ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို သတိပြုပါ
၁
အတိတ်က၊ သခင့်ကို ကျွန်ုပ် ယုံကြည်သည့်အချိန်တွင်၊ သမ္မာတရား၏ စစ်မှန်မှုကို ကျွန်ုပ် မသိနားမလည်ခဲ့။
စစ်မှန်သော ခေါင်းဆောင်များ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကြား ကျွန်ုပ် မခွဲခြားနိုင်ခဲ့။
ကျမ်းစာ၏ သီအိုရီများကို အသေးစိတ်ရှင်းပြနိုင်သူ မည်သူမဆိုကို ကျွန်ုပ် ကြည်ညိုလေးစားခဲ့သည်၊ ကိုးကွယ်ခဲ့သည်၊ နောက်လိုက်ခဲ့သည်။
အသင်းတော်အတွက် အလုပ်လုပ်ကာ ကြီးမားစွာ ဒုက္ခခံစားသောသူ မည်သူမဆို ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ကျွန်ုပ် တွေးခဲ့သည်။
သူတို့နောက်လိုက်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်ထဲ ကျွန်ုပ်တို့ ဝင်ရောက်နိုင်သည်ဟု ကျွန်ုပ် နုံအစွာ ကျွန်ုပ် ယုံကြည်ခဲ့သည်။
၂
တရားစီရင်ခြင်းကို တွေ့ကြုံခြင်းနောက်မှသာ ကျွန်ုပ်၏ အတွေးက မည်မျှ အဓိပ္ပါယ်မရှိ၊ ရယ်စရာကောင်းသည်ကို ကျွန်ုပ် နားလည်ခဲ့ရသည်။
လူတို့ကို သမ္မာတရားအားဖြင့် ကျွန်ုပ် ဘယ်သောအခါမျှ မသိမြင်ခဲ့ဘဲ အတွေးအမြင်များနှင့် စိတ်ကူးများအားဖြင့် သိမြင်ခဲ့သည်။
ခေါင်းဆောင်ပြောသည့်အရာတိုင်းကို ကျွန်ုပ် လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် နာခံနေခဲ့သည်ဟု ထင်ခဲ့။
အဆင့်အတန်းနှင့် အာဏာကို ကျွန်ုပ် ကိုးကွယ်ခဲ့။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် နေရာအနည်းငယ်မျှ မရှိခဲ့။
ယနေ့တွင်မှ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ခြင်း မည်မျှ အမှန်တကယ် လွဲမှားခဲ့သည်ကို ကျွန်ုပ် နားလည်ရသည်။
၃
ယနေ့တွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သမ္မာတရားနှင့် အသက် ရရှိရန် တကယ့်ကို မည်မျှခက်ခဲကြောင်း ကျွန်ုပ် နားလည်သည်။
ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်ကို အမှန်တကယ် ကျွန်ုပ် သိနိုင်သည်။
ဘုရားသခင်ကို လူတို့ မသိကြသောအခါ၊ သူတို့၏ ကောင်းမြတ်သော အပြုအမူများ မည်မျှများပါစေ၊ ယင်းသည် သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်နေဆဲသာ ။
လူတို့၏ အတွေးအမြင်များနှင့် စိတ်ကူးများ မည်မျှကောင်းပါစေ၊ ယင်းတို့သည် မှားယွင်းတတ်ပြီး သမ္မာတရားနှင့် သဟဇာတမဖြစ်ပေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များသာ လူတို့ကို သန့်စင်စေနိုင်ပြီး ကယ်တင်နိုင်သည်။
၄
ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သောအခါ၊ ခရစ်တော်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်ဖြစ်ပြီး လူတို့နောက်သို့ လိုက်ရမည်မဟုတ်။
သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ပြီး ဘုရားသခင်ကို သိသောအခါ၊ လူအမျိုးအစားအမျိုးမျိုးကို ကျွန်ုပ်တို့ သဘာဝအလျောက် ခွဲခြားနိုင်မည်။
ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သောအခါ၊ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားများကို နာခံခြင်းကိုသာ ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး၊ လူတို့ကို သတိပြုရမည်။
သမ္မာတရားမရှိဘဲ၊ ပိုင်းခြားသိမြင်ဖို့ အရည်အသွေးမရှိဘဲနှင့်၊ ကျွန်ုပ်တို့ လှည့်ဖြားခံရဖို့နှင့် မိမိကိုယ်ကိုယ် ပျက်စီးခြင်း ဖြစ်စေဖို့ သေချာပေသည်။
ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ သတိပြုမိသောအခါမှသာ၊ တကယ့်အဆုံးထိ ကျွန်ုပ်တို့ သစ္စာရှိရှိ လိုက်လျှောက်နိုင်သည်။