Christian Dance (ကျွန်ုပ်နှလုံးသားရဲ့ဆန္ဒသည် ဘုရားကို ချစ်ရန်ဖြစ်၏)

01.12.2024

အပြောကျယ်လှသော လူ့လောကတွင် လေလွင့်ရင်း

သမ္မာတရားက မည်သည့်အရာဖြစ်ကြောင်း ကျွန်ုပ် ဘယ်သောအခါမျှ မသိခဲ့။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်မှသာ

ဘဝ၏ နက်နဲမှုများကို ကျွန်ုပ်တွေ့ရှိခဲ့။

ဘုရားနှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်၍ ကျွန်ုပ်တို့၏အသက်များ လိုအပ်သောအရာဖြစ်။

ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ကျွေးမွေးပြုစုမှုကို ကျွန်ုပ်နှစ်သက်ပျော်မွေ့သောအခါ

သမ္မာတရားကို ကျွန်ုပ်နားလည်၍ ကျွန်ုပ်နှလုံးသား တောက်ပလာသည်ဟု ခံစားရ။

ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်၍ တွေ့ကြုံခံစားရသောအခါ

ကျွန်ုပ်၏ဘဝ တဖြည်းဖြည်း ကြီးထွား၊

ကျွန်ုပ်၏နှလုံးသားသည် သမ္မာတရားကို ပို၍မြတ်နိုး၊

ဘုရားနှုတ်ကပတ်တော်များသည် အသက်တာအတွက် နီတိများဖြစ်။

ခရစ်တော်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်၊

ဘုရားသခင်ကို ကျွန်ုပ်ချီးမွမ်း၍ ကျေးဇူးတင်။

ကျွန်ုပ်နှလုံးသား၏လိုအင်ဆန္ဒသည် ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားရန်ဖြစ်၊

ကျွန်ုပ်သည် သူ့ကို ထာဝရ ချစ်လို။

ဘုရားနှုတ်ကပတ်တော်များသည် လူ၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှု၏

စစ်မှန်သော အချက်အလက်များနှင့် ရင်းမြစ်ကို ဖော်ထုတ်ပြီးဖြစ်-

လူတို့သည် မာနထောင်လွှားသည်၊ စိတ်ကြီးဝင်သည်၊ တစ်ကိုယ်ကောင်းဆန်သည်၊ လှည့်ဖြားတတ်သည်၊

အသိတရားနှင့် အသိစိတ် အလုံးစုံ ကင်းမဲ့သည်။

ကျွန်ုပ်သည် ဘုရားသခင်ကို ချစ်၍ ကျိုးနွံနာခံရန် ကြိုးစားလိုသော်လည်း

ဘုရားသခင်အပေါ် အမြဲပုန်ကန်၍ ခုခံ၊

သူ့အဘို့ ကျွန်ုပ်အသုံးခံသည့် အရာများစွာသည် ညစ်ညမ်း၍

ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများအတွက် အလဲအလှယ်အနေဖြင့်သာ

၎င်းတို့အားလုံးကို ကျွန်ုပ်လုပ်ဆောင်။

ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီး၍ အကျည်းတန်သော မျက်နှာထား၏ မြင်ကွင်းသည်

ကျွန်ုပ်နှလုံးသားကို နောင်တတရားနှင့် မိမိကိုယ်မိမိ မုန်းတီးမှုဖြင့် ပြည့်နှက်စေ။

ကျွန်ုပ်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် သန့်စင်ခြင်းကို လက်ခံရရှိလိုကာ

ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားလို၍ သူ့အတွက် ကျွန်ုပ်အချစ်တွင် စစ်မှန်လို။

ကျွန်ုပ်တို့ချစ်ခင်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ၏ ထာဝရအချစ်နှင့် ထိုက်တန်။

ကျွန်ုပ်နှလုံးသား၏လိုအင်ဆန္ဒသည် ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားရန်ဖြစ်၊

ကျွန်ုပ်သည် သူ့ကို ထာဝရ ချစ်လို။

ဘုရားသခင်က ဖော်ပြသော သမ္မာတရားအားလုံးသည်

ကျွန်ုပ်ကို လူ့ဘဝ၏ အလင်းရောင်အား ပြသပေးပြီးဖြစ်။

စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း၏ ဆင်းရဲဒုက္ခတစ်လျှောက်

ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့၍ ကျိုးနွံနာခံလာပြီဖြစ်။

သူ့နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို သန့်စင်ပေး၍ စာတန်၏ အမှောင်စွမ်းအားမှ ကယ်တင်ပေး၊

ကျွန်ုပ်၏ အသက်စိတ်သဘောထား ပြောင်းလဲခံရပြီး

နောက်ဆုံးတွင် ကျွန်ုပ်သည် သူနှင့် သဟဇာတဖြစ်လာနိုင်ပြီဖြစ်။

ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းဖြင့်သာ

သမ္မာတရားသည် အသက်ဖြစ်ကြောင်းနှင့် အလွန်အဖိုးတန်ကြောင်း ကျွန်ုပ်သဘောပေါက်ခဲ့၊

ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ

စစ်မှန်သော လူသားပုံသဏ္ဌာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်လာ။

ခရစ်တော်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ကာ

သူ့နှလုံးသားကို ကျေနပ်စေရန် ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်မည်ဖြစ်။

ကျွန်ုပ်နှလုံးသား၏လိုအင်ဆန္ဒသည် ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားရန်ဖြစ်၊

ကျွန်ုပ်သည် သူ့ကို ထာဝရ ချစ်လို။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။