Christian Dance (ပလ္လင်တော်မှ စီးဆင်းသော အသက်ရေ ကြည်လင်သန့်ရှင်းသည်)

21.07.2024

ပလ္လင်တော်မှ စီးဆင်းသော အသက်ရေ ကြည်လင်သန့်ရှင်းသည်။

ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို နေ့စဉ် ရေလောင်းကာ ထောက်ပံ့သည်။

ရှင်သန်နေသော အသက်ရေ စီးထွက်ကာ၊ လူ၏ စိတ်နှလုံးကို အားဖြည့်နေ

ဘုရားသခင်ကို ဝမ်းမြောက်စေကာ ကျွန်ုပ်တို့ စိတ်နှလုံးများကို ဝမ်းသာစေလျက်၊

ကျွန်ုပ်တို့၏ အသက်တာများ တဖြည်းဖြည်း ကြီးထွားသည်။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြပါ၏။

ကိုယ်တော်၏ ပလ္လင်တော်ရှေ့ ကျွန်ုပ်တို့ကို ကိုယ်တော် ဆောင်ယူကာ

အသက်တာတွင်တွင် မှန်ကန်သည့် လမ်းကြောင်းပေါ် ဦးဆောင်လေပြီ။

အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုန်းအသရေရှိသမျှ ပိုင်ဆိုင်ပါစေ။

ကျွန်ုပ်တို့ကို ကယ်တင်ရန် သမ္မာတရား ဖော်ပြသူဟာ ကိုယ်တော်ဖြစ်ပေ။

ဘုရားနှုတ်ကပတ်တော်များက

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို တရားစီရင်ကာ ဖော်ထုတ်။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို မြင်သည့်အခါ၊

သူ၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို လက်ခံရန် ကျွန်ုပ်တို့ လိုလားနေ။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြပါ၏။

ကျွန်ုပ်ကို စာတန်ထံမှ ကိုယ်တော် ကယ်တင်ခဲ့၊ ကိုယ်တော်၏ မျက်နှာတော် အလင်းတွင် ကျွန်ုပ် အသက်ရှင်။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြပါ၏။

ကျွန်ုပ်ကို စာတန်ထံမှ ကိုယ်တော် ကယ်တင်ခဲ့၊ ကိုယ်တော်၏ မျက်နှာတော် အလင်းတွင် ကျွန်ုပ် အသက်ရှင်။

ဘုရားသခင်ကို အစေခံရန် သူ၏ ပလ္လင်တော်ကို ကျွန်ုပ်တို့ ဝန်းရံကြသည်။

ကမ္ဘာမြေပေါ် ဘုရားသခင်၏ အလိုတော်ကို

လုပ်ဆောင်ရန် ကျွန်ုပ်တို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ကျွန်ုပ်တို့ဖြည့်ဆည်း။

ဘုရားနှုတ်ကပတ်တော်များက အတိဒုက္ခများနှင့် စမ်းသပ်မှုများစွာကို အောင်မြင်ရန် ကျွန်ုပ်တို့ကို လမ်းပြသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာများစွာကို ကျွန်ုပ်တို့ မွေ့လျော်။

ဘုရားကို ချစ်ကာ သူ့အတွက် ကျွန်ုပ် သက်သေခံလိုသည်။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြပါ၏။

ကိုယ်တော်ကို ထာဝစဉ် ချီးမွမ်းရင်း၊ ဖန်ဆင်းခံများဖြစ်သည့် ကျွန်ုပ်တို့ ပျပ်ဝပ်ကာ

ကိုယ်တော်ကို ကိုးကွယ်ကြပါသည်။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြပါ၏။

ကိုယ်တော်ကို ထာဝစဉ် ချီးမွမ်းရင်း၊ ဖန်ဆင်းခံများဖြစ်သည့် ကျွန်ုပ်တို့ ပျပ်ဝပ်ကာ

ကိုယ်တော်ကို ကိုးကွယ်ကြပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။