ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၈
14.05.2021
ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ဖြစ်၏။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ နောက်ဆုံးတွင် သူက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ခံစားရ၏။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ အသက်ရှင်ဖို့ မထိုက်သကဲ့သို့ အသက်မရှိပါ” ဟု တွေးခဲ့သည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို သိလာပြီး ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် ရှင်းပြနိုင်မည်ဖြစ်သကဲ့သို့ ယင်းကို ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသက်ကို လိုက်စားရှာဖွေခြင်းနှင့် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်းသည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိနားလည်ခြင်းကို လိုအပ်သည့်အပြင် စကားလုံးများဖြင့် ရှင်းလင်းစွာနှင့် ရိုးရှင်းစွာ ပြောရင်း၊ မိမိသဘာဝ၏ ရှုထောင့်များကို သဘောပေါက်ခြင်းနှင့် ယင်းကို တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဤသည်သာလျှင် သင့်ကိုယ်သင် အမှန်တကယ် သိခြင်းဖြစ်ပြီး၊ သင်သည် ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို ကြိုးပမ်းရရှိလိမ့်မည် ဖြစ်သည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင်၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် သူ အာရုံစိုက်ခဲ့ပြီး၊ ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့ကာ၊ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရလိမ့်ဦးမည် ဖြစ်သည်၊ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ဦးစွာပထမ ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။
ယခု မည်သည့်လမ်းကြောင်းကို သင်တို့အားလုံး လျှောက်လှမ်းနေကြသနည်း။ ယင်းသည် အသက်ကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် သိနားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့အရ ပေတရု၏ အဆင့်နှင့် တူညီသော အဆင့်တွင် မရှိပါက၊ သင်သည် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း မဟုတ်ပေ။ ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- “ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။” ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ၏ အိမ်တော်တွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ သေချာပေါက် ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးသူများ- အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများ- အလယ်တွင် ၎င်းတို့ ရှိကြလိမ့်မည် ဖြစ်ပြီး ထိုအခါ သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ယင်းမှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင်သာ လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်းရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အချို့သော အဆင့်များကို မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မယုံကြည်သူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- “ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ သူ၏ ရှေ့မှောက်တွင် ငါ သစ္စာရှိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ငါသည် အခမ်းနားဆုံးသော သရဖူနှင့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။” ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ အဆင့်အတန်း၊ ပညာတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ၎င်းတို့ အသုံးခံဖို့၊ သစ္စာရှိဖို့ နှင့် နောက်ဆုံးတွင် သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ ဘုရားသခင်၌ ယုံကြည်သူများ ဖြစ်လာကြပြီးနောက်တွင်၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်သဘောထားများထဲတွင် ပြောင်းလဲမှုတစ်ခုကို မကြုံကြရသေးပါက၊ ဤသည်မှာ ၎င်းတို့ သေချာပေါက် ရှိလိမ့်မည်ဖြစ်သည့် လမ်းကြောင်း ဖြစ်ပေသည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်ပြီး၊ ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်တို့အားလုံးသည် လတ်တလောတွင် မည်သည့် လမ်းကြောင်းပေါ်တွင် ရှိကြသနည်း။ ပေါလု၏ လမ်းကြောင်းကို လိုက်ဖို့ သင် စီစဉ်ထားပြီး မဖြစ်နိုင်သော်လည်း၊ ဤလမ်းကြောင်း သင် လျှောက်လှမ်းကာ မရည်ရွယ်ဘဲနှင့် ထိုဦးတည်ချက်ထဲ သင် သွားနေရန် သင်၏ သဘာဝက ပြဋ္ဌာန်းထားသည်။ ပေတရု၏ လမ်းကြောင်းပေါ် သင် ခြေချလိုသော်လည်း၊ ယင်းကို လုပ်ဆောင်ရမည့်ပုံနှင့်ပတ်သက်၍ သင် မရှင်းလင်းလျှင်၊ ပေါလု၏ လမ်းကြောင်းပေါ် သင် အမှတ်တမဲ့ လျှောက်လှမ်းမိပေလိမ့်မည်။ ဤသည်မှာ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားဖြစ်သည်။
ဤနေ့ရက်များတွင် ပေတရု၏ လမ်းကြောင်းကို မည်သို့ တိကျစွာ လျှောက်လှမ်းသင့်သနည်း။ သင်သည် ပေတရုနှင့် ပေါလုတို့၏ လမ်းကြောင်းများကြား မခွဲခြားနိုင်ပါက၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ သင် လုံးဝ ရင်းနှီးကျွမ်းဝင်ခြင်း မရှိပါက၊ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းနေသည်ဟု သင် မည်မျှ အခိုင်အမာ ပြောဆိုသည်ဖြစ်စေ၊ ယင်းတို့မှာ အနှစ်မဲ့သော စကားများသာ ဖြစ်သည်။ သင်သည် ပထမဦးစွာ ပေတရု၏ လမ်းကြောင်းက မည်သည့်အရာဖြစ်ပြီး ပေါလု၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည် ဆိုသည်နှင့်ပတ်သက်သည့် ရှင်းလင်းသော ထင်မြင်ယူဆချက်တစ်ခု ရှိဖို့လိုအပ်သည်။ ပေတရု၏ လမ်းကြောင်းက အသက်၏ လမ်းကြောင်းနှင့် စုံလင်ခြင်းဆီသို့သွားသည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်ကို သင် အမှန်တကယ် နားလည်ပါက၊ ထိုအခါမှသာ သင်သည် သမ္မာတရားများနှင့် ၎င်း၏ လမ်းကြောင်းကို လျှောက်ခြင်းနှင့်ဆိုင်သည့် တိကျသော နည်းလမ်းများကို သိရှိနိုင်စွမ်းနှင့် သဘောပေါက်နိုင်စွမ်း ရှိလိမ့်မည်။ ပေတရု၏ လမ်းကြောင်းကို သင် နားမလည်ပါက၊ သင့်အတွက် အခြား လမ်းကြောင်း ရှိမည်မဟုတ်သည့်အတွက်၊ သင် လျှောက်သည့် လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်း အသေအချာ ဖြစ်လိမ့်မည်။ သင်၌ ရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်။ သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့ စိတ်ဆုံးဖြတ်ချက်မရှိသည့် လူများသည် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းရန် အခက်တွေ့ကြလိမ့်မည်။ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ လမ်းကြောင်းကို ဘုရားသခင်က ယခု သင်တို့ထံ ထုတ်ဖော်ပြပြီးဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းဖြစ်ပြီး ပေတရု၏ လမ်းကြောင်းပေါ် သင်တို့ကို လမ်းပြသည်မှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းပေးခြင်းမရှိဘဲ၊ ပေတရု၏ လမ်းကြောင်းကို မည်သူမျှ လျှောက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ပျက်စီးခြင်းဆီသို့ ပေါလု၏ ခြေလှမ်းများကို လိုက်လျှောက်ရင်း ပေါလု၏လမ်းကြောင်းအတိုင်း လိုက်လိမ့်မည်။ ထိုစဉ်အချိန်တုန်းက၊ ထိုလမ်းကို လျှောက်လှမ်းသွားဖို့က မှားယွင်းသည်ဟု ပေါလု မခံစားခဲ့ပေ။ ယင်းက မှန်ကန်သည်ဟု သူ အပြည့်အဝ ယုံကြည်ခဲ့သည်။ သူသည် သမ္မာတရားကို မပိုင်ဆိုင်ခဲ့သကဲ့သို့ အထူးသဖြင့် စိတ်သဘောထားထဲတွင် အပြောင်းအလဲတစ်ခုကို မကြုံခဲ့ရပေ။ သူသည် မိမိကိုယ်ကိုယ် လွန်စွာ ယုံကြည်မိခဲ့ပြီး၊ ထိုလမ်းခရီးကို သွားခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှ ပြဿနာမရှိဟု ခံစားခဲ့သည်။ သူသည် ယုံကြည်စိတ်ချမှု အပြည့်အဝနှင့် အဆုံးစွန်သော မိမိကိုယ်ကိုယ် မိမိယုံကြည်မှုဖြင့် ရှေ့ဆက်သွားခဲ့သည်။ အဆုံးအရောက်တွင်၊ သူသည် လုံးဝ အသိတရား ဝင်မလာခဲ့ပေ။ မိမိအဖို့ အသက်ရှင်ရန်မှာ ခရစ်တော်ဖြစ်သည်ဟု သူ တွေးဆဲ ဖြစ်ခဲ့သည်။ ထိုသို့ဖြစ်သဖြင့်၊ ပေါလုသည် တကယ့်အဆုံးထိ ထိုလမ်းကြောင်းအတိုင်း ဆက်သွားခဲ့ပြီး နောက်ဆုံးတွင် သူ အပြစ်ပေးခံရချိန်တွင်၊ သူ့အတွက် အားလုံး ပြီးသွားခဲ့ပြီဖြစ်သည်။ ပေါလု၏ လမ်းကြောင်းတွင် စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေခြင်း မဆိုထားနှင့်၊ မိမိကိုယ်ကိုယ် သိရှိလာခြင်းပင် မပါဝင်ပေ။ မိမိ၏ ကိုယ်ပိုင်သဘာဝဗီဇကို သူ ဘယ်သောအခါမျှ မစိစစ်ခဲ့သကဲ့သို့၊ သူ မည်သည့်အရာဖြစ်သည်နှင့်ဆိုင်သော မည်သည့် အသိပညာမျှ မရရှိခဲ့ပေ။ ယေရှု၏ နှိပ်စက်ညှဉ်းပန်းခံရခြင်းတွင် သူက အဓိကလက်သည် ဖြစ်ခဲ့သည်ကိုသာ သူ သိခဲ့သည်။ မိမိ၏ ကိုယ်ပိုင် သဘာဝဗီဇကို စိုးစဉ်းမျှ သူ သိနားလည်ခြင်း မရှိခဲ့ပေ၊ ပြီးလျှင် သူ၏ အလုပ်ပြီးစီးသည့်နောက်တွင်၊ ပေါလုသည် သူက ခရစ်တော်ဖြစ်ပြီး ဆုလာဘ်ချီးမြှင့်ခံရသင့်သည်ဟု အမှန်တကယ် ခံစားခဲ့သည်။ ရှင်ပေါလု လုပ်ဆောင်ခဲ့သည့်အလုပ်မှာ ဘုရားသခင်ကို ပေးသည့် အစေခံမှုတစ်ခုမျှသာ ဖြစ်သည်။ ပေါလု ကိုယ်တိုင်အတွက်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဗျာဒိတ်အချို့ ရရှိခဲ့သော်လည်း၊ သူ၌ သမ္မာတရား သို့မဟုတ် အသက် လုံးဝ မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်း မခံခဲ့ရပေ။ ဘုရားသခင် ပြစ်ဒဏ်ပေးသည်ကို သူခံခဲ့ရသည်။ ပေတရု၏ လမ်းကြောင်းမှာ စုံလင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော်၊ ပေတရု၏ လက်တွေ့လုပ်ဆောင်မှုတွင်၊ သူသည် အသက်တာအပေါ်၊ ဘုရားသခင်ကို သိရှိရန် ကြိုးစားခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့အပေါ် သူ အထူး အလေးထားမှု ထားရှိခဲ့သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သူ၏ အတွေ့အကြုံမှတစ်ဆင့်၊ မိမိကိုယ်ကိုယ်မိမိ သိရှိလာခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်၊ သူ၏ ကိုယ်ပိုင် အားနည်းချက်များကို သဘောပေါက်ခဲ့ပြီး လူတို့ လိုက်စားသင့်သည့် တန်ဖိုးအရှိဆုံးအရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဘုရားသခင်ကို သူ ရိုးသားစစ်မှန်စွာ ချစ်နိုင်ခဲ့သည်၊ ဘုရားသခင်ကို မည်သို့ကျေးဇူးဆပ်ရမည်ကို သူ သင်ယူခဲ့သည်၊ သမ္မာတရားအချို့ကို သူ ရရှိခဲ့ပြီး ဘုရားသခင် တောင်းဆိုသည့် စစ်မှန်မှုကို ပိုင်ဆိုင်ခဲ့သည်။ သူ၏ စမ်းသပ်မှုများအတွင်း ပေတရု ပြောခဲ့သည့်အရာများအားလုံးမှ၊ သူသည် အမှန်ပင် ဘုရားသခင်ကို နားအလည်ဆုံးသော သူတစ်ဦးဖြစ်ခဲ့သည်ကို မြင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရား များစွာကို သူ နားလည်လာသောကြောင့်၊ သူ၏ လမ်းကြောင်းက တိုး၍ တောက်ပသထက် တောက်ပလာခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပိုမိုကိုက်ညီလာခဲ့သည်။ ပေတရုသည် ဤသမ္မာတရားကို မပိုင်ဆိုင်ခဲ့ပါက၊ သူ လျှောက်ခဲ့သည့် လမ်းကြောင်းက အလွန်မှန်ကန်ပြီးဖြစ်နိုင်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ