၂၈၈ လူ့လောက၏ မတရားမှုများကို ဘုရားပြင်လိမ့်မည်ကျူး
၁ လူ့လောက၏ မတရားမှုများကို ငါပြင်မည်။ ငါ၏ လူများကို တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် တစ်ဖန် လုပ်ဆောင်နေခြင်းမှ တားမြစ်လျက်၊ လောကတစ်လျှောက် ငါ၏ အမှုကို ငါကိုယ်တိုင်၏ လက်များဖြင့် ငါဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက်၊ ပြီးလျှင် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာစေရင်း၊ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။ ငါ၏ ဝမ်းနည်းမှုထဲတွင် အမျက်ဒေါသသည် ရောထွေးစပ်ယှက်နေသည်၊ ငါသည် မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ၊ ပြီးလျှင် ငါ့ရန်သူများ၏ နှလုံးသားများထဲသို့ ထိတ်လန့်ကြောက်ရွံ့ခြင်းကို စွဲစေလျက်၊ စကြဝဠာတစ်ခုလုံးကို ပြားချပ်သွားအောင် ငါနင်းခြေမည်။ ငါသည် ကမ္ဘာမြေတစ်ခုလုံးကို အပျက်အစီးများအဖြစ်သို့ ယုတ်လျော့စေမည် ဖြစ်ပြီး၊ ထိုအချိန်မှစ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို နောက်ထပ် ဖောက်ပြန်မပျက်စီးစေနိုင်ဖို့အလို့ငှာ၊ ငါ၏ ရန်သူများကို ထိုအပျက်အစီးများအထဲသို့ လဲကျစေမည်။
၂ ငါ၏ အစီအစဉ်သည် သတ်မှတ်ထားပြီး ဖြစ်သည်၊ မည်သူမျှ၊ ၎င်းတို့ မည်သူမည်ဝါ ဖြစ်ပါစေ၊ ထိုအစီအစဉ်ကို မပြောင်းလဲရ။ စကြဝဠာအထက်တွင် ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော ခမ်းနားထည်ဝါမှုဖြင့် လှည့်လည် သွားလာသည်နှင့်အမျှ၊ လူသားမျိုးနွယ် အပေါင်းတို့သည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး အရာရာတိုင်း ပြန်လည်နိုးထကြလိမ့်မည်။ လူသားသည် နောက်ထပ် ငိုကြွေးတော့မည် မဟုတ်၊ အကူအညီအတွက် ငါ့ထံ နောက်ထပ် အော်ဟစ်တော့မည် မဟုတ်။ ထို့နောက် ငါ၏ နှလုံးသားသည် ရွှင်လန်းလိမ့်မည် ဖြစ်ပြီး၊ လူတို့သည် အောင်ပွဲခံခြင်းဖြင့် ငါ့ထံသို့ ပြန်လာကြလိမ့်မည်။ ထိပ်ဆုံးမှ အောက်ခြေအထိ၊ စကြဝဠာ တစ်ခုလုံးသည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် လှုပ်ရှားကြလိမ့်မည်... ယနေ့ လောကကြီး၏ တိုင်းနိုင်ငံများအလယ်တွင်၊ ငါသည် ငါစတင်ပြီးဖြစ်သည့် အမှုကို ပြီးမြောက်ရန် လုပ်ဆောင်နေသည်။ ငါ၏ အစီအစဉ်အတွင်းရှိ အမှုအားလုံးကို လုပ်ဆောင်ရင်း၊ ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် လှုပ်ရှားသွားလာပြီး၊ လူသားမျိုးနွယ် အပေါင်းတို့သည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးသော တိုင်းနိုင်ငံများကို ဖြိုခွဲနေကြသည်။
၃ နေ့ရက်အချိန် အမှန်ပင် နီးကပ်လာနေပြီး ကောင်းကင်တမန်များသည် ၎င်းတို့၏ တံပိုးခရာများကို မှုတ်နေကြပြီ ဖြစ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် မိမိတို့၏ အာရုံကို မိမိတို့ကိုယ်တိုင်၏ ခရီးဆုံးပန်းတိုင်ပေါ် စူးစိုက်ထားကြလေသည်။ အချိန်ဆွဲခြင်းများ နောက်ထပ်ရှိလိမ့်မည် မဟုတ်တော့သကဲ့သို့၊ ဖန်ဆင်းခြင်း အရာအားလုံးသည် ထို့နောက် ချက်ချင်း ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် စတင် ကခုန်ကြလိမ့်မည်။ မည်သူသည် ၎င်းတို့သဘောရှိ ငါ၏ နေ့ရက်ကို ရှည်စေနိုင်သနည်း။ ကမ္ဘာမြေသားလော။ သို့မဟုတ် မိုးကောင်းကင်ရှိ ကြယ်များလော။ သို့တည်းမဟုတ် ကောင်းကင်တမန်များလော။ ဣသရေလလူများ၏ ကယ်တင်ခြင်းကို စတင်ရန် ငါသည် မိန့်မြွက်ချက်တစ်ခုကို ပြုသောအခါ၊ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ဖိနှိပ်လေသည်။ လူသားတိုင်းသည် ဣသရေလ၏ ပြန်လာခြင်းကို ကြောက်ရွံ့ကြ၏။ ဣသရေလ ပြန်လာသောအခါ၊ ယင်းသည် ငါ့ဘုန်းအသရေ၏ နေ့ရက်ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုနည်းတူ အရာခပ်သိမ်းတို့ ပြောင်းလဲပြီး အသစ်ပြုပြင်ခြင်းကို ခံလာရသော နေ့ရက်လည်းဖြစ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်