၂၂ မြေကြီးပေါ်တွင် နိုင်ငံတော် အမှန်တကယ် ဖြစ်လာချိန်
သိနိမ်ပြည်သည် မြေကြီးပေါ်၌ အကောင်အထည် ပေါ်လာသည့်အခါတွင်- နိုင်ငံတော် အကောင်အထည် ပေါ်လာသည့်အခါတွင်- ကမ္ဘာမြေပေါ်တွင် စစ်မက်ရှိတော့မည် မဟုတ်။ ငတ်မွတ်ခြင်း၊ ကပ်ဆိုးများနှင့် မြေငလျင်များ နောက်ထပ် မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ပေ။ လူတို့သည် လက်နက်များထုတ်လုပ်မှုကို ရပ်စဲကြလိမ့်မည် ဖြစ်သည်။ အားလုံးသည် ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်ခြင်းတွင် အသက်ရှင်ကြလိမ့်မည်။ ပြီးလျှင် လူတို့ကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည် ဖြစ်ပြီး၊ နိုင်ငံများကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိကြလိမ့်မည်။ သို့ရာတွင် ပစ္စုပ္ပန်သည် ဤအရာနှင့် နှိုင်းယှဉ်၍မရပေ။ ကောင်းကင်အောက် အရာခပ်သိမ်းသည် ပရမ်းပတာ ဖြစ်နေပြီး၊ နိုင်ငံအသီးသီးတွင် အာဏာသိမ်းမှုများ တဖြည်းဖြည်း စတင် ပေါ်ပေါက်နေကြ၏။ ဘုရားသခင်၏ မိန့်မြွက်ချက်များ နောက်ပိုင်းတွင်၊ လူတို့သည် တဖြည်းဖြည်း ပြောင်းလဲနေပြီး၊ နိုင်ငံတိုင်းသည် အတွင်းတွင် တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ခွဲခြင်းခံနေရ၏။ ဗာဗုလုန်၏ ခိုင်မြဲသော အုတ်မြစ်များသည် သဲပေါ်က ရဲတိုက်တစ်ခုကဲ့သို့ စတင်လှုပ်ခတ်ကာ ဘုရားသခင်၏ အလို ပြောင်းလဲသည်နှင့်အမျှ လောကတွင် သတိမထားမိသည့် မြောက်မြားစွာသော အပြောင်းအလဲများ ဖြစ်ပွားပြီး၊ နိမိတ်လက္ခဏာမျိုးစုံတို့သည် ကမ္ဘာလောက၏ နောက်ဆုံးသော နေ့ရက် ရောက်ရှိပြီဖြစ်သည်ကို ပြသလျက် အချိန်မရွေး ထွက်ပေါ်လေသည်။ ဤသည်မှာ ဘုရားသခင်၏အစီအစဉ်ဖြစ်၏၊ ဤသည်တို့သည် သူအမှုပြုသည့် အဆင့်များဖြစ်ပြီး၊ နိုင်ငံအသီးသီးသည် အစိတ်စိတ်အပိုင်းပိုင်း ခွဲခံရမည်မှာ သေချာ၏၊ အိုဟောင်းသော သောဒုံမြို့သည် ဒုတိယအကြိမ် အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်က၊ “ကမ္ဘာလောကသည် ပြိုလဲနေပေပြီ။ ဗာဗုလုန်သည် တုံ့ဆိုင်းခြင်းတွင် ရှိ၏။”
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂ နှင့် ၂၃” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်