၄၁၀ သင်၌ မရေရာသော ယုံကြည်ခြင်း ရှိသေး၏ကျူး

၁ လူအများအပြားသည် ယနေ့ထက်ထိတိုင် ငါ့နောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ထို့ကြောင့် ယခင်နှစ်များတစ်လျှောက်၌ သင်တို့သည် အလွန်ပင်ပန်းနွမ်းလျမှုကိုလည်း ခံစားခဲ့ကြရ၏။ ငါသည် သင်တို့ အယောက်စီတိုင်း၏ ပင်ကိုစရိုက်နှင့် အလေ့အထများကို စေ့စေ့စပ်စပ် နားလည်ပြီးဖြစ်သည်၊ သင်တို့တစ်ယောက်စီတိုင်းနှင့် ဆက်ဆံရသည်မှာ အလွန့်အလွန်ပင် ခဲယဉ်းလှသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ငါသည် သင်တို့အကြောင်း များစွာသိထားသော်လည်း သင်တို့သည် ငါ့အကြောင်းကို နည်းနည်းလေးမျှပင် နားမလည်ကြခြင်းဖြစ်သည်။ သင်တို့သည် ငါ၏စိတ်ထဲ၌ ရှိသည့်အရာကို နားလည်ရန်ဝေးစွ၊ ငါ၏စိတ်သဘောထားကိုပင် လုံးဝနားမလည်ကြချေ။ ယခုခေတ်တွင် သင်တို့၌ရှိသည့် ငါနှင့်ပတ်သက်သော လွဲမှားသည့် အမြင်များသည် တစ်မုဟုတ်ချင်း ကြီးထွားလာနေပြီး ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း ဇဝေဇဝါဖြစ်နေသော ယုံကြည်ခြင်းဖြစ်နေသေးသည်။

၂ သင်တို့သည် ငါ့ကိုယုံကြည်ကြသည်ဟု ပြောသည်ထက် သင်တို့သည် ငါ့ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေကြပြီး ငါ့ကို ကြိုးစားဖားနေကြသည်ဟု ပြောခြင်းက ပို၍သင့်တော်လိမ့်မည်။ ငါ့အား ဆုချနိုင်သူ မည်သူမဆို၏နောက်သို့ ငါလိုက်မည်ဖြစ်ပြီး၊ ဘုရားသခင်ဖြစ်စေ၊ မည်သည့်ဘုရားတစ်ပါးပါးဖြစ်စေ ငါ့အား ကြီးစွာသော ဘေးအန္တရာယ်ဆိုးများမှ လွတ်မြောက်စေနိုင်သူကို ငါယုံကြည်မည်ဟူသော သင်တို့၏ ရည်ရွယ်ချက်များသည် အလွန်ပင် ရိုးရှင်းလှသည်။ ယင်းတို့တွင် ငါအမှုထားစရာကိစ္စ တစ်ခုမျှမရှိပေ။ သင်တို့အထဲတွင် ထိုသို့သောသူများစွာရှိကာ ဤအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ကောင်း၏။ အကယ်၍ တစ်နေ့တွင် သင်တို့အထဲမှ မည်ရွေ့မည်မျှတို့သည် ခရစ်တော်၏အနှစ်သာရကို ထိုးထွင်းမြင် သောကြောင့် ခရစ်တော်ကို ယုံကြည်ကြသည်ကို သိရန် စမ်းသပ်မှု တစ်ရပ်ပြုမည်ဆိုပါက သင်တို့အထဲမှ တစ်ယောက်တလေကမျှ ငါ့အတွက် စိတ်ကျေနပ်ဖွယ်မဖြစ်မည်ကို ငါစိုးရိမ်သည်။

၃ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် စိတ်ကူးစိတ်သန်းများနှင့် ပြည့်နေပြီး သင်တို့ယုံကြည်သော ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်နှင့် လုံးဝ ကွာခြားသည်။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့ ယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်းဟူသည့် မေးခွန်းကို သင်တို့အယောက်စီတိုင်း သုံးသပ်ဆင်ခြင်ကြည့်ပါက အကျိုးယုတ်မည် မဟုတ်ပေ။ သင်တို့၏ ဘုရားသခင်ဟုဆိုသောအရာကို သင်တို့ ယုံကြည်လေလေ၊ သင်တို့သည် ငါနှင့်ဝေးရာသို့ လမ်းလွဲလေလေဖြစ်သည်။ သို့ဖြစ်လျှင် ဤပြဿနာ၏ အဓိကအချက်မှာ အဘယ်နည်း။ ဤမေးခွန်းမျိုးကို သင်တို့အနေဖြင့် မသုံးသပ်မဆင်ခြင်ဖူးသည်မှာ သေချာသည်၊ သို့သော် ဤမေးခွန်း၏ လေးနက်မှုကို သင်တို့ စဉ်းစားမိဖူးသလော။ ဤပုံစံမျိုးနှင့် ဆက်လက်ယုံကြည်နေခြင်း၏ အကျိုးဆက်များကို သင်တို့စဉ်းစားဖူးသလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၀၉ လူတို့သည် ဘုရားအပေါ် စစ်မှန်စွာ မယုံကြည်ကြကျူး

နောက်တစ်ခုသို့- ၄၁၁ ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။