၆ နောက်ဆုံးသောကာလ ခရစ်တော်၊ လူကိုကယ်တင်ခြင်း
၁
အရှေ့အရပ်မှ လျှပ်စီးလက်ခနဲတစ်ချက်လက်ကာ မှောင်မိုက်ထဲတွင်အိပ်စက်သူများကို နိုးထစေ၏။
သန့်ရှင်းသောဝိညာဉ်တော် အသင်းတော်များသို့ပြောသော နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ကြား၊ ဒါဟာ လူသားရဲ့အသံ အမှန်ပဲ။
မှောင်မိုက်ထဲတွင်နေထိုင်သောလူမျိုးများအားလုံး စစ်မှန်သောအလင်းကိုမြင်ရပြီ၊
စိတ်လှုပ်ရှားမှု နှင့် နိုးကြားကာ၊ သူတို့ သည် ရွေးနှုတ်ရှင်ပြန်အလာကို ဟစ်ကြွေး ချီးမွမ်းကြ။
ဘုရားရွေးကောက်ထားသူများသည် ဘုရားအသံကိုကြား၊
ဘုရား၏နှုတ်ကပတ်တော်၌ မွေ့လျော်ကာ၊ သိုးသူငယ်၏ စားသောက်ပွဲကြီး သို့တက်ရောက်၏။
နောက်ဆုံးသောကာလခရစ်တော်၊ လူကိုကယ်တင်ခြင်း၊
ကိုယ်တော်ကြွလာခြင်းသည် အလင်းကို လူဆီ ယူဆောင်လာ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်သည် တောက်ပသောအလင်းကဲ့သို့ လင်းလဲ့ပါ၏၊
ကိုယ်တော်၏ ကယ်တင်ခြင်းသည် အလွန်ကြီးမားပြီး စစ်မှန်ပါ၏။
ကိုယ်တော်၏တရားစီရင်ခြင်းသည် ကျွန်ုပ်တို့ကို သန့်ရှင်းကာ ကယ်တင်သောကြောင့်
ကျွန်ုပ်တို့သည် နောက်တဖန်အသက်ရှင်လျက် ကိုယ်တော်၏လုပ်ဆောင်မှုများကို သက်သေခံပါ၏။
လူသည် နှစ်ပေါင်းခြောက်ထောင်ကြာ စာတန်၏ဖျက်စီးခြင်းခံခဲ့ရပြီး၊
အပြစ်နွံမှာရုန်းကန်ကာ၊ သေတစ်လှည့် ရှင်တစ်လှည့်နှင့် နောက်ဆုံးတွင် အလင်းကို မြင်ရပြီ။
ဖြောင့်မတ်ခြင်းကမ္ဘာပေါ်ထွန်းပေါ်၊ သမ္မာတရားအုပ်စိုး၊
နောက်ဆုံးသောကာလတွင် ဘုရားရွေးကောက် ထားသူများ ဘုရားထွန်းပေါ်လာခြင်းကို မြင်ခွင့်ရသည်။
၂
မှောင်မိုက်ကမ္ဘာတွင် မိစ္ဆာများ၏ဘုရင်သည် အာဏာစွဲကိုင်ကာ၊
ပျက်စီးသောလူသားများကို စာတန်သည် နင်းခြေပြီး အန္တရာယ်ပြုသည်။
ဘုရားသည် သမ္မာတရားနှင့် စာတန်လူတို့အားဖျက်စီးနေပုံကို ဖော်ပြ။
သမ္မာတရားကိုနားလည်ပြီး ဆိုးယုတ်သောကမ္ဘာကြီး၏ဇစ်မြစ်ကို မြင်သောကြောင့်
ဘုရား၏လူများသည် အဆင်းနီသောနဂါးကြီးကိုခါးခါးသီးသီးမုန်း ကာ ဘုရားနောက်သို့မြဲမြဲလိုက်၏။
ကျွန်ုပ်တို့သည် စာတန်၏စွမ်းအားကို ဖြိုခွင်းကာ
ဘုရား၏ ကြီးမြတ်သောကယ်တင်ခြင်းကို ရရှိပြီ။
နောက်ဆုံးသောကာလခရစ်တော်၊ လူကိုကယ်တင်ခြင်း၊
နှုတ်ကပတ်တော်သည် အာဏာကိုကိုင်ဆောင်ကာ ရန်သူအားလုံးကို အောင်နိုင်ပြီ။
ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားနှင့်အသက်ဖြစ်၍၊
လူသားများ အသက်ရှင်ရပ် တည်ဖို့အလိုငှါ အုတ်မြစ် ဖြစ်လာ။
ကိုယ်တော်သည်လူကို အလင်းဆီသို့ ခေါ်ဆောင်၊
ယခု လူတွင် လှပသောပန်းတိုင်ရှိပြီ။
ဘုရား၏နှစ်ခြောက်ထောင် စီမံအုပ်စိုးခြင်းအမှုအဆုံးသတ်ကာ
သူ၏လူ့ဇာတိခံခြင်းသည် ခရစ်တော်နိုင်ငံ ဖြစ်ပေါ်လာစေသည်။
နိုင်ငံတော်လာပြီ၊ ဖြောင့်မတ်ခြင်းနေရောင် ထွန်းပေါ်ပြီ၊
ဘုရား၏လူများ ပလ္လင်ပတ်လည်တွင် စုဝေးလျက် ဘုရားကို စိတ်အားထက်သန်စွာ ချီးမွမ်းကြ။