နိုင်ငံတော် လုံးလုံးလျားလျား ကြွလာသောအခါကျူး
နိုင်ငံတော်တစ်ရပ်လုံး မြေကြီးပေါ်သို့ ဆင်းသက်သည့်အခါ လူတို့အားလုံးသည် ၎င်းတို့၏ မူလပုံတူကို ပြန်ရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က “ငါ့ပလ္လင်၏ အထက်မှ စံစားရင်း၊ ကြယ်များအကြားတွင် ငါကျိန်းဝပ်သည်။ ကောင်းကင်တမန်များသည် ငါ့အား အသစ်သော သီချင်းများ၊ အသစ်သော ကကွက်များနှင့် ပူဇော်ကြသည်။ သူတို့၏ ကျိုးပဲ့လွယ်မှုသည် သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ ယိုစီးမှုကို မဖြစ်စေတော့။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရ၊ မည်သူကမျှလည်း ငါ့ထံသို့ ဆင်းရဲခက်ခဲမှုအား ညည်းတွားခြင်းမရှိ” ဟု ပြောခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ဘုန်းတော်အပြည့်အဝ ဝင်စားသောနေ့ရက်သည် လူသားမှ သူ၏ချမ်းသာကို မွေ့လျော်ရာနေ့ဖြစ်သည်ကို ပြ၏၊ လူတို့သည် စာတန်၏နှောင့်ယှက်မှုကြောင့် ဟိုဟိုသည်သည် ပြေးလွှားနေခြင်း မပြုတော့ဘဲ လောကသည် ရှေ့သို့ တိုးတက်နေခြင်းကို ရပ်တန့်ကာ လူတို့သည် ချမ်းသာခြင်း၌ နေကြ၏၊ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်ရှိ မြောက်မြားစွာသော ကြယ်တို့သည် အသစ်ပြုပြင်ခြင်းခံရ၍၊ နေ၊ လ၊ ကြယ်များ အစရှိသည်တို့နှင့် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ တောင်များနှင့် မြစ်များအားလုံး ပြောင်းလဲကြ၍ ဖြစ်သည်။ ထို့အပြင် လူသားသည် ပြောင်းလဲခဲ့ပြီးဖြစ်၍၊ ဘုရားသခင်သည်လည်း ပြောင်းလဲသဖြင့် အရာခပ်သိမ်းတို့သည်လည်း ပြောင်းလဲလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်၍ အဆုံး၌ ရရှိမည့်အရာဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။