လူသည် မိမိ၏ကံကြမ္မာကို ချုပ်ကိုင်ထားသလောကျူး
၁ ယနေ့ ငါသည်သင်တို့အားဤနေရာအထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ပြီးဖြစ်သည့်အပြင် ငါ့တွင် ကိုယ်ပိုင်ရည်မှန်းချက်များလည်း ရှိ၏။ ငါသည် သင်တို့အား ၎င်းတို့အကြောင်း ယနေ့ပြောပြရမည်ဆိုပါက သင်တို့သည် ၎င်းတို့ကို စစ်မှန်စွာ သိနိုင်ပါမည်လော။ ငါသည် လူသား၏စိတ်၏အတွေးများနှင့် လူသား၏နှလုံးသား၏ဆန္ဒများကို ကောင်းစွာ သိကျွမ်းသည်- မိမိတို့ ကိုယ်တိုင်အတွက် ထွက်မြောက်ရာလမ်းကို တစ်ခါမျှမရှာဖူးသူ မည်သူရှိသနည်း။ မိမိတို့ကိုယ်တိုင်၏ အလားအလာအကြောင်း မစဉ်းစားခဲ့ဖူးသူ မည်သူရှိသနည်း။ သို့ရာတွင် လူသားသည် ကြွယ်ဝ၍ ပြောင်မြောက်သော အသိဉာဏ်ရှိသော်လည်း၊ ခေတ်များ၏နောက်ပိုင်း၊ လက်ရှိကာလသည် ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ခဲ့သနည်း။ ဤသည်မှာ သင်ကိုယ်တိုင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကြိုးပမ်းမှုများ၏ အသီးအပွင့် အမှန်ပင်ဖြစ်သလော။ ဤသည်မှာ မမောမပန်းနိုင်သော သင်၏ကြိုးပမ်းမှုအတွက် အဖိုးအခပင်လော။ ဤသည်မှာ သင့်စိတ်မှမှန်းဆကြည့်သော လှပသည့် မြင်ကွင်းပေလော။
၂ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို လမ်းပြခြင်းမပြုခဲ့ပါက ငါ၏အစီအမံများမှ ခွဲထွက်ကာ အခြားထွက်မြောက်ရာလမ်းရှာနိုင်မည့်သူ မည်သူရှိသနည်း။ လူသားကို ယနေ့ကာလသို့ ခေါ်လာသည့်အရာမှာ လူသား၏အတွေးအခေါ်များနှင့် စိတ်ဆန္ဒများလော။ များစွာသောလူတို့သည် ၎င်းတို့၏လိုအင်ဆန္ဒများ ပြည့်ဝခြင်းမရှိဘဲ တစ်သက်လုံးအသက်ရှင်ကြ၏။ ဤသည်မှာ အကယ်စင်စစ်ပင် ၎င်းတို့၏အတွေးအခေါ်ရှိ မှားယွင်းမှုတစ်ရပ်ကြောင့်လော။ များစွာသောလူတို့၏ဘဝများသည် မျှော်လင့်မထားသော ပျော်ရွှင်ကျေနပ်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ ဤသည်မှာ အကယ်စင်စစ်ပင် ၎င်းတို့မျှော်လင့်ထားသည့် အရာမှာ နည်းပါးလွန်း၍လော။ လူသားတစ်ရပ်လုံးတွင် အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူသည် မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်မှ ကြိုတင်ပြဋ္ဌာန်းထားခြင်းအလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ မည်သူ၏ မွေးခြင်းနှင့်သေခြင်းသည် ၎င်းတို့ကိုယ်တိုင်၏ရွေးချယ်ချက်များမှ လာသနည်း။ လူသားသည် သူကိုယ်တိုင်၏ကံကြမ္မာကို ချုပ်ကိုင်ထားသလော။
၃ များစွာသောလူတို့သည် သေမင်းကို အော်ခေါ်ကြသော်လည်း ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် သန်စွမ်း၍ သေခြင်းကို ကြောက်ရွံ့သူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေမင်း၏ အသူတစ်ရာနက်သော ချောက်အတွင်းသို့ တွန်းချနေလျက် ၎င်းတို့၏သေခြင်းသည် ၎င်းတို့မသိဘဲ ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ကြည့်၍ နက်ရှိုင်းစွာ သက်ပြင်းချ၏၊ များစွာသောလူတို့သည် ကြီးစွာ ငိုကြွေး၍ အော်ကာရှိုက်ငိုကြ၏၊ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် သွေးဆောင်ခြင်း၏အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ထင်ရှားစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်လာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့အား ငါမှရိုက်ချမည်၊ ငါမှ အဆုံးစီရင်မည်ကို လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကို မြင်ရန်ကြောက်နေကြ၏။ လူသားသည် ငါ့ကို အစစ်အမှန်ပင် သိသလော၊ မသိသလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။