၁၀၁၂ ယုံကြည်သူများနှင့် မယုံကြည်သူများသည် ဧကန်ပင် သဟဇာတမဖြစ်ကြပေကျူး

၁ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံသတ္တဝါအမျိုးအစား နှစ်မျိုး ဖြစ်သည်။

၂ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို မနာခံသော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၁၁ လူတို့၏ နိဂုံး အား သူတို့၏ သဘောသဘာဝအတိုင်း ဘုရားဆုံးဖြတ်သည်

နောက်တစ်ခုသို့- ၁၀၁၃ ကောက်ကျစ်သူများကို ဘုရားမကယ်တင်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။