၃၁၂ လူတို့၏ နိဂုံး အား သူတို့၏ သဘောသဘာဝအတိုင်း ဘုရားဆုံးဖြတ်သည်
၁
လူတစ်ဦးဟာ အဆုံးတွင် အသက်ရှင်နိုင်မယ်ဆိုရင် ဒါဟာ ဘုရားတောင်းဆိုတာတွေ သူတို့ဖြည့်ဆည်းနိုင်ခဲ့လို့ ဒါပေမယ့် လူတစ်ဦးဟာ ချမ်းသာခြင်းထဲသို့ မဝင်နိုင်ရင် ဒါဟာ ဘုရားကို သူတို့မနာခံ၊ ကျေနပ်မှု မပေးနိုင်လို့ ကလေးတစ်ယောက်ရဲ့ ဆိုးယုတ်သောအမှု၊ ဖြောင့်မတ်ခြင်းဖြစ်ဖြစ် သူ့ မိဘများထံ လွှဲပြောင်း ၍ မရပါ မိဘများရဲ့ ဆိုးသွမ်းခြင်း၊ ဖြောင့်မတ်ခြင်းကိုလည်း သူတို့ရဲ့သားသမီးများနှင့် ဝေမျှလို့မရ လူတိုင်းမှာ ကိုယ်နဲ့ထိုက်တန်တဲ့ ကိုယ်သွားရမယ့် နေရာရှိ သူတို့ သဘောသဘာဝ အတိုင်း ဆုံးဖြတ်တာ လူတစ်ဦးရဲ့ သွားရမယ့်နေရာလည်း အခြားသူများနှင့် မသက်ဆိုင်နိုင်
၂
လူတစ်ဦးချင်းစီရဲ့ အပြစ်၊ ကောင်းချီး ဘယ်သူကမှ အခြားသူအတွက် အစားမထိုးနိုင် အခြားသူရဲ့ အပြစ်ဝန်ကိုလည်း ဘယ်သူမှ မထမ်းနိုင်ဘူး ဒါတင်မက ဘယ်သူမှ အခြားသူများရဲ့ကိုယ်စား ပြစ်ဒဏ်စီရင်ခြင်း လက်ခံလို့မရပါ လူတစ်ဦးဟာ ဖြောင့်မတ်စွာအသက်ရှင်ရင် သူတို့သည်ဖြောင့်မတ်ပြီး ဆိုးယုတ်စွာ အသက်ရှင်တဲ့သူဟာ ဆိုးယုတ်တဲ့သူဖြစ်ပေ ဖြောင့်မတ်သူများသည် အသက်ရှင်ရလိင့်မည် ဆိုးယုတ်သူများကို ပျက်စီးခြင်းက ကြိုနေ လူတစ်ဦးသန့်ရှင်းရင် သူ့မှာညစ်ညမ်းခြင်းမရှိ ညစ်ညမ်းခြင်းအစက်မရှိ ညစ်ညမ်းတဲ့သူမှာ သန့်ရှင်းတဲ့အပိုင်းမရှိ
၃
ဆိုးယုတ်သူများသည် ပျက်စီးခြင်းသို့ရောက်မည်ဖြစ်ပြီး ဖြောင့်မတ်သူများကို အသက်ရှင်ခြင်းက စောင့်ကြို ဆိုးယုတ်တဲ့သူရဲ့ သားသမီးတွေ ဖြောင့်မတ်လည်း ဖြောင့်မတ်တဲ့သူရဲ့ မိဘများ ဆိုးယုတ်လည်း ထမ်းပိုးမညီတဲ့ အကြင်လင်မယားဖြစ်ပါစေ ယုံကြည်တဲ့သားသမီးများနှင့် မယုံကြည်တဲ့ မိဘများ ဘယ်သူပဲဖြစ်ဖြစ် ဆက်စပ်မှုမရှိ သူတို့ဟာ တစ်လမ်းတည်းသွားလို့မရတဲ့ သူတွေ လူတိုင်းမှာ ကိုယ်နဲ့ထိုက်တန်တဲ့ ကိုယ်သွားရမယ့် နေရာရှိ သူတို့ သဘောသဘာဝ အတိုင်း ဆုံးဖြတ်တာ လူတစ်ဦးရဲ့ သွားရမယ့်နေရာလည်း အခြားသူများနှင့် မသက်ဆိုင်နိုင်
၄
ဒါကြောင့် လူတစ်ဦး ချမ်းသာခြင်းထဲမဝင်စားမီ သူတို့နှင့် ရုပ်ခန္ဒာဆွေမျိုးများရှိကြတယ် ဒါပေမယ့် သူတို့ချမ်းသာခြင်းထဲဝင်စားကြတဲ့အခါမှာတော့ ဆွေးမျိုးဆိုတာ သူတို့မှာ ပြောစရာမရှိပါ ကိုယ့်တာဝန်ကျေတဲ့သူဟာ တာဝန်မကျေသူတွေရဲ့ ရန်သူဖြစ် ဘုရားကိုချစ်တဲ့သူတွေလည်း ဘုရားကိုမုန်းတဲ့သူတွေရဲ့ ရန်သူတွေဖြစ် ပြီးတော့ ချမ်းသာခြင်းထဲဝင်စားတဲ့သူတွေလည်း ပျက်စီးခြင်းရောက်သူတွေနဲ့ သဟဇာတမဖြစ် လူတိုင်းမှာ ကိုယ်နဲ့ထိုက်တန်တဲ့ ကိုယ်သွားရမယ့် နေရာရှိ သူတို့ သဘောသဘာဝ အတိုင်း ဆုံးဖြတ်တာ လူတစ်ဦးရဲ့ သွားရမယ့်နေရာလည်း အခြားသူများနှင့် မသက်ဆိုင်နိုင်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။