်ုပ်အသက်စွန့်ပါမည်။

ကိုယ်တော့်ကို သက်သေခံဖို့နှင့် စာတန်ကိုအရှက်ရစေဖို့

မညည်းညူဘဲ ကျွန်ုပ်အသက်စွန့်ပါမည်။

ဤဘဝတွင် ခရစ်တော်နောက်လိုက်ပြီး၊

ဘုရားသခင်ကို ချစ်ရန် အားထုတ်ရသည်မှာ မွန်မြတ်လှပေ။

စိတ်နှလုံးနှင့် ဝိညာဉ်ဖြင့်၊ကိုယ်တော့်ကို ကျွန်ုပ် ပြန်ပေးဆပ်သင့်သည်။

ဘုရားသခင်အကြောင်း သက်သေခံခြင်းအတွက်အရာအားလုံးကို စွန့်လွှတ်ရန် ကျွန်ုပ် လိုလားလျက်ရှိသည်။

အသက်ရှင်သရွေ့ ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးဘုရားကို ပေးခြင်းသည်

ကျွန်ုပ် မည်သည့်အခါမျှ နောင်တမရမည့်ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ကျွန်ုပ် မည်သည့်အခါမျှ နောင်တမရမည့်ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ကျွန်ုပ် မည်သည့်အခါမျှ နောင်တမရမည့်ရွေးချယ်မှုတစ်ခု ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။