စစ်မှန်သောယုံကြည်ခြင်းမှာ အဘယ်နည်းကျူး
၁ ယုံကြည်ခြင်းဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မတို့ထိနိုင်သည့်အခါတွင် လည်းကောင်း၊ ဘုရားသခင်ပြုသောအမှုသည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့်အခါတွင်လည်းကောင်း လူတို့၌ ရှိသင့်သော စစ်မှန်သော ယုံကြည်ချက်နှင့် ဟန်မဆောင်သောစိတ်နှလုံးကို ဆိုလိုသည်။ ဤအရာမှာ ငါပြောသော ယုံကြည်ခြင်း ဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခရောက်စဉ်၊ အစစ်ဆေးခံရစဉ် ယုံကြည်ခြင်း လိုအပ်ပြီး၊ ယုံကြည်ခြင်းနှင့်အတူ စစ်ဆေးခြင်း ယှဉ်တွဲ၍လာသည်။ ၎င်းတို့ကို ခွဲခြား၍မရပါ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်အမျိုးအစား၌ သင်ရှိနေသည်ဖြစ်စေ၊ အကယ်၍ သင်သည် အသက်ကို မီအောင်လိုက်နိုင်ပါက၊ သင့်အတွင်း၌ ဘုရားသခင် လုပ်ဆောင်သောအမှုကို ခံယူရရှိရန်အတွက် ကြိုးပမ်းနိုင်ကာ၊ သမ္မာတရားကို မီအောင်လိုက်နိုင်ပြီးဘုရားသခင်ပြုသော အမှုအရာများကို သင် နားလည်ကာ သမ္မာတရားနှင့်အညီ သင် ကျင့်ကြံပြုမူနိုင်ပါက၊ ဤအရာမှာ သင်၏စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပြီး သင်သည် ဘုရားသခင်အပေါ် မျှော်လင့်ခြင်း မပျောက်ပြယ်သွားကြောင်း ဤအရာက ပြသပါသည်။
၂ စစ်ဆေးခြင်းအားဖြင့် သမ္မာတရားကို သင်ဆက်လက် မီအောင်လိုက်မှသာ ဘုရားသခင်ကို စစ်မှန်စွာ သင်ချစ်မြတ်နိုးနိုင်ကာ သူ့အပေါ် သံသယစိတ်များ တိုးပွားလာမည် မဟုတ်ဘဲ၊ အကယ်၍ မည်သည့်အမှုကို သူပြုသည်ဖြစ်စေ၊ သူ့ကို ကျေနပ်စေရန် သင်သည် သမ္မာတရားကို လက်တွေ့ ဆက်လက်ကျင့်ကြံကာ သင်သည် သူ၏အလိုတော်ကို အလေးအနက်ထား ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်ပါက၊ ဤအရာမှာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ယခင်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးလိမ့်မည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်မြတ်နိုးခဲ့ပြီး သူသည် မိမိကိုယ်ကိုမိမိ သင့်ထံ အတိအလင်း ထင်ရှားပြသည့်အခါ သူ့နောက်သို့ သင်လိုက်လျှောက်ခဲ့သည်။ သို့သော်လည်း ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်သည့်အခါ သင်ဒုက္ခလှလှ တွေ့လေပြီ။ ဤအချိန်တွင် ဘုရားသခင်အပေါ် သင်၏မျှော်လင့်ခြင်း ပျက်ပြယ်ပြီလား။ ထို့ကြောင့် အချိန်တိုင်းတွင် သင်သည် အသက်ကို မီအောင်လိုက်၍ ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေရန် ကြိုးထုတ်ရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သော ယုံကြည်ခြင်းဟုခေါ်ပြီး ၎င်းသည် အမှန်ကန်ဆုံးနှင့် အလွန်အလှပဆုံးသော ချစ်ခြင်းမေတ္တာအမျိုးအစား ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။