Myanmar Full Movie - ကျွန်တော့်သခင် ဘယ်သူလဲ | Clarifying the Connection Between the Bible and God
04.03.2020
လောင်ကျင်းကျုံဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုရဲ့ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ သူဟာ အနှစ်သုံးဆယ်ကျော်လောက် ယုံကြည်သူတစ်ဦးဖြစ်ခဲ့ပြီး "သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်တယ်"၊ "သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုတယ်၊ ဘုရားသခင်ကို ယုံကြည်တာဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဟာ ဘုရားသခင်ကို ယုံကြည်ခြင်းပဲ" ဆိုတာကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ၊ သမ္မာကျမ်းစာဟာ ပဓာနပါပဲ။ သမ္မာကျမ်းစာအပေါ် သူ့ရဲ့ချစ်မြတ်နိုးမှုနဲ့ မျက်စိမှိတ်ယုံကြည်မှုတို့ကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ မလေ့လာခဲ့ဘူး။ တစ်ရက်မှာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အွန်လိုင်းပေါ်ကနေ ဖတ်နေတဲ့ ယုံကြည်သူတွေကို တားဆီးပိတ်ပင်ခဲ့ရာကနေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က တရားဟောဆရာတွေနဲ့ ကြုံဆုံဖို့ အခွင့်အရေးရခဲ့ပါတယ်။ သမ္မာတရားနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ပြီးနောက်၊ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့ ကြားထဲက ဆက်နွယ်မှုကို သူရှင်းရှင်းလင်းလင်း မြင်လာနိုင်မှာလား။ သမ္မာကျမ်းစာကနေ ဖယ်ခွာပြီး ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်တယ်ဆိုတာကို သူနားလည်နိုင်ခဲ့လား။ ဘုရားသခင့်ရှေ့ကို သူချီဆောင်သွားခြင်းခံရမှာလား။
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ