ဘုရားသခင်သည် လူသား၏ထာဝရ အထောက်အပံ့ ဖြစ်၏
၁
ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့သော်လည်း၊
သူ၏စိတ်တော်နှင့် အလုပ်သည် လူသားထံမှ ထွက်ခွာခဲ့ခြင်း မရှိပေ။
သူ၏ပေါ်ထွန်းခြင်းအားဖြင့် လူသားကို သူ ဆိုခဲ့သည်မှာ၊
သူသည် မည်သည့်ပုံသဏ္ဌာန်ဖြင့်မဆို သူ ရှိနေကြောင်း ဖြစ်၏။
သူသည် လူတို့နှင့်အတူ လမ်းလျှောက်မည်၊
အချိန်တိုင်းနှင့် နေရာတိုင်း၌ ရှိမည်၊
ထောက်ပံ့မည်၊ ထိန်းကျောင်းမည်၊ ၎င်းတို့အား သူ့ကို မြင်စေပြီး၊ သူ့ကို တို့ထိခွင့်ပေးမည်၊
ထိုအခါ ၎င်းတို့သည် ကူညီရာမဲ့အခြေအနေသို့ တဖန်ပြန်မရောက်ရပေ။
ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် သူ ပြုခဲ့သမျှတို့မှာ
လူသားအတွက် ဘုရားသခင်၏မပြောင်းလဲသော မျှော်လင့်ချက်နှင့် စိုးရိမ်မှု၊
သူသည် လူသားကို လွန်စွာဂရုစိုက်၍ ချစ်ခင်မြတ်နိုးကြောင်းကို ပြသခဲ့ခြင်း ဖြစ်၏။
အားလုံးမှာ တူညီ၏၊ ၎င်းမှာ ဘယ်သောအခါမျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
၂
ယေရှုက ဤလောကကြီးထဲမှ လူတို့၏ဘဝများမှာ
တစ်ကိုယ်တည်းမဟုတ်ကြောင်း ၎င်းတို့အား သိစေလိုခဲ့၏။
ဘုရားသခင်သည် ၎င်းတို့ကို ဂရုစိုက်တော်မူ၏၊ ကိုယ်တော်သည် ၎င်းတို့နှင့်အတူ ရှိ၏။
ကိုယ်တော်သည် လူတို့ အမှီပြုနိုင်သောသူ ဖြစ်၏။
သူ၏နောက်လိုက်များအတွက် သူသည် မိသားစု ဖြစ်၏။
ဘုရားသခင်ကို အမှီပြုသောအခါ လူသားသည် ခွန်အားနည်းခြင်းနှင့် အထီးကျန်ခြင်း မရှိပေ။
ကိုယ်တော့်ကို အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသောသူတို့သည်
အပြစ်၌ ချည်နှောင်ခြင်းကို ဆက်လက် ခံကြရတော့မည် မဟုတ်ပေ။
ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် သူ ပြုခဲ့သမျှတို့မှာ
လူသားအတွက် ဘုရားသခင်၏မပြောင်းလဲသော မျှော်လင့်ချက်နှင့် စိုးရိမ်မှု၊
သူသည် လူသားကို လွန်စွာဂရုစိုက်၍ ချစ်ခင်မြတ်နိုးကြောင်းကို ပြသခဲ့ခြင်းဖြစ်၏။
အားလုံးမှာ တူညီ၏၊ ၎င်းမှာ ဘယ်သောအခါမျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
၃
ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း လူသားအတွက် ယေရှု၏အလုပ်
အားလုံးမှာ အလွန်သေးငယ်သော အမှုအရာများ ဖြစ်ခဲ့၏။
သို့သော်လည်း ဘုရားသခင်အတွက်မူကား ၎င်းတို့မှာ အဓိပ္ပာယ်ရှိသော၊
တန်ဖိုးရှိပြီး အရေးကြီးသောအမှုအရာများ ဖြစ်ခဲ့၏။
ဘုရားသခင်သည် သူအစပြုသောအရာကို အမှန်ပင် ပြီးဆုံးစေတော်မူ၏။
သူ၏ဉာဏ်ပညာ၊ သူ၏အရာရာတတ်စွမ်းနိုင်ခြင်းနှင့် ကြီးမားသော လုပ်ဆောင်ချက်များနှင့်
သူ၏ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာတို့ကိုလည်း
ပြသသော အဆင့်များ၊ အစီအစဉ်တစ်ခု ရှိပေသည်။
ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် သူ ပြုခဲ့သမျှတို့မှာ
လူသားအတွက် ဘုရားသခင်၏မပြောင်းလဲသော မျှော်လင့်ချက်နှင့် စိုးရိမ်မှု၊
သူသည် လူသားကို လွန်စွာဂရုစိုက်၍ ချစ်ခင်မြတ်နိုးကြောင်းကို ပြသခဲ့ခြင်းဖြစ်၏။
အားလုံးမှာ တူညီ၏၊ ၎င်းမှာ ဘယ်သောအခါမျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
၄
ဘုရားသခင်၏အလုပ်အားလုံးတစ်လျှောက် အဓိကကျသောအမျှင်မှာ
သူသည် လူသားကို လွန်စွာဂရုစိုက်ခြင်း ဖြစ်ပြီး
လူသားအတွက် အမှန်တကယ်ပင် စိုးရိမ်ခြင်း ဖြစ်၏။
ဤသည်တို့မှာ သူ မသိကျိုးကျွန်မပြုနိုင်သော ခံစားချက်များပင် ဖြစ်၏။
ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် သူ ပြုခဲ့သမျှတို့မှာ
လူသားအတွက် ဘုရားသခင်၏မပြောင်းလဲသော မျှော်လင့်ချက်နှင့် စိုးရိမ်မှု၊
သူသည် လူသားကို လွန်စွာဂရုစိုက်၍ ချစ်ခင်မြတ်နိုးကြောင်းကို ပြသခဲ့ခြင်းဖြစ်၏။
အားလုံးမှာ တူညီ၏၊ ၎င်းမှာ ဘယ်သောအခါမျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။