ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သမ္မာတရားနှင့် အသက်ကို အခမဲ့အပ်နှင်းသည်
၁ ဘုရားသခင်သည် လူသားများကို သူ၏အသက်တာ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းဟူသမျှကို အခမဲ့ပေးအပ်ပြီဖြစ်သည်၊ သို့မှသာ ယင်းကို သူတို့ အသက်ရှင်နေထိုင်နိုင်မည်၊ သို့မှသာ သူတို့သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအပြင် သူတို့အပေါ် သူနှင်းအပ်သည့် သမ္မာတရားအား သူတို့အသက်ရှင်နေထိုင်ရမည့် ဦးတည်ချက်နှင့် လမ်းကြောင်းအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်၊ တစ်နည်းအားဖြင့် အသက်ရှင်ရန်နှင့် သူ၏ နှုတ်ကပတ်တော်များကို သူတို့၏အသက်တာအဖြစ် ပြောင်းလဲပေးရန်အတွက် ဤအရာအပေါ် သူတို့အမှီပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားများအပေါ် သူ၏အသက်တာကို အခမဲ့ နှင်းအပ်ပြီဖြစ်ပြီး။ လူသားများအပေါ် အသက်တာကို နှင်းအပ်ခြင်းအပြင် ၎င်းတို့အတွက် သူထားရှိသည့် တစ်ခုတည်းသော တောင်းဆိုချက်မှာ သူတို့သည် ဘုရားသခင်၏ ဤအသက်တာကို ရယူရန်၊ ယင်းကို သူတို့၏ ကိုယ်ပိုင်အသက်တာအဖြစ်သို့ ပြောင်းလဲရန်နှင့် ယင်းအတိုင်း အသက်ရှင်နေထိုင်ရန်အတွက်ပင် ဖြစ်သည်။ လူတို့သည် ဤအသက်တာအတိုင်း အသက်ရှင်နေထိုင်ကြသည်ကို ဘုရားသခင် မြင်တွေ့သောအခါ သူသည် ကျေနပ်မှုခံစားရသည်။
၂ ဘုရားသခင်၏ အသက်တာကို သူတို့ကိုယ်ပိုင်အသက်တာအဖြစ် လက်ခံကြနေသောအခါ လူသားတို့မှာ သမ္မာတရားကိုလည်း နားလည်လာသည်၊ လူဖြစ်ရခြင်း၏ အခြေခံသဘောတရားများကိုလည်း ရရှိလာသည်၊ လူဖြစ်ရန်လိုအပ်သည့် အရင်းအမြစ်များ ဖြစ်ထွန်းလာပြီးလျှင် လူဖြစ်ရန် သူတို့လျှောက်လှမ်းဖို့လိုသည့် ဦးတည်ချက်ကို ရရှိလာသည်။ သူတို့မှာ စာတန်၏ လှည့်စားခြင်းနှင့် ချည်နှောင်ခြင်းကို နောက်ထပ်မခံရတော့၊ ဆိုးယုတ်သောလူတို့၏ လှည့်စားခြင်းနှင့် အသုံးပြုခြင်းကို နောက်ထပ်မခံရတော့သည့်အပြင်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ဆိုးညစ်စေခြင်း၊ ညစ်ညမ်းစေခြင်း၊ ချည်နှောင်ခြင်း၊ သို့မဟုတ် မြူဆွယ်ခြင်းတို့ကို နောက်ထပ်မခံရတော့ပေ။ လူသားတို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် လွတ်လပ်စွာ အသက်ရှင်ကြပြီး၊ သူတို့သည် လွတ်မြောက်စေခြင်း ခံရလေသည်။ သူတို့သည် ပိတ်မိမနေတော့၊ သို့မဟုတ် နာကျင်မှု မခံစားရတော့ပေ။ နောက်ထပ်အခက်အခဲများ မရှိတော့၊ သူတို့သည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ကြပြီး သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ စစ်မှန်စွာ အသက်ရှင်နေထိုင်နိုင်စွမ်း ရှိကြကာ၊ မည်သည့်ဆိုးယုတ်မှု သို့မဟုတ် အမှောင်စွမ်းအားတို့၏ အန္တရာယ်ကို နောက်ထပ်မခံစားရတော့ပေ။
၃ တစ်နည်းအားဖြင့် သူတို့သည် ဤအသက်တာကို သူတို့၏ကိုယ်ပိုင် အသက်တာအဖြစ် သဘောထားလျက် ဤအသက်တာကို အသက်ရှင်နေထိုင်ကြနေသောအခါ မည်သည့်နာကျင်မှုကိုမျှ မတွေ့ကြုံရဘဲ၊ ထိုအစား ပျော်ရွှင်စွာနှင့် အခက်အခဲ မရှိတော့ဘဲ အသက်ရှင်ကြလေသည်၊ သူတို့သည် လွတ်လပ်စွာ အသက်ရှင်ကြကာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိကြသည်။ သူတို့သည် ဘုရားသခင်ကို ပုန်ကန်ခြင်း သို့မဟုတ် သူ့ကို ဆန့်ကျင်ခြင်း နောက်ထပ်မပြုနိုင်ကြတော့ချေ၊ ထို့ထက် သူတို့သည် ဘုရားသခင်၏ စိုးမိုးမှုအောက်တွင် စစ်မှန်စွာ အသက်ရှင်နိုင်ကြသည်။ သူတို့သည် အတွင်းအပြင် မှန်ကန်ပြီး သင့်လျော်သော အသက်တာကို အသက်ရှင်ကြကာ၊ စစ်မှန်သောလူသားများ ဖြစ်လာကြလေသည်။ ဘုရားသခင်ထံမှ လာသည့် အသက်ကို လက်ခံခြင်းအားဖြင့်သာ သင်ကိုယ်တိုင်၏ အသက်ကို သင် ကယ်တင်နိုင်၏။ ဤအသက်ကို သင်ရရှိလျှင်၊ သင်၏ အသက်တာ အကန့်အသတ်မဲ့ ဖြစ်လိမ့်မည်။ ဤသည်မှာ ထာဝရအသက်ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။