အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ
အပိုဒ် ၁
ကယ်တင်ရှင်သည် မိုးတိမ်ဖြူကိုစီးကာ
အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်အဖြစ် ပြန်ကြွလာပြီ။
လူသားကို တရားစီရင်ရန်နှင့် သန့်စင်ပေးရန် သမ္မာတရားကို သူဖော်ပြကာ၊
နိုင်ငံတော်ခေတ်ကို ကြိုဆိုဖွင့်လှစ်သည်။
တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ကာ၊
ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို ထုတ်ဖော်သည်။
အမျက်ဒေါသနှင့် ဘုန်းတန်ခိုးတို့နှင့် ပြည့်စုံလျက်၊
အရှေ့အရပ်မှ သူပေါ်ထွန်းသည်။
ထပ်ဆိုရန်
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ။
အပိုဒ် ၂
ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီး၏ မျိုးဆက်များပင်၊
ကံအားလျော်စွာ ဘုရားသခင်ရှေ့မှောက် ချီးမြှောက်ခံရသည်။
နောက်ဆုံးသောကာလမှာ ကယ်တင်ခြင်းရရှိခြင်းသည်
အမှန်ပင် သူ၏ ချီးမြှောက်ခြင်းနှင့် ကရုဏာပင်။
ကျွန်ုပ်တို့ထက် အဘယ်သူ ပိုကံကောင်းသနည်း။ ကျေးဇူးတော်ပိုခံစားရသနည်း။
နွားချေးပုံမှ ဘုရားသခင် ကျွန်ုပ်တို့ကို ကယ်မထားပြီးလျှင်၊
စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ကို သူကယ်တင်။
ထပ်ဆိုရန်
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ။
အပိုဒ် ၃
ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း လွန်စွာ ကြုံခဲကာ၊
အမှုပြုရန်နှင့် ဦးဆောင်လမ်းပြရန် ကိုယ်တော်တိုင် သူလာ။
ဘုရားသခင်၏ နှုတ်ကပတ်တော် ရှင်သန်ရာနေ့တိုင်း ကျွန်ုပ်တို့မွေ့လျော်။
သမ္မာတရားကို နားလည်ခြင်းမှာ၊ ကျွန်ုပ်တို့ နှလုံးသားများ ငြိမ်းချမ်းသက်သာ။
ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် တရားစီရင်ခြင်းကို လက်ခံရင်း၊
ဖောက်ပြန်ပျက်စီးခြင်း သန့်စင်သွားကာ၊ လူသားပုံသဏ္ဍာန် ကျွန်ုပ်တို့ရှိလာ။
ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ့ကို သက်သေခံခြင်းသာ
ကျွန်ုပ်တို့၏ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ။
ထပ်ဆိုရန်
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ။
အပိုဒ် ၄
ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ တန်ခိုးနှင့် အခွင့်အာဏာတို့ ရှိကာ၊
၎င်းတို့သည် သိမ်းပိုက်ပြီး အောင်မြင်သောသူများကို ဖန်တီး။
သမ္မာတရားက ကမ္ဘာမြေကို လွှမ်းမိုးကာ၊
ဘုရားသခင်၏ကာလ အမှန်ပင် ရောက်ရှိလာ။
ကြီးမားသော ဘေးဒုက္ခများ ကမ္ဘာဟောင်းကို ဖျက်စီးပြီး၊
ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ထုတ်ဖော်ပြ သည်။
ဆိုးယုတ်သော အင်အားစုများ ဖယ်ရှားခံရကာ၊
ဘုရားသခင်၏ နိုင်ငံတော် ကမ္ဘာမြေရောက်လာ။
ထပ်ဆိုရန်
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာ့အရှေ့အရပ်မှ ပေါ်ထွန်းပြီ။