၆၉၂ စမ်းသပ်မှုများအပေါ် လူသား၏ သဘောထား

၁ ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင် မည်သို့သောလူစားမျိုးအဖြစ် မြင်သင့်သနည်း။ စမ်းသပ်မှုများ ဖြစ်စေ၊ အခက်အခဲများဖြစ်စေ၊ သို့မဟုတ် ရက်စက်သော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ဖြစ်စေ သင့်အပေါ် ယနေ့ကျရောက်သည့် အရာအားလုံးအပေါ် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို သင်သိသင့်၏။ ထိုအရာအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်တိုင်း၌ ၎င်းတို့ကို သေချာသုံးသပ်သင့်၏။ ထိုအရာကို ငါပြောရခြင်းမှာ ယနေ့ သင့်အပေါ် ကျရောက်သည့်အရာများသည် စင်စစ်အားဖြင့် ထပ်တလဲလဲ ဖြစ်ပေါ်သည့် တိုတောင်းသော စမ်းသပ်မှုများ ဖြစ်သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ၊ သင်၏အမြင်တွင် ယင်းတို့သည် စိတ်ဝိညာဉ်အတွက် အထူးတလည် ခက်ခဲပင်ပန်းသော အရာများမဟုတ်သောကြောင့် သင်သည် အမှုအရာတို့ကို ၎င်းတို့၏သဘာဝဖြစ်စဉ်အတိုင်း ရွေ့လျားဖြစ်ပေါ်စေပြီး တိုးတက်မှုကို လိုက်စားရာတွင် အဖိုးတန်သော အရာတစ်ခုအဖြစ် ၎င်းတို့ကို မမှတ်ယူပေ။ သင်သည် အရေးမထားလွန်းလှပါတကား။ မည်မျှအထိနည်းဆိုလျှင် အဖိုးတန်သော ဤအရာကို သင်၏မျက်လုံး ရှေ့တွင် လွင့်ပါးနေသည့် တိမ်တစ်ခုကဲ့သို့ သင်တွေးထင်နေသည်အထိပင် ဖြစ်တော့သည်။ အကြိမ်ကြိမ် တသွင်သွင်သွန်ချသည့် ဤပြင်းထန်သော ထိုးနှက်ချက်များ- တိုတောင်းပြီး သင့်အဖို့ အားပျော့ပုံရသည့် ထိုးနှက်ချက်များကို သင်သည် တန်ဖိုးမထားဘဲ၊ စိမ်းစိမ်းကားကား ကြည့်ကာ ၎င်းတို့ကို နှလုံးမသွင်းဘဲလျက်၊ တိုက်တိုက်ဆိုင်ဆိုင် ခံရသော ထိုးနှက်ချက်တစ်ခုအဖြစ်သာ သင်သဘောထားလေသည်။ သင်သည် အလွန်ပင် မာနထောင်လွှားပါတကား။

၂ ဤဆက်ကာဆက်ကာဖြစ်သော ထိုးနှက်မှုများနှင့် ဆုံးမပဲ့ပြင်သည့် လုပ်ရပ်တို့ကို အကောင်းတကာ့ အကောင်းဆုံးသော အကွယ်အကာအဖြစ် မြင်ရန်ဝေးစွ၊ ၎င်းတို့ကို ကောင်းကင်ဘုံ၏ အဓိပ္ပာယ်မဲ့သော ပြဿနာရှာခြင်းအဖြစ်၊ သို့မဟုတ် သင့်အပေါ်သို့ရောက်သည့် သင့်တင့်သော ဒဏ်ခတ်ခံရခြင်းအဖြစ် သင်ရှုမြင်၏။ သင်သည် အလွန်ပင် ပညာမဲ့လိုက်လေတကား။ သင်သည် အချိန်အခါကောင်းများကို အမှောင်ထဲတွင် ရက်ရက်စက်စက် ပိတ်လှောင်ထား၏။ အံ့ဖွယ်စမ်းသပ်မှုများနှင့် ဆုံးမပဲ့ပြင်ခြင်း လုပ်ရပ်တို့ကို သင်၏ရန်သူများထံမှ တိုက်ခိုက်မှုများအဖြစ် အထပ်ထပ်အကြိမ်ကြိမ် သင်ရှုမြင်သည်။ သင်သည် သင်၏ ပတ်ဝန်းကျင်နှင့် မည်ကဲ့သို့အလိုက်သင့်နေရမည်ကို မသိသကဲ့သို့၊ ထိုသို့နေရန် သာ၍ပင် မလိုလားပေ၊ အကြောင်းမှာ ထပ်တလဲလဲဖြစ်သော ဤပြစ်တင်ဆုံးမမှု၊ သင့်အဖို့ ရက်စက်သည့် ဤပြစ်တင်ဆုံးမမှုမှ သင့်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိလိုသည့်အတွက် ဖြစ်သည်။ သင်သည် ရှာဖွေရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် စူးစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းတို့ မပြုဘဲ သင်၏ကံကြမ္မာကိုသာ ကြိတ်မှိတ်လက်ခံထားကာ၊ ကံစေညွှန်ရာသို့ သွားသည်။ သင့်အဖို့ ရက်စက်ကြမ်းကြုတ်သော ပြစ်တင်ဆုံးမခြင်း လုပ်ရပ်များဟု ထင်ရနိုင်သည့် အရာသည် သင်၏စိတ်နှလုံးကို မပြောင်းလဲစေသကဲ့သို့၊ သင်၏စိတ်နှလုံးကို သိမ်းလည်း မသိမ်းပိုက်ထားပေ။ ယင်းအစား၊ ထိုလုပ်ရပ်တို့က သင့်နှလုံးသားကို ထိုးသွင်းကြသည်။ ဤဘဝ၌ သင်သည် ဤ “ရက်စက်သော ပြစ်တင်ဆုံးမခြင်း” ကို သင်၏ရန်သူအဖြစ်သာ မြင်၏၊ ထို့ကြောင့် ဘာကိုမျှ သင်မရရှိထားပေ။ သင်သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု အလွန်မှတ်ယူသည်တကား။

၃ သင်သည် အလွန်စက်ဆုပ်ဖွယ် ဖြစ်သောကြောင့် ထိုသို့သော စမ်းသပ်မှုများကို ခံရသည်ဟု သင်ယုံကြည်ခဲလှ၏။ ယင်းအစား၊ သင်သည် မိမိကိုယ်ကို အလွန်ကံခေသည်ဟု မှတ်ယူပြီး၊ ငါသည် သင့်ကို အမြဲအပြစ်ရှာနေသည်ဟု သင်ပြော၏။ ယခုတွင် အမှုအရာတို့သည် ဤအခြေအနေထိ ဆိုက်ရောက်လာပြီးဖြစ်ရငြား၊ ငါပြောဆို လုပ်ဆောင်သည့်အရာကို သင်သည် အမှန်တကယ်မည်မျှသိသနည်း။ သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် “မြင့်မြတ်” ပါသည်တကား။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၉၁ နာမကျန်းမှုများတွန်းလှန်ပေးတာ ဘုရား၏ချစ်ခြင်းမေတ္တာပါ

နောက်တစ်ခုသို့- ၆၉၃ ဘုရားသခင်က သမ္မာတရား ရှိသူတို့ကို နောက်ဆုံးတွင် ရယူသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။