လူတို့ သူ့ထံ ပြန်လှည့်လာကြရန် ဘုရားအမြဲစောင့်နေ၏ကျူး
၁ ကြိမ်ဖန်များစွာပင် ငါသည် ငါ၏ဝိညာဥ်တော်နှင့် လူအား ခေါ်ဆိုခဲ့သော်လည်း၊ လူကမူ ငါ့အားဖြင့် ထုပ်ချင်းခပ် ထိုးခံထားရသည့်အလား ပြုမူ၍၊ သူ့အား ငါသည် အခြားသော လောကသို့ ခေါ်ဆောင်သွား လိမ့်မည်ကို ကြီးစွာကြောက်ရွံ့၍ အဝေးကပင် ငါ့အား စောင့်ကြည့်လေသည်။ ကြိမ်ဖန် များစွာပင် ငါသည် လူ၏ ဝိညာဥ်ထဲတွင် မေးမြန်းခဲ့သော်ငြားလည်း၊ သူသည် လုံးလုံးပင် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေပြီး၊ ငါသည် သူ၏ အိမ်အထဲသို့ ဝင်ရောက်၍ သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သူ့ထံမှ ချွတ်ပယ်ရန် အခွင့်အရေးအား မလွတ်တမ်းရယူ လိမ့်မည်ကို အကြီးအကျယ် ကြောက်ရွံ့လျက်ရှိသည်။ ထို့ကြောင့်ပင် သူသည် ငါ့အား အပြင်တွင် ပိတ်ထားပြီး၊ အေးစက်ကာ တင်းစေ့စွာ ပိတ်ထားသော တံခါးကိုသာ ငါ့အား ရင်ဆိုင်စေခဲ့သည်။ ကြိမ်ဖန်များစွာပင် လူကျရှုံးသည့်အချိန်၌ ငါသည် သူ့အား ကယ်တင်ပေးခဲ့သည်၊ သို့သော် ငြားလည်း နိုးထလာပြီးနောက် သူသည် ရုတ်ခြည်းပင် ငါ့အား စွန့်ခွာသွားကာ၊ ငါ၏ ချစ်ခြင်းမေတ္တာအားဖြင့် ခံစားရခြင်းလည်း မရှိပဲ၊ ငါ့အား သတိထားသော အကြည့်နှင့် ကြည့်လေသည်။ ငါသည် လူ၏နှလုံးသားကို မည်သည့်အခါမျှ မနွေးထွေးစေခဲ့စဖူး။
၂ လူသည် ခံစားချက်ကင်းမဲ့သော သွေးအေးသတ္တဝါပင် ဖြစ်သည်။ သူသည် ငါ၏ ထွေးပွေ့မှုအားဖြင့် နွေးထွေးသော်ငြားပင်လျှင်၊ သူသည် ယင်းအရာကြောင့် မည်သည့်အခါမျှ အကြီးအကျယ် စိတ်မလှုပ်ရှားခဲ့စဖူး။ လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ပင် ဖြစ်သည်။ လူသားမျိုးနွယ် အပေါ် ငါ၏ အမြတ်တနိုးထားမှု အားလုံးကို သူသည် မည်သည့်အခါကမျှ တန်ဖိုးမထားခဲ့စဖူး။ သူသည် ငါ့ထံ ချဥ်းကပ်ရန် ဆန္ဒမရှိ၊ သားရဲအရိုင်းအစိုင်းများ၏ ခြိမ်းခြောက်မှုကို သူကြံ့ကြံ့ခံနေရသည့် တောင်များအပေါ် ၌သာ ကျိန်းဝပ်ရန် သာ၍ ဆန္ဒရှိသည်၊ သို့သော်လည်း သူသည် ငါ့အထဲ၌ ခိုလှုံရန် ဆန္ဒမရှိသေးပေ။ မည်သည့် လူကိုမျှ ငါသည် အတင်းအကျပ်မလုပ်ပါ။ ငါ၏ အလုပ်ကို ငါလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ခွန်အား ကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့အနားသို့ ကူးခတ်လာမည့် နေ့ရက်သည် ရောက်လာလိမ့်မည်၊ ထိုသို့အားဖြင့် သူသည် ကမ္ဘာပေါ်မှ ချမ်းသာကြွယ်ဝမှု အလုံးစုံကို ပျော်မွေ့ခံစားနိုင်ပြီး ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။