လူသားမျိုးနွယ်အတွက် ဘုရားပြင်ဆင်ထားသောအရာမှာ စိတ်ကူး၍မရနိုင်ပေကျူး
၁ သင်တို့အတွက် ငါပြင်ဆင်ထားသောအရာဖြစ်သည့် ကမ္ဘာတစ်ဝှမ်းလုံးမှ ရှားပါးပြီး အဖိုးတန်သော ရတနာများအားလုံးကို သင်တို့အား ပေးအပ်မည်။ သင်တို့သည် ဤအရာအားလုံးကို လက်ရှိတွင် စိတ်ကူးကြံစည်ခြင်း၊ တွေးကြည့်ခြင်းငှာ တတ်နိုင်ကြမည်မဟုတ်သကဲ့သို့ ဤအရာကို မည်သည့်လူသားကမျှ ယခင်က မွေ့လျော်ခံစားဖူးခဲ့ခြင်းမရှိပေ။ ဤကောင်းချီးမင်္ဂလာများ သင်တို့အပေါ် ကျရောက်လာသောအခါ သင်တို့သည် အဆုံးမရှိ ပီတိဖြစ်လိမ့်မည်၊ သို့သော်လည်း ဤအရာအားလုံးသည် ငါ၏တန်ခိုး၊ ငါ၏လုပ်ဆောင်မှုများ၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ထို့ထက်သာ၍ပင် ငါ၏ဘုန်းအာနုဘော် ဖြစ်သည်ကို မေ့လျော့ခြင်းမရှိနှင့်။ (ကျေးဇူးပြုရန် ငါရွေးချယ်သော သူတို့အပေါ်တွင် ငါကျေးဇူးပြုမည်ဖြစ်ပြီး ကရုဏာစိတ်ထားရန် ငါရွေးချယ်သောသူတို့အပေါ်တွင် ငါကရုဏာစိတ်ထားမည်။) ထိုအချိန်တွင် သင်တို့၌ မိဘများရှိကြလိမ့်မည်မဟုတ်၊ သွေးသားရင်းချာများလည်း ရှိကြလိမ့်မည်မဟုတ်။ သင်တို့အားလုံးသည် ငါချစ်သောလူတို့ဖြစ်ကြကာ ငါ၏ချစ်သားများ ဖြစ်ကြသည်။ ထိုအချိန်မှစ၍ မည်သူကမျှ သင်တို့ကို ဖိနှိပ်ဝံ့မည်မဟုတ်။ ထိုအချိန်သည် သင်တို့အတွက် လူကြီးများအဖြစ် ကြီးပြင်းရန်အချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး သင်တို့သည် တိုင်းနိုင်ငံများကို သံလှံတံနှင့် အုပ်စိုးရန်အချိန် ဖြစ်လိမ့်မည်။
၂ ငါ၏ချစ်သားတို့ကို အဘယ်သူသည် နှောင့်ယှက်ဝံ့သနည်း။ ငါ၏ချစ်သားတို့ကို အဘယ်သူသည် တိုက်ခိုက်ဝံ့သနည်း။ ဖခင်သည် ဘုန်းထင်ရှားခြင်းရှိပြီးဖြစ်သောကြောင့် သူတို့အားလုံးသည် ငါ၏ချစ်သားတို့ကို ရိုသေလေးမြတ်ကြလိမ့်မည်။ အဘယ်သူတစ်ဦးတစ်ယောက်ကမျှ စိတ်ကူးနိုင်မည်မဟုတ်သော အရာများအားလုံးသည် သင်တို့၏မျက်စိများရှေ့တွင် ပေါ်လာလိမ့်မည်။ ၎င်းတို့သည် အကန့်အသတ်မဲ့၊ မကုန်ခန်းနိုင်ဘဲ အဆုံးအစမဲ့လိမ့်မည်။ များမကြာမီတွင် သင်တို့သည် နေဒဏ်ကြောင့် ညှိုးရော်ခြင်းနှင့် အပူချိန်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို သည်းခံရန် မလိုအပ်တော့မည်မှာ အသေအချာပင်ဖြစ်သည်။ သင်တို့သည် အအေးဒဏ်ကိုသော်လည်းကောင်း၊ မိုးဒဏ်ကိုသော်လည်းကောင်း ခံစားရလိမ့်မည်မဟုတ်၊ ဆီးနှင်း၊ သို့မဟုတ် လေတိုက်ခတ်ခြင်းသည် သင်တို့ထံသို့ ရောက်လာမည်မဟုတ်။ ဤအရာမှာ သင်တို့ကို ငါချစ်သောကြောင့်ဖြစ်ပြီး ၎င်းသည် ငါ့ချစ်ခြင်းမေတ္တာဖြင့်ပြီးသော လောကလုံးလုံးဖြစ်လိမ့်မည်။ သင်တို့အလိုရှိသော အရာအားလုံးကို ငါပေးမည်၊ ထို့ပြင် သင်တို့လိုအပ်သော အရာအားလုံးကို ငါပြင်ဆင်ပေးမည်။ ငါသည် မဖြောင့်မတ်ဟု အဘယ်သူသည် ပြောဝံ့သနည်း။ ငါ၏အမျက်ဒေါသသည် (ဆိုးယုတ်သော သူတို့အပေါ်) ထာဝရတည်မြဲလိမ့်မည် ဖြစ်သည်ဟု ယခင်က ငါပြောခဲ့ပြီးဖြစ်သောကြောင့် ငါသည် သင့်ကို ချက်ချင်းကွပ်မျက်မည်ဖြစ်ပြီး အနည်းငယ်မျှပင် သက်ညှာပေးမည် မဟုတ်။ သို့သော်လည်း ငါ၏ချစ်ခြင်းမေတ္တာသည်လည်း (ငါ၏ ချစ်သားတို့အတွက်) ထာဝရအစဉ်အဆက် တည်မြဲလိမ့်မည်ဖြစ်ကာ ငါသည် အနည်းငယ်မျှပင် ချုပ်တည်းထားမည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။