ကျွန်ုပ်၏ စိတ်နှလုံးအတွင်းထဲ၌ နာကျင်မှုတစ်ခု ရှိသည်
၁
ကျွန်ုပ်၏ စိတ်နှလုံးအတွင်းထဲ၌ နာကျင်မှုတစ်ခုရှိသည်။ အတိတ်ကို တွေးမိသည့်အခါတိုင်း ကျွန်ုပ်၏ နှလုံးသားထဲ ဓါးတစ်စင်း ထိုးမွှေသကဲ့သို့ပင်။
ခရစ်တော်ကို ကျွန်ုပ် တစ်ချိန်က အာခံခဲ့ပြီး ပြစ်မှားစော်ကားခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သော်လည်း သူ့ကိုမသိခဲ့သလို၊ သူ့ကိုလည်း အာခံခဲ့မိသည်။
သမ္မာတရားကို ဖော်ပြနေသည့် ခရစ်တော်ကို ကျွန်ုပ် သက်သေခံခဲ့သော်လည်း သူ့ကို ကျွန်ုပ် ငြင်းပယ်ခဲ့မိဆဲ။၊ ကျွန်ုပ်သည် ဖာရိရှဲများနှင့် ဘာမျှမခြားပေ။
သွေးဖြင့်ရေးထားသည့် ဤသင်ခန်းစာကို ကျွန်ုပ် ဘယ်သောအခါမျှ မေ့လိမ့်မည်မဟုတ်။ မဆုံးနိုင်သော ဝမ်းနည်းမှုနှင့် နောင်တတို့ဖြင့် ကျွန်ုပ်ကျန်ရစ်ခဲ့ရသည်။
၂
နှစ်များစွာ သခင့်ကို ကျွန်ုပ်ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို မလိုက်စားခဲ့ပေ။ ကျွန်ုပ် မိမိကိုယ်ကိုယ် ကြွားဝါဖို့သာ သမ္မာကျမ်းဆိုင်ရာ အသိပညာဖြင့် မိမိကိုယ်ကို ပြင်ဆင်ခဲ့သည်။
အခြားသူများ ကျွန်ုပ်ကို ကိုးကွယ်စေဖို့နှင့် ကျွန်ုပ်ကို ကြည်ညိုစေဖို့ရန် ဓမ္မပညာဆိုင်ရာ သီအိုရီများအကြောင်း ကျွန်ုပ် ပြောဟောခဲ့သည်။ ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များအတွက် ကျွန်ုပ် ကြိုးစားလုပ်ဆောင်ခဲ့သည်။
ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဘယ်သောအခါမျှ အရေးမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေဖို့အကြောင်း မိုးလားကဲလား ပြောဆိုခဲ့သော်လည်း သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ပါ။
ဘုရားသခင်ကို သစ္စာရှိဖို့ ကျွန်ုပ် စကားလုံးများဖြင့် ကတိပြုခဲ့သော်လည်း ကျွန်ုပ်၏တာဝန်ကို မဆောင်ရွက်ခဲ့ပေ။ ကျွန်ုပ်သည် အပြင်ပန်းအားဖြင့် ဘာသာတရားကိုင်းရှိုင်းသော်လည်း ဘုရားသခင်ကို မနာခံခဲ့။
၃
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်ကို မြေပေါ် ပျပ်ဝပ်စေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်မြင်ရသည့်အခါ ကြောက်ရွံ့မှုဖြင့် ကျွန်ုပ်တုန်လှုပ်ရသည်။
ကျွန်ုပ်၏ ကြီးလေးသော ဖောက်ပြန်ပျက်စီးခြင်းနှင့် လူမဆန်ခြင်းတို့ကို ကျွန်ုပ်မုန်းတီးသည်။ အလွန်များလှသော အပြစ်များကို ကျွန်ုပ်ပြုမိပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျွန်ုပ် ကြေကွဲစေပြီ။
ကျွန်ုပ်လုပ်ဆောင်ခဲ့သမျှ အားလုံးအတွက် အချိန်ကြာကြီးကတည်းက ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရပြီးသင့်ပေသည်။ သို့တိုင် ဘုရားသခင်သည် ကျွန်ုပ်ကို နောင်တရဖို့ အခွင့်အရေးပေးလျက် ကျွန်ုပ်အပေါ် သည်းခံပြီး စိတ်ရှည်ခဲ့သည်။
ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်တွေ့ရခြင်းက ကျွန်ုပ်၏ စိတ်နှလုံးကို နောင်တနှင့် ပြည့်စေသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး လူသားပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ်သန္နိဋ္ဌာန်ချထားသည်။
ကျွန်ုပ်၏ အသက်တာကို ဘုရားသခင်အဘို့ အသုံးခံရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ကျွန်ုပ် အလိုရှိသည်။ ဘုရားသခင်ကို ကျွန်ုပ်နာခံပြီး ထာဝရကိုးကွယ်မည်။