၆၉၃ ဘုရားသခင်က သမ္မာတရား ရှိသူတို့ကို နောက်ဆုံးတွင် ရယူသည်

၁ နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့သောသူများမှာ မည်ကဲ့သို့ လူအမျိုးအစား ဖြစ်သနည်း။ ၎င်းတို့မှာ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ခံခဲ့ပြီးသောသူများ ဖြစ်ကြပြီး လူပုံမပေါက်တော့သည့်တိုင်အောင် အတွင်းထိ ဖျက်ဆီးခြင်းကို ခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို တွေ့ကြုံခံစားပြီးသည့်နောက်၊ သိမ်းပိုက်ခြင်းကို ခံပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သမ္မာတရားကို ရရှိခဲ့ကြပြီး ဘုရားသခင်၏ လက်ခံယုံကြည်စေခြင်းကို ရိုးသားစွာ ခံခဲ့ပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အကြောင်း သိနားလည်ခြင်းကို ရရှိခဲ့ကြပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်ပြီး သူ၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ကြသည်။ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် ဤကဲ့သို့ လူစုတစ်စုကို ရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်း ပေးနိုင်သည့်သူများသည် စာတန်အားဖြင့် မည်သည့်အခါမျှ ဖျက်ဆီးခြင်း မခံရသည့်သူများ ဖြစ်သည် သို့မဟုတ် အဆုံး၌ ကယ်တင်ခြင်း ခံရသည့် သူများဖြစ်သည်ဟု သင် ပြောမည်လော။ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးအားဖြင့် ရလိမ့်မည် ဖြစ်သော လူသားမျိုးနွယ်များသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သော၊ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိနပြီး ဘုရားသခင် သတ်မှတ်ထားသော အသက် နှင့် လူသားပုံသဏ္ဌာန်ကို ပိုင်ဆိုင်သော လူစုတစ်စု ဖြစ်သည်။

၂ လူသားတို့ ပထမဦးဆုံး ဖန်ဆင်းခံခဲ့ရချိန်တွင်၊ ၎င်းတို့သည် လူနှင့်တူရုံမျှတူကြပြီး အသက်ရှိရုံမျှရှိခဲ့ကြလေသည်။ သို့သော်၊ ၎င်းတို့အတွင်းတွင် ဘုရားသခင် တောင်းဆိုထားပြီး ၎င်းတို့ ရရှိဖို့ သူမျှော်လင့်ခဲ့သည့် လူသားပုံသဏ္ဍာန် မရှိခဲ့ကြချေ။ နောက်ဆုံးတွင် ရယူခြင်းခံရမည့် လူစုမှာ နောက်ဆုံးတွင် ကျန်ရှိမည့်သူများ ဖြစ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် လိုအပ်သောသူများ၊ သူကျေနပ်အားရပြီး သူ့ကို ကျေနပ်စေသောသူများလည်း ဖြစ်ကြ၏။ ထောင်စုနှစ်အချို့ စီမံခန့်ခွဲမှု အစီအစဉ်အတွင်းတွင်၊ ဘုရားသခင်၏ ရေလောင်းပေးခြင်းမှလာပြီး စာတန်နှင့် ဘုရားသခင်၏ စစ်ပွဲအားဖြင့် ၎င်းတို့ကို ပေးခဲ့သည့် အရာများကို ဤလူတို့ အများဆုံး ရရှိခဲ့ကြသည်။ ဤအုပ်စုထဲမှ လူတို့သည် တကယ့် အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူများထက် ပိုမိုကောင်းမွန်ကြလေသည်။ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးခြင်းကို ဖြတ်သန်းခဲ့ရသော်လည်း၊ ဤသည်မှာ ရှောင်လွှဲမရသကဲ့သို့ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နယ်ပယ်ထဲတွင် ကျရောက်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤအရာက သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာအပြင် ဘုရားသခင် စီစဉ်၊ စီမံကာ ရရှိပြီးဖြစ်သည့်အရာက အကြီးမြတ်ဆုံးဖြစ်သည်ဆိုသည့် အချက်ကို ပြည့်စုံလုံလောက်စွာ ထုတ်ဖော်ပြပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၉၂ စမ်းသပ်မှုများအပေါ် လူသား၏ သဘောထား

နောက်တစ်ခုသို့- ၆၉၄ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပေါ် ပေတရု၏ နားလည်မှုကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။