လူတို့ကို ကယ်တင်ရန် ဘုရားသည် လူကြားထဲ ကြွလာ၏ကျူး
အသံပူးတှဲ: ငါ့ဝိညာဉ်၏လမ်းပြမှုသာ မရှိခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံးမှ မည်သူသည် ယနေ့ခေတ်တွင် ဆက်လက် တည်ရှိနေဦးမည်နည်း။
တစ်နေ့ပြီးတစ်နေ့ ငါသည် လူသားတို့နှင့် နေထိုင်ကာ၊ လူသားမျိုးနွယ်အလယ်တွင် လူသားတို့နှင့် အတူလုပ်ကိုင်သော်လည်း ဤသည်ကို မည်သူကမျှ သတိပြုမိခြင်း မရှိခဲ့ပေ။ ငါ့ဝိညာဉ်၏လမ်းပြမှုသာ မရှိခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံးမှ မည်သူသည် ယနေ့ခေတ်တွင် ဆက်လက် တည်ရှိနေဦးမည်နည်း။ ငါသည် လူသားတို့ကို အဖော်ပြုလျက် နေထိုင်လုပ်ကိုင်သည်ဟု ငါပြောသောအခါ ငါသည် ချဲ့ကား၍ပြောခြင်းများ ဖြစ်နိုင်သလော။ အတိတ်က ""ငါသည် လူသားတို့ကို ဖန်ဆင်းခဲ့၍၊ လူသားတစ်ရပ်လုံးကို လမ်းပြကာ၊ လူသားတစ်ရပ်လုံးကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်"" ဟု ငါပြောခဲ့၏။ အမှန်တကယ်ပင် ဤသို့ မဟုတ်သလော။ ဤအရာတို့နှင့် သင်၏အတွေ့အကြုံ မလုံလောက်သည်များ ဖြစ်နိုင်သလော။ ""အစေခံသူ"" ဟူသည့် စကားရပ်ကလေးသည် သင်တစ်သက်တာ အချိန်ကုန်ခံ၍ ခွဲခြမ်းစိတ်ဖြာရှင်းလင်းရန် လုံလောက်သင့်သည်။ အမှန်တကယ် အတွေ့အကြုံ မရှိဘဲ လူသားတစ်ဦးသည် ငါ့အား မည်သည့်အခါမျှ သိလာခဲ့မည်မဟုတ်၊ ငါ၏နှုတ်ကပတ်တော်တို့အားဖြင့် ငါ့အား မည်သည့်အခါမျှ သိလာနိုင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် ယနေ့ ငါသည် သင်တို့အလယ်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီးဖြစ်သည်- ဤအချက်သည် သင်ငါ့အားသိလာရေးတွင် အထောက်အကူပြုမည် မဟုတ်လော။ ငါ၏လူ့ဇာတိခံယူခြင်းသည် သင့်အတွက် ကယ်တင်ခြင်းပါမဟုတ်ခြင်းများ ဖြစ်နိုင်သလော။ ငါကိုယ်တိုင်အနေဖြင့် လူသားမျိုးနွယ်အတွင်း ဆင်းသက်လာခဲ့ခြင်း မရှိပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် ရှေးမဆွကပင် အယူအဆများ စိမ့်ဝင်ပျံ့နှံ့နေလျက်ရှိနေခဲ့ပေမည်။ ဆိုလိုသည်မှာ စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်နေခဲ့မည်။ အဘယ်ကြောင့်ဆိုသော် သင်ယုံကြည်သည့်အရာမှာ စာတန်၏ ပုံရိပ်သာဖြစ်၍ ဘုရားသခင်ကိုယ်တိုင်နှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ငါ၏ကယ်တင်ခြင်း မဟုတ်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။